ဟင်းအိုးတူးနံ့ကြောင့် တိုက်ခန်းအတွင်းနေထိုင်သူ အမျိုးသမီး(၂)ဦး အသက်ရှုကြပ်သေဆုံးမှု ဗိုလ်တစ်ထောင်မြို့နယ်တွင်ဖြစ်ပွား

 1795

သန့်ဇင်(NP News)-ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်တွင် ညပိုင်းအချိန်အမဲသားဟင်းအိုးတူးသည့်အနံ့ကြောင့် တိုက်ခန်းတစ်ခုအတွင်း နေထိုင်သည့် အမျိုးသမီး (၂)ဦး အသက်ရှုကြပ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း လင်းလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၇ရက်)ညပိုင်းက ဗိုလ်တစ်ထောင်မြို့နယ်၊ (၄၃)လမ်းအောက်လမ်း၊ နံပါတ်(၄၂)တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆို ပါမိသားစုဝင်(၃)ဦး၏ ရုပ်အလောင်းများကို ယနေ့(ဇွန်လ ၉ရက်)နံနက် ၁၀နာရီအချိန်ခန့်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“မနေ့ကည အမဲသားအိုးချက်တာမိုးချုပ်သွားတာဖြစ်မယ်ပေါ့နော်။ အဲဒီမှာ ဟင်းအိုးကိုချက်ပြီးတော့ ထားခဲ့ပြီးအိပ်ကြပေါ့။ အဲဒီဟင်း အိုးက တူးသွားတဲ့အခါမှာ ဓာတ်ပြုသွားတာပေါ့နော်။ ကျွန်မတို့က ကာဗွန်ဒိုင်အောက်ဆိုဒ်ဖြစ်သွားပြီးတော့ ဟင်းအိုးကအနံ့တွေနဲ့ မီးခိုးတွေကမွှန်လာပြီးတော့ အိပ်နေတာဖြစ်တဲ့အတွက် အဲကွန်းကလည်း ဖွင့်ထားတာဖြစ်တဲ့အတွက် အဆိပ်ဖြစ်သွားတာပေါ့နော်”ဟု လင်းလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP Newsကိုပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် အသက်(၆၅)နှစ်အရွယ် အမျိုးသမီး(၂)ဦးနှင့် အသက်(၅၀)နှစ်ကျော် အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားခဲ့ပြီး အသက်(၆၀)နှစ်ကျော်အမျိုသားတစ်ဦးမှာ လက်ရှိတွင် ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း သိရသည်။

“အဲဒီမှာ မိသားစုဝင်(၃)ဦးကျန်ခဲ့တယ်။ အဖေရယ် အမေရယ်နဲ့ အဒေါ်ရယ်ပေါ့နော်။ ကျန်တဲ့ မိသားစုဝင်တွေက ခရီးထွက်သွားကြတယ်။ အမျိုးသမီး(၂)ယောက်ကဆုံးတယ်။ အမျိုးသားကလည်း အခုအောက်ဆီဂျင်ပေးထားရတယ်”ဟု ၎င်းကဆက်ပြောသည်။

လက်ရှိတွင် သေဆုံးသူအမျိုးသမီး(၂)ဦး၏ရုပ်အလောင်းကို ရန်ကုန်ပြည်သူဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် မေလ ၁ရက်ကလည်း စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ရွှေလောင်းလမ်းရှိ တိုက်ခန်းတစ်ခု၏ (၄)လွှာတွင် မီးစက်မီးခိုးငွေ့ရှူရှိုက်မိ၍ မိသားစုဝင် (၄)ဦး သေဆုံးသွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။

Zawgyi Version:
ဟင္းအိုးတူးနံ႔ေၾကာင့္ တိုက္ခန္းအတြင္းေနထိုင္သူ အမ်ိဳးသမီး(၂)ဦး အသက္ရႈၾကပ္ေသဆုံးမႈ ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္တြင္ျဖစ္ပြား
သန႔္ဇင္(NP News)-ဇြန္ ၉
ရန္ကုန္တိုင္းေဒသႀကီး၊ ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္တြင္ ညပိုင္းအခ်ိန္အမဲသားဟင္းအိုးတူးသည့္အနံ႔ေၾကာင့္ တိုက္ခန္းတစ္ခုအတြင္း ေနထိုင္သည့္ အမ်ိဳးသမီး (၂)ဦး အသက္ရႈၾကပ္ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း လင္းလက္လူမႈကူညီေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ဇြန္လ ၇ရက္)ညပိုင္းက ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္၊ (၄၃)လမ္းေအာက္လမ္း၊ နံပါတ္(၄၂)တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး အဆို ပါမိသားစုဝင္(၃)ဦး၏ ႐ုပ္အေလာင္းမ်ားကို ယေန႔(ဇြန္လ ၉ရက္)နံနက္ ၁၀နာရီအခ်ိန္ခန႔္တြင္ ေတြ႕ရွိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“မေန႔ကည အမဲသားအိုးခ်က္တာမိုးခ်ဳပ္သြားတာျဖစ္မယ္ေပါ့ေနာ္။ အဲဒီမွာ ဟင္းအိုးကိုခ်က္ၿပီးေတာ့ ထားခဲ့ၿပီးအိပ္ၾကေပါ့။ အဲဒီဟင္း အိုးက တူးသြားတဲ့အခါမွာ ဓာတ္ျပဳသြားတာေပါ့ေနာ္။ ကြၽန္မတို႔က ကာဗြန္ဒိုင္ေအာက္ဆိုဒ္ျဖစ္သြားၿပီးေတာ့ ဟင္းအိုးကအနံ႔ေတြနဲ႔ မီးခိုးေတြကမႊန္လာၿပီးေတာ့ အိပ္ေနတာျဖစ္တဲ့အတြက္ အဲကြန္းကလည္း ဖြင့္ထားတာျဖစ္တဲ့အတြက္ အဆိပ္ျဖစ္သြားတာေပါ့ေနာ္”ဟု လင္းလက္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP Newsကိုေျပာသည္။

အဆိုပါျဖစ္စဥ္ေၾကာင့္ အသက္(၆၅)ႏွစ္အ႐ြယ္ အမ်ိဳးသမီး(၂)ဦးႏွင့္ အသက္(၅၀)ႏွစ္ေက်ာ္ အမ်ိဳးသမီးတစ္ဦးတို႔ ေသဆုံးသြားခဲ့ၿပီး အသက္(၆၀)ႏွစ္ေက်ာ္အမ်ိဳသားတစ္ဦးမွာ လက္ရွိတြင္ ေဆးကုသမႈခံယူေနရဆဲျဖစ္ေၾကာင္း သိရသည္။

“အဲဒီမွာ မိသားစုဝင္(၃)ဦးက်န္ခဲ့တယ္။ အေဖရယ္ အေမရယ္နဲ႔ အေဒၚရယ္ေပါ့ေနာ္။ က်န္တဲ့ မိသားစုဝင္ေတြက ခရီးထြက္သြားၾကတယ္။ အမ်ိဳးသမီး(၂)ေယာက္ကဆုံးတယ္။ အမ်ိဳးသားကလည္း အခုေအာက္ဆီဂ်င္ေပးထားရတယ္”ဟု ၎ကဆက္ေျပာသည္။

လက္ရွိတြင္ ေသဆုံးသူအမ်ိဳးသမီး(၂)ဦး၏႐ုပ္အေလာင္းကို ရန္ကုန္ျပည္သူေဆး႐ုံႀကီး ရင္ခြဲ႐ုံသို႔ပို႔ေဆာင္ထားေၾကာင္း သိရသည္။

အလားတူ ၿပီးခဲ့သည့္ ေမလ ၁ရက္ကလည္း စမ္းေခ်ာင္းၿမိဳ႕နယ္၊ လင္းလြန္းေတာင္ရပ္ကြက္၊ ေ႐ႊေလာင္းလမ္းရွိ တိုက္ခန္းတစ္ခု၏ (၄)လႊာတြင္ မီးစက္မီးခိုးေငြ႕ရႉရႈိက္မိ၍ မိသားစုဝင္ (၄)ဦး ေသဆုံးသြားခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ဖူးသည္။

Picture

khin maung oo

08/06/2025 20:43

သတင်းရေးသူကလည်းကိန်းဂဏန်းအရေအတွက်ကအပေါ်တစ်မျိူ၊အောက်တစ်မျိုးဖြစ်။စာရေးသားမှုမကျွမ်းကျင်။

Related news

© 2021. All rights reserved.