ထိုင်းနိုင်ငံမှာ တောဆင်ရိုင်းက ကုန်စုံဆိုင်ထဲ ဝင်ရောက်မှုဖြစ်ပွား

 396

ရောင်နီ (NP News) - ဇွန် ၄

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း၊ ခေါက်ရိုင်ရှိ ကုန်စုံဆိုင်တစ်ခုထဲကို တောဆင်ရိုင်းတစ်ကောင် ဝင်ရောက်မှုဖြစ်ပွားခဲ့ပါတယ်။

ဆင်ကြီးရဲ့နာမည်ကတော့ ပလိုင်ဘီယန်လက်ခ်လို့သိရပြီး သူဟာ ခေါက်ရိုင်အမျိုးသားဥယျာဉ်အနီးက လူနေထိုင်ရာနေရာတွေကို လှည့်လည်သွားလာလေ့ရှိတာကြောင့် လူသိများပါတယ်။ ယခင်ကလည်း အနီးနားရွာတစ်ရွာကို လှည့်လည်သွားလာရင်း အစာစားဖို့ စားသောက်ဆိုင်ငယ်တစ်ခုထဲ ဝင်ရောက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ကုန်စုံဆိုင်ထဲဝင်ရောက်တာကတော့ ဇွန်လ ၂ ရက်က ပထမဆုံးပဲ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေအရ ဆင်ကြီးဟာ စတိုးဆိုင်ထဲရောက်ရှိနေပြီး မျက်နှာကျက်နဲ့ ခန္ဓာကိုယ်ကိုယ်ထိနေကာ အစာစားပြီးနောက် အေးဆေးပြန်လည်ထွက်ခွာသွားတာ တွေ့ရပါတယ်။ ဆိုင်ပိုင်ရှင်ကတော့ ဇွန်လ ၂ ရက် ညနေ ၃ နာရီခန့်က ဆင်ကြီး ဆိုင်ထဲ ဝင်ရောက်လာလို့ ဝယ်သူတွေ ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဆင်ကြီးဟာ ထိုင်းအဆာပြေမုန့်နဲ့ ကြက်ဥတွေကို ယူစားသွားခဲ့တာဖြစ်ပြီး ဆင်တွေဟာ များသောအားဖြင့် ငန်တဲ့အစားအစာကို နှစ်သက်ကြတာကြောင့် သူ့ရဲ့ရွေးချယ်မှုက မှတ်သားစရာ ကောင်းတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဆင်ကြီးကြောင့် ဆိုင်ပိုင်ရှင်ကတော့ ဘတ်ငွေ ၁၀၀၀ လောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

zawgyi version
ထိုင္းႏိုင္ငံမွာ ေတာဆင္႐ိုင္းက ကုန္စုံဆိုင္ထဲ ဝင္ေရာက္မႈျဖစ္ပြား
ေရာင္နီ (NP News) - ဇြန္ ၄

ထိုင္းႏိုင္ငံ အေရွ႕ေျမာက္ပိုင္း၊ ေခါက္႐ိုင္ရွိ ကုန္စုံဆိုင္တစ္ခုထဲကို ေတာဆင္႐ိုင္းတစ္ေကာင္ ဝင္ေရာက္မႈျဖစ္ပြားခဲ့ပါတယ္။

ဆင္ႀကီးရဲ႕နာမည္ကေတာ့ ပလိုင္ဘီယန္လက္ခ္လို႔သိရၿပီး သူဟာ ေခါက္႐ိုင္အမ်ိဳးသားဥယ်ာဥ္အနီးက လူေနထိုင္ရာေနရာေတြကို လွည့္လည္သြားလာေလ့ရွိတာေၾကာင့္ လူသိမ်ားပါတယ္။ ယခင္ကလည္း အနီးနား႐ြာတစ္႐ြာကို လွည့္လည္သြားလာရင္း အစာစားဖို႔ စားေသာက္ဆိုင္ငယ္တစ္ခုထဲ ဝင္ေရာက္ခဲ့ဖူးပါတယ္။ ဒါေပမဲ့လည္း ကုန္စုံဆိုင္ထဲဝင္ေရာက္တာကေတာ့ ဇြန္လ ၂ ရက္က ပထမဆုံးပဲ ျဖစ္ပါတယ္။ ဆိုရွယ္မီဒီယာေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့ ဗီဒီယိုေတြနဲ႔ ဓာတ္ပုံေတြအရ ဆင္ႀကီးဟာ စတိုးဆိုင္ထဲေရာက္ရွိေနၿပီး မ်က္ႏွာက်က္နဲ႔ ခႏၶာကိုယ္ကိုယ္ထိေနကာ အစာစားၿပီးေနာက္ ေအးေဆးျပန္လည္ထြက္ခြာသြားတာ ေတြ႕ရပါတယ္။ ဆိုင္ပိုင္ရွင္ကေတာ့ ဇြန္လ ၂ ရက္ ညေန ၃ နာရီခန႔္က ဆင္ႀကီး ဆိုင္ထဲ ဝင္ေရာက္လာလို႔ ဝယ္သူေတြ ေဘးလြတ္ရာ ထြက္ေျပးခဲ့ရတယ္လို႔ ဆိုပါတယ္။

ဆင္ႀကီးဟာ ထိုင္းအဆာေျပမုန႔္နဲ႔ ၾကက္ဥေတြကို ယူစားသြားခဲ့တာျဖစ္ၿပီး ဆင္ေတြဟာ မ်ားေသာအားျဖင့္ ငန္တဲ့အစားအစာကို ႏွစ္သက္ၾကတာေၾကာင့္ သူ႔ရဲ႕ေ႐ြးခ်ယ္မႈက မွတ္သားစရာ ေကာင္းတယ္လို႔ သတင္းေတြက ဆိုပါတယ္။ ဆင္ႀကီးေၾကာင့္ ဆိုင္ပိုင္ရွင္ကေတာ့ ဘတ္ေငြ ၁၀၀၀ ေလာက္ ပ်က္စီးဆုံးရႈံးခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.