ထောက်ခံချက်မရှိသည့် Sprite အစိမ်းရောင်အချိုရည်ဘူးများ ဖြန့်ဖြူးရောင်းချခြင်းမလုပ်ရန် (FDA) မှ အသိပေး

 765

ချယ်ရီ (NP News) - ဇွန် ၅

တရားမဝင်တုပထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော ထောက်ခံချက်မရှိသည့် Sprite အစိမ်းရောင်အချိုရည်ဘူးများ ဖြန့်ဖြူးရောင်းချခြင်းမလုပ်ဆောင်ရန် ယနေ့ (ဇွန်လ ၅ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာများမှတဆင့် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ထိုင်းဘာသာစကားဖြင့် ကပ်နှိပ်ထားသော Sprite အမှတ်တံဆိပ် အစိမ်းရောင်အချိုရည်ဘူးများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA) ၏ ထောက်ခံချက်မရှိဘဲ ဈေးကွက်များတွင် တရားမဝင် တုပထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေကြောင်း စိစစ်တွေ့ရှိရ၍ စားသုံးသူများ၏ ကျန်းမာရေးကိုထိခိုက်စေနိုင်ပြီး အရည်အသွေးအာမခံချက်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိနိုင်သည့် ၎င်းအစားအသောက်အမယ်အား စားသုံးသူများအနေဖြင့် ဝယ်ယူစားသုံးခြင်းမပြုရန် (FDA Myanmar)မှ အသိပေးထားသည်။

ထို့ပြင် ဖြန့်ဖြူး၊ ရောင်းချသူများအနေဖြင့် ၎င်းအစားအသောက်အမယ်အား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေ ပုဒ်မ ၂၈ (က) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း (FDA Myanmar)မှ ကြေညာထားသည်။

Zawgyi Version:
ေထာက္ခံခ်က္မရွိသည့္ Sprite အစိမ္းေရာင္အခ်ိဳရည္ဘူးမ်ား ျဖန႔္ျဖဴးေရာင္းခ်ျခင္းမလုပ္ရန္ (FDA) မွ အသိေပး
ခ်ယ္ရီ (NP News) - ဇြန္ ၅

တရားမဝင္တုပထုတ္လုပ္ျဖန႔္ျဖဴးေရာင္းခ်ေနေသာ ေထာက္ခံခ်က္မရွိသည့္ Sprite အစိမ္းေရာင္အခ်ိဳရည္ဘူးမ်ား ျဖန႔္ျဖဴးေရာင္းခ်ျခင္းမလုပ္ေဆာင္ရန္ ယေန႔ (ဇြန္လ ၅ ရက္)ထုတ္ ႏိုင္ငံပိုင္သတင္းစာမ်ားမွတဆင့္ က်န္းမာေရးဝန္ႀကီးဌာန၊ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနက ထုတ္ျပန္ထားသည္။

ထိုင္းဘာသာစကားျဖင့္ ကပ္ႏွိပ္ထားေသာ Sprite အမွတ္တံဆိပ္ အစိမ္းေရာင္အခ်ိဳရည္ဘူးမ်ားသည္ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရး ဦးစီးဌာန(FDA) ၏ ေထာက္ခံခ်က္မရွိဘဲ ေဈးကြက္မ်ားတြင္ တရားမဝင္ တုပထုတ္လုပ္ျဖန႔္ျဖဴး ေရာင္းခ်ေနေၾကာင္း စိစစ္ေတြ႕ရွိရ၍ စားသုံးသူမ်ား၏ က်န္းမာေရးကိုထိခိုက္ေစႏိုင္ၿပီး အရည္အေသြးအာမခံခ်က္ႏွင့္ တာဝန္ယူမႈ၊ တာဝန္ခံမႈမရွိႏိုင္သည့္ ၎အစားအေသာက္အမယ္အား စားသုံးသူမ်ားအေနျဖင့္ ဝယ္ယူစားသုံးျခင္းမျပဳရန္ (FDA Myanmar)မွ အသိေပးထားသည္။

ထို႔ျပင္ ျဖန႔္ျဖဴး၊ ေရာင္းခ်သူမ်ားအေနျဖင့္ ၎အစားအေသာက္အမယ္အား ေဈးကြက္အတြင္း ျဖန႔္ျဖဴးေရာင္းခ်ျခင္းမျပဳလုပ္ရန္ႏွင့္ လိုက္နာေဆာင္႐ြက္ျခင္းမရွိပါက အမ်ိဳးသားအစားအေသာက္ဥပေဒ ပုဒ္မ ၂၈ (က) အရ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း (FDA Myanmar)မွ ေၾကညာထားသည္။

Related news

© 2021. All rights reserved.