ပြင်ဦးလွင်မြို့သည် အားကစားမြို့တော်ဖြစ်နိုင်မည့် အခြေအနေကောင်းများ ပိုင်ဆိုင်ထားပြီဟုဆို

1562

သန့်ဇင် (NP News) - ဇွန် ၁၀
ပြင်ဦးလွင်မြို့သည် အားကစားမြို့တော်အဖြစ် ဆောင်ရွက်နိုင်မည့်အခြေအနေကောင်းများကိုလည်း ပိုင်ဆိုင်ထားရှိပြီးဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
နစကဥက္ကဋ္ဌက ယမန်နေ့(ဇွန်လ ၉ရက်)နံနက်ပိုင်းက ပြင်ဦးလွင်မြို့၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်ရှိ အစည်းအဝေးခန်းမ၌ကျင်းပသည့် မြို့နယ်အတွင်း ရေရရှိရေး၊ စိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြည်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့အနေဖြင့် အားကစားမြို့တော်အဖြစ် ဆောင်ရွက်နိုင်မည့်အခြေအနေကောင်းများကိုလည်း ပိုင်ဆိုင်ထားရှိပြီးဖြစ်ပြီး ဘောလုံး အားကစားပွဲများ၊ စက်ဘီးစီးပြိုင်ပွဲများနှင့် အခြားအားကစားနည်းများကို ဆောင်ရွက်၍ရနိုင်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
ထို့ကြောင့် Town Plan များ ရေးဆွဲရာတွင် အားကစားကွင်းများကိုပါ စနစ်တကျတွက်ချက်၍ ထည့်သွင်းရေးဆွဲဆောင်ရွက်သွားရန် လိုကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
ထို့ပြင် ပြင်ဦးလွင်မြို့အား Green City ၊ Clean City ၊ Smart City ဖြစ်စေရေးအတွက်လည်း အကောင် အထည်ဖော်ဆောင်ရွက်သွားရန်လိုအပ်ပြီး မြို့ပတ်ဝန်းကျင်တွင် သစ်တောများဖုံးလွှမ်းမှုရှိစေရေး သစ်တောသစ်ပင်ထိန်းသိမ်းခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်သွားကြရန်လိုကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
ပြင်ဦးလွင်ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဒေသတွင်းနေထိုင်သူများနှင့် ဒေသတွင်းလာရောက်တာဝန်ထမ်းဆောင်နေကြသူများက အဓိကဆောင်ရွက်ကြရမည်ဖြစ်ပြီး နိုင်ငံတော်အနေဖြင့်လည်း လိုအပ် သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။ ပြင်ဦးလွင်ဒေသတွင်မွေးဖွားခဲ့ပြီး အသက်အရွယ်ကြီးမြင့်စွာရှိနေကြသည့်ဒေသခံများဖြင့် Elder အဖွဲ့ဖွဲ့စည်းသွားရန်လည်းလိုပြီး ဒေသ၏အစဉ်အလာနှင့်ဂုဏ်သတင်းများကို ဆက်လက်ထိန်းသိမ်းနိုင်ရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ၎င်းတို့အနေဖြင့် အကြံပြုနိုင်မည်ဖြစ်ကြောင်းလည်း နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။
zawgyi version
ျပင္ဦးလြင္ၿမိဳ႕သည္ အားကစားၿမိဳ႕ေတာ္ျဖစ္ႏိုင္မည့္ အေျခအေနေကာင္းမ်ား ပိုင္ဆိုင္ထားၿပီဟုဆို
သန႔္ဇင္ (NP News) - ဇြန္ ၁၀
ျပင္ဦးလြင္ၿမိဳ႕သည္ အားကစားၿမိဳ႕ေတာ္အျဖစ္ ေဆာင္႐ြက္ႏိုင္မည့္အေျခအေနေကာင္းမ်ားကိုလည္း ပိုင္ဆိုင္ထားရွိၿပီးျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
နစကဥကၠ႒က ယမန္ေန႔(ဇြန္လ ၉ရက္)နံနက္ပိုင္းက ျပင္ဦးလြင္ၿမိဳ႕၊ အမ်ိဳးသားအထိမ္းအမွတ္ဥယ်ာဥ္ရွိ အစည္းအေဝးခန္းမ၌က်င္းပသည့္ ၿမိဳ႕နယ္အတြင္း ေရရရွိေရး၊ စိုက္ပ်ိဳးေရးႏွင့္ စိမ္းလန္းစိုျပည္ေရးဆိုင္ရာ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ျပင္ဦးလြင္ၿမိဳ႕အေနျဖင့္ အားကစားၿမိဳ႕ေတာ္အျဖစ္ ေဆာင္႐ြက္ႏိုင္မည့္အေျခအေနေကာင္းမ်ားကိုလည္း ပိုင္ဆိုင္ထားရွိၿပီးျဖစ္ၿပီး ေဘာလုံး အားကစားပြဲမ်ား၊ စက္ဘီးစီးၿပိဳင္ပြဲမ်ားႏွင့္ အျခားအားကစားနည္းမ်ားကို ေဆာင္႐ြက္၍ရႏိုင္မည္ျဖစ္ေၾကာင္း နစကဥကၠ႒က ဆိုသည္။
ထို႔ေၾကာင့္ Town Plan မ်ား ေရးဆြဲရာတြင္ အားကစားကြင္းမ်ားကိုပါ စနစ္တက်တြက္ခ်က္၍ ထည့္သြင္းေရးဆြဲေဆာင္႐ြက္သြားရန္ လိုေၾကာင္း နစကဥကၠ႒က ဆိုသည္။
ထို႔ျပင္ ျပင္ဦးလြင္ၿမိဳ႕အား Green City ၊ Clean City ၊ Smart City ျဖစ္ေစေရးအတြက္လည္း အေကာင္ အထည္ေဖာ္ေဆာင္႐ြက္သြားရန္လိုအပ္ၿပီး ၿမိဳ႕ပတ္ဝန္းက်င္တြင္ သစ္ေတာမ်ားဖုံးလႊမ္းမႈရွိေစေရး သစ္ေတာသစ္ပင္ထိန္းသိမ္းျခင္းႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကိုလည္း ထိထိေရာက္ေရာက္ ေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း နစကဥကၠ႒က ဆိုသည္။
ျပင္ဦးလြင္ေဒသ၏ ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ပတ္သက္၍ ေဒသတြင္းေနထိုင္သူမ်ားႏွင့္ ေဒသတြင္းလာေရာက္တာဝန္ထမ္းေဆာင္ေနၾကသူမ်ားက အဓိကေဆာင္႐ြက္ၾကရမည္ျဖစ္ၿပီး ႏိုင္ငံေတာ္အေနျဖင့္လည္း လိုအပ္ သည္မ်ားကို ကူညီေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း နစကဥကၠ႒က ထည့္သြင္းေျပာၾကားခဲ့သည္။ ျပင္ဦးလြင္ေဒသတြင္ေမြးဖြားခဲ့ၿပီး အသက္အ႐ြယ္ႀကီးျမင့္စြာရွိေနၾကသည့္ေဒသခံမ်ားျဖင့္ Elder အဖြဲ႕ဖြဲ႕စည္းသြားရန္လည္းလိုၿပီး ေဒသ၏အစဥ္အလာႏွင့္ဂုဏ္သတင္းမ်ားကို ဆက္လက္ထိန္းသိမ္းႏိုင္ရန္ႏွင့္ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လိုအပ္သည္မ်ားကို ၎တို႔အေနျဖင့္ အႀကံျပဳႏိုင္မည္ျဖစ္ေၾကာင္းလည္း နစကဥကၠ႒က ေျပာၾကားခဲ့သည္။