ယူကရိန်းတစ်ခုလုံးကို ဗုံးကြဲဖို့ အကြောင်းပြချက်ကို ပူတင်ကိုဇီလန်စကီးက ပေးခဲ့တယ်လို့ ဒေါ်နယ်ထရမ့်ပြော

975

Pika (NP News) - ဇွန် ၁ဝ
မကြာသေးခင်က ရုရှားရဲ့တာဝေးပစ်နျူကလီးယားစွမ်းရည်ရှိတဲ့ဗုံးကြဲလေယာဉ်တွေကို ယူကရိန်းရဲ့ဒရုန်းနဲ့ တိုက်ခိုက်မှုဟာ တင်းမာမှုအရှိန်တွေကို သိသိသာသာတိုးမြင့်လာစေခဲ့ပြီး အင်အားသုံးလက်တုံ့ပြန်မှုတွေအတွက် ခိုင်လုံတဲ့အကြောင်းပြချက်တစ်ခုကို ရုရှားကို ပေးခဲ့တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါ တယ်။ ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားရဲ့လေတပ်အခြေစိုက်စခန်းအများအပြားကို ဒရုန်းနဲ့တိုက်ခိုက်မှုတွေအပြင် မီးရထားလမ်းတံတားတွေကိုလည်း ဖောက်ခွဲပစ်ခဲ့မှုကြောင့် အနည်းဆုံးလူ(၇)ဦးသေဆုံးခဲ့ပြီး အခြားလူ(၁၂၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။
ရုရှားသမ္မတပူတင်ဟာ ဒေါ်နယ်ထရမ့်နဲ့ဖုန်းခေါ်ဆိုမှုအတွင်း အဲဒီတိုက်ခိုက်မှုအကြောင်းကို ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပြီး ရုရှားဘက်က လက်တုံ့ပြန်မှုတွေက ပြင်းထန်ပြီးရှောင်လွှဲလို့ရမှာ မဟုတ်ဘူးလို့ သတိပေးပြောဆို ခဲ့ပါတယ်။ ဒါ့ပြင် ရုရှားရဲ့လေတပ်အခြေစိုက်စခန်းတွေကို ယူကရိန်းက ဒရုန်းတွေနဲ့တိုက်ခိုက်မှုဟာ တင်းမာမှု အရှိန်တွေ မြင့်တက်လာစေတာမျိုး ရှိ/မရှိဆိုတဲ့မေးခွန်းတွေကို ဒေါ်နယ်ထရမ့်က တုံ့ပြန်ဖြေကြားခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒေါ်နယ်ထရမ့်က “အမှန်အတိုင်းပြောရရင် အဲဒါကို ကျွန်တော်တကယ်မကြိုက်ပါဘူး။ အဲဒါက ပူတင်ကို ဆိုးရွားတဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ အကြောင်းပြချက်တစ်ခုပေးလိုက်သလိုပါပဲ။ အဲဒါကို သိလိုက်ရတဲ့အချိန်မှာ ကျွန်တော်တွေးလိုက်မိတာက ကဲ ဆိုးရွားတဲ့တိုက်ခိုက်မှုတွေ လာတော့မယ်ဆိုတာပါပဲ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းတစ္ခုလုံးကို ဗုံးႀကဲဖို႔ အေၾကာင္းျပခ်က္ကို ပူတင္ကိုဇီလန္စကီးက ေပးခဲ့တယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဇြန္ ၁ဝ
မၾကာေသးခင္က ႐ုရွားရဲ႕တာေဝးပစ္န်ဴကလီးယားစြမ္းရည္ရွိတဲ့ဗုံးႀကဲေလယာဥ္ေတြကို ယူကရိန္းရဲ႕ဒ႐ုန္းနဲ႔ တိုက္ခိုက္မႈဟာ တင္းမာမႈအရွိန္ေတြကို သိသိသာသာတိုးျမင့္လာေစခဲ့ၿပီး အင္အားသုံးလက္တုံ႔ျပန္မႈေတြအတြက္ ခိုင္လုံတဲ့အေၾကာင္းျပခ်က္တစ္ခုကို ႐ုရွားကို ေပးခဲ့တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါ တယ္။ ယူကရိန္းတပ္ဖြဲ႕ေတြဟာ ႐ုရွားရဲ႕ေလတပ္အေျခစိုက္စခန္းအမ်ားအျပားကို ဒ႐ုန္းနဲ႔တိုက္ခိုက္မႈေတြအျပင္ မီးရထားလမ္းတံတားေတြကိုလည္း ေဖာက္ခြဲပစ္ခဲ့မႈေၾကာင့္ အနည္းဆုံးလူ(၇)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၁၂၀) ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔လည္း သိရပါတယ္။
႐ုရွားသမၼတပူတင္ဟာ ေဒၚနယ္ထရမ့္နဲ႔ဖုန္းေခၚဆိုမႈအတြင္း အဲဒီတိုက္ခိုက္မႈအေၾကာင္းကို ေဆြးေႏြးမႈေတြ လုပ္ေဆာင္ခဲ့ၿပီး ႐ုရွားဘက္က လက္တုံ႔ျပန္မႈေတြက ျပင္းထန္ၿပီးေရွာင္လႊဲလို႔ရမွာ မဟုတ္ဘူးလို႔ သတိေပးေျပာဆို ခဲ့ပါတယ္။ ဒါ့ျပင္ ႐ုရွားရဲ႕ေလတပ္အေျခစိုက္စခန္းေတြကို ယူကရိန္းက ဒ႐ုန္းေတြနဲ႔တိုက္ခိုက္မႈဟာ တင္းမာမႈ အရွိန္ေတြ ျမင့္တက္လာေစတာမ်ိဳး ရွိ/မရွိဆိုတဲ့ေမးခြန္းေတြကို ေဒၚနယ္ထရမ့္က တုံ႔ျပန္ေျဖၾကားခဲ့တာ ျဖစ္တယ္လို႔လည္း သိရပါတယ္။
ေဒၚနယ္ထရမ့္က “အမွန္အတိုင္းေျပာရရင္ အဲဒါကို ကြၽန္ေတာ္တကယ္မႀကိဳက္ပါဘူး။ အဲဒါက ပူတင္ကို ဆိုး႐ြားတဲ့ ဗုံးႀကဲတိုက္ခိုက္မႈေတြလုပ္ေဆာင္ဖို႔ အေၾကာင္းျပခ်က္တစ္ခုေပးလိုက္သလိုပါပဲ။ အဲဒါကို သိလိုက္ရတဲ့အခ်ိန္မွာ ကြၽန္ေတာ္ေတြးလိုက္မိတာက ကဲ ဆိုး႐ြားတဲ့တိုက္ခိုက္မႈေတြ လာေတာ့မယ္ဆိုတာပါပဲ” လို႔ ေျပာခဲ့ပါတယ္။