ဖိလစ်ပိုင်အစိုးရက ခရီးသွားလုပ်ငန်းကိုမြှင့်တင်ဖို့ အိန္ဒိယနိုင်ငံသားတွေကို ဗီဇာကင်းလွတ် ခရီးသွားလာခွင့်ပေး

132

Pika (NP News) - ဇွန် ၉
ဖိလစ်ပိုင်နိုင်ငံရဲ့ခရီးသွားလုပ်ငန်းလုပ်ငန်းကို မြှင့်တင်ဖို့အတွက် ဇွန်လ(၈)ရက်က စတင်ပြီး အိန္ဒိယနိုင်ငံသား တွေကို ဗီဇာမလိုဘဲ နိုင်ငံအတွင်းကို ဝင်ရောက်ခွင့်ပြုသွားမယ်လို့ ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဗီဇာကင်းလွတ်ခွင့်မူဝါဒဟာ (၂၀၂၄)ခုနှစ်တုန်းက (၁၂)ရာခိုင်နှုန်း ခရီးသွားဦးရေ(၈)သောင်းနီးပါးတိုးလာခဲ့တဲ့ အိန္ဒိယနိုင်ငံကနေ ခရီးသွားတွေ လာရောက်လည်ပတ်မှုကို တိုးမြှင့်နိုင်ဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ ဖိလစ်ပိုင် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
အဲဒီလိုမျိုး ခရီးသွားဦးရေတိုးလာမှုတွေ ရှိနေပေမယ့်လည်း အိန္ဒိယခရီးသွားတွေဟာ ပြီးခဲ့တဲ့နှစ်အတွင်း အရှေ့တောင်အာရှကို သွားရောက်လည်ပတ်ခဲ့တဲ့ ခရီးသွား(၅)သန်းကျော်ရဲ့အနည်းငယ်လောက်ပဲ ပါဝင်သေး တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်ကြေညာခဲ့တဲ့စည်းမျဉ်းအသစ်အရ အိန္ဒိယ နိုင်ငံသားတွေဟာ ဗီဇာမလိုဘဲ ဖိလစ်ပိုင်နိုင်ငံတွင်းမှာ (၁၄)ရက်အထိ နေထိုင်နိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အမေရိကန်၊ ဩစတြေးလျ၊ ကနေဒါ၊ Schengen နိုင်ငံတွေ၊ စင်ကာပူ၊ ဗြိတိန်နိုင်ငံတို့ရဲ့ တရားဝင်ဗီဇာတွေ ဒါမှမဟုတ် နေထိုင်ခွင့်လက်မှတ်တွေကို ကိုင်ဆောင်ထားသူတွေဟာ ရက်ပေါင်း(၃၀) ဗီဇာ ကင်းလွတ်နေထိုင်ခွင့်အတွက် အကျုံးဝင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ဖိလစ္ပိုင္အစိုးရက ခရီးသြားလုပ္ငန္းကိုျမႇင့္တင္ဖို႔ အိႏၵိယႏိုင္ငံသားေတြကို ဗီဇာကင္းလြတ္ ခရီးသြားလာခြင့္ေပး
Pika (NP News) - ဇြန္ ၉
ဖိလစ္ပိုင္ႏိုင္ငံရဲ႕ခရီးသြားလုပ္ငန္းလုပ္ငန္းကို ျမႇင့္တင္ဖို႔အတြက္ ဇြန္လ(၈)ရက္က စတင္ၿပီး အိႏၵိယႏိုင္ငံသား ေတြကို ဗီဇာမလိုဘဲ ႏိုင္ငံအတြင္းကို ဝင္ေရာက္ခြင့္ျပဳသြားမယ္လို႔ ဖိလစ္ပိုင္အစိုးရက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ဗီဇာကင္းလြတ္ခြင့္မူဝါဒဟာ (၂၀၂၄)ခုႏွစ္တုန္းက (၁၂)ရာခိုင္ႏႈန္း ခရီးသြားဦးေရ(၈)ေသာင္းနီးပါးတိုးလာခဲ့တဲ့ အိႏၵိယႏိုင္ငံကေန ခရီးသြားေတြ လာေရာက္လည္ပတ္မႈကို တိုးျမႇင့္ႏိုင္ဖို႔ ရည္႐ြယ္ထားတာျဖစ္တယ္လို႔ ဖိလစ္ပိုင္ ခရီးသြားလုပ္ငန္းဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။
အဲဒီလိုမ်ိဳး ခရီးသြားဦးေရတိုးလာမႈေတြ ရွိေနေပမယ့္လည္း အိႏၵိယခရီးသြားေတြဟာ ၿပီးခဲ့တဲ့ႏွစ္အတြင္း အေရွ႕ေတာင္အာရွကို သြားေရာက္လည္ပတ္ခဲ့တဲ့ ခရီးသြား(၅)သန္းေက်ာ္ရဲ႕အနည္းငယ္ေလာက္ပဲ ပါဝင္ေသး တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဖိလစ္ပိုင္အစိုးရက ထုတ္ျပန္ေၾကညာခဲ့တဲ့စည္းမ်ဥ္းအသစ္အရ အိႏၵိယ ႏိုင္ငံသားေတြဟာ ဗီဇာမလိုဘဲ ဖိလစ္ပိုင္ႏိုင္ငံတြင္းမွာ (၁၄)ရက္အထိ ေနထိုင္ႏိုင္မွာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အေမရိကန္၊ ဩစေၾတးလ်၊ ကေနဒါ၊ Schengen ႏိုင္ငံေတြ၊ စင္ကာပူ၊ ၿဗိတိန္ႏိုင္ငံတို႔ရဲ႕ တရားဝင္ဗီဇာေတြ ဒါမွမဟုတ္ ေနထိုင္ခြင့္လက္မွတ္ေတြကို ကိုင္ေဆာင္ထားသူေတြဟာ ရက္ေပါင္း(၃၀) ဗီဇာ ကင္းလြတ္ေနထိုင္ခြင့္အတြက္ အက်ဳံးဝင္မွာျဖစ္တယ္လို႔လည္း သိရပါတယ္။