သောင်းကျန်းသူ ထကြွရာဒေသများတွင် သစ်တောပြုန်းတီးမှုများ ဆက်တိုက်ဖြစ်ပေါ်နေ

 578

သက်ပိုင် (NP News)-မေ ၂၇
မြန်မာနိုင်ငံမှ သောင်းကျန်းသူထကြွရာ ဒေသများတွင် သစ်တောပြုန်းတီးမှုများ ဆက်တိုက် ဆိုသကဲ့သို့ ဖြစ်ပေါ်လျက်ရှိနေကြောင်း သစ်တော ပြုန်းတီးမှုများကို လေ့လာစောင့်ကြည့်နေသော Global Forest Watch အဖွဲ့၏ စစ်တမ်းများအရ သိရသည်။
လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာဒေသများဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည် နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် သစ်တောဖုံးလွှမ်းမှု ဧရိယာ များ အများအပြားကျဆင်းလာနေကြောင်း စစ်တမ်းများတွင်ဖော်ပြထားသည်။
(၂၀ဝ၁) ခုနှစ်စစ်တမ်းများအရ မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုဧရိယာ ဟတ်တာ(၄၇) သန်း ခန့် ရှိခဲ့သော်လည်း (၂၀ဝ၁) ခုနှစ်မှ (၂၀ ၂၄) ခုနှစ်အတွင်း ဟက်တာ (၅ ဒသမ ၁၅) သန်း ဆုံးရှုံးခဲ့ ကြောင်း Global Forest Watch အဖွဲ့၏ စစ်တမ်းများတွင် ပါရှိသည်။
“ဝန်းသိုမြို့အောက်ဘက်က စစ်ကိုင်းတိုင်း မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်း အနောက်ပိုင်းဒေသတွေ ဖြစ်တဲ့ ကနီတို့၊ မင်းကင်းတို့၊ ကျွန်းလှတို့၊ သပိတ်ကျင်းတို့ ၊ စဉ့်ကူးတို့မှာဆိုရင် သစ်တောပြုန်းတီးမှုက တော်တော်များတယ်။ နောက်တစ်ခုက ကသာ ဘက်ပေါ့နော်။ အဲဒီဘက်မှာဆိုရင်လည်း သစ်တော ပြုန်း တီးမှု ဧရိယာကြီးသလို များလည်းများပါတယ်” ဟု သဘာဝပတ်ဝန်းကျင်အရေး လေ့လာနေသူ တစ်ဦး က ဆိုသည်။
ထိုသို့ သစ်တောများပြုန်းတီးလာရခြင်းမှာ (၂၀၂၅) ခုနှစ်တွင် ပိုမိုဆိုးရွားလာနေကြောင်းနှင့် NUG ကဲ့သို့သော အဖွဲ့များကပါ အကြောင်းပြချက် အမျိုးမျိုးဖြင့် သစ်များထုတ်လျက်ရှိကြောင်း သစ်တော ဦးစီးဌာနမှ အငြိမ်းစား ဝန်ထမ်းတစ်ဦးက ဆိုသည်။
“ (၂၀၂၅) ခုနှစ်မှာ ပိုပိုဆိုးလာတယ်။ NUG တို့ကတောင် အကြောင်းအမျိုးမျိုးပြပြီး သစ်တွေကို ထုတ်လာတယ်။ ပြောရရင်တော့ နိုင်ငံတွင်း မှာရှိတဲ့ အရင်းအမြစ်တွေ ဆုံးရှုံးမှုတွေဖြစ်တာပေါ့။ ကချင် ဘက်မှာဆိုရင်လည်း သစ်တောတွေပျောက် ကုန်တဲ့အတွက် ရာသီဥတုတွေပြောင်းလဲကုန်ပြီ” ဟု အဆို ပါ ပညာရှင်ကဆိုသည်။
တိုင်းရင်းသားလက်နက်ကိုင်များနှင့် PDF များအနေဖြင့် သစ်တောဖုံးလွှမ်းဧရိယာများတွင် သစ် ထုတ်ခြင်းလုပ်ငန်းများကို အလွန့်အကျွံလုပ်ကိုင်နေ ကြသည့်အပြင် သစ်ပင်များကိုခုတ်လှဲကာ မြေရှား သတ္တုတူးဖော်ခြင်းများကို လုပ်ကိုင်လျက်ရှိနေကြကြောင်း သိရသည်။

Zawgyi Version:
ေသာင္းက်န္းသူ ထႂကြရာေဒသမ်ားတြင္ သစ္ေတာျပဳန္းတီးမႈမ်ား ဆက္တိုက္ျဖစ္ေပၚေန
သက္ပိုင္ (NP News)-ေမ ၂၇
ျမန္မာႏိုင္ငံမွ ေသာင္းက်န္းသူထႂကြရာ ေဒသမ်ားတြင္ သစ္ေတာျပဳန္းတီးမႈမ်ား ဆက္တိုက္ ဆိုသကဲ့သို႔ ျဖစ္ေပၚလ်က္ရွိေနေၾကာင္း သစ္ေတာ ျပဳန္းတီးမႈမ်ားကို ေလ့လာေစာင့္ၾကည့္ေနေသာ Global Forest Watch အဖြဲ႕၏ စစ္တမ္းမ်ားအရ သိရသည္။
လက္နက္ကိုင္အဖြဲ႕မ်ား ထိန္းခ်ဳပ္ရာေဒသမ်ားျဖစ္ေသာ စစ္ကိုင္းတိုင္းေဒသႀကီး၊ ကခ်င္ျပည္ နယ္၊ ကယားျပည္နယ္၊ မြန္ျပည္နယ္၊ ရွမ္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ သစ္ေတာဖုံးလႊမ္းမႈ ဧရိယာ မ်ား အမ်ားအျပားက်ဆင္းလာေနေၾကာင္း စစ္တမ္းမ်ားတြင္ေဖာ္ျပထားသည္။
(၂၀ဝ၁) ခုႏွစ္စစ္တမ္းမ်ားအရ ျမန္မာႏိုင္ငံတြင္ သစ္ေတာဖုံးလႊမ္းမႈဧရိယာ ဟတ္တာ(၄၇) သန္း ခန႔္ ရွိခဲ့ေသာ္လည္း (၂၀ဝ၁) ခုႏွစ္မွ (၂၀ ၂၄) ခုႏွစ္အတြင္း ဟက္တာ (၅ ဒသမ ၁၅) သန္း ဆုံးရႈံးခဲ့ ေၾကာင္း Global Forest Watch အဖြဲ႕၏ စစ္တမ္းမ်ားတြင္ ပါရွိသည္။
“ဝန္းသိုၿမိဳ႕ေအာက္ဘက္က စစ္ကိုင္းတိုင္း ေျမာက္ပိုင္းနဲ႔ စစ္ကိုင္းတိုင္း အေနာက္ပိုင္းေဒသေတြ ျဖစ္တဲ့ ကနီတို႔၊ မင္းကင္းတို႔၊ ကြၽန္းလွတို႔၊ သပိတ္က်င္းတို႔ ၊ စဥ့္ကူးတို႔မွာဆိုရင္ သစ္ေတာျပဳန္းတီးမႈက ေတာ္ေတာ္မ်ားတယ္။ ေနာက္တစ္ခုက ကသာ ဘက္ေပါ့ေနာ္။ အဲဒီဘက္မွာဆိုရင္လည္း သစ္ေတာ ျပဳန္း တီးမႈ ဧရိယာႀကီးသလို မ်ားလည္းမ်ားပါတယ္” ဟု သဘာဝပတ္ဝန္းက်င္အေရး ေလ့လာေနသူ တစ္ဦး က ဆိုသည္။
ထိုသို႔ သစ္ေတာမ်ားျပဳန္းတီးလာရျခင္းမွာ (၂၀၂၅) ခုႏွစ္တြင္ ပိုမိုဆိုး႐ြားလာေနေၾကာင္းႏွင့္ NUG ကဲ့သို႔ေသာ အဖြဲ႕မ်ားကပါ အေၾကာင္းျပခ်က္ အမ်ိဳးမ်ိဳးျဖင့္ သစ္မ်ားထုတ္လ်က္ရွိေၾကာင္း သစ္ေတာ ဦးစီးဌာနမွ အၿငိမ္းစား ဝန္ထမ္းတစ္ဦးက ဆိုသည္။
“ (၂၀၂၅) ခုႏွစ္မွာ ပိုပိုဆိုးလာတယ္။ NUG တို႔ကေတာင္ အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး သစ္ေတြကို ထုတ္လာတယ္။ ေျပာရရင္ေတာ့ ႏိုင္ငံတြင္း မွာရွိတဲ့ အရင္းအျမစ္ေတြ ဆုံးရႈံးမႈေတြျဖစ္တာေပါ့။ ကခ်င္ ဘက္မွာဆိုရင္လည္း သစ္ေတာေတြေပ်ာက္ ကုန္တဲ့အတြက္ ရာသီဥတုေတြေျပာင္းလဲကုန္ၿပီ” ဟု အဆို ပါ ပညာရွင္ကဆိုသည္။
တိုင္းရင္းသားလက္နက္ကိုင္မ်ားႏွင့္ PDF မ်ားအေနျဖင့္ သစ္ေတာဖုံးလႊမ္းဧရိယာမ်ားတြင္ သစ္ ထုတ္ျခင္းလုပ္ငန္းမ်ားကို အလြန႔္အကြၽံလုပ္ကိုင္ေန ၾကသည့္အျပင္ သစ္ပင္မ်ားကိုခုတ္လွဲကာ ေျမရွား သတၱဳတူးေဖာ္ျခင္းမ်ားကို လုပ္ကိုင္လ်က္ရွိေနၾကေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.