ငလျင်ကြောင့် ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) (၂.၅)ရာခိုင်နှုန်းကျဆင်းနိုင်

177

NP News ဇွန်လ (၁၄) ရက်
ငလျင်ကြောင့် (၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ် မှာ မြန်မာပြည်၏ ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) ( ၂ ဒဿမ ၅) ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားကြောင်းသိရသည်။
ထိခိုက် ပျက်စီးဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ (၁၁) ဘီလီယံခန့်ရှိပြီး GDP ၏ (၁၄) ရာခိုင်နှုန်းခန့်ရှိကြောင်းသိရသည်။ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ နေပြည်တော် ပြည်ထောင်စုနယ်မြေနှင့် မကွေးတိုင်းဒေသကြီးတို့တွင် လူဦးရေ (၁၇) သန်းကျော် ထိခိုက်ခဲ့ပြီး ကိုးသန်းခန့် ပြင်းထန်စွာ ထိခိုက်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်ကခန့်မှန်းထားသည်။
“မြေငလျင်ကြောင့် အသက်အန္တရာယ် သိသိသာသာ ဆုံးရှုံးခဲ့ရပြီး ခက်ခဲတဲ့ စီးပွားရေး အခြေအနေတွေ ပိုဆိုးလာနေချိန်မှာ မြန်မာနိုင်ငံက ပြည်သူတွေရဲ့ ခံနိုင်ရည်ကို စမ်းသပ်နေပါတယ်” ဟု ထိုင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ဌာနခွဲ ဒါရိုက်တာ Melinda Good က ပြောသည်။
အဆိုးရွားဆုံး ဒဏ်ခံရသည့် မန္တလေးနဲ့ နေပြည်တော် ဒေသတွေ များတွင် ဧပြီ မှ စက်တင်ဘာ အတွင်း ပဲ ထွက်ရှိမှု၏ သုံးပုံတစ်ပုံခန့် ဆုံးရှုံးနိုင်ဖွယ်ရှိသော်လည်း ဘဏ္ဍာနှစ်၏ နောက်ဆုံးနှစ်ဝက် တွင် တစ်စိတ်တစ်ပိုင်း ပြန်လည်ကောင်းမွန်လာမည်ဟုဆိုသည်။
လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ၊ ကုန်သွယ်မှုနှင့် ငွေလဲနှုန်းကန့်သတ်ချက်တွေဆိုင်ရာ စိန်ခေါ်မှုများအကြား မှာစီးပွားရေးနောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်လာခဲ့ကြောင်း ကုန်စျေးနှုန်းများလည်း လျင်မြန်စွာ ဆက်လက်မြင့်တက်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

Zawgyi Version:
ငလ်င္ေၾကာင့္ ျပည္တြင္းအသားတင္ထုတ္ကုန္ (GDP) (၂.၅)ရာခိုင္ႏႈန္းက်ဆင္းႏိုင္
NP News ဇြန္လ (၁၄) ရက္
ငလ်င္ေၾကာင့္ (၂၀၂၅-၂၀၂၆) ဘ႑ာႏွစ္ မွာ ျမန္မာျပည္၏ ျပည္တြင္းအသားတင္ထုတ္ကုန္ (GDP) ( ၂ ဒႆမ ၅) ရာခိုင္ႏႈန္း က်ဆင္းႏိုင္ေၾကာင္း ကမာၻ႔ဘဏ္က ခန႔္မွန္းထားေၾကာင္းသိရသည္။
ထိခိုက္ ပ်က္စီးဆုံးရႈံးမႈမွာ အေမရိကန္ေဒၚလာ (၁၁) ဘီလီယံခန႔္ရွိၿပီး GDP ၏ (၁၄) ရာခိုင္ႏႈန္းခန႔္ရွိေၾကာင္းသိရသည္။ မႏၲေလး၊ စစ္ကိုင္း၊ ပဲခူး၊ ေနျပည္ေတာ္ ျပည္ေထာင္စုနယ္ေျမႏွင့္ မေကြးတိုင္းေဒသႀကီးတို႔တြင္ လူဦးေရ (၁၇) သန္းေက်ာ္ ထိခိုက္ခဲ့ၿပီး ကိုးသန္းခန႔္ ျပင္းထန္စြာ ထိခိုက္ခဲ့ေၾကာင္း ကမာၻ႔ဘဏ္ကခန႔္မွန္းထားသည္။
“ေျမငလ်င္ေၾကာင့္ အသက္အႏၲရာယ္ သိသိသာသာ ဆုံးရႈံးခဲ့ရၿပီး ခက္ခဲတဲ့ စီးပြားေရး အေျခအေနေတြ ပိုဆိုးလာေနခ်ိန္မွာ ျမန္မာႏိုင္ငံက ျပည္သူေတြရဲ႕ ခံႏိုင္ရည္ကို စမ္းသပ္ေနပါတယ္” ဟု ထိုင္းႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ ကမာၻ႔ဘဏ္ဌာနခြဲ ဒါ႐ိုက္တာ Melinda Good က ေျပာသည္။
အဆိုး႐ြားဆုံး ဒဏ္ခံရသည့္ မႏၲေလးနဲ႔ ေနျပည္ေတာ္ ေဒသေတြ မ်ားတြင္ ဧၿပီ မွ စက္တင္ဘာ အတြင္း ပဲ ထြက္ရွိမႈ၏ သုံးပုံတစ္ပုံခန႔္ ဆုံးရႈံးႏိုင္ဖြယ္ရွိေသာ္လည္း ဘ႑ာႏွစ္၏ ေနာက္ဆုံးႏွစ္ဝက္ တြင္ တစ္စိတ္တစ္ပိုင္း ျပန္လည္ေကာင္းမြန္လာမည္ဟုဆိုသည္။
လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈ ၊ ကုန္သြယ္မႈႏွင့္ ေငြလဲႏႈန္းကန႔္သတ္ခ်က္ေတြဆိုင္ရာ စိန္ေခၚမႈမ်ားအၾကား မွာစီးပြားေရးေနာက္ဆက္တြဲ ငလ်င္မ်ား လႈပ္ခတ္လာခဲ့ေၾကာင္း ကုန္ေစ်းႏႈန္းမ်ားလည္း လ်င္ျမန္စြာ ဆက္လက္ျမင့္တက္ေနေၾကာင္း အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။