ကိုရီးယားရောက် မြန်မာလုပ်သားများ ဝင်ငွေခွန်ပြေစာကို မဖြစ်မနေထုတ်ရန် သံရုံးထုတ်ပြန်

84

Pearl (NP News) - ဇွန် ၉
ကိုရီးယားရောက် မြန်မာလုပ်သားများ ဝင်ငွေခွန်ပြေစာကို မဖြစ်မနေထုတ်ယူရန် တောင်ကိုရီးယားနိုင်ငံဆိုင်ရာမြန်မာသံရုံးက ယနေ့ (ဇွန်လ ၉ ရက်) တွင် အသိပေးထုတ်ပြန်ထားသည်။
ကိုရီးယားနိုင်ငံတွင်ရောက်ရှိပြီး အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများသည် ဝင်ငွေခွန် များအား မြန်မာသံရုံးသို့ ပေးသွင်းလျက်ရှိရာ ယခင်ကငွေသား (Cash)ဖြင့် လက်ခံခဲ့ပြီး ပြီးခဲ့သည့် မေလ ၁၂ ရက်မှ စတင်၍ သံရုံး၏ဘဏ်ငွေစာရင်းသို့ ကိုယ်တိုင် ပေးသွင်းစေကာ ဘဏ်ငွေသွင်းချလန်မူရင်းအားသံရုံး၌ပြသ၍ အခွန်ပြေစာအား စိစစ်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အချို့သော အခွန်ထမ်းဆောင်သူများအနေဖြင့် ဘဏ်သို့ ကိုယ်တိုင်ငွေပေးသွင်း ပြီးသော်လည်း သံရုံးသို့လာရောက်၍ အခွန်ပြေစာထုတ်ယူမှု မရှိသည်ကိုစိစစ်တွေ့ရှိရကြောင်းလည်း သံရုံးက ဆိုသည်။
ထို့ကြောင့် အခွန်ငွေပေးသွင်းမည့်သူများသည် သံရုံးသို့ အမှန်တကယ်လာရောက်နိုင်မည့်ရက် သို့မဟုတ် သံရုံးသို့မလာမီ(၁)ရက်အလိုတွင်သာ ဘဏ်သို့ငွေပေးသွင်း၍ သံရုံးသို့မဖြစ်မနေ လာရောက်ကြပါရန် အသိပေးထုတ်ပြန်ထားသည်။
ထို့ပြင် လကုန်နေ့ရက်များ၌ အခွန်ငွေများအား ဘဏ်သို့ပေးသွင်းခြင်း မပြုပါရန်နှင့် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိဘဲ ဘဏ်သို့ ဝင်ငွေခွန်များ ပေးသွင်းခဲ့ပါက လက်ခံဆောင်ရွက်ပေးမည် မဟုတ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version:
ကိုရီးယားေရာက္ ျမန္မာလုပ္သားမ်ား ဝင္ေငြခြန္ေျပစာကို မျဖစ္မေနထုတ္ရန္ သံ႐ုံးထုတ္ျပန္
Pearl (NP News) - ဇြန္ ၉
ကိုရီးယားေရာက္ ျမန္မာလုပ္သားမ်ား ဝင္ေငြခြန္ေျပစာကို မျဖစ္မေနထုတ္ယူရန္ ေတာင္ကိုရီးယားႏိုင္ငံဆိုင္ရာျမန္မာသံ႐ုံးက ယေန႔ (ဇြန္လ ၉ ရက္) တြင္ အသိေပးထုတ္ျပန္ထားသည္။
ကိုရီးယားႏိုင္ငံတြင္ေရာက္ရွိၿပီး အလုပ္လုပ္ကိုင္လ်က္ရွိသည့္ ျမန္မာႏိုင္ငံသားမ်ားသည္ ဝင္ေငြခြန္ မ်ားအား ျမန္မာသံ႐ုံးသို႔ ေပးသြင္းလ်က္ရွိရာ ယခင္ကေငြသား (Cash)ျဖင့္ လက္ခံခဲ့ၿပီး ၿပီးခဲ့သည့္ ေမလ ၁၂ ရက္မွ စတင္၍ သံ႐ုံး၏ဘဏ္ေငြစာရင္းသို႔ ကိုယ္တိုင္ ေပးသြင္းေစကာ ဘဏ္ေငြသြင္းခ်လန္မူရင္းအားသံ႐ုံး၌ျပသ၍ အခြန္ေျပစာအား စိစစ္ထုတ္ေပးလ်က္ရွိေၾကာင္း သိရသည္။
အခ်ိဳ႕ေသာ အခြန္ထမ္းေဆာင္သူမ်ားအေနျဖင့္ ဘဏ္သို႔ ကိုယ္တိုင္ေငြေပးသြင္း ၿပီးေသာ္လည္း သံ႐ုံးသို႔လာေရာက္၍ အခြန္ေျပစာထုတ္ယူမႈ မရွိသည္ကိုစိစစ္ေတြ႕ရွိရေၾကာင္းလည္း သံ႐ုံးက ဆိုသည္။
ထို႔ေၾကာင့္ အခြန္ေငြေပးသြင္းမည့္သူမ်ားသည္ သံ႐ုံးသို႔ အမွန္တကယ္လာေရာက္ႏိုင္မည့္ရက္ သို႔မဟုတ္ သံ႐ုံးသို႔မလာမီ(၁)ရက္အလိုတြင္သာ ဘဏ္သို႔ေငြေပးသြင္း၍ သံ႐ုံးသို႔မျဖစ္မေန လာေရာက္ၾကပါရန္ အသိေပးထုတ္ျပန္ထားသည္။
ထို႔ျပင္ လကုန္ေန႔ရက္မ်ား၌ အခြန္ေငြမ်ားအား ဘဏ္သို႔ေပးသြင္းျခင္း မျပဳပါရန္ႏွင့္ သတ္မွတ္ခ်က္မ်ားႏွင့္ ကိုက္ညီမႈမရွိဘဲ ဘဏ္သို႔ ဝင္ေငြခြန္မ်ား ေပးသြင္းခဲ့ပါက လက္ခံေဆာင္႐ြက္ေပးမည္ မဟုတ္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။