မီးလောင်နေသည့်ဝတ်စုံကိုဝတ်ဆင်ပြီး နောက်ဂျွမ်းထိုးပြကာ ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့သည့် ဗြိတိန်အမျိုးသား

284

Pika (NP News) - ဇွန် ၁ဝ
ဗြိတိန်အမျိုးသားတစ်ဦးသည် မီးလောင်နေသည့်အဝတ်အစားကို ဝတ်ဆင်ကာ စက္ကန့်(၃၀) အတွင်း နောက်ဂျွမ်း(၇)ကြိမ်အထိ ထိုးပြခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။ ကမ္ဘာ့ဂင်းနစ်စံချိန် အများအပြားကို ရယူထားသည့် အသက်(၂၈)နှစ်အရွယ် ရွိုင်ယန်လူနေးဆိုသည့် အမျိုးသားသည် အကာအကွယ်ပစ္စည်းများကို ဝတ်ဆင်ထားကာ မီးလောင်နေသည့်အဝတ်အစားဖြင့် နောက်ဂျွမ်းထိုးပြခဲ့ပြီးနောက် ယင်းကဲ့သို့ဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ရွိုင်ယန်လူနေးက “အမှန်အတိုင်းပြောရရင် ပူတယ်လို့တောင်မခံစားရပါဘူး။ ဘာလို့လဲဆိုတော့ မီးလောင်တာကနေ ကာကွယ်ဖို့အတွက် ရေခဲသေတ္တာထဲမှာ အချိန်(၂၄)နာရီကြာအောင် ထည့်ထားတဲ့ အကာအကွယ်ပစ္စည်းတွေကို ကျွန်တော်ဝတ်ဆင်ထားရတာမလို့ပါ။ အဲ့ဒါတော်တော်လေးကို အေးပါ တယ်” ဟုပြောဆိုခဲ့သည်။
ထို့ပြင် ရွိုင်ယန်လူနေးသည် တစ်ကိုယ်လုံး မီးလောင်ကျွမ်းနေသည့်အနေအထားဖြင့် နောက် ဂျွမ်းအများဆုံးထိုးပြနိုင်မှုအတွက် ဂင်းနစ်စံချိန်ကို အောင်မြင်စွာတင်နိုင်ခဲ့ပြီးနောက် မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ရန်အတွက် မီးသတ်ဆေးဘူးများနှင့်ပဝါများကို ချက်ချင်းအသုံးပြုခဲ့ကြောင်းသိရသည်။
ရွိုင်ယန်လူနေးက “တစ်ကိုယ်လုံး မီးလောင်ကျွမ်းတဲ့အနေအထားနဲ့ တင်ထားတဲ့စံချိန်တွေ အများအပြားရှိတဲ့အတွက် ဒီလိုမျိုးစံချိန်တင်နိုင်မယ်လို့တောင် ကျွန်တော်မထင်ခဲ့ပါဘူး။ အခုတော့ ဒီ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တဲ့အတွက် နောက်ထပ်ပိုကောင်းတဲ့စံချိန်တွေကို ကျွန်တော်လုပ်နိုင်မယ်လို့ ထင်ပါ တယ်”ဟုပြောဆိုခဲ့သည်။

zawgyi version
မီးေလာင္ေနသည့္ဝတ္စုံကိုဝတ္ဆင္ၿပီး ေနာက္ဂြၽမ္းထိုးျပကာ ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ခဲ့သည့္ ၿဗိတိန္အမ်ိဳးသား
Pika (NP News) - ဇြန္ ၁ဝ
ၿဗိတိန္အမ်ိဳးသားတစ္ဦးသည္ မီးေလာင္ေနသည့္အဝတ္အစားကို ဝတ္ဆင္ကာ စကၠန႔္(၃၀) အတြင္း ေနာက္ဂြၽမ္း(၇)ႀကိမ္အထိ ထိုးျပခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိရသည္။ ကမာၻ႔ဂင္းနစ္စံခ်ိန္ အမ်ားအျပားကို ရယူထားသည့္ အသက္(၂၈)ႏွစ္အ႐ြယ္ ႐ြိဳင္ယန္လူေနးဆိုသည့္ အမ်ိဳးသားသည္ အကာအကြယ္ပစၥည္းမ်ားကို ဝတ္ဆင္ထားကာ မီးေလာင္ေနသည့္အဝတ္အစားျဖင့္ ေနာက္ဂြၽမ္းထိုးျပခဲ့ၿပီးေနာက္ ယင္းကဲ့သို႔ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
႐ြိဳင္ယန္လူေနးက “အမွန္အတိုင္းေျပာရရင္ ပူတယ္လို႔ေတာင္မခံစားရပါဘူး။ ဘာလို႔လဲဆိုေတာ့ မီးေလာင္တာကေန ကာကြယ္ဖို႔အတြက္ ေရခဲေသတၱာထဲမွာ အခ်ိန္(၂၄)နာရီၾကာေအာင္ ထည့္ထားတဲ့ အကာအကြယ္ပစၥည္းေတြကို ကြၽန္ေတာ္ဝတ္ဆင္ထားရတာမလို႔ပါ။ အဲ့ဒါေတာ္ေတာ္ေလးကို ေအးပါ တယ္” ဟုေျပာဆိုခဲ့သည္။
ထို႔ျပင္ ႐ြိဳင္ယန္လူေနးသည္ တစ္ကိုယ္လုံး မီးေလာင္ကြၽမ္းေနသည့္အေနအထားျဖင့္ ေနာက္ ဂြၽမ္းအမ်ားဆုံးထိုးျပႏိုင္မႈအတြက္ ဂင္းနစ္စံခ်ိန္ကို ေအာင္ျမင္စြာတင္ႏိုင္ခဲ့ၿပီးေနာက္ မီးေလာင္ကြၽမ္းမႈကို ျငႇိမ္းသတ္ရန္အတြက္ မီးသတ္ေဆးဘူးမ်ားႏွင့္ပဝါမ်ားကို ခ်က္ခ်င္းအသုံးျပဳခဲ့ေၾကာင္းသိရသည္။
႐ြိဳင္ယန္လူေနးက “တစ္ကိုယ္လုံး မီးေလာင္ကြၽမ္းတဲ့အေနအထားနဲ႔ တင္ထားတဲ့စံခ်ိန္ေတြ အမ်ားအျပားရွိတဲ့အတြက္ ဒီလိုမ်ိဳးစံခ်ိန္တင္ႏိုင္မယ္လို႔ေတာင္ ကြၽန္ေတာ္မထင္ခဲ့ပါဘူး။ အခုေတာ့ ဒီ စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့တဲ့အတြက္ ေနာက္ထပ္ပိုေကာင္းတဲ့စံခ်ိန္ေတြကို ကြၽန္ေတာ္လုပ္ႏိုင္မယ္လို႔ ထင္ပါ တယ္”ဟုေျပာဆိုခဲ့သည္။