လားရှိုးတွင် သက်သာသည့်ဈေးဖြင့် ဆန်ဆိုင်တချို့ ဆန်ရောင်းချပေးမည်

 232

NP News - ဇွန် ၇

ဆန်ဈေးနှုန်းများဆက်တိုက်မြင့်တက်လာမှုကြောင့် လားရှိုးဆန်ဆိုင်တချို့တွင် သက်သာသောဈေးနှုန်းများဖြင့် ဆန်များ စီစဉ်ရောင်းချပေးနေတယ်ကြောင်း လားရှိုးဒေသခံများထံမှ သိရသည်။
လက်ရှိဖြစ်ပေါ်နေသော အပြင်ပေါက်ဈေးထက်လျော့ချပြီး အချိန်အကန့်အသတ်ဖြင့် ရောင်းချပေးနေကြောင်း သိရသည်။ "ပြင်ပပေါက်ဈေးထက် ၁ ပြည်ကို ၁၀၀၀ ကျပ် သက်သာပါတယ်။ နေ့လည် ၁၂ နာရီ ကျော်သွားရင် ပြင်ပပေါက်ဈေးအတိုင်းဆက်လက်ရောင်းချပေးသွားတာဖြစ်ပါတယ်” လို့ လားရှိုးဒေသခံတစ်ဦးက ပြောသည်။
လျော့ဈေးအဖြစ် ရွှေဘိုပေါ်ဆန်းမွှေး ၁ ပြည် ကျပ် ၈၀၀၀၊ ဧည့်မထဆန် ၁ ပြည် ကျပ် ၅၀၀၀ နှုန်းဖြင့် ဆန်ဆိုင် တချို့တွင် နေ့လည် ၁၂ ထိ ရောင်းချပေးခဲ့ကြောင်း သိရသည်။
လားရှိုးမြို့ကဆန် ဝယ်ယူမယ့်သူများ အဆင်ပြေစေရန်အတွက် ဇွန်တစ်လလုံး အထူးဈေးနှုန်းလေးများဖြင့် နေ့စဉ် ၁၂ နာရီအထိ သတ်မှတ်ထားသည် ဆန်ဆိုင်များတွက် ရောင်းချပေးသွားမည်ဟုသိရသည်။
လားရှိုးမြို့၌ မြို့မဈေး၊ မြတ်လေးရုံရှိ ရွှေပုလိုင်းဆန်ဆိုင်၊ မြို့မဈေး ၊ရွှေကံ့ကော်ရုံရှိ တော်ဝင်ဆန်ဆိုင် ၊ ရပ်ကွက် ၁ ၊ ပါရမီလမ်းရှိ ပါဝါဆန်ဆိုင်၊ ရပ်ကွက်(၁)၊ အေးချမ်းသာယာလမ်းရှိ မငယ်ဆန်ဆိုင် ၊ ရပ်ကွက် ၃ ၊ ကြာနီလမ်းရှိ ပြည်စုံဆန်ဆိုင်၊ ရပ်ကွက် ၄ ၊ မန္တလေးလမ်းရှိ ဦးမောင်တင်ဆန်ဆိုင် ၊ ရပ်ကွက် ၇ ၊ မေတ္တာလမ်းရှိ ဒေဝီဆန်ဆိုင် ၊ ရပ်ကွက် ၈ ၊ ဘုန်းကြီးကျောင်းလမ်းရှိ စူပါစတားဆန်ဆိုင် ၊ ရပ်ကွက် ၉ ၊ ဘူတာလမ်းရှိ ငြိမ်းချမ်းဆန်ဆိုင်နှင့် ရွှေဥ ဆန်ဆိုင်များတွင် အသီးသီး ဝယ်ယူသွားနိုင်ကြောင်း သိရသည်။

Zawgyi Version:
လားရႈိးတြင္ သက္သာသည့္ေဈးျဖင့္ ဆန္ဆိုင္တခ်ိဳ႕ ဆန္ေရာင္းခ်ေပးမည္
NP News - ဇြန္ ၇

ဆန္ေဈးႏႈန္းမ်ားဆက္တိုက္ျမင့္တက္လာမႈေၾကာင့္ လားရႈိးဆန္ဆိုင္တခ်ိဳ႕တြင္ သက္သာေသာေဈးႏႈန္းမ်ားျဖင့္ ဆန္မ်ား စီစဥ္ေရာင္းခ်ေပးေနတယ္ေၾကာင္း လားရႈိးေဒသခံမ်ားထံမွ သိရသည္။
လက္ရွိျဖစ္ေပၚေနေသာ အျပင္ေပါက္ေဈးထက္ေလ်ာ့ခ်ၿပီး အခ်ိန္အကန႔္အသတ္ျဖင့္ ေရာင္းခ်ေပးေနေၾကာင္း သိရသည္။ "ျပင္ပေပါက္ေဈးထက္ ၁ ျပည္ကို ၁၀၀၀ က်ပ္ သက္သာပါတယ္။ ေန႔လည္ ၁၂ နာရီ ေက်ာ္သြားရင္ ျပင္ပေပါက္ေဈးအတိုင္းဆက္လက္ေရာင္းခ်ေပးသြားတာျဖစ္ပါတယ္” လို႔ လားရႈိးေဒသခံတစ္ဦးက ေျပာသည္။
ေလ်ာ့ေဈးအျဖစ္ ေ႐ႊဘိုေပၚဆန္းေမႊး ၁ ျပည္ က်ပ္ ၈၀၀၀၊ ဧည့္မထဆန္ ၁ ျပည္ က်ပ္ ၅၀၀၀ ႏႈန္းျဖင့္ ဆန္ဆိုင္ တခ်ိဳ႕တြင္ ေန႔လည္ ၁၂ ထိ ေရာင္းခ်ေပးခဲ့ေၾကာင္း သိရသည္။
လားရႈိးၿမိဳ႕ကဆန္ ဝယ္ယူမယ့္သူမ်ား အဆင္ေျပေစရန္အတြက္ ဇြန္တစ္လလုံး အထူးေဈးႏႈန္းေလးမ်ားျဖင့္ ေန႔စဥ္ ၁၂ နာရီအထိ သတ္မွတ္ထားသည္ ဆန္ဆိုင္မ်ားတြက္ ေရာင္းခ်ေပးသြားမည္ဟုသိရသည္။
လားရႈိးၿမိဳ႕၌ ၿမိဳ႕မေဈး၊ ျမတ္ေလး႐ုံရွိ ေ႐ႊပုလိုင္းဆန္ဆိုင္၊ ၿမိဳ႕မေဈး ၊ေ႐ႊကံ့ေကာ္႐ုံရွိ ေတာ္ဝင္ဆန္ဆိုင္ ၊ ရပ္ကြက္ ၁ ၊ ပါရမီလမ္းရွိ ပါဝါဆန္ဆိုင္၊ ရပ္ကြက္(၁)၊ ေအးခ်မ္းသာယာလမ္းရွိ မငယ္ဆန္ဆိုင္ ၊ ရပ္ကြက္ ၃ ၊ ၾကာနီလမ္းရွိ ျပည္စုံဆန္ဆိုင္၊ ရပ္ကြက္ ၄ ၊ မႏၲေလးလမ္းရွိ ဦးေမာင္တင္ဆန္ဆိုင္ ၊ ရပ္ကြက္ ၇ ၊ ေမတၱာလမ္းရွိ ေဒဝီဆန္ဆိုင္ ၊ ရပ္ကြက္ ၈ ၊ ဘုန္းႀကီးေက်ာင္းလမ္းရွိ စူပါစတားဆန္ဆိုင္ ၊ ရပ္ကြက္ ၉ ၊ ဘူတာလမ္းရွိ ၿငိမ္းခ်မ္းဆန္ဆိုင္ႏွင့္ ေ႐ႊဥ ဆန္ဆိုင္မ်ားတြင္ အသီးသီး ဝယ္ယူသြားႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.