နောင်ချိုမြို့၏ (၈၀) ရာခိုင်နှုန်းကို တပ်မတော် ပြန်လည်ထိန်းချုပ်ထားနိုင်

617

သန့်ဇင် (NP News) - ဇွန် ၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ TNLA ထိန်းချုပ်ထားရာနေရာများကို တပ်မတော်က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေရာ (၈၀) ရာခိုင်နှုန်းအထိ တပ်မတော်ပြန်လည်ထိန်းချုပ်ထားပြီဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှ သတင်းရင်းမြစ်တစ်ဦးက NP News သို့ ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက တပ်မတော်ထိုးစစ်ကြောင့် နောင်ချိုမြို့နယ်အတွင်းမှ TNLA အဖွဲ့က ၎င်း တို့ထိန်းချုပ်ထားရာ ရွှေမုဌော၊ သရက်ချိုနှင့် ယာ ပြင်ဘက်စခန်းတို့ကို လက်လွှတ်ခဲ့ရပြီး လက်ရှိတွင် လည်း တပ်မတော်မှ စစ်ရေးအသာရရှိနေကြောင်း သိရသည်။
“နောင်ချိုမြို့ပေါ်ကနေဆိုရင် (၆) ရွာအကွာပေါ့နော်။ ကားနဲ့ဆိုရင် (၁၅)မိနစ်၊ မိနစ်(၂၀)အထိပဲ ကွာတော့တယ်။ သိပ်အလှမ်းမဝေးတော့ဘူးပေါ့နော်။ TNLA ရဲ့ ဗျူဟာကုန်းတွေကိုဆိုရင်လည်း ပြန်ရ လိုက်တယ်ပေါ့နော်။ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုနယ်ထဲက (၈၀)ရာခိုင်နှုန်းလောက်ကို တပ် မတော်က ပြန်လည်ရရှိထားပါပြီ။ အဓိက နေရာတွေ ပြန်သိမ်းထားတယ်။ သူတို့မြို့ပေါ်ဝန်းကျင် နည်းနည်းလေးပဲ ကျန်တော့တယ်”ဟု ရှမ်းမြောက်မှ စစ်ရေး သတင်းရင်းမြစ်က ပြောသည်။
ပြီးခဲ့သည့် မေလ (၂၉) ရက် ညနေပိုင်းကလည်း နောင်ချိုမြို့နယ်အတွင်းရှိ စစ်ရေးအရ အရေးပါ သော TNLA ထိန်းချုပ်ထားရာ ရွှေမုဌော ဘုရားကုန်းနှင့် တာဝါတိုင်ကုန်းတို့ကို တပ်မတော်မှ ပြန်လည် သိမ်းပိုက်ရရှိခဲ့ပြီး တိုက်ပွဲအတွင်း TNLA (၃) ဦးသေဆုံးကာ လက်နက်ခဲယမ်းများလည်း ရရှိခဲ့ကြောင်း သိရသည်။
တပ်မတော်၏ နောင်ချိုဒေသထိုးစစ်အတွင်း ဒရုန်းအားပြုတိုက်ခိုက်ခြင်းကြောင့် TNLA ဘက်မှ စခန်းများစွန့်ခွာက အထိနာနေကြောင်းလည်း ၎င်းကဆက်ပြောသည်။
“တိုက်ပွဲမှာ TNLA က ဒရုန်းကြောင့် အထိနာတာရှိတယ်။ ကျွန်တော်ပြောခဲ့သလို ဒီကောင်တွေ က ဘုန်းကြီးကျောင်းတွေမှာနေတယ်။ ကျန်းမာ ရေးအဆောက်အအုံတွေ ဆယ်သွယ်ရေးအဆောက် အအုံဖြစ်တဲ့ MPT အဆောက်အအုံအသေးလေးတွေမှာ နေတယ်။ အဲဒီနေရာတွေမှာဆိုရင် ဒရုန်းနဲ့ရှင်း တာမှာ တော်တော်ထိရောက်မှုရှိတယ်”ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
နောင်ချိုမြို့နယ်အတွင်း စခန်းအတော်များများ ပြန်လည်လက်လွှတ်ထားရသည့် TNLA က တဖြည်းဖြည်းပြန်လည် ဆုတ်ခွာနေပြီး ဓနုနှင့် အညာ PDF လက်နက်ကိုင်များကိုသာ အရန်အဖြစ် ခံစစ် ထားရှိထားကြောင်း ၎င်းကဆိုသည်။
“ TNLA ကနောင်ချိုမြို့ထဲကိုပြန်လည် ရောက်နေပြီ။ ခံစစ်နဲ့သွားနေတယ်။ တချို့ဆိုရင် ကျောက်မဲဘက်ပြန်ဆုတ်တယ်။ ကားတွေနဲ့ ပြန်ဆုတ်နေတာလည်း တွေ့ရတယ်။ လက်ရှိသူတို့က အင် အားမသာတော့တဲ့အနေအထားပေါ့။ စာသင်ကျောင်းတွေမှာထားတဲ့အနေအထားတွေနဲ့ ဘုန်းကြီး ကျောင်းတွေမှာ ခံစစ်ပြင်တဲ့အနေအထားတွေပဲ ရှိလာတယ်ပေါ့နော်။ နောင်ချိုဘက်ကို အင်အားမထည့် တော့ ကျွန်တော့်အထင်ကတော့ မိုးကုတ်ဘက်နဲ့ နမ္မတူနဲ့ နမ့်ခမ်းဘက်မှာတွေ့ရတယ်။ ကျောက်မဲ မှာ လည်း အရင်ကလောက်မရှိတော့ဘူး။ အရင်ကဆိုရင် ကျောက်မဲမှာ ပတ်ကင်းတွေတွေ့တယ်။ အခု နောက်ပိုင်းတော့ သိပ်မတွေ့ရတော့ဘူး”ဟု ၎င်းက ဆက်ပြောသည်။
ထို့ကြောင့် TNLA အနေဖြင့် နောင်ချို မြို့နယ်မှ သိသိသာသာဆုတ်ခွာနေရသည့်သဘောရှိပြီး ကန်ကြီးကျေးရွာဘက်တွင်လည်း သီပေါမြို့၌ (၅၀၃)၊ (၅၀၄) မှ စစ်သင်တန်းဆင်းလာသည့် ဓနု TNLA အင်အား (၁၀ဝဝ) ခန့်အပါအဝင် TNLA ကွပ်ကဲရေးအဖွဲ့၊ လက်နက်ကြီးအဖွဲ့နှင့် အညာဘက်မှလာသော PDF အင်အား (၄၀ဝ) ဝန်းကျင်ခန့်ကို ခံစစ်ပြင်ခိုင်းထားကြောင်းလည်း အတည်မပြုနိုင် သေးသည့် သတင်းများအရသိရသည်။ ထို့ပြင် ရှောက်ချုံကျေးရွာနှင့် ရေဖြူကျေးရွာတို့ရှိ ဓနုနှင့် အညာ PDF တို့သည်လည်း ကံကြီးကျေးရွာတွင် အင်အား (၂၀ဝဝ)ခန့်စုကာ TNLA အတွက် ခံစစ်ပြင်ပေးထား ကြောင်းသိရပြီး အဆိုပါ အခြေ အနေနှင့်ပတ်သက်၍ NP News မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Zawgyi Version:
ေနာင္ခ်ိဳၿမိဳ႕နယ္၏ (၈၀) ရာခိုင္ႏႈန္းကို တပ္မေတာ္ ျပန္လည္ထိန္းခ်ဳပ္ထားႏိုင္
သန႔္ဇင္ (NP News) - ဇြန္ ၁
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေနာင္ခ်ိဳၿမိဳ႕နယ္အတြင္းရွိ TNLA ထိန္းခ်ဳပ္ထားရာေနရာမ်ားကို တပ္မေတာ္က ျပန္လည္ထိုးစစ္ဆင္တိုက္ခိုက္ေနရာ (၈၀) ရာခိုင္ႏႈန္းအထိ တပ္မေတာ္ျပန္လည္ထိန္းခ်ဳပ္ထားၿပီျဖစ္ေၾကာင္း ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ သတင္းရင္းျမစ္တစ္ဦးက NP News သို႔ ေျပာသည္။
ၿပီးခဲ့သည့္ရက္ပိုင္းက တပ္မေတာ္ထိုးစစ္ေၾကာင့္ ေနာင္ခ်ိဳၿမိဳ႕နယ္အတြင္းမွ TNLA အဖြဲ႕က ၎ တို႔ထိန္းခ်ဳပ္ထားရာ ေ႐ႊမုေဌာ၊ သရက္ခ်ိဳႏွင့္ ယာ ျပင္ဘက္စခန္းတို႔ကို လက္လႊတ္ခဲ့ရၿပီး လက္ရွိတြင္ လည္း တပ္မေတာ္မွ စစ္ေရးအသာရရွိေနေၾကာင္း သိရသည္။
“ေနာင္ခ်ိဳၿမိဳ႕ေပၚကေနဆိုရင္ (၆) ႐ြာအကြာေပါ့ေနာ္။ ကားနဲ႔ဆိုရင္ (၁၅)မိနစ္၊ မိနစ္(၂၀)အထိပဲ ကြာေတာ့တယ္။ သိပ္အလွမ္းမေဝးေတာ့ဘူးေပါ့ေနာ္။ TNLA ရဲ႕ ဗ်ဴဟာကုန္းေတြကိုဆိုရင္လည္း ျပန္ရ လိုက္တယ္ေပါ့ေနာ္။ TNLA ထိန္းခ်ဳပ္ထားတဲ့ ေနာင္ခ်ိဳနယ္ထဲက (၈၀)ရာခိုင္ႏႈန္းေလာက္ကို တပ္ မေတာ္က ျပန္လည္ရရွိထားပါၿပီ။ အဓိက ေနရာေတြ ျပန္သိမ္းထားတယ္။ သူတို႔ၿမိဳ႕ေပၚဝန္းက်င္ နည္းနည္းေလးပဲ က်န္ေတာ့တယ္”ဟု ရွမ္းေျမာက္မွ စစ္ေရး သတင္းရင္းျမစ္က ေျပာသည္။
ၿပီးခဲ့သည့္ ေမလ (၂၉) ရက္ ညေနပိုင္းကလည္း ေနာင္ခ်ိဳၿမိဳ႕နယ္အတြင္းရွိ စစ္ေရးအရ အေရးပါ ေသာ TNLA ထိန္းခ်ဳပ္ထားရာ ေ႐ႊမုေဌာ ဘုရားကုန္းႏွင့္ တာဝါတိုင္ကုန္းတို႔ကို တပ္မေတာ္မွ ျပန္လည္ သိမ္းပိုက္ရရွိခဲ့ၿပီး တိုက္ပြဲအတြင္း TNLA (၃) ဦးေသဆုံးကာ လက္နက္ခဲယမ္းမ်ားလည္း ရရွိခဲ့ေၾကာင္း သိရသည္။
တပ္မေတာ္၏ ေနာင္ခ်ိဳေဒသထိုးစစ္အတြင္း ဒ႐ုန္းအားျပဳတိုက္ခိုက္ျခင္းေၾကာင့္ TNLA ဘက္မွ စခန္းမ်ားစြန႔္ခြာက အထိနာေနေၾကာင္းလည္း ၎ကဆက္ေျပာသည္။
“တိုက္ပြဲမွာ TNLA က ဒ႐ုန္းေၾကာင့္ အထိနာတာရွိတယ္။ ကြၽန္ေတာ္ေျပာခဲ့သလို ဒီေကာင္ေတြ က ဘုန္းႀကီးေက်ာင္းေတြမွာေနတယ္။ က်န္းမာ ေရးအေဆာက္အအုံေတြ ဆယ္သြယ္ေရးအေဆာက္ အအုံျဖစ္တဲ့ MPT အေဆာက္အအုံအေသးေလးေတြမွာ ေနတယ္။ အဲဒီေနရာေတြမွာဆိုရင္ ဒ႐ုန္းနဲ႔ရွင္း တာမွာ ေတာ္ေတာ္ထိေရာက္မႈရွိတယ္”ဟု အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။
ေနာင္ခ်ိဳၿမိဳ႕နယ္အတြင္း စခန္းအေတာ္မ်ားမ်ား ျပန္လည္လက္လႊတ္ထားရသည့္ TNLA က တျဖည္းျဖည္းျပန္လည္ ဆုတ္ခြာေနၿပီး ဓႏုႏွင့္ အညာ PDF လက္နက္ကိုင္မ်ားကိုသာ အရန္အျဖစ္ ခံစစ္ ထားရွိထားေၾကာင္း ၎ကဆိုသည္။
“ TNLA ကေနာင္ခ်ိဳၿမိဳ႕ထဲကိုျပန္လည္ ေရာက္ေနၿပီ။ ခံစစ္နဲ႔သြားေနတယ္။ တခ်ိဳ႕ဆိုရင္ ေက်ာက္မဲဘက္ျပန္ဆုတ္တယ္။ ကားေတြနဲ႔ ျပန္ဆုတ္ေနတာလည္း ေတြ႕ရတယ္။ လက္ရွိသူတို႔က အင္ အားမသာေတာ့တဲ့အေနအထားေပါ့။ စာသင္ေက်ာင္းေတြမွာထားတဲ့အေနအထားေတြနဲ႔ ဘုန္းႀကီး ေက်ာင္းေတြမွာ ခံစစ္ျပင္တဲ့အေနအထားေတြပဲ ရွိလာတယ္ေပါ့ေနာ္။ ေနာင္ခ်ိဳဘက္ကို အင္အားမထည့္ ေတာ့ ကြၽန္ေတာ့္အထင္ကေတာ့ မိုးကုတ္ဘက္နဲ႔ နမၼတူနဲ႔ နမ့္ခမ္းဘက္မွာေတြ႕ရတယ္။ ေက်ာက္မဲ မွာ လည္း အရင္ကေလာက္မရွိေတာ့ဘူး။ အရင္ကဆိုရင္ ေက်ာက္မဲမွာ ပတ္ကင္းေတြေတြ႕တယ္။ အခု ေနာက္ပိုင္းေတာ့ သိပ္မေတြ႕ရေတာ့ဘူး”ဟု ၎က ဆက္ေျပာသည္။
ထို႔ေၾကာင့္ TNLA အေနျဖင့္ ေနာင္ခ်ိဳ ၿမိဳ႕နယ္မွ သိသိသာသာဆုတ္ခြာေနရသည့္သေဘာရွိၿပီး ကန္ႀကီးေက်း႐ြာဘက္တြင္လည္း သီေပါၿမိဳ႕၌ (၅၀၃)၊ (၅၀၄) မွ စစ္သင္တန္းဆင္းလာသည့္ ဓႏု TNLA အင္အား (၁၀ဝဝ) ခန႔္အပါအဝင္ TNLA ကြပ္ကဲေရးအဖြဲ႕၊ လက္နက္ႀကီးအဖြဲ႕ႏွင့္ အညာဘက္မွလာေသာ PDF အင္အား (၄၀ဝ) ဝန္းက်င္ခန႔္ကို ခံစစ္ျပင္ခိုင္းထားေၾကာင္းလည္း အတည္မျပဳႏိုင္ ေသးသည့္ သတင္းမ်ားအရသိရသည္။ ထို႔ျပင္ ေရွာက္ခ်ဳံေက်း႐ြာႏွင့္ ေရျဖဴေက်း႐ြာတို႔ရွိ ဓႏုႏွင့္ အညာ PDF တို႔သည္လည္း ကံႀကီးေက်း႐ြာတြင္ အင္အား (၂၀ဝဝ)ခန႔္စုကာ TNLA အတြက္ ခံစစ္ျပင္ေပးထား ေၾကာင္းသိရၿပီး အဆိုပါ အေျခ အေနႏွင့္ပတ္သက္၍ NP News မွ သီးျခားအတည္ျပဳႏိုင္ျခင္း မရွိေသးေပ။