တပ်မတော်အနေဖြင့်ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအား တစ်လထပ်တိုး

 490

သက်ပိုင် (NP News) - ဇွန် ၁

တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇွန် ၁ ရက်မှ ၃ဝ ရက်အထိ တစ်လတာကာလအား ယာယီပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးကာလအဖြစ် ထပ်မံတိုးမြှင့်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေလ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်အရ သိရသည်။
အင်အားပြင်းမန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ပြီး တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ်၊ မေ ၆ ရက်မှ ၃၁ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထုတ်ပြန်ခဲ့ပြီးနောက် မေလ ၃၁ ရက်တွေ ယခုကဲ့သို့ ထပ်မံထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။
လက်ရှိကာလတွင်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ထိခိုက်ပျက်စီးခဲ့ရသည့် အစိုးရရုံးဌာနများ၊ ပြည်သူများ၏အိုးအိမ်နှင့်လမ်းပန်း ဆက်သွယ်မှုလုပ်ငန်းများ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာမှလည်း ကူညီမှုများကိုဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယခုနှစ်အတွင်း မဖြစ်မနေကျင်းပဆောင်ရွက်ပေးနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပချိန်၌ တစ်နိုင်ငံလုံးရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများအားလုံး ဆန္ဒမဲများပေးနိုင်ရေး ဒေသအလိုက် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆက်လက်ဆောင်ရွက်နိုင်စေရေး၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်စေရေး၊ နိုင်ငံတော်နှင့်နိုင်ငံသားအားလုံး၏ အကျိုးစီးပွားကို ပိုမိုလျင်မြန်စွာဖော်ဆောင်နိုင်စေရေး၊ ရေရှည်တည်တံ့ပြီးစစ်မှန်သည့်ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စေရေးတို့အတွက် တည်ငြိမ်အေးချမ်းမှုကိုရှေးရှုပြီး ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအား ထပ်မံတိုးမြှင့် ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထား သည်။
ထို့အပြင် ယာယီပစ်ခတ်တိုက်ခိုက်မှု ထုတ်ပြန်ကြေညာထားသည့်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား နှောင့်ယှက်တိုက်ခိုက်ခြင်း နှင့် ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေခြင်း၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးတာဝန် ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကို နှောင့်ယှက်တိုက်ခိုက်ခြင်းများ၊ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့်အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများကိုမပြုရန်နှင့် ထိုကဲ့သို့ဆောင်ရွက်လာပါက တပ်မတော်အနေဖြင့် ပြည်သူလူထုကို ကာကွယ်သောအားဖြင့် လိုအပ်သည့်အရေးယူတုံ့ပြန်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version:
တပ္မေတာ္အေနျဖင့္ယာယီပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးကာလအား တစ္လထပ္တိုး
သက္ပိုင္ (NP News) - ဇြန္ ၁

တပ္မေတာ္အေနျဖင့္ ၂၀၂၅ ခုႏွစ္၊ ဇြန္ ၁ ရက္မွ ၃ဝ ရက္အထိ တစ္လတာကာလအား ယာယီပစ္ခတ္တိုက္ခတ္မႈ ရပ္စဲေရးကာလအျဖစ္ ထပ္မံတိုးျမႇင့္ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ေမလ ၃၁ ရက္တြင္ ထုတ္ျပန္ခဲ့ေသာ ထုတ္ျပန္ခ်က္အရ သိရသည္။
အင္အားျပင္းမႏၲေလးငလ်င္ႀကီးလႈပ္ခတ္မႈေၾကာင့္ ထိခိုက္ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့သျဖင့္ ငလ်င္ဒဏ္သင့္ေဒသမ်ား၌ ကူညီကယ္ဆယ္ေရးႏွင့္ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကို အရွိန္အဟုန္ျဖင့္ေဆာင္႐ြက္ႏိုင္ေစရန္ရည္႐ြယ္ၿပီး တပ္မေတာ္အေနျဖင့္ ၂၀၂၅ ခုႏွစ္၊ ေမ ၆ ရက္မွ ၃၁ ရက္အထိကာလကို ယာယီပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးကာလအျဖစ္ ထုတ္ျပန္ခဲ့ၿပီးေနာက္ ေမလ ၃၁ ရက္ေတြ ယခုကဲ့သို႔ ထပ္မံထုတ္ျပန္ခဲ့ျခင္းလည္းျဖစ္သည္။
လက္ရွိကာလတြင္လည္း ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ငလ်င္ဒဏ္သင့္ေဒသမ်ား၌ ထိခိုက္ပ်က္စီးခဲ့ရသည့္ အစိုးရ႐ုံးဌာနမ်ား၊ ျပည္သူမ်ား၏အိုးအိမ္ႏွင့္လမ္းပန္း ဆက္သြယ္မႈလုပ္ငန္းမ်ား ျပန္လည္တည္ေဆာက္ျခင္းလုပ္ငန္းမ်ားႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကို အင္တိုက္အားတိုက္ ဆက္လက္ေဆာင္႐ြက္လ်က္ရွိၿပီး ႏိုင္ငံတကာမွလည္း ကူညီမႈမ်ားကိုေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အလားတူ ႏိုင္ငံေတာ္အေနျဖင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္အညီ လြတ္လပ္ၿပီးတရားမွ်တသည့္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲကို ယခုႏွစ္အတြင္း မျဖစ္မေနက်င္းပေဆာင္႐ြက္ေပးႏိုင္ေရး ႀကိဳတင္ျပင္ဆင္ျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္းႏွင့္ ပါတီစုံ ဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ က်င္းပခ်ိန္၌ တစ္ႏိုင္ငံလုံးရွိ ဆႏၵမဲေပးပိုင္ခြင့္ရွိသူ ျပည္သူမ်ားအားလုံး ဆႏၵမဲမ်ားေပးႏိုင္ေရး ေဒသအလိုက္ တည္ၿငိမ္ေအးခ်မ္းမႈရွိရန္ လိုအပ္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
ထို႔ေၾကာင့္ ႏိုင္ငံေတာ္အေနျဖင့္ ငလ်င္ဒဏ္သင့္ေဒသမ်ား၌ ျပန္လည္တည္ေဆာက္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကို အရွိန္အဟုန္ျဖင့္ဆက္လက္ေဆာင္႐ြက္ႏိုင္ေစေရး၊ လြတ္လပ္ၿပီးတရားမွ်တသည့္ ပါတီစုံဒီမိုကေရစီေ႐ြးေကာက္ပြဲကို ေအာင္ျမင္စြာက်င္းပႏိုင္ေစေရး၊ ႏိုင္ငံေတာ္ႏွင့္ႏိုင္ငံသားအားလုံး၏ အက်ိဳးစီးပြားကို ပိုမိုလ်င္ျမန္စြာေဖာ္ေဆာင္ႏိုင္ေစေရး၊ ေရရွည္တည္တံ့ၿပီးစစ္မွန္သည့္ၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ႏိုင္ေစေရးတို႔အတြက္ တည္ၿငိမ္ေအးခ်မ္းမႈကိုေရွးရႈၿပီး ယာယီပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးကာလအား ထပ္မံတိုးျမႇင့္ ခဲ့ျခင္းျဖစ္ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္ထား သည္။
ထို႔အျပင္ ယာယီပစ္ခတ္တိုက္ခိုက္မႈ ထုတ္ျပန္ေၾကညာထားသည့္ကာလအတြင္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ အျခားလက္နက္ကိုင္အဖြဲ႕မ်ားအေနျဖင့္ အမ်ားျပည္သူသြားလာအသုံးျပဳလ်က္ရွိသည့္ ဆက္သြယ္ေရးလမ္းေၾကာင္းမ်ားအား ေႏွာင့္ယွက္တိုက္ခိုက္ျခင္း ႏွင့္ ထိခိုက္ပ်က္စီးေစျခင္း၊ ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္ကို ထိခိုက္ပ်က္စီးေစျခင္း၊ လုံၿခဳံေရးႏွင့္တရားဥပေဒစိုးမိုးေရးတာဝန္ ထမ္းေဆာင္လ်က္ရွိသည့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၏ တပ္စခန္းမ်ားအား တိုက္ခိုက္ျခင္း၊ တပ္ဌာနခ်ဳပ္မ်ားကို ေႏွာင့္ယွက္တိုက္ခိုက္ျခင္းမ်ား၊ ၿငိမ္းခ်မ္းေရးကို ထိခိုက္ပ်က္စီးေစမည့္အင္အားစုေဆာင္းျခင္း၊ ျပင္ဆင္စုဖြဲ႕ျခင္း၊ နယ္ေျမခ်ဲ႕ထြင္ျခင္းမ်ားကိုမျပဳရန္ႏွင့္ ထိုကဲ့သို႔ေဆာင္႐ြက္လာပါက တပ္မေတာ္အေနျဖင့္ ျပည္သူလူထုကို ကာကြယ္ေသာအားျဖင့္ လိုအပ္သည့္အေရးယူတုံ႔ျပန္မႈမ်ားကို ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.