ညောင်တုန်းတွင် ကမ်းပါးပြိုကျမှုကြောင့် နေအိမ်(၂၀)ကျော်ရေထဲပါသွားပြီး အိမ်(၄၀)နီးပါး ပြောင်းရွေ့ထားရ

 494

သန့်ဇင်(NP News)-မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ရန်ကင်းစံရာ (အနောက်ကျွန်း)ကျေးရွာအနီးတွင် ယမန်နေ့(မေလ ၂၅ရက်)၊ ည ၁၁နာရီ ၄၅မိနစ်ဝန်းကျင်အချိန်ခန့်က ကမ်းပါးပြိုကျမှုကြောင့် နေအိမ်(၂၀)ကျော်ရေထဲပါသွားပြီး အိမ်(၄၀)နီးပါး ပြောင်းရွေ့ထား ရကြောင်း ကရုဏာကမ်းလက် လူမှုကူညီကယ်ဆယ်ရေးပရဟိတအသင်းထံမှ သိရသည်။
“ဒေသခံတွေပြောတာကတော့ ညက ၁၁နာရီ ၄၅မတိုင်ခင် ရေတက်လာပြီးတော့ ကမ်းပါပြိုသွားတာ။ အဲဒီမှာ ရေထဲကိုမျောသွား တာကတော့ အိမ်(၂၀)လောက်ပါသွားတယ်။ လူထိခိုက်သေဆုံးတာတော့မရှိဘူး။ အိမ်တွေဘာတွေတော့ ပျက်စီးသွားတယ်။ အိမ်ကတော့ မြေကြီးပဲ့ကျတော့ ပဲ့ကျတဲ့အိမ်အလုံးလိုက်ပါသွားတာ”ဟု အထက်ပါ တာဝန်ရှိသူကပြောသည်။
ထို့နောက် ထပ်မံရေတိုက်စားကာ ကမ်းပါးပြိုကျမှုကြုံရနိုင်သောကြောင့် ကမ်းပါးအနီးမှာ နေအိမ်(၄၀)နီးပါးကိုလည်း ဘေးလွတ်ရာသို့ ပြောင်းရွေ့ထားရကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုပါသည်။
“ကမ်းပါးနဲ့မလွတ်တာကြောင့် ဖယ်ထားရတာပေါ့နော်။ အဲဒီတော့ ရေထဲပါသွားတာနဲ့ ဖျက်ထားတာဆို (၅၈)လုံးရှိတာပေါ့။ အဲဒီမှာ ကျား၊မပေါင်းကတော့ (၁၃၅)ဦး ရွေ့ပြောင်းထားရတယ်။ အခုတော့ ရွာထဲက တဲအကြီးကြီးစုထိုးထားတဲ့နေရာမှာ မျှနေကြတယ်။ ဒီနေရာက ကမ်းနားဘေးက ပြိုနေကြလို့ပြောတယ်။ ဒါပေမယ့် တစ်ခါမှ ဒီလောက်မဆိုးဘူးလို့လည်းပြောကြတယ်။ ဖြစ်ရိုးဖြစ်စဉ် တော့ပြိုတယ် ဒီလိုမျိုးတော့ တစ်ခါမှမကြုံဖူးဘူး”ဟု ၎င်းကဆက်ပြောသည်။
လက်ရှိတွင် အဆိုပါပြောင်းရွေ့နေထိုင်သူများအတွက် စောင်၊ ခြင်ထောင်နှင့် အခြားသော စားသောက်ဖွယ်ရာများလိုအပ်လျှက်ရှိပြီး ဒေသတွင်းပရဟိတအသင်းများနှင့် အလှူရှင်များကလည်း ကူညီမှုများဆက်လက်လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

Zawgyi Version:
ေညာင္တုန္းတြင္ ကမ္းပါးၿပိဳက်မႈေၾကာင့္ ေနအိမ္(၂၀)ေက်ာ္ေရထဲပါသြားၿပီး အိမ္(၄၀)နီးပါး ေျပာင္းေ႐ြ႕ထားရ
သန႔္ဇင္(NP News)-ေမ ၂၆
ဧရာဝတီတိုင္းေဒသႀကီး၊ ေညာင္တုန္းၿမိဳ႕နယ္၊ ရန္ကင္းစံရာ (အေနာက္ကြၽန္း)ေက်း႐ြာအနီးတြင္ ယမန္ေန႔(ေမလ ၂၅ရက္)၊ ည ၁၁နာရီ ၄၅မိနစ္ဝန္းက်င္အခ်ိန္ခန႔္က ကမ္းပါးၿပိဳက်မႈေၾကာင့္ ေနအိမ္(၂၀)ေက်ာ္ေရထဲပါသြားၿပီး အိမ္(၄၀)နီးပါး ေျပာင္းေ႐ြ႕ထား ရေၾကာင္း က႐ုဏာကမ္းလက္ လူမႈကူညီကယ္ဆယ္ေရးပရဟိတအသင္းထံမွ သိရသည္။
“ေဒသခံေတြေျပာတာကေတာ့ ညက ၁၁နာရီ ၄၅မတိုင္ခင္ ေရတက္လာၿပီးေတာ့ ကမ္းပါၿပိဳသြားတာ။ အဲဒီမွာ ေရထဲကိုေမ်ာသြား တာကေတာ့ အိမ္(၂၀)ေလာက္ပါသြားတယ္။ လူထိခိုက္ေသဆုံးတာေတာ့မရွိဘူး။ အိမ္ေတြဘာေတြေတာ့ ပ်က္စီးသြားတယ္။ အိမ္ကေတာ့ ေျမႀကီးပဲ့က်ေတာ့ ပဲ့က်တဲ့အိမ္အလုံးလိုက္ပါသြားတာ”ဟု အထက္ပါ တာဝန္ရွိသူကေျပာသည္။
ထို႔ေနာက္ ထပ္မံေရတိုက္စားကာ ကမ္းပါးၿပိဳက်မႈႀကဳံရႏိုင္ေသာေၾကာင့္ ကမ္းပါးအနီးမွာ ေနအိမ္(၄၀)နီးပါးကိုလည္း ေဘးလြတ္ရာသို႔ ေျပာင္းေ႐ြ႕ထားရေၾကာင္း အထက္ပါ သတင္းရင္းျမစ္က ဆိုပါသည္။
“ကမ္းပါးနဲ႔မလြတ္တာေၾကာင့္ ဖယ္ထားရတာေပါ့ေနာ္။ အဲဒီေတာ့ ေရထဲပါသြားတာနဲ႔ ဖ်က္ထားတာဆို (၅၈)လုံးရွိတာေပါ့။ အဲဒီမွာ က်ား၊မေပါင္းကေတာ့ (၁၃၅)ဦး ေ႐ြ႕ေျပာင္းထားရတယ္။ အခုေတာ့ ႐ြာထဲက တဲအႀကီးႀကီးစုထိုးထားတဲ့ေနရာမွာ မွ်ေနၾကတယ္။ ဒီေနရာက ကမ္းနားေဘးက ၿပိဳေနၾကလို႔ေျပာတယ္။ ဒါေပမယ့္ တစ္ခါမွ ဒီေလာက္မဆိုးဘူးလို႔လည္းေျပာၾကတယ္။ ျဖစ္႐ိုးျဖစ္စဥ္ ေတာ့ၿပိဳတယ္ ဒီလိုမ်ိဳးေတာ့ တစ္ခါမွမႀကဳံဖူးဘူး”ဟု ၎ကဆက္ေျပာသည္။
လက္ရွိတြင္ အဆိုပါေျပာင္းေ႐ြ႕ေနထိုင္သူမ်ားအတြက္ ေစာင္၊ ျခင္ေထာင္ႏွင့္ အျခားေသာ စားေသာက္ဖြယ္ရာမ်ားလိုအပ္လွ်က္ရွိၿပီး ေဒသတြင္းပရဟိတအသင္းမ်ားႏွင့္ အလႉရွင္မ်ားကလည္း ကူညီမႈမ်ားဆက္လက္လုပ္ေဆာင္လွ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.