စေတုတ္တရာမြို့နယ်တွင် PDF အဖွဲ့၏ ဖမ်းဆီးခံရသူ (၉)ဦးအနက် ပညာရေးဝန်ထမ်း(၂)ဦး အပါအဝင် (၅)ဦး ပြန်လည်ကယ်တင်နိုင်

 113

သန့်ဇင် (NP News) - ဇွန် ၉

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်တွင် PDF အဖွဲ့၏ ဖမ်းဆီးခံရသူ (၉)ဦးအနက် ပညာရေးဝန်ထမ်း(၂)ဦး အပါအဝင် (၅)ဦး ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
လက်ပံကျင်းကျေးရွာတွင်နေထိုင်သည့် ဆရာမ ဒေ်ဖြိုးဝေဝေမြင့် အပါအဝင် ကျောင်းဆရာမ ၂ ဦး၊ ပညာရေး ကောလိပ် ကျောင်းသား/ သူ ၄ ဦး၊ ကျောင်းသားမိဘ ၂ ဦး နှင့် အရပ်သူ ၁ ဦး၊ စုစုပေါင်း ၉ ဦးတို့သည် ကျောင်းတက် ရန်အတွက် လိုက်ပါပို့ဆောင်သူများနှင့်အတူ မေလ ၂၄ ရက်က မကွေးမြို့သို့သွားရောက်ရန် ပွင့်တောက်ကျေးရွာ စက်လှေဆိပ်သို့ ရောက်ရှိစဉ် PDF များသည် လက်နက်များကိုင်ဆောင်ကာ စက်လှေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ထို့နောက် ဆရာမအား DCS ပြုလုပ်ရန်နှင့် ကျောင်းသား/ ကျောင်းသူများအား ကျောင်းမတက်ရန် ခြိမ်းခြောက် ပြောဆိုပြီး မကြီးကျေးရွာဘက်သို့ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ကယ်တင်နိုင်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်း များ ဆောင်ရွက်ခဲ့ရာ ယမန်နေ့(ဇွန်လ ၈ ရက်) တွင် စေတုတ္တရာမြို့၏မြောက်ဘက် မီတာ ၂၄၀၀၀ ခန့်အကွာရှိ ပန်းအိကျေးရွာအတွင်း နေရာ ၂ နေရာမှ ဖမ်းဆီး ခေါ်ဆောင်ခြင်းခံခဲ့ရသူများအနက် ဆရာမ ဒေါ်ဖြိုးဝေဝေမြင့် အထက်တန်းပြ (အထကခွဲ၊ ရေသောင်) ၊ ဒေါ်ချိုသဇင်ဦး လ/ထမူပြ (မူလွန် ၊တောင်ဟန်ဒေါက်)၊ မခင်မိုးဝေ တတိယနှစ် ပညာရေးကောလိပ် (မကွေး)၊ မနွေးနွေးလှိုင် တတိယနှစ် ပညာရေးကောလိပ် (မကွေး)၊ မခင်စုစုလှိုင် ဒုတိယနှစ် ပညာရေးကောလိပ် (ပခုက္ကူ) စုစုပေါင်း ၅ ဦးတို့အား ပြန်လည်ရှာဖွေကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျန်ရှိသည့် ပညာရေးကောလိပ် ကျောင်းသား ၁ ဦး၊ ကျောင်းသား မိဘ ၂ ဦး၊ အရပ်သူ ၁ ဦး၊ စုစုပေါင်း ၄ ဦး တို့ကို အမြန်ဆုံးရှာဖွေကယ်ဆယ်နိုင်ရေးအတွက် ဆက်လက်ရှာဖွေလျက်ရှိကြောင်း နှင့် ပြန်လည်ကယ်တင်ခေါ်ယူ နိုင်ခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ေစတုတၱရာၿမိဳ႕နယ္တြင္ PDF အဖြဲ႕၏ ဖမ္းဆီးခံရသူ (၉)ဦးအနက္ ပညာေရးဝန္ထမ္း(၂)ဦး အပါအဝင္ (၅)ဦး ျပန္လည္ကယ္တင္ႏိုင္
သန႔္ဇင္ (NP News) - ဇြန္ ၉
မေကြးတိုင္းေဒသႀကီး၊ ေစတုတၱရာၿမိဳ႕နယ္တြင္ PDF အဖြဲ႕၏ ဖမ္းဆီးခံရသူ (၉)ဦးအနက္ ပညာေရးဝန္ထမ္း(၂)ဦး အပါအဝင္ (၅)ဦး ျပန္လည္ကယ္တင္ႏိုင္ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္ အရ သိရသည္။
လက္ပံက်င္းေက်း႐ြာတြင္ေနထိုင္သည့္ ဆရာမ ေဒ္ၿဖိဳးေဝေဝျမင့္ အပါအဝင္ ေက်ာင္းဆရာမ ၂ ဦး၊ ပညာေရး ေကာလိပ္ ေက်ာင္းသား/ သူ ၄ ဦး၊ ေက်ာင္းသားမိဘ ၂ ဦး ႏွင့္ အရပ္သူ ၁ ဦး၊ စုစုေပါင္း ၉ ဦးတို႔သည္ ေက်ာင္းတက္ ရန္အတြက္ လိုက္ပါပို႔ေဆာင္သူမ်ားႏွင့္အတူ ေမလ ၂၄ ရက္က မေကြးၿမိဳ႕သို႔သြားေရာက္ရန္ ပြင့္ေတာက္ေက်း႐ြာ စက္ေလွဆိပ္သို႔ ေရာက္ရွိစဥ္ PDF မ်ားသည္ လက္နက္မ်ားကိုင္ေဆာင္ကာ စက္ေလွဆိပ္သို႔ ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဆရာမအား DCS ျပဳလုပ္ရန္ႏွင့္ ေက်ာင္းသား/ ေက်ာင္းသူမ်ားအား ေက်ာင္းမတက္ရန္ ၿခိမ္းေျခာက္ ေျပာဆိုၿပီး မႀကီးေက်း႐ြာဘက္သို႔ အတင္းအဓမၼဖမ္းဆီးေခၚေဆာင္သြားေၾကာင္း သိရသည္။
ထို႔ေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ျပန္လည္ကယ္တင္ႏိုင္ေရးအတြက္ လိုအပ္သည့္ နယ္ေျမလုံၿခဳံေရးလုပ္ငန္း မ်ား ေဆာင္႐ြက္ခဲ့ရာ ယမန္ေန႔(ဇြန္လ ၈ ရက္) တြင္ ေစတုတၱရာၿမိဳ႕၏ေျမာက္ဘက္ မီတာ ၂၄၀၀၀ ခန႔္အကြာရွိ ပန္းအိေက်း႐ြာအတြင္း ေနရာ ၂ ေနရာမွ ဖမ္းဆီး ေခၚေဆာင္ျခင္းခံခဲ့ရသူမ်ားအနက္ ဆရာမ ေဒၚၿဖိဳးေဝေဝျမင့္ အထက္တန္းျပ (အထကခြဲ၊ ေရေသာင္) ၊ ေဒၚခ်ိဳသဇင္ဦး လ/ထမူျပ (မူလြန္ ၊ေတာင္ဟန္ေဒါက္)၊ မခင္မိုးေဝ တတိယႏွစ္ ပညာေရးေကာလိပ္ (မေကြး)၊ မေႏြးေႏြးလႈိင္ တတိယႏွစ္ ပညာေရးေကာလိပ္ (မေကြး)၊ မခင္စုစုလႈိင္ ဒုတိယႏွစ္ ပညာေရးေကာလိပ္ (ပခုကၠဴ) စုစုေပါင္း ၅ ဦးတို႔အား ျပန္လည္ရွာေဖြကယ္ထုတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ က်န္ရွိသည့္ ပညာေရးေကာလိပ္ ေက်ာင္းသား ၁ ဦး၊ ေက်ာင္းသား မိဘ ၂ ဦး၊ အရပ္သူ ၁ ဦး၊ စုစုေပါင္း ၄ ဦး တို႔ကို အျမန္ဆုံးရွာေဖြကယ္ဆယ္ႏိုင္ေရးအတြက္ ဆက္လက္ရွာေဖြလ်က္ရွိေၾကာင္း ႏွင့္ ျပန္လည္ကယ္တင္ေခၚယူ ႏိုင္ခဲ့သူမ်ားအား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည့္ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ေပး လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.