တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်

207

ပြည့်ဖြိုး (NP News)
ပြည်တွင်းဈေးကွက်အတွင်း ရွှေဈေးများ ဆက်တိုက်မြင့်တက်နေဆဲဖြစ်ပြီး ပြင်ပဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် (၇၈)သိန်းကျော်အထိ ဈေးများမြင့်တက်နေသည်။ ဝါရင့်ရွှေလုပ်ငန်းရှင် များကမူ ပြည်တွင်းအခေါက်ရွှေဈေးကို သိန်း (၈၀) အထိသာ အမြင့်ဆုံးဈေးရောက်ရှိနိုင်ကြောင်း ခန့်မှန်း ချက်များထွက်ပေါ်နေသည်။ ပြည်တွင်းရွှေဈေးသည် မိုးရာသီအစောပိုင်းကာလများတွင် နှစ်စဉ် မြင့်တက် နေခြင်းဖြစ်သော်လည်း ယခုနှစ်တွင်မူ မြန်မာငွေတန်ဖိုးကျဆင်းခြင်းနှင့် ငွေကြေးဖောင်းပွမှုများကြောင့် စံချိန်တင်မြင့်တက်နေခြင်းဖြစ်သည်။ ပြည်တွင်းနိုင်ငံ ခြားငွေဈေးကွက်တွင် ဗဟိုဘဏ်မှ နိုင်ငံခြားငွေ များ ဆက်တိုက်ထုတ်ရောင်းနေသည့်အပြင် ပို့ကုန်/ သွင်းကုန်လုပ်ငန်းများတွင် ဒေါ်လာလိုအပ်ချက် နည်းပါးလာခြင်းကြောင့် ဒေါ်လာဈေးများတည်ငြိမ်နေသည်။ သို့သော်လည်း ယခုတစ်ပတ်အတွင်း အမေ ရိကန် တစ်ဒေါ်လာလျှင် မြန်မာငွေ (၄၄၄၀)ကျပ်သို့ ရောက်ရှိလာရာ ယခင်တစ်ပတ်ကထက် မြန်မာငွေ (၁၀) ကျပ်ခန့်မြင့်တက်လာကြောင်း သိရသည်။ ကျန်နိုင်ငံခြားငွေများမှာ အပြောင်းအလဲမရှိတည်ငြိမ် နေရာလာမည့်ရက်ပိုင်းအတွင်း အပြောင်းအလဲနည်းပါးနိုင်ကြောင်း သိရသည်။ ဒေါ်လာဈေး တည်ငြိမ် နေချိန်တွင် နိုင်ငံတကာ စက်သုံးဆီဈေးများ အကျပိုင်းသို့ရောက်ရှိလာရာ ပြည်တွင်းစက်သုံးဆီ ဈေးများ လိုက်ပါကျဆင်းလာသည်။ ထို့အတူ ယခင်သီတင်းပတ်များအတိုင်း စားအုန်းဆီဈေးများ ဆက်လက်ကျ ဆင်းနေရာ လတ်တလောတွင် လက်ကား ဖြန့်ချိရေးရည်ညွှန်းဈေးမှာ စားအုန်းဆီတစ်ပိဿာလျှင် (၆၁၈၅) ကျပ်ဝန်းကျင်အထိ ဈေးများကျဆင်းနေသည်။ အခြေခံကုန်စည်ဈေးနှုန်းအများစုမှာ ဈေးနှုန်း အမြင့်ပိုင်းတွင်တည်ရှိနေပြီး ဆက်လက်စောင်ကြည့်ရမည်ဖြစ်သည်။ ဝါ မဝင်ခင်ကာလအထိ အခြေခံ ကုန်စည်ဈေးနှုန်းများ အတက်အကျ မတည်ငြိမ်နိုင်ကြောင်း ကျွမ်းကျင်သူများ ကခန့်မှန်းထားကြသော် လည်း အထွေထွေကုန်ဈေးနှုန်းအတက်အကျသည် သုံးလဝန်းကျင်ခန့်ကြာမြင့်နိုင်ကြောင်းသိရသည်။
ကမ္ဘာ့ရွှေဈေးကြောင့် ပြည်တွင်းရွှေဈေး ဆက်တိုက်မြင့်တက်နေ
နိုင်ငံတကာဈေးကွက် အပြောင်းအလဲများ၊ ကမ္ဘာ့စစ်ရေးအပြောင်းအလဲများကြောင့် ယခုတစ် ပတ်အတွင်း နိုင်ငံတကာရွှေဈေးကွက်တွင် အတက်အကျ မတည်ငြိမ်ဘဲ ဈေးနှုန်းအမြင့်ပိုင်းတွင်ရောက် ရှိနေကြောင်းသိရသည်။ ဇွန်လ (၄)ရက်နှင့် (၅) ရက်တို့တွင် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် (၃၃၉၈) ဒေါ်လာအထိမြင့်တက်ခဲ့ရာ ပြည်တွင်း ရွှေ ဈေးများလည်း လိုက်ပါမြင့်တက်နေကြောင်းသိရ သည်။ ဇွန်လ(၆)ရက်တွင် ရွှေတစ်အောင်စလျှင် (၃၃၆၂) ဒေါ်လာသို့ပြန်လည်ကျဆင်းလာပြီး ဇွန်လ (၇) ရက်နှင့်(၈)ရက်တွင် (၃၃၁၁)ဒေါ်လာ၊ ဇွန်လ (၉)ရက်တွင် (၃၃၁၉)ဒေါ်လာဖြင့် ပေါက်ဈေး အသီးသီးရှိ ကြောင်း သိရသည်။ ကမ္ဘာ့ရွှေဈေးကွက် မတည်မငြိမ်ဖြစ်နေမှုကြောင့် ပြည်တွင်းရွှေဈေးများ အတက် အကျ ရှိနေရာ ရောင်းမှားဝယ်မှားမဖြစ်စေရန် သတိထားသင့်ကြောင်း ရွှေဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်သည်။ ပြည်တွင်းရွှေဈေးကွက်အတွင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA ၏ သတ် မှတ်ရည်ညွှန်းဈေးများထုတ်ပြန်နေသော်လည်း ရွှေဆိုင်အများစုမှာ ပြင်ပရွှေပေါက်ဈေးဖြင့်တွက် ချက် အရောင်းအဝယ်ပြုလုပ်နေကြဆဲဖြစ်သည်။ အခေါက်ရွှေဈေးမှာ ပြင်ပပေါက်ဈေးနှင့် YGEA ပေါက်ဈေး အကြားကွာခြားချက်မှာ တစ်ကျပ်သားလျှင် သိန်း (၂၀)ဝန်းကျင်ခန့် ရှိကြောင်းသိရသည်။ ရွှေဈေးကွက် အတွင်း အခေါက်ရွှေဈေးသည် ရောင်းသူ/ဝယ်သူ အကြား မှောင်ခိုစနစ်ဖြင့်သာရောင်းချနေဆဲဖြစ် ကြောင်း သိရသည်။ ပြင်ပအခေါက်ရွှေဈေးမှာ ဇွန်လ(၄)ရက်တွင် တစ်ကျပ်သားလျှင်(၇၇)သိန်းခွဲဝန်း ကျင်ပေါက် ဈေးရှိရာမှ ဇွန်လ (၅)ရက်နှင့်(၆)ရက်တို့တွင် (၇၈)သိန်းတစ်သောင်းအထိဈေးမြင့်တက်ခဲ့ပြီး ဇွန်လ (၇)ရက် စနေနေ့တွင် (၇၈)သိန်းဖြင့် ဈေးပိတ်ခဲ့သည်။ ဇွန်လ(၉)ရက် ဈေးဖွင့်ချိန်တွင် (၇၈)သိန်း သုံးသောင်းအထိ ဈေးများပြန်လည်မြင့်တက်နေပြီး လက်ရှိ ဇွန် လ(၁၀)ရက်တွင် (၇၈)သိန်းနှစ်သောင်း ဝန်းကျင် ပေါက်ဈေးဖြင့် ဈေးအမြင့်ပိုင်းသို့ရောက်ရှိလာသည်။ ပြည်တွင်းရွှေဈေးကွက်သည် ပုံမှန်ရွှေဈေး မြင့်တက်ချိန်နှင့်တိုက်ဆိုင်နေသည့်အပြင် ကမ္ဘာ့ရွှေဈေးများမြင့် တက်နေခြင်းကြောင့် ဈေးအမြင့်ပိုင်း တွင်တည်ရှိပြီး အတက်အကျခန့်မှန်းရန်ခက်ခဲသောအခြေအနေတွင် ရောက်ရှိနေသည်။ လာမည့် ရက် ပိုင်းအတွင်း ပြည်တွင်းရွှေဈေးများ ဈေးနှုန်းအမြင့်ပိုင်းတွင် ဆက်လက်ရပ်တည်နိုင်ပြီး နိုင်ငံတကာ ရွှေဈေး အခြေအနေပေါ်မူတည်ကာ အပြောင်းအလဲဖြစ်ပေါ်နေမည်ဖြစ်သည်။
နိုင်ငံခြားငွေလဲနှုန်းတည်ငြိမ်ပြီး စက်သုံးဆီဈေး ဆက်လက်ကျဆင်း
ပြည်တွင်း နိုင်ငံခြားငွေလဲဈေးကွက်တွင် အရောင်း/အဝယ် နှစ်ခုစလုံးအေးကာ ဈေးနှုန်းအများစု တည်ငြိမ်နေကြောင်းသိရသည်။ အမေရိကန် ဒေါ်လာဈေးနှုန်းသည် ယခင်တစ်ပတ်အတွင်းက တစ်ဒေါ် လာလျှင်(၄၄၃၀)ကျပ်ဝန်းကျင်ပေါက်ဈေးရှိ နေခဲ့သော်လည်း လက်ရှိအချိန်တွင် (၄၄၄၀)ကျပ် ဝန်းကျင် သို့ရောက်ရှိလာသည်။ အမေရိကန် တစ်ဒေါ်လာလျှင် (၁၀) ကျပ်ခန့် ဈေးမြင့်တက်လာခြင်းဖြစ်ပြီး အခြား နိုင်ငံခြားငွေဈေးများလည်း အနည်းငယ် အပြောင်းအလဲရှိကြောင်းသိရသည်။ ပို့ကုန်/သွင်းကုန်လုပ်ငန်း များနှေးကွေးနေခြင်းကြောင့် အမေရိကန်ဒေါ် လာဈေးတည်ငြိမ်နေပြီး ပြင်ပ ဒေါ်လာ အရောင်း/ အဝယ် ဈေးကွက်အတွင်း အဖမ်းအဆီးများကြောင့် ဒေါ်လာငွေတန်ဖိုးတည်ငြိမ်နေခြင်းဖြစ်သည်။ ထို့ပြင် ဗဟို ဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေများ ဆက်တိုက်ရောင်းချပေးနေခြင်းကြောင့် ဒေါ်လာဈေး အတက်အကျ နည်းပါးနေခြင်းဖြစ်သည်။ နယ်စပ်သွင်းကုန်/ပို့ကုန်လုပ်ငန်းများ နှေးကွေးနေ ခြင်းကြောင့် နိုင်ငံခြားငွေလဲနှုန်းများ အပြောင်းအလဲ နည်းပါးနေကြောင်း ကျွမ်းကျင်သူများကခန့်မှန်း ထားသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြား ငွေကြေးဈေးကွက် (FX Trading Platform) မှ အမေရိကန်ဒေါ်လာအပါအဝင် နိုင်ငံခြားငွေကြေးများ ထုတ်ရောင်းပေးရာတွင် ငွေလဲနှုန်း (၅၄၈ ဒသမ ၂၄) ကျပ်ဖြင့် တရုတ်ယွမ် ငါးသိန်းရှစ်သောင်းနီးပါးကို ဇွန် (၂)ရက်တွင်ရောင်းချပေးခဲ့ကြောင်း ကြေညာ ထားသည် ။ ထို့ပြင် ငွေလဲနှုန်း (၁၃၂ ဒသမ ၇၅) ကျပ်ဖြင့် ထိုင်းဘတ် (၄ ဒသမ ၇၂၁) သန်းကိုလည်း ရောင်းချပေးခဲ့ကြောင်းသိရသည်။ ဆက်လက်ပြီး ဇွန်လ (၄) ရက်တွင်လည်း စက်သုံးဆီလုပ်ငန်းရှင်များ အတွက် အမေရိကန်ဒေါ်လာ သန်း (၃၀)ရောင်းချပေးမည်ဟု ကြေညာခဲ့သည်။ အထက်ပါ အခြေအနေ များအရ နိုင် ငံခြားငွေလဲဈေးကွက်တွင် ဗဟိုဘဏ်မှ ဆက်တိုက် ရောင်းချပေးမှုကြောင့် ငွေလဲနှုန်းများ တည်ငြိမ်နေကြောင်းသိရသည်။ ငွေကြေးဈေးကွက်အတွင်း၌ စင် ကာပူတစ်ဒေါ်လာ (၃၄၂၅)ကျပ် ဝန်း ကျင်၊ တရုတ် တစ်ယွမ် (၆၁၅)ကျပ်ဝန်းကျင်၊ ထိုင်း တစ်ဘတ် (၁၃၅) ကျပ်ဝန်းကျင်၊ အိန္ဒိယတစ်ရူပီး (၅၁) ကျပ် ဝန်းကျင်ဖြင့် ယခင်တစ်ပတ်ဈေးနှုန်းများအတိုင်း ရပ်တည်နေကြောင်းသိရသည်။
စက်သုံးဆီဈေးကွက်အတွင်း စက်သုံးဆီ အမျိုးစားအားလုံး ဈေးဆက်လက်ကျဆင်းနေကြောင်း သိရသည်။ အဓိကအနေဖြင့် နိုင်ငံခြားငွေလဲ ဈေးနှုန်းတည်ငြိမ်နေခြင်းနှင့် နိုင်ငံတကာစက်သုံးဆီ ဈေး နှုန်းများ ဆက်တိုက် အကျပိုင်းသို့ရောက်ရှိနေခြင်းကြောင့်ဖြစ်သည်။ စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ဇွန်လ(၁၀)ရက်ကထုတ်ပြန်သော စက်သုံးဆီ ပေါက်ဈေး များမှာ (၉၂) ဓာတ်ဆီ တစ်လီတာလျှင် (၂၈၄၅) ကျပ်၊ (၉၅) ဓာတ်ဆီ တစ်လီတာလျှင် (၂၈၉၅) ကျပ်၊ ဒီဇယ်တစ်လီတာလျှင် (၂၃၇၅) ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် (၂၉၅၀)ကျပ်ဖြင့် ရန်ကုန်မြို့ အတွက် ရည်òန်းဈေး သတ်မှတ်ထားသည်။ လွန်ခဲ့သည့် တစ်ပတ်ပေါက်ဈေးများမှာ (၉၂) ဓာတ်ဆီ တစ်လီတာ (၂၈၅၅) ကျပ်၊ (၉၅) ဓာတ်ဆီ တစ်လီတာ (၂၉၁၀) ကျပ်၊ ဒီဇယ် တစ်လီတာ (၂၄၀၅) ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ (၂၉၇၀) ကျပ် သတ်မှတ်ထားခဲ့ခြင်းဖြစ် သည်။ ထို့ကြောင့် လက်ရှိတွင် (၉၂) ဓာတ်ဆီတစ် လီတာ (၁၀) ကျပ်၊ (၉၅) တစ်လီတာ (၁၅) ကျပ်၊ ဒီဇယ် တစ်လီတာ (၃၀) ကျပ်၊ ပရီမီယံဒီ ဇယ် တစ်လီ တာ (၂၀) ကျပ်ဖြင့် အသီးသီး ဈေးကျဆင်းနေခြင်း ဖြစ်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ပြည်နယ်နှင့်တိုင်းများတွင်လည်း ရည်òန်းပေါက်ဈေးများ ပြန် လည်ကျဆင်းနေကြောင်းသိရသည်။ ပြည်တွင်းဒေါ်လာဈေးနှင့် နိုင်ငံခြားငွေလဲဈေးနှုန်းများ ဆက်လက်တည်ငြိမ်နေပါက စက်သုံးဆီဈေးများ လည်း လာမည့်ရက်ပိုင်းအတွင်း အကျပိုင်းတွင် ဆက်လက်ရပ်တည်နေမည်ဖြစ်သည်။
အထွေထွေကုန်စည်နှင့် အခြေခံစားသောက်ကုန်ဈေးနှုန်း
ယခုတစ်ပတ် အခြေခံစားသောက်ကုန်ဈေး ကွက်တွင် အသား/ငါး အချို့ ဈေးပြန်ကျလာပြီး ကုန် စိမ်းဈေးကွက်တွင် ကုန်စည်အများစုဈေးကျနေကြောင်း သိရသည်။ ။
စားအုန်းဆီဈေးကွက်တွင် စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် ဇွန်လ(၉)ရက်မှ (၁၅) ရက်အထိ ရန်ကုန်အထိုင် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေး တစ်ပိဿာ (၆၁၈၅) ကျပ်အဖြစ် သတ်မှတ်ထားခြင်းကြောင့် ယခင်တစ်ပတ် ဈေးနှုန်း အောက် (၈၀)ကျပ်ဝန်းကျင် ထပ်မံကျဆင်းလာကြောင်းသိရသည်။
စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့နေသည့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံများမှတစ်ဆင့် မြန်မာနိုင်ငံကို CIF စနစ်အရ တင်သွင်းနေသည့် စားအုန်းဆီ တစ်တန်ဈေးနှုန်းသည် (၂၀၂၅) ခုနှစ် ဇန်န ဝါရီလမှစတင်ပြီး ဆက်တိုက်ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ပြည်တွင်း တစ်ပိဿာ လက်ကား ရည်ညွှန်းဈေးသည် ငါးလတာကာလအတွင်း (၈၉၀) ကျပ်ကျဆင်းလာကြောင်းသိရသည်။
ပြင်ပဈေးကွက်၏ စားသုံးဆီဈေးမှာ ကျပ် တစ်သောင်းမှ တစ်သောင်းနှစ်ထောင်ဝန်းကျင်တွင် ဆက်လက်တည်ရှိနေသည်။ ဆီစာအုပ်ဖြင့် (၁၀) ရက်တစ်ကြိမ်စီ၊ တစ်ပိဿာနှုန်းရောင်းချပေးသော ဆီထုတ်ဈေးမှာ ကျပ် (၇၀ဝဝ) ဝန်းကျင်တွင် ဈေးမကျဘဲရပ်တန့်နေကြောင်းသိရသည်။
ဆန်ဈေးကွက်အတွင်း ဆန်ဈေးနှုန်းများ အမြင့်ဈေးအတိုင်းရပ်တည်နေဆဲဖြစ်ပြီး ဆန်ကြမ်း ဆင်းသွယ် (အသစ်) တစ်အိတ် ကိုးသောင်းလေး ထောင်ကျပ်၊ ဇီယာ(ရှယ်) တစ်အိတ် ရှစ်သောင်းကျပ် ဝန်းကျင်တွင် ရှိနေသည်။ ဆန်ချောများတွင် ရွှေဘို ပေါ်ဆန်း တစ်အိတ် တစ်သိန်းခြောက်သောင်းကျပ်၊ ဖျာပုံပေါ်ဆန်း (ထူးရှယ်) တစ်အိတ် တစ်သိန်းနှစ် သောင်းကိုးထောင်ကျပ်ဝန်းကျင်တွင် အတက်ဈေးဖြင့် ရပ်တည်နေသည်။
ကုန်ခြောက်ဈေးကွက်တွင် အာလူးသည် ယခင်တစ်ပတ်ဈေးနှုန်းအတိုင်း တစ်ပိဿာ ကျပ် (၆၀ဝဝ)ဝန်းကျင် ဈေးရှိနေသည်။ ကြက်သွန်နီနှင့် ကြက်သွန်ဖြူဈေးများ ပြန်လည်ကျဆင်းနေပြီး ကြက် သွန်နီအမျိုးအစားအလိုက် တစ်ပိဿာ (၁၅၀ဝ) ကျပ်မှ (၂၆၀ဝ) ကျပ်ဝန်းကျင်တွင်ရပ်တည်နေသည်။ ကြက်သွန်ဖြူမှာ အမျိုးအစားအလိုက် တစ်ပိဿာ တစ်သောင်းနှစ်ထောင်ကျပ်မှ ကျပ်တစ်သောင်းခွဲ ဝန်းကျင်တွင်ရှိနေသည်။
ကုန်စိမ်းဈေးကွက်အတွင်း ဂေါ်ဖီထုပ် တစ် ထုပ် (၂၀ဝဝ) ကျပ်ဝန်းကျင်၊ ပန်းဂေါ်ဖီအပွင့်ကြီး တစ်ပွင့် (၃၀ဝဝ)ကျပ်ဝန်းကျင်၊ ပန်းဂေါ်ဖီစိမ်းတစ် ပွင့် ကျပ် (၃၀ဝဝ)ဝန်းကျင်ဖြင့် ယခင်တစ်ပတ်ဈေး အတိုင်းရှိနေသည်။
အသားငါးဈေးကွက်တွင် ငါး၊ ပုစွန်ဈေး ပြန်ကျနေပြီး ငါးမြစ်ချင်းတစ်ပိဿာ ကျပ် တစ်သောင်း ခြောက်ထောင် ဝန်းကျင်၊ ငါးကြင်း တစ်ပိဿာ နှစ် သောင်းတစ်ထောင်ကျပ်ဝန်းကျင်တွင်ရှိနေသည်။ ပုစွန်ဈေးမှာ အမျိုးအစားအလိုက် တစ်ပိဿာ ကျပ် နှစ်သောင်းခွဲမှ ငါးသောင်းခွဲဝန်းကျင်အထိ ပေါက် ဈေးရှိသည်။
ဈေးကွက်တွင် ကြက်သားဈေးများမှာ တစ်ပိဿာ ကျပ်နှစ်သောင်းဝန်းကျင်ဈေးဖြင့် အကျပိုင်း သို့ရောက်ရှိလာသည်။ ဝက်သားဈေးမှာ တစ်ပိဿာ ကျပ်သုံးသောင်းခွဲဝန်းကျင်၊ အမဲသားဈေးမှာ တစ် ပိဿာ ကျပ်သုံးသောင်းနှစ်ထောင်ဝန်းကျင်ဖြင့် ဈေး အနည်းငယ်ပြန်ကျနေသည်။ ဆိတ်သားဈေးမှာ တစ်ပိဿာ ကျပ် လေးသောင်းခုနစ်ထောင်ဝန်းကျင် ဖြင့် အမြင့်ဈေးအတိုင်းရှိနေပြီး လက်ရှိဖော်ပြခဲ့ သော ဈေးနှုန်းများသည် နေရာဒေသပေါ်မူတည်ပြီး ကွာခြား မှုရှိနိုင်ကြောင်းသိရသည်။ လာမည့် ရက် ပိုင်းအတွင်း အခြေခံကုန်စည်ဈေးနှုန်းများ တည်ငြိမ်မှုနည်းပါးနိုင်ပြီး စောင့်ကြည့်ရမည့်အခြေအနေသို့ ရောက်ရှိနေသည်။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရး ေဈးကြက္သုံးသပ္ခ်က္
ျပည့္ၿဖိဳး (NP News)
ျပည္တြင္းေဈးကြက္အတြင္း ေ႐ႊေဈးမ်ား ဆက္တိုက္ျမင့္တက္ေနဆဲျဖစ္ၿပီး ျပင္ပေဈးကြက္တြင္ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ (၇၈)သိန္းေက်ာ္အထိ ေဈးမ်ားျမင့္တက္ေနသည္။ ဝါရင့္ေ႐ႊလုပ္ငန္းရွင္ မ်ားကမူ ျပည္တြင္းအေခါက္ေ႐ႊေဈးကို သိန္း (၈၀) အထိသာ အျမင့္ဆုံးေဈးေရာက္ရွိႏိုင္ေၾကာင္း ခန႔္မွန္း ခ်က္မ်ားထြက္ေပၚေနသည္။ ျပည္တြင္းေ႐ႊေဈးသည္ မိုးရာသီအေစာပိုင္းကာလမ်ားတြင္ ႏွစ္စဥ္ ျမင့္တက္ ေနျခင္းျဖစ္ေသာ္လည္း ယခုႏွစ္တြင္မူ ျမန္မာေငြတန္ဖိုးက်ဆင္းျခင္းႏွင့္ ေငြေၾကးေဖာင္းပြမႈမ်ားေၾကာင့္ စံခ်ိန္တင္ျမင့္တက္ေနျခင္းျဖစ္သည္။ ျပည္တြင္းႏိုင္ငံ ျခားေငြေဈးကြက္တြင္ ဗဟိုဘဏ္မွ ႏိုင္ငံျခားေငြ မ်ား ဆက္တိုက္ထုတ္ေရာင္းေနသည့္အျပင္ ပို႔ကုန္/ သြင္းကုန္လုပ္ငန္းမ်ားတြင္ ေဒၚလာလိုအပ္ခ်က္ နည္းပါးလာျခင္းေၾကာင့္ ေဒၚလာေဈးမ်ားတည္ၿငိမ္ေနသည္။ သို႔ေသာ္လည္း ယခုတစ္ပတ္အတြင္း အေမ ရိကန္ တစ္ေဒၚလာလွ်င္ ျမန္မာေငြ (၄၄၄၀)က်ပ္သို႔ ေရာက္ရွိလာရာ ယခင္တစ္ပတ္ကထက္ ျမန္မာေငြ (၁၀) က်ပ္ခန႔္ျမင့္တက္လာေၾကာင္း သိရသည္။ က်န္ႏိုင္ငံျခားေငြမ်ားမွာ အေျပာင္းအလဲမရွိတည္ၿငိမ္ ေနရာလာမည့္ရက္ပိုင္းအတြင္း အေျပာင္းအလဲနည္းပါးႏိုင္ေၾကာင္း သိရသည္။ ေဒၚလာေဈး တည္ၿငိမ္ ေနခ်ိန္တြင္ ႏိုင္ငံတကာ စက္သုံးဆီေဈးမ်ား အက်ပိုင္းသို႔ေရာက္ရွိလာရာ ျပည္တြင္းစက္သုံးဆီ ေဈးမ်ား လိုက္ပါက်ဆင္းလာသည္။ ထို႔အတူ ယခင္သီတင္းပတ္မ်ားအတိုင္း စားအုန္းဆီေဈးမ်ား ဆက္လက္က် ဆင္းေနရာ လတ္တေလာတြင္ လက္ကား ျဖန႔္ခ်ိေရးရည္ၫႊန္းေဈးမွာ စားအုန္းဆီတစ္ပိႆာလွ်င္ (၆၁၈၅) က်ပ္ဝန္းက်င္အထိ ေဈးမ်ားက်ဆင္းေနသည္။ အေျခခံကုန္စည္ေဈးႏႈန္းအမ်ားစုမွာ ေဈးႏႈန္း အျမင့္ပိုင္းတြင္တည္ရွိေနၿပီး ဆက္လက္ေစာင္ၾကည့္ရမည္ျဖစ္သည္။ ဝါ မဝင္ခင္ကာလအထိ အေျခခံ ကုန္စည္ေဈးႏႈန္းမ်ား အတက္အက် မတည္ၿငိမ္ႏိုင္ေၾကာင္း ကြၽမ္းက်င္သူမ်ား ကခန႔္မွန္းထားၾကေသာ္ လည္း အေထြေထြကုန္ေဈးႏႈန္းအတက္အက်သည္ သုံးလဝန္းက်င္ခန႔္ၾကာျမင့္ႏိုင္ေၾကာင္းသိရသည္။
ကမာၻ႔ေ႐ႊေဈးေၾကာင့္ ျပည္တြင္းေ႐ႊေဈး ဆက္တိုက္ျမင့္တက္ေန
ႏိုင္ငံတကာေဈးကြက္ အေျပာင္းအလဲမ်ား၊ ကမာၻ႔စစ္ေရးအေျပာင္းအလဲမ်ားေၾကာင့္ ယခုတစ္ ပတ္အတြင္း ႏိုင္ငံတကာေ႐ႊေဈးကြက္တြင္ အတက္အက် မတည္ၿငိမ္ဘဲ ေဈးႏႈန္းအျမင့္ပိုင္းတြင္ေရာက္ ရွိေနေၾကာင္းသိရသည္။ ဇြန္လ (၄)ရက္ႏွင့္ (၅) ရက္တို႔တြင္ ကမာၻ႔ေ႐ႊေဈးသည္ တစ္ေအာင္စလွ်င္ (၃၃၉၈) ေဒၚလာအထိျမင့္တက္ခဲ့ရာ ျပည္တြင္း ေ႐ႊ ေဈးမ်ားလည္း လိုက္ပါျမင့္တက္ေနေၾကာင္းသိရ သည္။ ဇြန္လ(၆)ရက္တြင္ ေ႐ႊတစ္ေအာင္စလွ်င္ (၃၃၆၂) ေဒၚလာသို႔ျပန္လည္က်ဆင္းလာၿပီး ဇြန္လ (၇) ရက္ႏွင့္(၈)ရက္တြင္ (၃၃၁၁)ေဒၚလာ၊ ဇြန္လ (၉)ရက္တြင္ (၃၃၁၉)ေဒၚလာျဖင့္ ေပါက္ေဈး အသီးသီးရွိ ေၾကာင္း သိရသည္။ ကမာၻ႔ေ႐ႊေဈးကြက္ မတည္မၿငိမ္ျဖစ္ေနမႈေၾကာင့္ ျပည္တြင္းေ႐ႊေဈးမ်ား အတက္ အက် ရွိေနရာ ေရာင္းမွားဝယ္မွားမျဖစ္ေစရန္ သတိထားသင့္ေၾကာင္း ေ႐ႊေဈးကြက္ကြၽမ္းက်င္သူမ်ားက သုံးသပ္သည္။ ျပည္တြင္းေ႐ႊေဈးကြက္အတြင္း ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း YGEA ၏ သတ္ မွတ္ရည္ၫႊန္းေဈးမ်ားထုတ္ျပန္ေနေသာ္လည္း ေ႐ႊဆိုင္အမ်ားစုမွာ ျပင္ပေ႐ႊေပါက္ေဈးျဖင့္တြက္ ခ်က္ အေရာင္းအဝယ္ျပဳလုပ္ေနၾကဆဲျဖစ္သည္။ အေခါက္ေ႐ႊေဈးမွာ ျပင္ပေပါက္ေဈးႏွင့္ YGEA ေပါက္ေဈး အၾကားကြာျခားခ်က္မွာ တစ္က်ပ္သားလွ်င္ သိန္း (၂၀)ဝန္းက်င္ခန႔္ ရွိေၾကာင္းသိရသည္။ ေ႐ႊေဈးကြက္ အတြင္း အေခါက္ေ႐ႊေဈးသည္ ေရာင္းသူ/ဝယ္သူ အၾကား ေမွာင္ခိုစနစ္ျဖင့္သာေရာင္းခ်ေနဆဲျဖစ္ ေၾကာင္း သိရသည္။ ျပင္ပအေခါက္ေ႐ႊေဈးမွာ ဇြန္လ(၄)ရက္တြင္ တစ္က်ပ္သားလွ်င္(၇၇)သိန္းခြဲဝန္း က်င္ေပါက္ ေဈးရွိရာမွ ဇြန္လ (၅)ရက္ႏွင့္(၆)ရက္တို႔တြင္ (၇၈)သိန္းတစ္ေသာင္းအထိေဈးျမင့္တက္ခဲ့ၿပီး ဇြန္လ (၇)ရက္ စေနေန႔တြင္ (၇၈)သိန္းျဖင့္ ေဈးပိတ္ခဲ့သည္။ ဇြန္လ(၉)ရက္ ေဈးဖြင့္ခ်ိန္တြင္ (၇၈)သိန္း သုံးေသာင္းအထိ ေဈးမ်ားျပန္လည္ျမင့္တက္ေနၿပီး လက္ရွိ ဇြန္ လ(၁၀)ရက္တြင္ (၇၈)သိန္းႏွစ္ေသာင္း ဝန္းက်င္ ေပါက္ေဈးျဖင့္ ေဈးအျမင့္ပိုင္းသို႔ေရာက္ရွိလာသည္။ ျပည္တြင္းေ႐ႊေဈးကြက္သည္ ပုံမွန္ေ႐ႊေဈး ျမင့္တက္ခ်ိန္ႏွင့္တိုက္ဆိုင္ေနသည့္အျပင္ ကမာၻ႔ေ႐ႊေဈးမ်ားျမင့္ တက္ေနျခင္းေၾကာင့္ ေဈးအျမင့္ပိုင္း တြင္တည္ရွိၿပီး အတက္အက်ခန႔္မွန္းရန္ခက္ခဲေသာအေျခအေနတြင္ ေရာက္ရွိေနသည္။ လာမည့္ ရက္ ပိုင္းအတြင္း ျပည္တြင္းေ႐ႊေဈးမ်ား ေဈးႏႈန္းအျမင့္ပိုင္းတြင္ ဆက္လက္ရပ္တည္ႏိုင္ၿပီး ႏိုင္ငံတကာ ေ႐ႊေဈး အေျခအေနေပၚမူတည္ကာ အေျပာင္းအလဲျဖစ္ေပၚေနမည္ျဖစ္သည္။
ႏိုင္ငံျခားေငြလဲႏႈန္းတည္ၿငိမ္ၿပီး စက္သုံးဆီေဈး ဆက္လက္က်ဆင္း
ျပည္တြင္း ႏိုင္ငံျခားေငြလဲေဈးကြက္တြင္ အေရာင္း/အဝယ္ ႏွစ္ခုစလုံးေအးကာ ေဈးႏႈန္းအမ်ားစု တည္ၿငိမ္ေနေၾကာင္းသိရသည္။ အေမရိကန္ ေဒၚလာေဈးႏႈန္းသည္ ယခင္တစ္ပတ္အတြင္းက တစ္ေဒၚ လာလွ်င္(၄၄၃၀)က်ပ္ဝန္းက်င္ေပါက္ေဈးရွိ ေနခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ (၄၄၄၀)က်ပ္ ဝန္းက်င္ သို႔ေရာက္ရွိလာသည္။ အေမရိကန္ တစ္ေဒၚလာလွ်င္ (၁၀) က်ပ္ခန႔္ ေဈးျမင့္တက္လာျခင္းျဖစ္ၿပီး အျခား ႏိုင္ငံျခားေငြေဈးမ်ားလည္း အနည္းငယ္ အေျပာင္းအလဲရွိေၾကာင္းသိရသည္။ ပို႔ကုန္/သြင္းကုန္လုပ္ငန္း မ်ားေႏွးေကြးေနျခင္းေၾကာင့္ အေမရိကန္ေဒၚ လာေဈးတည္ၿငိမ္ေနၿပီး ျပင္ပ ေဒၚလာ အေရာင္း/ အဝယ္ ေဈးကြက္အတြင္း အဖမ္းအဆီးမ်ားေၾကာင့္ ေဒၚလာေငြတန္ဖိုးတည္ၿငိမ္ေနျခင္းျဖစ္သည္။ ထို႔ျပင္ ဗဟို ဘဏ္မွ စက္သုံးဆီလုပ္ငန္းရွင္မ်ားအတြက္ ႏိုင္ငံျခားေငြမ်ား ဆက္တိုက္ေရာင္းခ်ေပးေနျခင္းေၾကာင့္ ေဒၚလာေဈး အတက္အက် နည္းပါးေနျခင္းျဖစ္သည္။ နယ္စပ္သြင္းကုန္/ပို႔ကုန္လုပ္ငန္းမ်ား ေႏွးေကြးေန ျခင္းေၾကာင့္ ႏိုင္ငံျခားေငြလဲႏႈန္းမ်ား အေျပာင္းအလဲ နည္းပါးေနေၾကာင္း ကြၽမ္းက်င္သူမ်ားကခန႔္မွန္း ထားသည္။ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္သည္ ႏိုင္ငံျခား ေငြေၾကးေဈးကြက္ (FX Trading Platform) မွ အေမရိကန္ေဒၚလာအပါအဝင္ ႏိုင္ငံျခားေငြေၾကးမ်ား ထုတ္ေရာင္းေပးရာတြင္ ေငြလဲႏႈန္း (၅၄၈ ဒသမ ၂၄) က်ပ္ျဖင့္ တ႐ုတ္ယြမ္ ငါးသိန္းရွစ္ေသာင္းနီးပါးကို ဇြန္ (၂)ရက္တြင္ေရာင္းခ်ေပးခဲ့ေၾကာင္း ေၾကညာ ထားသည္ ။ ထို႔ျပင္ ေငြလဲႏႈန္း (၁၃၂ ဒသမ ၇၅) က်ပ္ျဖင့္ ထိုင္းဘတ္ (၄ ဒသမ ၇၂၁) သန္းကိုလည္း ေရာင္းခ်ေပးခဲ့ေၾကာင္းသိရသည္။ ဆက္လက္ၿပီး ဇြန္လ (၄) ရက္တြင္လည္း စက္သုံးဆီလုပ္ငန္းရွင္မ်ား အတြက္ အေမရိကန္ေဒၚလာ သန္း (၃၀)ေရာင္းခ်ေပးမည္ဟု ေၾကညာခဲ့သည္။ အထက္ပါ အေျခအေန မ်ားအရ ႏိုင္ ငံျခားေငြလဲေဈးကြက္တြင္ ဗဟိုဘဏ္မွ ဆက္တိုက္ ေရာင္းခ်ေပးမႈေၾကာင့္ ေငြလဲႏႈန္းမ်ား တည္ၿငိမ္ေနေၾကာင္းသိရသည္။ ေငြေၾကးေဈးကြက္အတြင္း၌ စင္ ကာပူတစ္ေဒၚလာ (၃၄၂၅)က်ပ္ ဝန္း က်င္၊ တ႐ုတ္ တစ္ယြမ္ (၆၁၅)က်ပ္ဝန္းက်င္၊ ထိုင္း တစ္ဘတ္ (၁၃၅) က်ပ္ဝန္းက်င္၊ အိႏၵိယတစ္႐ူပီး (၅၁) က်ပ္ ဝန္းက်င္ျဖင့္ ယခင္တစ္ပတ္ေဈးႏႈန္းမ်ားအတိုင္း ရပ္တည္ေနေၾကာင္းသိရသည္။
စက္သုံးဆီေဈးကြက္အတြင္း စက္သုံးဆီ အမ်ိဳးစားအားလုံး ေဈးဆက္လက္က်ဆင္းေနေၾကာင္း သိရသည္။ အဓိကအေနျဖင့္ ႏိုင္ငံျခားေငြလဲ ေဈးႏႈန္းတည္ၿငိမ္ေနျခင္းႏွင့္ ႏိုင္ငံတကာစက္သုံးဆီ ေဈး ႏႈန္းမ်ား ဆက္တိုက္ အက်ပိုင္းသို႔ေရာက္ရွိေနျခင္းေၾကာင့္ျဖစ္သည္။ စက္သုံးဆီ တင္သြင္း သိုေလွာင္ ျဖန႔္ျဖဴးျခင္းလုပ္ငန္း ႀကီးၾကပ္ေရးေကာ္မတီမွ ဇြန္လ(၁၀)ရက္ကထုတ္ျပန္ေသာ စက္သုံးဆီ ေပါက္ေဈး မ်ားမွာ (၉၂) ဓာတ္ဆီ တစ္လီတာလွ်င္ (၂၈၄၅) က်ပ္၊ (၉၅) ဓာတ္ဆီ တစ္လီတာလွ်င္ (၂၈၉၅) က်ပ္၊ ဒီဇယ္တစ္လီတာလွ်င္ (၂၃၇၅) က်ပ္၊ ပရီမီယံဒီဇယ္ တစ္လီတာလွ်င္ (၂၉၅၀)က်ပ္ျဖင့္ ရန္ကုန္ၿမိဳ႕ အတြက္ ရည္òန္းေဈး သတ္မွတ္ထားသည္။ လြန္ခဲ့သည့္ တစ္ပတ္ေပါက္ေဈးမ်ားမွာ (၉၂) ဓာတ္ဆီ တစ္လီတာ (၂၈၅၅) က်ပ္၊ (၉၅) ဓာတ္ဆီ တစ္လီတာ (၂၉၁၀) က်ပ္၊ ဒီဇယ္ တစ္လီတာ (၂၄၀၅) က်ပ္၊ ပရီမီယံဒီဇယ္ တစ္လီတာ (၂၉၇၀) က်ပ္ သတ္မွတ္ထားခဲ့ျခင္းျဖစ္ သည္။ ထို႔ေၾကာင့္ လက္ရွိတြင္ (၉၂) ဓာတ္ဆီတစ္ လီတာ (၁၀) က်ပ္၊ (၉၅) တစ္လီတာ (၁၅) က်ပ္၊ ဒီဇယ္ တစ္လီတာ (၃၀) က်ပ္၊ ပရီမီယံဒီ ဇယ္ တစ္လီ တာ (၂၀) က်ပ္ျဖင့္ အသီးသီး ေဈးက်ဆင္းေနျခင္း ျဖစ္သည္။ တစ္ႏိုင္ငံလုံး အတိုင္းအတာ ျဖင့္ ျပည္နယ္ႏွင့္တိုင္းမ်ားတြင္လည္း ရည္òန္းေပါက္ေဈးမ်ား ျပန္ လည္က်ဆင္းေနေၾကာင္းသိရသည္။ ျပည္တြင္းေဒၚလာေဈးႏွင့္ ႏိုင္ငံျခားေငြလဲေဈးႏႈန္းမ်ား ဆက္လက္တည္ၿငိမ္ေနပါက စက္သုံးဆီေဈးမ်ား လည္း လာမည့္ရက္ပိုင္းအတြင္း အက်ပိုင္းတြင္ ဆက္လက္ရပ္တည္ေနမည္ျဖစ္သည္။
အေထြေထြကုန္စည္ႏွင့္ အေျခခံစားေသာက္ကုန္ေဈးႏႈန္း
ယခုတစ္ပတ္ အေျခခံစားေသာက္ကုန္ေဈး ကြက္တြင္ အသား/ငါး အခ်ိဳ႕ ေဈးျပန္က်လာၿပီး ကုန္ စိမ္းေဈးကြက္တြင္ ကုန္စည္အမ်ားစုေဈးက်ေနေၾကာင္း သိရသည္။ ။
စားအုန္းဆီေဈးကြက္တြင္ စားသုံးဆီ တင္သြင္းသိုေလွာင္ျဖန႔္ျဖဴးျခင္းလုပ္ငန္းႀကီးၾကပ္ေရး ေကာ္မတီအေနျဖင့္ ဇြန္လ(၉)ရက္မွ (၁၅) ရက္အထိ ရန္ကုန္အထိုင္ စားအုန္းဆီ အေျခခံလက္ကား ရည္ၫႊန္းေဈး တစ္ပိႆာ (၆၁၈၅) က်ပ္အျဖစ္ သတ္မွတ္ထားျခင္းေၾကာင့္ ယခင္တစ္ပတ္ ေဈးႏႈန္း ေအာက္ (၈၀)က်ပ္ဝန္းက်င္ ထပ္မံက်ဆင္းလာေၾကာင္းသိရသည္။
စားအုန္းဆီ အဓိက ထုတ္လုပ္တင္ပို႔ေနသည့္ အင္ဒိုနီးရွားႏွင့္ မေလးရွားႏိုင္ငံမ်ားမွတစ္ဆင့္ ျမန္မာႏိုင္ငံကို CIF စနစ္အရ တင္သြင္းေနသည့္ စားအုန္းဆီ တစ္တန္ေဈးႏႈန္းသည္ (၂၀၂၅) ခုႏွစ္ ဇန္န ဝါရီလမွစတင္ၿပီး ဆက္တိုက္က်ဆင္းလာခဲ့ျခင္း ျဖစ္သည္။ ထို႔ေၾကာင့္ ျပည္တြင္း တစ္ပိႆာ လက္ကား ရည္ၫႊန္းေဈးသည္ ငါးလတာကာလအတြင္း (၈၉၀) က်ပ္က်ဆင္းလာေၾကာင္းသိရသည္။
ျပင္ပေဈးကြက္၏ စားသုံးဆီေဈးမွာ က်ပ္ တစ္ေသာင္းမွ တစ္ေသာင္းႏွစ္ေထာင္ဝန္းက်င္တြင္ ဆက္လက္တည္ရွိေနသည္။ ဆီစာအုပ္ျဖင့္ (၁၀) ရက္တစ္ႀကိမ္စီ၊ တစ္ပိႆာႏႈန္းေရာင္းခ်ေပးေသာ ဆီထုတ္ေဈးမွာ က်ပ္ (၇၀ဝဝ) ဝန္းက်င္တြင္ ေဈးမက်ဘဲရပ္တန႔္ေနေၾကာင္းသိရသည္။
ဆန္ေဈးကြက္အတြင္း ဆန္ေဈးႏႈန္းမ်ား အျမင့္ေဈးအတိုင္းရပ္တည္ေနဆဲျဖစ္ၿပီး ဆန္ၾကမ္း ဆင္းသြယ္ (အသစ္) တစ္အိတ္ ကိုးေသာင္းေလး ေထာင္က်ပ္၊ ဇီယာ(ရွယ္) တစ္အိတ္ ရွစ္ေသာင္းက်ပ္ ဝန္းက်င္တြင္ ရွိေနသည္။ ဆန္ေခ်ာမ်ားတြင္ ေ႐ႊဘို ေပၚဆန္း တစ္အိတ္ တစ္သိန္းေျခာက္ေသာင္းက်ပ္၊ ဖ်ာပုံေပၚဆန္း (ထူးရွယ္) တစ္အိတ္ တစ္သိန္းႏွစ္ ေသာင္းကိုးေထာင္က်ပ္ဝန္းက်င္တြင္ အတက္ေဈးျဖင့္ ရပ္တည္ေနသည္။
ကုန္ေျခာက္ေဈးကြက္တြင္ အာလူးသည္ ယခင္တစ္ပတ္ေဈးႏႈန္းအတိုင္း တစ္ပိႆာ က်ပ္ (၆၀ဝဝ)ဝန္းက်င္ ေဈးရွိေနသည္။ ၾကက္သြန္နီႏွင့္ ၾကက္သြန္ျဖဴေဈးမ်ား ျပန္လည္က်ဆင္းေနၿပီး ၾကက္ သြန္နီအမ်ိဳးအစားအလိုက္ တစ္ပိႆာ (၁၅၀ဝ) က်ပ္မွ (၂၆၀ဝ) က်ပ္ဝန္းက်င္တြင္ရပ္တည္ေနသည္။ ၾကက္သြန္ျဖဴမွာ အမ်ိဳးအစားအလိုက္ တစ္ပိႆာ တစ္ေသာင္းႏွစ္ေထာင္က်ပ္မွ က်ပ္တစ္ေသာင္းခြဲ ဝန္းက်င္တြင္ရွိေနသည္။
ကုန္စိမ္းေဈးကြက္အတြင္း ေဂၚဖီထုပ္ တစ္ ထုပ္ (၂၀ဝဝ) က်ပ္ဝန္းက်င္၊ ပန္းေဂၚဖီအပြင့္ႀကီး တစ္ပြင့္ (၃၀ဝဝ)က်ပ္ဝန္းက်င္၊ ပန္းေဂၚဖီစိမ္းတစ္ ပြင့္ က်ပ္ (၃၀ဝဝ)ဝန္းက်င္ျဖင့္ ယခင္တစ္ပတ္ေဈး အတိုင္းရွိေနသည္။
အသားငါးေဈးကြက္တြင္ ငါး၊ ပုစြန္ေဈး ျပန္က်ေနၿပီး ငါးျမစ္ခ်င္းတစ္ပိႆာ က်ပ္ တစ္ေသာင္း ေျခာက္ေထာင္ ဝန္းက်င္၊ ငါးၾကင္း တစ္ပိႆာ ႏွစ္ ေသာင္းတစ္ေထာင္က်ပ္ဝန္းက်င္တြင္ရွိေနသည္။ ပုစြန္ေဈးမွာ အမ်ိဳးအစားအလိုက္ တစ္ပိႆာ က်ပ္ ႏွစ္ေသာင္းခြဲမွ ငါးေသာင္းခြဲဝန္းက်င္အထိ ေပါက္ ေဈးရွိသည္။
ေဈးကြက္တြင္ ၾကက္သားေဈးမ်ားမွာ တစ္ပိႆာ က်ပ္ႏွစ္ေသာင္းဝန္းက်င္ေဈးျဖင့္ အက်ပိုင္း သို႔ေရာက္ရွိလာသည္။ ဝက္သားေဈးမွာ တစ္ပိႆာ က်ပ္သုံးေသာင္းခြဲဝန္းက်င္၊ အမဲသားေဈးမွာ တစ္ ပိႆာ က်ပ္သုံးေသာင္းႏွစ္ေထာင္ဝန္းက်င္ျဖင့္ ေဈး အနည္းငယ္ျပန္က်ေနသည္။ ဆိတ္သားေဈးမွာ တစ္ပိႆာ က်ပ္ ေလးေသာင္းခုနစ္ေထာင္ဝန္းက်င္ ျဖင့္ အျမင့္ေဈးအတိုင္းရွိေနၿပီး လက္ရွိေဖာ္ျပခဲ့ ေသာ ေဈးႏႈန္းမ်ားသည္ ေနရာေဒသေပၚမူတည္ၿပီး ကြာျခား မႈရွိႏိုင္ေၾကာင္းသိရသည္။ လာမည့္ ရက္ ပိုင္းအတြင္း အေျခခံကုန္စည္ေဈးႏႈန္းမ်ား တည္ၿငိမ္မႈနည္းပါးႏိုင္ၿပီး ေစာင့္ၾကည့္ရမည့္အေျခအေနသို႔ ေရာက္ရွိေနသည္။