ငွေသားခင်းတဲ့လမ်းမ (သို့မဟုတ်) ရွှေဘို - စစ်ကိုင်းခရီး

 1789

မုဆိုးဖိုဆိုသော ရွာကလေးမှ မြန်မာနိုင်ငံတော်ကြီး၏ အုပ်ချုပ်ရာ ဗဟိုချက် ဖြစ်ခဲ့ဖူးသော ရွှေဘိုမြို့သည် အမှန်တကယ်အားဖြင့် စစ်ကိုင်းမြို့နှင့် ဝေးလှသည်တော့မဟုတ်ပေ။ သမိုင်းတွင် ရွှေဘိုမြို့နှင့် စစ်ကိုင်းမြို့အကြား ကူးလူးဆက်သွယ်မှု များစွာရှိခဲ့ပြီး နှစ်မြို့စလုံးသည် သမိုင်းဇာတ် ကောင်များ ဖြစ်ခဲ့ကြသည်။
ယခုထက်တိုင် စစ်ကိုင်းသည် သာသနာနိက အဆောက်အအုံများကြောင့်ထင်ရှားပြီး ရွှေဘိုသည် ဆန်ရေစပါး ပေါြွကယ်ဝသည့်အတွက် ကျော်ကြားသည်။ ယခုဆောင်းပါး၏ ဇာတ်ကောင် တစ်ကောင် ဖြစ်သော ရွှေဘိုသည် မင်းနေပြည်တော် ဘဝမှ လျှောကျခဲ့သည့်တိုင် မြန်မာ့သွေး၊ မြန်မာ့မာန်၏ သင်္ကေတ ဖြစ်နေဆဲပင်။
ရွှေဘိုကို နောက်တန်းအဖြစ် သတ်မှတ်ကာ ဘိုးဘေးတို့သည် ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည် တည်ထောင်ရန် ကျား ကုတ်ကျားခဲ ကြိုးပမ်းခဲ့ကြသည်။ ဦးအောင်ဇေယျကြီးမှူးသော စစ်သည်၊ သူရဲကောင်း များစွာတို့သည် တိုင်းပြည် မျက်နှာကို ကြည့်ကာ စစ်ပွဲဆင်နွှဲခဲ့ကြ၏။ ရွှေဘိုသည်ကား စစ်သူရဲတို့ ထွက်ရာ မြေကောင်း မြေမွန်ဖြစ်ခဲ့သည်။
သို့သော် ယင်း ဘိုးဘေးတို့ ယခုအချိန် ရှိနေလျှင်ကား မျက်နှာမထားတတ်အောင်ပင် ဖြစ်နေပေလိမ့်မည်။ သို့တည်းမဟုတ် တမလွန်မှ ကြိတ်မနိုင်ခဲမရ ဖြစ်နေနိုင်သည်။ အကြောင်းအရင်း များအနက် တစ်ခုကား အနှီစစ်သူရဲ ကောင်းကြီးများ ဖြတ်သန်းသွားလာဖူးရာ လမ်းသည် ယခုအခါ ငွေလမ်းအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သောကြောင့် တည်း။
ရွှေဘိုမြို့ နှင့် စစ်ကိုင်းမြို့သည် (၅၅)မိုင် သာကွာဝေးပြီး ပုံမှန်ကြာချိန်က (၂) နာရီကျော် ကျော်မျှသာ ဖြစ်သည်။ မြင်းဖြင့်၊ နွားလှည်းဖြင့်၊ ခြေ လျင်ဖြင့် သွားလာခဲ့ရသောခေတ်တွင် ယင်းခရီးသည် ယခုထက် ပိုကြာမြင့်ခဲ့ပေလိမ့်မည်။ ယင်းနောက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသော မော်တော်ကား၊ မော်တော်ဆိုင်ကယ် ခေတ်တွင် အထက် ပါ နာရီအနည်းငယ်သာ ကြာမြင့်ပေတော့သည်။
ရွှေဘိုမြို့နယ်သို့ တိုက်ပွဲများရောက်မ လာမီအချိန်က စိတ်အေးလက်အေးဖြင့် ခရီးသွား လာခြင်းအမှုကို ပြုနိုင်ခဲ့ ကြသည်။ အတားအဆီးမရှိ၊ ငွေပေးရန်မလို၊ စိတ်လက်အေးချမ်းစွာ လိုရာခရီးကို အရောက်သွားနိုင်သည်။
‘ရွှေဘိုမြို့က သွားရေး၊ လာရေး၊ နေရေး၊ စားရေး သောက်ရေးကအစ အကုန်ကောင်းခဲ့တာ’ ဟု ရွှေဘိုမြို့ခံ တစ်ဦးက ယခင်အခြေအနေကို မှတ် မှတ်သားသား ပြောပြသည်။
တည်ငြိမ်သော အခြေအနေတို့သည် PDF လက်နက်ကိုင်များ ရောက်လာပြီးနောက် အားလုံးပြောင်းပြန် လန် သွားခဲ့သည်။ (၂၀၂၂)ခုနှစ် ခန့်က စတင်ကာ ရွှေဘိုမြို့နယ်အတွင်း ငါနှင့်မတူ ငါ့ရန်သူဟု သဘောထားကာ သတ်ဖြတ်မှု များ စတင်သည်။ အသက်တစ်ချောင်း သေဆုံးပြီးတိုင်း ကျူးလွန်သူတို့အတွက် အကောင်းဆုံးဖြောင့်ချက်က ဒလန် ဖြစ်ခြင်းကြောင့်ဟု ဆိုလေရာ ပြည်သူများစွာ တို့မှာ ၎င်းတို့၏ လက်တွင်း တရားမျှတမှုမရပဲ အသက်ဆုံးခဲ့ရ၏။
“တိုက်ပွဲက (၂၀၂၂) နှစ်ကုန်ပိုင်း၊ (၂၀၂၃) ခုနှစ် လောက်မှာ စလာပြီလေ။ အဲဒီတည်းက မြို့ပေါ် မတက်ရဲ၊ ဟို မသွားရဲ၊ ဒီမလာရဲ ဖြစ်ကုန်ကြတာ” ဟု ယင်းက ဆိုသည်။

တပ်မတော်စစ်ကြောင်းများထိုးလျှင် PDF တို့က ရွာသားများကို ထွက်ပြေးခိုင်းသည်။ မပြေးလျှင် ဒလန်ဟု ဆိုကာ သတ်ကြသည်။ ပြည်ပရောက် မီဒီယာများထက်တွင်မူ တပ်မတော်လာသည့်အတွက် ရွာလုံးကျွတ် ထွက်ပြေးရ သည်ဟု သတင်းများ ဖြန့်ဝေသည်။ ထို့ပြင် ရွာများအတွင်း ဆက်ကြေး သဘောငွေများ ကောက်ခံသည်။
ထို့နောက် PDF တို့သည် တစ်စတစ်စနှင့် လမ်းပေါ် ရောက်လာသည်။ လမ်းပေါ်ရောက်သည့်အခါ ငွေရလွယ် သည့် လမ်းအရသာကိုသိသွားပြီး PDF တို့မှာ သောက်လေသောက်လေငတ်မပြေ ဖြစ်လာသည်။ ထိုအခါ ရွှေဘို - စစ်ကိုင်းလမ်းတွင် PDF တို့ ဂိတ်ပေါင်းများစွာဖွင့်ရန်အကြောင်း ဖန်လာတော့၏။ ဒေသခံများ မသုံးမဖြစ် သုံးနေရသည် ဆိုသော အချက်က PDF တို့ အတွက် အခွင့်ကောင်း ဖြစ်လာစေသည်။
“စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးက အစ ဒီလမ်းက သွားလာနေကြရတာ” ဟု ဒေသခံ တစ်ဦးက ဆိုသည်။
ထို့ကြောင့် အများသုံးလမ်းသည် PDF တို့အတွက် စားပေါက်ချောင်သော ခွင်တစ်ခု ဖြစ်လာသည်။ စစ်ဆေး ရန်ဆိုသော အကြောင်းပြချက်သည် ၎င်းတို့အတွက် အပြကောင်းသော အကြောင်းတစ်ခု ဖြစ်သည်။ ဂိတ်တိုင်း နီးပါးတွင် မှတ်ပုံတင် စစ်သည်။ ဝန်ထမ်းဟု မသင်္ကာလျှင် ကားပေါ်မှ ချက်ချင်းဆင်း နေခဲ့ရသည်။
ဝန်ထမ်းဖြစ်လျှင်တော့ အစိုးရ တာဝန်ထမ်းဆောင်နေသူဟုဆိုကာ အသက်အန္တရာယ်ကို ရန်ရှာသည်။ ခရီးသွား ပြည်သူက မခံချင်စိတ် သက်သက်ဖြင့် မချေမငံ ဆက်ဆံမိလျှင်လည်း အကျိုးသင့်၊ အကြောင်းသင့်မပြောတတ်ပါက ဒလန်ဟု ဆိုကာ ရန်ရှာမည်။ ထို့ကြောင့် ခေါင်းငုံ့ပြီး နေခြင်းသည်သာလျှင် အသက်ဘေးအတွက် စိတ်ချရသော အပြု အမူဖြစ်ကြောင်း ဒေသခံတို့ မသင်ဘဲ တတ်လာခဲ့ကြသည်။ မှားယွင်းသတ်မိလျှင်လည်း တောင်းပန်လိမ့်မည် မဟုတ်ပါ။
‘ရွှေဘို ဘက်က လာရင် အားလုံးစုစုပေါင်း ဂိတ်ပေါင်း (၃၇) ဂိတ်ရှိတယ်။ ဆားတောင်ကျေးရွာ နားအထိပေါ့။ ဖြတ်လို့တော့ လွယ်တာပေါ့ ဆရာ ဒါပေမဲ့ လမ်းတစ်လမ်းလုံးကတော့ အလှူခံတွေ ပေါ့ဗျာ။ ကျည်ဖိုး၊ ယမ်းဖိုး အလှူခံ တာ’ ဟု ယင်း က ဆိုသည်။
ယင်းသို့ အလှူခံခြင်းမှာ ဂိတ်တိုင်းတွင် ဖြစ်ပြီး ငါးရာမျိုး၊ တစ်ထောင်မျိုးကို အနည်းဆုံး ထားကာ အလှူငွေ ထည့်ရသည်။ စေတနာ သဒ္ဓါတ အားနည်းများမဆို ထည့်ဝင်နိုင်သည်ဟု ဆိုသော် လည်း သဒ္ဓါမပေါက်၍ အလှူငွေ လုံးဝ မထည့်ပါက ယင်း အတွက် ဖြစ်လာမည့် ဆိုးကျိုးကို ခန့်မှန်းနိုင်ခြင်း မရှိပါ။ သေသည်အထိလည်း ဖြစ်နိုင်သည်။
“ကိုယ်ပိုင်းကားနဲ့ဆိုရင် လေးသောင်း ပတ်ချာလည်မကုန်ဘဲ စစ်ကိုင်း - ရွှေဘို အသွားအ ပြန်မရဘူး” ဟု ၎င်းကဆိုသည်။
ယင်းက ခရီးသည်များအတွက် ဖြစ်သည်။ ကုန်ကား၊ ဆီဘောက်ဆာကားများအတွက်က တစ်ဈေး ဖြစ်သည်။ ကုန်ကားများဆိုလျှင် အလှူ ခံခြင်း မဟုတ်တော့ဘဲ ဖြတ်သန်းခ ဖြစ်သွား၏။ ယင်း လမ်းကြောအတွက် သိန်းချီပေးရပြီး ဆီဘောက်ဆာ ကားများဆိုလျှင် ဖြတ်သန်းခ သိန်းဆယ်ချီ ကျသင့်သည်။
‘ဟိုးတုန်းကတော့ နှစ်နာရီကျော် ကြာတာပေါ့။ အခုကတော့ သုံးနာရီကျော် ကြာသွားပြီ။ ရွှေဘိုကနေ မနက် ခြောက်နာရီ ထွက်ရင် (၉) နာရီကျော်မှ မန္တလေး ရောက်တယ်။ ဂိတ်တွေမှာ အစစ်ခံ ရတာနဲ့ ကြာနေတာ’ ဟု အထက်ပါ ဒေသခံက ရှင်းပြသည်။
ပိုက်ဆံရှိသူများအတွက် မထောင်းသာလှ သော်လည်း ချို့တဲ့သူများအတွက်မူ မလွယ်ပါ။ PDF ဂိတ် (၃၇) ဂိတ်တွင် တစ်ဂိတ်လျှင် ငွေငါးရာစီ အလှူထည့်ရုံဖြင့် အသွားတစ်ကြောင်းစာတွင် ငွေကျပ် တစ်သောင်းရှစ်ထောင် ကုန် သွားလေပြီ။
ငွေပေး၍ ခရီးသွားရသော်လည်း လုံခြုံသည်ဆိုသောခံစားမှုကို ယင်း PDF များက ပြန်လည်ပြီး ဝန်ဆောင်မှု မပေးနိုင်ပါ။ သေနတ်ကို မြင်ရုံဖြင့် ပြည်သူတို့မှာ ကျောချမ်းရသည်။ ခါးတွင် သေနတ်ကို ချိတ်ပြီး အရာရှိစတိုင် ဟန်ပါပါ ဖမ်းနေ သူများ၊ သေနတ်ကို ပခုံးထက်တွင်လွယ်ကာ ထီမ ထင်ဟန် ကြည့်နေသူများ ရှေ့တွင် မည်သူကစိတ် ချမ်းသာနိုင်ပါမည်နည်း။
“အကုန်လုံး ဗြောက်(သေနတ်)တွေနဲ့ ချည်းပဲ။ ဆောင့်ကြွားကြွား ပုံစံပဲ” ဟု ယင်း က ပြောသည်။
ထို့ပြင် ပိုင်ဆိုင်မှုများကိုလည်း ဥပဒေမဲ့ သိမ်းယူနိုင်သည်။ ထိုသို့ သိမ်းယူသွားလျှင်လည်း ပြန်ရရေးအတွက် ကိုယ့်ပစ္စည်းကိုယ် ပြန်မဝယ်ရရုံ တမယ်ဈေးဖြင့် ရွေးယူကြရသည်။
‘ပွင့်ပွင့်လင်းလင်းပြောရရင် စကားပြော မှားရင်ကို ကိုယ့်ဘက်က အသက်တောင် ဆုံးရှုံးနိုင်တယ်။ ဒလန် ဘာညာ ဆိုပြီး မသင်္ကာရင် သတ်တာလည်း ခံရနိုင်တယ်။ တချို့ဆို ကားတွေသိမ်းတာ။ သိမ်းပြီးရင် သိန်းရာချီ၊ ထောင် ချီနဲ့ ပြန်ရွေးရတာ’ ဟု ၎င်းကဆိုသည်။
ထို့ပြင် ယင်းလမ်းသည် အမြဲတစေ ပွင့်နေခြင်းလည်းမဟုတ်ပါ။ တပ်မတော်က စစ်ကြောင်းထိုးမည်ဆိုသော သတင်းသဲ့သဲ့ကြားရုံဖြင့် ယင်းလမ်းကို PDF တို့က ဖြတ်သန်းခွင့် မပေးတော့။ ထိုအခါ ပြည်သူတို့မှာ မိမိတို့ဘာသာ ဆက်သွယ်ရန် လမ်းများကို ရှာဖွေရသည်။ တွေ့လည်း တွေ့ကြပါ၏။ သို့သော် သွားရိုးလမ်းမဟုတ်ဘဲ ရွာချင်းဆက် လမ်း များကို အသုံးပြုရသည်ဖြစ်ရာ ခရီးဖင့်သည်။ အချိန်ကြာသည်။
‘ရွှံ့ထဲ ဗွက်ထဲ ကျောင်းသားတွေက အစ ဒုက္ခရောက်ကြရတာလေ။ မိုးမရွာရင်တော့ ခဏလေး။ မိုးရွာရင်တော့ ကြာရော။ ကျောင်းလာတက်မယ့် ကလေးတွေဆို အခက်အခဲတွေ ဖြစ်သွားတာ’ ဟု ၎င်းကဆိုသည်။
ရွှေဘိုမြို့အနေဖြင့် ကုန်သွယ်ရေးအတွက် စစ်ကိုင်းမြို့တစ်မြို့တည်းနှင့် အဆက်အသွယ်ရှိသည်တော့ မဟုတ် ပါ။ ခင်ဦးမြို့၊ တန့်ဆည် မြို့တို့ဘက်နှင့်လည်း အဆက်အသွယ်ရှိသည်။ သို့သော် ယင်းလမ်းဘက်က ပိုဆိုးသည်။ လမ်း ကောင်းကောင်းမှ သွားလာခြင်း မပြုနိုင်သောကြောင့် ရွာချင်း ဆက်ရှောင်ကွင်းလမ်းများကို အသုံးပြုရသည်။ ထို့ကြောင့် ရွှေဘို - စစ်ကိုင်း လမ်းကသာ ယခု ထက်တိုင် အခရာ ကျနေခြင်း ဖြစ်သည်။
လမ်းပန်းဆက်သွယ်ရေးခက်နေသည့်အတွက် ယင်း၏ သက်ရောက်မှုအဖြစ် ကုန်ဈေးနှုန်း ကြီးသည်။ လမ်းမ ကြီးရှိသော်လည်း ဖောင်စီးရင်း ရေငတ်နေကြရသည်။ PDF ဂိတ်များကို အဖန်ဖန် ပိုက်ဆံပေးပြီးနောက် ရွှေဘိုသို့ရောက် လာသော ကုန်ပစ္စည်းများမှာ ဈေးကြီးသွားလေပြီ။ လမ်းပိတ်လျှင် ကားကုန်ဈေးနှုန်းဒဏ်ကို ထပ်တိုးခံကြရသည်။
‘လမ်းကြောပိတ်ရင်တော့ လမ်းမှာက ပေးရကမ်းရဆိုတော့ ကုန်ဈေးနှုန်းက ပိုတက်တာပေါ့။ ဈေးကတက်ကုန် တာ’ ဟု အခြား အမည်မဖော်လိုသူ ရွှေဘို ဒေသခံတစ်ဦးကဆိုသည်။
လမ်းအရသာကို သိသွားပြီးနောက် PDF တို့ လမ်းပျော်သွားပြီ ဖြစ်သည်။ လမ်းပျော်ကလေးငယ် ဆိုသည်မှာ လမ်းဘေးတွင်နေပြီး တောင်းရမ်းစားသောက်ခြင်း ဖြစ်သည်။ သနားလောက်အောင်ပြောမှ ပိုက်ဆံရကြသော်လည်း ချမ်းသာလောက်အောင်ကား မရကြပါ။ PDF များ လမ်းပျော်သည်ကား ပိုက်ဆံရသည်။ တိုင်းပြည်တိုးတက်ရေးထက် လတ်တလောတွင် ၎င်းတို့ဘဝများသာယာနေသည်မှာ ငြင်းမရသော အချက်ဖြစ်သည်။
‘တချို့ဆို တအားကို ချမ်းသာကုန်ကြပြီ။ မစီးဖူးတာတွေစီး၊ မမြင်ဖူးတာတွေ မြင်ရတော့ ချမ်းသာ သွားကြပြီ ပေါ့ဗျာ’ ဟု ၎င်းက မြေပြင်အခြေအနေကို ပြောပြသည်။
လက်ရှိရွှေဘို - စစ်ကိုင်းလမ်းတွင်တွင် နေရာယူရင်း ယင်းဒေသမှ PDF တို့ တစ်စတစ်စ ချမ်းသာလာလေပြီ။ ပြည်သူတို့ကား ဆင်းရဲတွင်း ပိုနက်လာကြသည်။ ပြည်သူများ ချမ်းသာရေးအတွက်၊ ကောင်းစားရေးအတွက် ဟု ပြောရင်း ကိုယ်ကျိုးစီးပွား ဝဲဂယက်အတွင်း နစ်နေကြသည်မှာလည်း ပို၍ ပေါ်လွင်ထင်ရှားလာနေခဲ့ပြီ ဖြစ်သည်။
စစ်သည် လူချမ်းသာများကိုလည်း မွေးထုတ်ပေးတတ်ပါသည်။ ယခု ရွှေဘို - စစ်ကိုင်း လမ်းပိုင်းသည်လည်း မျက်စိရှေ့တွင်ပင် စီးပွားရှာလိုသော PDF တို့အတွက် လုပ်ငန်းတစ်ခု အသွင်ပြောင်း သွားပြီဖြစ်ကြောင်း မျက်မြင်တွေ့ ခဲ့ကြရပေပြီ။
ပြည်သူတို့ကား ငွေလမ်းကို နင်းကာ လိုရာ ခရီး သွားနေကြရသည်။ မသတ်သည့်အတွက်ပင် ပြည်သူတို့မှာ PDF တို့ကို ခေါင်းငုံ့ကာ ကျေးဇူးတင် နေရသည်။ အပြန်အလှန်အနေဖြင့် ငွေရှင်ကြေးရှင် ယင်း PDF တို့ကလည်း မိဘပြည်သူ များအပေါ် သေနတ်လွယ်ကာ ကောင်းစွာ ကျေးဇူးဆပ်နေကြလေသည်။
သုတကျော်

Zawgyi Version:
ေငြသားခင္းတဲ့လမ္းမ (သို႔မဟုတ္) ေ႐ႊဘို - စစ္ကိုင္းခရီး

မုဆိုးဖိုဆိုေသာ ႐ြာကေလးမွ ျမန္မာႏိုင္ငံေတာ္ႀကီး၏ အုပ္ခ်ဳပ္ရာ ဗဟိုခ်က္ ျဖစ္ခဲ့ဖူးေသာ ေ႐ႊဘိုၿမိဳ႕သည္ အမွန္တကယ္အားျဖင့္ စစ္ကိုင္းၿမိဳ႕ႏွင့္ ေဝးလွသည္ေတာ့မဟုတ္ေပ။ သမိုင္းတြင္ ေ႐ႊဘိုၿမိဳ႕ႏွင့္ စစ္ကိုင္းၿမိဳ႕အၾကား ကူးလူးဆက္သြယ္မႈ မ်ားစြာရွိခဲ့ၿပီး ႏွစ္ၿမိဳ႕စလုံးသည္ သမိုင္းဇာတ္ ေကာင္မ်ား ျဖစ္ခဲ့ၾကသည္။
ယခုထက္တိုင္ စစ္ကိုင္းသည္ သာသနာနိက အေဆာက္အအုံမ်ားေၾကာင့္ထင္ရွားၿပီး ေ႐ႊဘိုသည္ ဆန္ေရစပါး ေပါျြကယ္ဝသည့္အတြက္ ေက်ာ္ၾကားသည္။ ယခုေဆာင္းပါး၏ ဇာတ္ေကာင္ တစ္ေကာင္ ျဖစ္ေသာ ေ႐ႊဘိုသည္ မင္းေနျပည္ေတာ္ ဘဝမွ ေလွ်ာက်ခဲ့သည့္တိုင္ ျမန္မာ့ေသြး၊ ျမန္မာ့မာန္၏ သေကၤတ ျဖစ္ေနဆဲပင္။
ေ႐ႊဘိုကို ေနာက္တန္းအျဖစ္ သတ္မွတ္ကာ ဘိုးေဘးတို႔သည္ ကိုယ္က်ိဳးမငဲ့ဘဲ တိုင္းျပည္ တည္ေထာင္ရန္ က်ား ကုတ္က်ားခဲ ႀကိဳးပမ္းခဲ့ၾကသည္။ ဦးေအာင္ေဇယ်ႀကီးမႉးေသာ စစ္သည္၊ သူရဲေကာင္း မ်ားစြာတို႔သည္ တိုင္းျပည္ မ်က္ႏွာကို ၾကည့္ကာ စစ္ပြဲဆင္ႏႊဲခဲ့ၾက၏။ ေ႐ႊဘိုသည္ကား စစ္သူရဲတို႔ ထြက္ရာ ေျမေကာင္း ေျမမြန္ျဖစ္ခဲ့သည္။
သို႔ေသာ္ ယင္း ဘိုးေဘးတို႔ ယခုအခ်ိန္ ရွိေနလွ်င္ကား မ်က္ႏွာမထားတတ္ေအာင္ပင္ ျဖစ္ေနေပလိမ့္မည္။ သို႔တည္းမဟုတ္ တမလြန္မွ ႀကိတ္မႏိုင္ခဲမရ ျဖစ္ေနႏိုင္သည္။ အေၾကာင္းအရင္း မ်ားအနက္ တစ္ခုကား အႏွီစစ္သူရဲ ေကာင္းႀကီးမ်ား ျဖတ္သန္းသြားလာဖူးရာ လမ္းသည္ ယခုအခါ ေငြလမ္းအျဖစ္သို႔ ေျပာင္းလဲသြားၿပီျဖစ္ေသာေၾကာင့္ တည္း။
ေ႐ႊဘိုၿမိဳ႕ ႏွင့္ စစ္ကိုင္းၿမိဳ႕သည္ (၅၅)မိုင္ သာကြာေဝးၿပီး ပုံမွန္ၾကာခ်ိန္က (၂) နာရီေက်ာ္ ေက်ာ္မွ်သာ ျဖစ္သည္။ ျမင္းျဖင့္၊ ႏြားလွည္းျဖင့္၊ ေျခ လ်င္ျဖင့္ သြားလာခဲ့ရေသာေခတ္တြင္ ယင္းခရီးသည္ ယခုထက္ ပိုၾကာျမင့္ခဲ့ေပလိမ့္မည္။ ယင္းေနာက္ လမ္းပန္းဆက္သြယ္ေရး ေကာင္းမြန္လာေသာ ေမာ္ေတာ္ကား၊ ေမာ္ေတာ္ဆိုင္ကယ္ ေခတ္တြင္ အထက္ ပါ နာရီအနည္းငယ္သာ ၾကာျမင့္ေပေတာ့သည္။
ေ႐ႊဘိုၿမိဳ႕နယ္သို႔ တိုက္ပြဲမ်ားေရာက္မ လာမီအခ်ိန္က စိတ္ေအးလက္ေအးျဖင့္ ခရီးသြား လာျခင္းအမႈကို ျပဳႏိုင္ခဲ့ ၾကသည္။ အတားအဆီးမရွိ၊ ေငြေပးရန္မလို၊ စိတ္လက္ေအးခ်မ္းစြာ လိုရာခရီးကို အေရာက္သြားႏိုင္သည္။
‘ေ႐ႊဘိုၿမိဳ႕က သြားေရး၊ လာေရး၊ ေနေရး၊ စားေရး ေသာက္ေရးကအစ အကုန္ေကာင္းခဲ့တာ’ ဟု ေ႐ႊဘိုၿမိဳ႕ခံ တစ္ဦးက ယခင္အေျခအေနကို မွတ္ မွတ္သားသား ေျပာျပသည္။
တည္ၿငိမ္ေသာ အေျခအေနတို႔သည္ PDF လက္နက္ကိုင္မ်ား ေရာက္လာၿပီးေနာက္ အားလုံးေျပာင္းျပန္ လန္ သြားခဲ့သည္။ (၂၀၂၂)ခုႏွစ္ ခန႔္က စတင္ကာ ေ႐ႊဘိုၿမိဳ႕နယ္အတြင္း ငါႏွင့္မတူ ငါ့ရန္သူဟု သေဘာထားကာ သတ္ျဖတ္မႈ မ်ား စတင္သည္။ အသက္တစ္ေခ်ာင္း ေသဆုံးၿပီးတိုင္း က်ဴးလြန္သူတို႔အတြက္ အေကာင္းဆုံးေျဖာင့္ခ်က္က ဒလန္ ျဖစ္ျခင္းေၾကာင့္ဟု ဆိုေလရာ ျပည္သူမ်ားစြာ တို႔မွာ ၎တို႔၏ လက္တြင္း တရားမွ်တမႈမရပဲ အသက္ဆုံးခဲ့ရ၏။
“တိုက္ပြဲက (၂၀၂၂) ႏွစ္ကုန္ပိုင္း၊ (၂၀၂၃) ခုႏွစ္ ေလာက္မွာ စလာၿပီေလ။ အဲဒီတည္းက ၿမိဳ႕ေပၚ မတက္ရဲ၊ ဟို မသြားရဲ၊ ဒီမလာရဲ ျဖစ္ကုန္ၾကတာ” ဟု ယင္းက ဆိုသည္။

တပ္မေတာ္စစ္ေၾကာင္းမ်ားထိုးလွ်င္ PDF တို႔က ႐ြာသားမ်ားကို ထြက္ေျပးခိုင္းသည္။ မေျပးလွ်င္ ဒလန္ဟု ဆိုကာ သတ္ၾကသည္။ ျပည္ပေရာက္ မီဒီယာမ်ားထက္တြင္မူ တပ္မေတာ္လာသည့္အတြက္ ႐ြာလုံးကြၽတ္ ထြက္ေျပးရ သည္ဟု သတင္းမ်ား ျဖန႔္ေဝသည္။ ထို႔ျပင္ ႐ြာမ်ားအတြင္း ဆက္ေၾကး သေဘာေငြမ်ား ေကာက္ခံသည္။
ထို႔ေနာက္ PDF တို႔သည္ တစ္စတစ္စႏွင့္ လမ္းေပၚ ေရာက္လာသည္။ လမ္းေပၚေရာက္သည့္အခါ ေငြရလြယ္ သည့္ လမ္းအရသာကိုသိသြားၿပီး PDF တို႔မွာ ေသာက္ေလေသာက္ေလငတ္မေျပ ျဖစ္လာသည္။ ထိုအခါ ေ႐ႊဘို - စစ္ကိုင္းလမ္းတြင္ PDF တို႔ ဂိတ္ေပါင္းမ်ားစြာဖြင့္ရန္အေၾကာင္း ဖန္လာေတာ့၏။ ေဒသခံမ်ား မသုံးမျဖစ္ သုံးေနရသည္ ဆိုေသာ အခ်က္က PDF တို႔ အတြက္ အခြင့္ေကာင္း ျဖစ္လာေစသည္။
“စီးပြားေရး၊ လူမႈေရး၊ က်န္းမာေရးက အစ ဒီလမ္းက သြားလာေနၾကရတာ” ဟု ေဒသခံ တစ္ဦးက ဆိုသည္။
ထို႔ေၾကာင့္ အမ်ားသုံးလမ္းသည္ PDF တို႔အတြက္ စားေပါက္ေခ်ာင္ေသာ ခြင္တစ္ခု ျဖစ္လာသည္။ စစ္ေဆး ရန္ဆိုေသာ အေၾကာင္းျပခ်က္သည္ ၎တို႔အတြက္ အျပေကာင္းေသာ အေၾကာင္းတစ္ခု ျဖစ္သည္။ ဂိတ္တိုင္း နီးပါးတြင္ မွတ္ပုံတင္ စစ္သည္။ ဝန္ထမ္းဟု မသကၤာလွ်င္ ကားေပၚမွ ခ်က္ခ်င္းဆင္း ေနခဲ့ရသည္။
ဝန္ထမ္းျဖစ္လွ်င္ေတာ့ အစိုးရ တာဝန္ထမ္းေဆာင္ေနသူဟုဆိုကာ အသက္အႏၲရာယ္ကို ရန္ရွာသည္။ ခရီးသြား ျပည္သူက မခံခ်င္စိတ္ သက္သက္ျဖင့္ မေခ်မငံ ဆက္ဆံမိလွ်င္လည္း အက်ိဳးသင့္၊ အေၾကာင္းသင့္မေျပာတတ္ပါက ဒလန္ဟု ဆိုကာ ရန္ရွာမည္။ ထို႔ေၾကာင့္ ေခါင္းငုံ႔ၿပီး ေနျခင္းသည္သာလွ်င္ အသက္ေဘးအတြက္ စိတ္ခ်ရေသာ အျပဳ အမူျဖစ္ေၾကာင္း ေဒသခံတို႔ မသင္ဘဲ တတ္လာခဲ့ၾကသည္။ မွားယြင္းသတ္မိလွ်င္လည္း ေတာင္းပန္လိမ့္မည္ မဟုတ္ပါ။
‘ေ႐ႊဘို ဘက္က လာရင္ အားလုံးစုစုေပါင္း ဂိတ္ေပါင္း (၃၇) ဂိတ္ရွိတယ္။ ဆားေတာင္ေက်း႐ြာ နားအထိေပါ့။ ျဖတ္လို႔ေတာ့ လြယ္တာေပါ့ ဆရာ ဒါေပမဲ့ လမ္းတစ္လမ္းလုံးကေတာ့ အလႉခံေတြ ေပါ့ဗ်ာ။ က်ည္ဖိုး၊ ယမ္းဖိုး အလႉခံ တာ’ ဟု ယင္း က ဆိုသည္။
ယင္းသို႔ အလႉခံျခင္းမွာ ဂိတ္တိုင္းတြင္ ျဖစ္ၿပီး ငါးရာမ်ိဳး၊ တစ္ေထာင္မ်ိဳးကို အနည္းဆုံး ထားကာ အလႉေငြ ထည့္ရသည္။ ေစတနာ သဒၶါတ အားနည္းမ်ားမဆို ထည့္ဝင္ႏိုင္သည္ဟု ဆိုေသာ္ လည္း သဒၶါမေပါက္၍ အလႉေငြ လုံးဝ မထည့္ပါက ယင္း အတြက္ ျဖစ္လာမည့္ ဆိုးက်ိဳးကို ခန႔္မွန္းႏိုင္ျခင္း မရွိပါ။ ေသသည္အထိလည္း ျဖစ္ႏိုင္သည္။
“ကိုယ္ပိုင္းကားနဲ႔ဆိုရင္ ေလးေသာင္း ပတ္ခ်ာလည္မကုန္ဘဲ စစ္ကိုင္း - ေ႐ႊဘို အသြားအ ျပန္မရဘူး” ဟု ၎ကဆိုသည္။
ယင္းက ခရီးသည္မ်ားအတြက္ ျဖစ္သည္။ ကုန္ကား၊ ဆီေဘာက္ဆာကားမ်ားအတြက္က တစ္ေဈး ျဖစ္သည္။ ကုန္ကားမ်ားဆိုလွ်င္ အလႉ ခံျခင္း မဟုတ္ေတာ့ဘဲ ျဖတ္သန္းခ ျဖစ္သြား၏။ ယင္း လမ္းေၾကာအတြက္ သိန္းခ်ီေပးရၿပီး ဆီေဘာက္ဆာ ကားမ်ားဆိုလွ်င္ ျဖတ္သန္းခ သိန္းဆယ္ခ်ီ က်သင့္သည္။
‘ဟိုးတုန္းကေတာ့ ႏွစ္နာရီေက်ာ္ ၾကာတာေပါ့။ အခုကေတာ့ သုံးနာရီေက်ာ္ ၾကာသြားၿပီ။ ေ႐ႊဘိုကေန မနက္ ေျခာက္နာရီ ထြက္ရင္ (၉) နာရီေက်ာ္မွ မႏၲေလး ေရာက္တယ္။ ဂိတ္ေတြမွာ အစစ္ခံ ရတာနဲ႔ ၾကာေနတာ’ ဟု အထက္ပါ ေဒသခံက ရွင္းျပသည္။
ပိုက္ဆံရွိသူမ်ားအတြက္ မေထာင္းသာလွ ေသာ္လည္း ခ်ိဳ႕တဲ့သူမ်ားအတြက္မူ မလြယ္ပါ။ PDF ဂိတ္ (၃၇) ဂိတ္တြင္ တစ္ဂိတ္လွ်င္ ေငြငါးရာစီ အလႉထည့္႐ုံျဖင့္ အသြားတစ္ေၾကာင္းစာတြင္ ေငြက်ပ္ တစ္ေသာင္းရွစ္ေထာင္ ကုန္ သြားေလၿပီ။
ေငြေပး၍ ခရီးသြားရေသာ္လည္း လုံၿခဳံသည္ဆိုေသာခံစားမႈကို ယင္း PDF မ်ားက ျပန္လည္ၿပီး ဝန္ေဆာင္မႈ မေပးႏိုင္ပါ။ ေသနတ္ကို ျမင္႐ုံျဖင့္ ျပည္သူတို႔မွာ ေက်ာခ်မ္းရသည္။ ခါးတြင္ ေသနတ္ကို ခ်ိတ္ၿပီး အရာရွိစတိုင္ ဟန္ပါပါ ဖမ္းေန သူမ်ား၊ ေသနတ္ကို ပခုံးထက္တြင္လြယ္ကာ ထီမ ထင္ဟန္ ၾကည့္ေနသူမ်ား ေရွ႕တြင္ မည္သူကစိတ္ ခ်မ္းသာႏိုင္ပါမည္နည္း။
“အကုန္လုံး ေျဗာက္(ေသနတ္)ေတြနဲ႔ ခ်ည္းပဲ။ ေဆာင့္ႂကြားႂကြား ပုံစံပဲ” ဟု ယင္း က ေျပာသည္။
ထို႔ျပင္ ပိုင္ဆိုင္မႈမ်ားကိုလည္း ဥပေဒမဲ့ သိမ္းယူႏိုင္သည္။ ထိုသို႔ သိမ္းယူသြားလွ်င္လည္း ျပန္ရေရးအတြက္ ကိုယ့္ပစၥည္းကိုယ္ ျပန္မဝယ္ရ႐ုံ တမယ္ေဈးျဖင့္ ေ႐ြးယူၾကရသည္။
‘ပြင့္ပြင့္လင္းလင္းေျပာရရင္ စကားေျပာ မွားရင္ကို ကိုယ့္ဘက္က အသက္ေတာင္ ဆုံးရႈံးႏိုင္တယ္။ ဒလန္ ဘာညာ ဆိုၿပီး မသကၤာရင္ သတ္တာလည္း ခံရႏိုင္တယ္။ တခ်ိဳ႕ဆို ကားေတြသိမ္းတာ။ သိမ္းၿပီးရင္ သိန္းရာခ်ီ၊ ေထာင္ ခ်ီနဲ႔ ျပန္ေ႐ြးရတာ’ ဟု ၎ကဆိုသည္။
ထို႔ျပင္ ယင္းလမ္းသည္ အၿမဲတေစ ပြင့္ေနျခင္းလည္းမဟုတ္ပါ။ တပ္မေတာ္က စစ္ေၾကာင္းထိုးမည္ဆိုေသာ သတင္းသဲ့သဲ့ၾကား႐ုံျဖင့္ ယင္းလမ္းကို PDF တို႔က ျဖတ္သန္းခြင့္ မေပးေတာ့။ ထိုအခါ ျပည္သူတို႔မွာ မိမိတို႔ဘာသာ ဆက္သြယ္ရန္ လမ္းမ်ားကို ရွာေဖြရသည္။ ေတြ႕လည္း ေတြ႕ၾကပါ၏။ သို႔ေသာ္ သြား႐ိုးလမ္းမဟုတ္ဘဲ ႐ြာခ်င္းဆက္ လမ္း မ်ားကို အသုံးျပဳရသည္ျဖစ္ရာ ခရီးဖင့္သည္။ အခ်ိန္ၾကာသည္။
‘႐ႊံ႕ထဲ ဗြက္ထဲ ေက်ာင္းသားေတြက အစ ဒုကၡေရာက္ၾကရတာေလ။ မိုးမ႐ြာရင္ေတာ့ ခဏေလး။ မိုး႐ြာရင္ေတာ့ ၾကာေရာ။ ေက်ာင္းလာတက္မယ့္ ကေလးေတြဆို အခက္အခဲေတြ ျဖစ္သြားတာ’ ဟု ၎ကဆိုသည္။
ေ႐ႊဘိုၿမိဳ႕အေနျဖင့္ ကုန္သြယ္ေရးအတြက္ စစ္ကိုင္းၿမိဳ႕တစ္ၿမိဳ႕တည္းႏွင့္ အဆက္အသြယ္ရွိသည္ေတာ့ မဟုတ္ ပါ။ ခင္ဦးၿမိဳ႕၊ တန႔္ဆည္ ၿမိဳ႕တို႔ဘက္ႏွင့္လည္း အဆက္အသြယ္ရွိသည္။ သို႔ေသာ္ ယင္းလမ္းဘက္က ပိုဆိုးသည္။ လမ္း ေကာင္းေကာင္းမွ သြားလာျခင္း မျပဳႏိုင္ေသာေၾကာင့္ ႐ြာခ်င္း ဆက္ေရွာင္ကြင္းလမ္းမ်ားကို အသုံးျပဳရသည္။ ထို႔ေၾကာင့္ ေ႐ႊဘို - စစ္ကိုင္း လမ္းကသာ ယခု ထက္တိုင္ အခရာ က်ေနျခင္း ျဖစ္သည္။
လမ္းပန္းဆက္သြယ္ေရးခက္ေနသည့္အတြက္ ယင္း၏ သက္ေရာက္မႈအျဖစ္ ကုန္ေဈးႏႈန္း ႀကီးသည္။ လမ္းမ ႀကီးရွိေသာ္လည္း ေဖာင္စီးရင္း ေရငတ္ေနၾကရသည္။ PDF ဂိတ္မ်ားကို အဖန္ဖန္ ပိုက္ဆံေပးၿပီးေနာက္ ေ႐ႊဘိုသို႔ေရာက္ လာေသာ ကုန္ပစၥည္းမ်ားမွာ ေဈးႀကီးသြားေလၿပီ။ လမ္းပိတ္လွ်င္ ကားကုန္ေဈးႏႈန္းဒဏ္ကို ထပ္တိုးခံၾကရသည္။
‘လမ္းေၾကာပိတ္ရင္ေတာ့ လမ္းမွာက ေပးရကမ္းရဆိုေတာ့ ကုန္ေဈးႏႈန္းက ပိုတက္တာေပါ့။ ေဈးကတက္ကုန္ တာ’ ဟု အျခား အမည္မေဖာ္လိုသူ ေ႐ႊဘို ေဒသခံတစ္ဦးကဆိုသည္။
လမ္းအရသာကို သိသြားၿပီးေနာက္ PDF တို႔ လမ္းေပ်ာ္သြားၿပီ ျဖစ္သည္။ လမ္းေပ်ာ္ကေလးငယ္ ဆိုသည္မွာ လမ္းေဘးတြင္ေနၿပီး ေတာင္းရမ္းစားေသာက္ျခင္း ျဖစ္သည္။ သနားေလာက္ေအာင္ေျပာမွ ပိုက္ဆံရၾကေသာ္လည္း ခ်မ္းသာေလာက္ေအာင္ကား မရၾကပါ။ PDF မ်ား လမ္းေပ်ာ္သည္ကား ပိုက္ဆံရသည္။ တိုင္းျပည္တိုးတက္ေရးထက္ လတ္တေလာတြင္ ၎တို႔ဘဝမ်ားသာယာေနသည္မွာ ျငင္းမရေသာ အခ်က္ျဖစ္သည္။
‘တခ်ိဳ႕ဆို တအားကို ခ်မ္းသာကုန္ၾကၿပီ။ မစီးဖူးတာေတြစီး၊ မျမင္ဖူးတာေတြ ျမင္ရေတာ့ ခ်မ္းသာ သြားၾကၿပီ ေပါ့ဗ်ာ’ ဟု ၎က ေျမျပင္အေျခအေနကို ေျပာျပသည္။
လက္ရွိေ႐ႊဘို - စစ္ကိုင္းလမ္းတြင္တြင္ ေနရာယူရင္း ယင္းေဒသမွ PDF တို႔ တစ္စတစ္စ ခ်မ္းသာလာေလၿပီ။ ျပည္သူတို႔ကား ဆင္းရဲတြင္း ပိုနက္လာၾကသည္။ ျပည္သူမ်ား ခ်မ္းသာေရးအတြက္၊ ေကာင္းစားေရးအတြက္ ဟု ေျပာရင္း ကိုယ္က်ိဳးစီးပြား ဝဲဂယက္အတြင္း နစ္ေနၾကသည္မွာလည္း ပို၍ ေပၚလြင္ထင္ရွားလာေနခဲ့ၿပီ ျဖစ္သည္။
စစ္သည္ လူခ်မ္းသာမ်ားကိုလည္း ေမြးထုတ္ေပးတတ္ပါသည္။ ယခု ေ႐ႊဘို - စစ္ကိုင္း လမ္းပိုင္းသည္လည္း မ်က္စိေရွ႕တြင္ပင္ စီးပြားရွာလိုေသာ PDF တို႔အတြက္ လုပ္ငန္းတစ္ခု အသြင္ေျပာင္း သြားၿပီျဖစ္ေၾကာင္း မ်က္ျမင္ေတြ႕ ခဲ့ၾကရေပၿပီ။
ျပည္သူတို႔ကား ေငြလမ္းကို နင္းကာ လိုရာ ခရီး သြားေနၾကရသည္။ မသတ္သည့္အတြက္ပင္ ျပည္သူတို႔မွာ PDF တို႔ကို ေခါင္းငုံ႔ကာ ေက်းဇူးတင္ ေနရသည္။ အျပန္အလွန္အေနျဖင့္ ေငြရွင္ေၾကးရွင္ ယင္း PDF တို႔ကလည္း မိဘျပည္သူ မ်ားအေပၚ ေသနတ္လြယ္ကာ ေကာင္းစြာ ေက်းဇူးဆပ္ေနၾကေလသည္။
သုတေက်ာ္

Picture

Daw Soe

12/06/2025 19:00

နမခ သို့ တမ၃၃ က အဲလမ်းကြောတစ်လျှောက်အပါအဝင် သူတို့ဂိတ်တွေကို နေ့စဉ် ဝေဟင်ကင်းထောက် ဒရုန်းနဲ့ရှင်းနေရင်ရနေတာပဲလေ...

Related news

© 2021. All rights reserved.