ပခုက္ကူ - ပေါက် ကားလမ်းဘေးတွင် PDF အဖွဲ့က မိုင်း အရေအတွက် (၁၀ဝဝ) ထက်မနည်း ထောင်ထားဟုဆို

 429

Pearl (NP News) - ဇွန် ၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့မှ ပေါက်မြို့သို့သွားသော ကားလမ်းမကြီး၏ ဘေးနှစ်ဖက်တွင် PDF အဖွဲ့ က အရေအတွက်(၁၀ဝဝ) ထက်မနည်းသည့် လက်လုပ်မိုင်းများကို ထောင်ထားကြောင်း ဒေသခံများထံ NP News မှ ဆက်သွယ်မေးမြန်းထားသည့်အချက်အလက်များအရ သိရသည်။
“ပေါက်နဲ့ ပခုက္ကူဆိုရင် (၄၇) မိုင်ဝေးတယ်။ ပေါက်နဲ့ ပခုက္ကူကြားမှာ မိုင်းတွေကိုဖယ်လိုက်မယ်ဆိုရင် အလုံးပေါင်း (၁၀ဝဝ) မကဘူး။ သက်စွန့်ဆံဖျားမပြောနဲ့ တပ်မတော်ထောက်ခံသူဆို လာလို့တောင် မရဘူး။ လာရင် သေမှာပဲ။ PDF တွေက ဂိတ်ထိုင်ထားတာတော့ အတိအကျမရှိဘူး။ ဘယ်နားက ထွက်လာမှန်းမသိဘူး ထွက်လာ တာ။ ကားတစ်စီး တလေ ပြေးဆွဲနေတာတော့ရှိတယ်။ ရေပြာနဲ့ ပခုက္ကူတော့ တစ်ခါတလေပြေးဆွဲတာ။ သူတို့တွေပဲ လမ်းမှာ ဘယ်နား မိုင်းရှိလဲဆိုတာ သိနေကြတာလေ” ဟု ဒေသခံတစ်ဦးက NP News သို့ ပြောသည်။
ပခုက္ကူမြို့နှင့် ပေါက်မြို့သည် အကွာအ‌ဝေးအားဖြင့် (၄၇)မိုင်ခန့်ဝေးပြီးလက်လုပ် remote မိုင်း၊ နင်းမိုင်း နှင့် ကြိုးဆွဲမိုင်းများကို ပခုက္ကူ-ပေါက် ကားလမ်းတစ်လျှောက်ဘေးဘယ်ညာတွင် မြှုပ်ထားသည်ကို တွေ့ရကြောင်း လည်း အထက်ပါဒေသခံက ပြောသည်။
“လက်လုပ်မိုင်းတွေ သူတို့ကိုယ်တိုင်လုပ်ထားတဲ့ မိုင်းတွေ ထင်ပါတယ်။ တစ်ခါတလေ ခွဲတောင်း လောက်ရှိတဲ့ မိုင်းတွေ၊ remote မိုင်း တွေရှိတယ်။ ကြိုးဆွဲမိုင်းတွေရှိတယ်။ နင်းမိုင်းတွေ ရှိတယ်။ အမျိုး မျိုးလုပ်ထားတာ။ ကားနင်းလိုက်ရင် ကွဲသွားတာတွေ။ ပေါက်မြို့ထိသွားတဲ့လမ်းတင် မကဘူး ပခုက္ကူ ကနေ မြိုင်တို့ ၊ ကံမနားကပြည်သူ့စစ်ရွာတွေ အများကြီးရှိတယ်လေ။ အဲဒီလမ်းမှာကို မိုင်းတွေ အများ ကြီးပဲ။ လက်လုပ်မိုင်း အကြီးကြီးတွေ သူတို့လုပ်တာတွေ။ ကားလမ်းဘေးမှာ မြေကြီးကိုတူးပြီးတော့ နည်းနည်းလေးဖော်ပြီးတော့ မြှုပ်ထားတာ။ လမ်းဘေးတွေမှာ မြှုပ်ထားတာ။ လမ်းဘေးမှာဆိုတော့ ရှင်းရတာ လွယ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် ပေါက်မြို့နယ်အတွင်း ပြည်သူ့စစ်ရွာများလည်း ရှိနေပြီး အဆိုပါဒေသရှိ ဒေသခံပြည် သူများအနေဖြင့် လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် အခြေခံစားသောက်ကုန် များ အပါအဝင် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ရင်ဆိုင်နေရကြောင်း သိရသည်။
“ဓာတ်ဆီ တစ်လီတာကို (၅)သောင်း လောက်ပေးဝယ်နေရတယ်။ ဆားတစ်ပိဿာကို အခုက (၄)၊ (၅) သောင်း ပေးဝယ်လို့ကို မရဘူး။ ဆေးလိပ်တစ်လိပ်ကို (၁၀ဝဝ)၊ (၂၀ဝဝ)ပေး သောက်နေရတယ်။ ရွာတွေမှာတင်မကဘူး ပေါက်မြို့ ပေါ်မှာကို ဖြစ်ပျက်နေတာ။ လေယာဉ်နဲ့ချပေးတာကလည်း (၇)ရက်စာ တောင် မရဘူး။ ပြည်သူ့စစ်ရွာ တွေလည်း ရှိတယ်။ အဲဒီရွာတွေက လူတွေက သွားရေးလာရေး အဆင် မပြေဘူး။ ရွာနားတစ်ဝိုက်မှာရော၊ လမ်းမှာလည်း မိုင်းတွေ ထောင်ထားတာရှိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ယခင်ကာလများကလည်း ပေါက်မြို့နယ်၊ ဒီးဒုတ်ကွင်းကျေးရွာတွင်နေထိုင်သော အမျိုးသား တစ်ဦးက ပခုက္ကူမြို့မှဈေးဝယ်ပြီး အပြန် ပေါက်-ပခုက္ကူ ကားလမ်း နတ်ဥယျာဉ်ကျေးရွာအနောက်ဘက် (၃) ဖာလုံခန့်အကွာ( ဒေသအခေါ် ဆင်လှကွေ့ရေ ကျော်)တွင် PDF အဖွဲ့က ၎င်းကို ယာဉ်ပေါ်၌ မီးရှို့ သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

Zawgyi Version:
ပခုကၠဴ - ေပါက္ ကားလမ္းေဘးတြင္ PDF အဖြဲ႕က မိုင္း အေရအတြက္ (၁၀ဝဝ) ထက္မနည္း ေထာင္ထားဟုဆို
Pearl (NP News) - ဇြန္ ၁
မေကြးတိုင္းေဒသႀကီး၊ ပခုကၠဴၿမိဳ႕မွ ေပါက္ၿမိဳ႕သို႔သြားေသာ ကားလမ္းမႀကီး၏ ေဘးႏွစ္ဖက္တြင္ PDF အဖြဲ႕ က အေရအတြက္(၁၀ဝဝ) ထက္မနည္းသည့္ လက္လုပ္မိုင္းမ်ားကို ေထာင္ထားေၾကာင္း ေဒသခံမ်ားထံ NP News မွ ဆက္သြယ္ေမးျမန္းထားသည့္အခ်က္အလက္မ်ားအရ သိရသည္။
“ေပါက္နဲ႔ ပခုကၠဴဆိုရင္ (၄၇) မိုင္ေဝးတယ္။ ေပါက္နဲ႔ ပခုကၠဴၾကားမွာ မိုင္းေတြကိုဖယ္လိုက္မယ္ဆိုရင္ အလုံးေပါင္း (၁၀ဝဝ) မကဘူး။ သက္စြန႔္ဆံဖ်ားမေျပာနဲ႔ တပ္မေတာ္ေထာက္ခံသူဆို လာလို႔ေတာင္ မရဘူး။ လာရင္ ေသမွာပဲ။ PDF ေတြက ဂိတ္ထိုင္ထားတာေတာ့ အတိအက်မရွိဘူး။ ဘယ္နားက ထြက္လာမွန္းမသိဘူး ထြက္လာ တာ။ ကားတစ္စီး တေလ ေျပးဆြဲေနတာေတာ့ရွိတယ္။ ေရျပာနဲ႔ ပခုကၠဴေတာ့ တစ္ခါတေလေျပးဆြဲတာ။ သူတို႔ေတြပဲ လမ္းမွာ ဘယ္နား မိုင္းရွိလဲဆိုတာ သိေနၾကတာေလ” ဟု ေဒသခံတစ္ဦးက NP News သို႔ ေျပာသည္။
ပခုကၠဴၿမိဳ႕ႏွင့္ ေပါက္ၿမိဳ႕သည္ အကြာအ‌ေဝးအားျဖင့္ (၄၇)မိုင္ခန႔္ေဝးၿပီးလက္လုပ္ remote မိုင္း၊ နင္းမိုင္း ႏွင့္ ႀကိဳးဆြဲမိုင္းမ်ားကို ပခုကၠဴ-ေပါက္ ကားလမ္းတစ္ေလွ်ာက္ေဘးဘယ္ညာတြင္ ျမႇဳပ္ထားသည္ကို ေတြ႕ရေၾကာင္း လည္း အထက္ပါေဒသခံက ေျပာသည္။
“လက္လုပ္မိုင္းေတြ သူတို႔ကိုယ္တိုင္လုပ္ထားတဲ့ မိုင္းေတြ ထင္ပါတယ္။ တစ္ခါတေလ ခြဲေတာင္း ေလာက္ရွိတဲ့ မိုင္းေတြ၊ remote မိုင္း ေတြရွိတယ္။ ႀကိဳးဆြဲမိုင္းေတြရွိတယ္။ နင္းမိုင္းေတြ ရွိတယ္။ အမ်ိဳး မ်ိဳးလုပ္ထားတာ။ ကားနင္းလိုက္ရင္ ကြဲသြားတာေတြ။ ေပါက္ၿမိဳ႕ထိသြားတဲ့လမ္းတင္ မကဘူး ပခုကၠဴ ကေန ၿမိဳင္တို႔ ၊ ကံမနားကျပည္သူ႔စစ္႐ြာေတြ အမ်ားႀကီးရွိတယ္ေလ။ အဲဒီလမ္းမွာကို မိုင္းေတြ အမ်ား ႀကီးပဲ။ လက္လုပ္မိုင္း အႀကီးႀကီးေတြ သူတို႔လုပ္တာေတြ။ ကားလမ္းေဘးမွာ ေျမႀကီးကိုတူးၿပီးေတာ့ နည္းနည္းေလးေဖာ္ၿပီးေတာ့ ျမႇဳပ္ထားတာ။ လမ္းေဘးေတြမွာ ျမႇဳပ္ထားတာ။ လမ္းေဘးမွာဆိုေတာ့ ရွင္းရတာ လြယ္ပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။
ထို႔ျပင္ ေပါက္ၿမိဳ႕နယ္အတြင္း ျပည္သူ႔စစ္႐ြာမ်ားလည္း ရွိေနၿပီး အဆိုပါေဒသရွိ ေဒသခံျပည္ သူမ်ားအေနျဖင့္ လက္ရွိတြင္ လမ္းပန္းဆက္သြယ္ေရး အခက္အခဲမ်ားေၾကာင့္ အေျခခံစားေသာက္ကုန္ မ်ား အပါအဝင္ ကုန္ေဈးႏႈန္းႀကီးျမင့္မႈဒဏ္ကို ရင္ဆိုင္ေနရေၾကာင္း သိရသည္။
“ဓာတ္ဆီ တစ္လီတာကို (၅)ေသာင္း ေလာက္ေပးဝယ္ေနရတယ္။ ဆားတစ္ပိႆာကို အခုက (၄)၊ (၅) ေသာင္း ေပးဝယ္လို႔ကို မရဘူး။ ေဆးလိပ္တစ္လိပ္ကို (၁၀ဝဝ)၊ (၂၀ဝဝ)ေပး ေသာက္ေနရတယ္။ ႐ြာေတြမွာတင္မကဘူး ေပါက္ၿမိဳ႕ ေပၚမွာကို ျဖစ္ပ်က္ေနတာ။ ေလယာဥ္နဲ႔ခ်ေပးတာကလည္း (၇)ရက္စာ ေတာင္ မရဘူး။ ျပည္သူ႔စစ္႐ြာ ေတြလည္း ရွိတယ္။ အဲဒီ႐ြာေတြက လူေတြက သြားေရးလာေရး အဆင္ မေျပဘူး။ ႐ြာနားတစ္ဝိုက္မွာေရာ၊ လမ္းမွာလည္း မိုင္းေတြ ေထာင္ထားတာရွိတယ္” ဟု ၎က ဆက္လက္ေျပာသည္။
ယခင္ကာလမ်ားကလည္း ေပါက္ၿမိဳ႕နယ္၊ ဒီးဒုတ္ကြင္းေက်း႐ြာတြင္ေနထိုင္ေသာ အမ်ိဳးသား တစ္ဦးက ပခုကၠဴၿမိဳ႕မွေဈးဝယ္ၿပီး အျပန္ ေပါက္-ပခုကၠဴ ကားလမ္း နတ္ဥယ်ာဥ္ေက်း႐ြာအေနာက္ဘက္ (၃) ဖာလုံခန႔္အကြာ( ေဒသအေခၚ ဆင္လွေကြ႕ေရ ေက်ာ္)တြင္ PDF အဖြဲ႕က ၎ကို ယာဥ္ေပၚ၌ မီးရႈိ႕ သတ္ျဖတ္ခဲ့သည့္ျဖစ္စဥ္ ျဖစ္ပြားခဲ့ဖူးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.