မောင်မောင်လွင်၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် ASEAN All-Stars အသင်းမန်ယူကို အနိုင်ရ

 796

NP News - မေ ၂၈

မန်ယူ နှင့် ASEAN All-Starsအသင်းတို့ ယနေ့(မေလ ၂၈ ရက်)ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် မောင်မောင်လွင်၏ သွင်းဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့​သည်။

အဆိုပါပွဲစဉ်ကို မလေးရှားနိုင်ငံရှိ ဘူကစ်ဂျာလီကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။

ယင်းပွဲစဉ်တွင် ပွဲကစားချိန် ၅၄ မိနစ်တွင် လူစားဝင်လာခဲ့သည့် မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမားမောင်မောင်လွင်က ခြေစွမ်းပြကစားကာ ပွဲချိန်(၇၁)မိနစ်တွင် ဂိုးသွင်းပြီး ASEAN All-Stars အသင်းကို အနိုင်ရရှိစေခဲ့ခြင်းဖြစ်သည်။

မောင်မောင်လွင်အနေဖြင့် မန်ယူအသင်းဘက်ကို ခေါ်ယူမည်ဟု ပြောဆိုထားသည့်အတိုင်း သွင်းဂိုးတစ်ဂိုးကို လှလှပပ သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး တစ်ကွင်းလုံးနေရာအနှံလိုက်ကစားပြီး ခြေစွမ်းပိုင်းအရလည်း ကျေနပ်စရာကောင်းခဲ့ခြင်းဖြစ်သည်။

ASEAN-All Stars အသင်းတွင် မြန်မာ၊ ဗီယက်နမ်၊ တီမော နှင့် ကမ္ဘောဒီးယားစသည့် အာဆီယံနိုင်ငံပေါင်း(၁၂)နိုင်ငံမှ လက်‌ရွေးစင်ကစားသမားများကို အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) က ရွေးချယ်ခေါ်ယူ ဖွဲ့စည်းထားခြင်းဖြစ်သည်။

Zawgyi Version:
ေမာင္ေမာင္လြင္၏ တစ္လုံးတည္းေသာသြင္းဂိုးျဖင့္ ASEAN All-Stars အသင္းမန္ယူကို အႏိုင္ရ
NP News - ေမ ၂၈

မန္ယူ ႏွင့္ ASEAN All-Starsအသင္းတို႔ ယေန႔(ေမလ ၂၈ ရက္)ညပိုင္းက ယွဥ္ၿပိဳင္ကစားခဲ့သည့္ ပြဲစဥ္တြင္ ေမာင္ေမာင္လြင္၏ သြင္းဂိုး တစ္ဂိုးျဖင့္ အႏိုင္ရရွိခဲ့​သည္။

အဆိုပါပြဲစဥ္ကို မေလးရွားႏိုင္ငံရွိ ဘူကစ္ဂ်ာလီကြင္းတြင္ ယွဥ္ၿပိဳင္ကစားခဲ့ျခင္းျဖစ္သည္။

ယင္းပြဲစဥ္တြင္ ပြဲကစားခ်ိန္ ၅၄ မိနစ္တြင္ လူစားဝင္လာခဲ့သည့္ ျမန္မာ့လက္ေ႐ြးစင္ ကြင္းလယ္ကစားသမားေမာင္ေမာင္လြင္က ေျခစြမ္းျပကစားကာ ပြဲခ်ိန္(၇၁)မိနစ္တြင္ ဂိုးသြင္းၿပီး ASEAN All-Stars အသင္းကို အႏိုင္ရရွိေစခဲ့ျခင္းျဖစ္သည္။

ေမာင္ေမာင္လြင္အေနျဖင့္ မန္ယူအသင္းဘက္ကို ေခၚယူမည္ဟု ေျပာဆိုထားသည့္အတိုင္း သြင္းဂိုးတစ္ဂိုးကို လွလွပပ သြင္းယူေပးခဲ့ျခင္းျဖစ္ၿပီး တစ္ကြင္းလုံးေနရာအႏွံလိုက္ကစားၿပီး ေျခစြမ္းပိုင္းအရလည္း ေက်နပ္စရာေကာင္းခဲ့ျခင္းျဖစ္သည္။

ASEAN-All Stars အသင္းတြင္ ျမန္မာ၊ ဗီယက္နမ္၊ တီေမာ ႏွင့္ ကေမာၻဒီးယားစသည့္ အာဆီယံႏိုင္ငံေပါင္း(၁၂)ႏိုင္ငံမွ လက္‌ေ႐ြးစင္ကစားသမားမ်ားကို အာဆီယံေဘာလုံးအဖြဲ႕ခ်ဳပ္ (AFF) က ေ႐ြးခ်ယ္ေခၚယူ ဖြဲ႕စည္းထားျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.