အီရန် နဲ့ အစ္စရေးနိုင်ငံကြား လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး နောက်ဆုံးရသတင်းများ (1:15 PM)

1376

ဂျန်ဇက် (NP News) - ဇွန် ၁၅
အစ္စရေးဟာ အီရန်နိုင်ငံကို ဇွန်လ ၁၃ ရက်က လေကြောင်းကတဆင့်တိုက်ခိုက်ခဲ့ရာ နှစ်နိုင်ငံကြား အပြန်အလှန် တိုက်ခိုက်မှုများဖြစ်ပွားလျက်ရှိနေရာ ဇွန်လ ၁၅ ရက်ကလည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံအပြန်အလှန် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း သိရပါတယ်။ အီရန်ဟာ ဇွန်လ ၁၅ ရက်က အစ္စရေးနိုင်ငံ မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေကို ပစ်မှတ် ထားပြီး ဒုံးကျည်များနဲ့တိုက်ခိုက်ခဲ့ရာ အစ္စရေးနိုင်ငံအလယ်ပိုင်းမှာ လူပေါင်း ၄ ဦး သေဆုံးခဲ့ပါတယ်။
အစ္စရေးစစ်တပ်ကလည်း အီရန်နိုင်ငံကို တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိနေရာ ဇွန်လ ၁၅ ရက်မှာ အီရန်နိုင်ငံရဲ့နျူကလီးယားအဆောက်အဦးများ၊ ကာကွယ်ရေးဝန်ကြီးဌာနဲ့ဆက်နွယ်တဲ့နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ အစ္စရေးရဲ့တိုက်ခိုက်မှုများကြောင့် အီရန်စစ်ဦးစီးချုပ် အပါအဝင် အီရန် စစ်တပ် ထိပ်တန်းအရာရှိကြီးများ သေဆုံးခဲ့ပြီး အီရန်က အစ္စရေးနိုင်ငံကို ဒုံးကျည်များ၊ ဒရုန်းအစင်းရေများနဲ့ တိုက်ခိုက်ခဲ့ ကြောင်း သိရပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်နိုင်ငံကို တိုက်ခိုက်ခဲ့တဲ့အစ္စရေးရဲ့တိုက်ခိုက်မှုမှာ ပါဝင်ဆက်နွယ်ခြင်း မရှိဘူးလို့ ပြောဆိုထားပေမယ့် အီရန်နိုင်ငံဟာ အမေရိကန်ကိုလက်တုံ့ပြန်ဖွယ်ရှိနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်လျက်ရှိနေပါတယ်။ အီရန်စစ်တပ်ဟာ လာမယ့်ရက်ပိုင်းအတွင်း အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို လက်တုံ့ပြန်ဖွယ်ရှိနေတယ်လို့ ဆိုကြပါတယ်။ အီရန်သံအမတ်ကြီးက အမေရိကန်နိုင်ငံကို အီရန်နိုင်ငံကိုတိုက်ခိုက်ခဲ့တဲ့အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို ကူညီထောက်ခံခဲ့တယ်လို့ ဆိုပါတယ်။ အီရန်ဟာ အစ္စရေးနိုင်ငံရဲ့တိုက်ခိုက်မှုကိုမကျေနပ်တဲ့အတွက် အမေရိကန်နဲ့ဆွေးနွေးဖို့ စီစဉ်ထားတဲ့ နျူကလီးယားဆွေးနွေးပွဲကို ပါဝင်မှာ မဟုတ်တော့ကြောင်း သိရပါတယ်။
အီရန်သမ္မတက အစ္စရေးနိုင်ငံအနေနဲ့ တိုက်ခိုက်မှုများကို မရပ်တန့်ဘူးဆိုရင် လက်ရှိထက် ပိုမိုပြင်းထန်တဲ့ တိုက်ခိုက်မှုများကို ရင်ဆိုင်ရဖွယ်ရှိနေတယ်လို့ သတိပေးခြိမ်းခြောက်လိုက်ပါတယ်။ အီရန်ဟာ အစ္စရေးနိုင်ငံရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်မှုအဖြစ် ပဲ့ထိန်းဒုံးကျည်အစင်းရေ ရာချီ အသုံးပြုကာတိုက်ခိုက်ခဲ့ပြီး ဒရုန်းများ၊ ဒုံးကျည်များနဲ့ ဆက်လက်တိုက်ခိုက်ဖွယ်ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။
အမေရိကန်သမ္မတက အီရန်နိုင်ငံအနေနဲ့ မည်သည့်နည်းလမ်းနဲ့မဆို တုံ့ပြန်တိုက်ခိုက်မယ်ဆိုရင် အမေရိကန်တပ်ဖွဲ့ ဝင်တွေရဲ့စွမ်းအားအပြည့်နဲ့ တိုက်ခိုက်မှုတွေဟာ အီရန်နိုင်ငံအပေါ်ကျရောက်လာဖွယ်ရှိနေကြောင်း ဇွန် ၁၅ ရက် က သတိပေးလိုက်ပါတယ်။ ဒါကြောင့် အီရန် နဲ့ အစ္စရေးနိုင်ငံကြား သွေးထွက်သံယိုမှုများကို အဆုံးသတ်ရမှာဖြစ်ပြီး အပစ်ခတ်ရပ့်စဲရေးစာချုပ်ကို ချုပ်ဆိုဖို့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

Zawgyi Version:
အီရန္ နဲ႔ အစၥေရးႏိုင္ငံၾကား လက္ရွိျဖစ္ပြားေနတဲ့စစ္ပြဲနဲ႔ပတ္သက္ၿပီး ေနာက္ဆုံးရသတင္းမ်ား (1:15 PM)
ဂ်န္ဇက္ (NP News) - ဇြန္ ၁၅
အစၥေရးဟာ အီရန္ႏိုင္ငံကို ဇြန္လ ၁၃ ရက္က ေလေၾကာင္းကတဆင့္တိုက္ခိုက္ခဲ့ရာ ႏွစ္ႏိုင္ငံၾကား အျပန္အလွန္ တိုက္ခိုက္မႈမ်ားျဖစ္ပြားလ်က္ရွိေနရာ ဇြန္လ ၁၅ ရက္ကလည္း တစ္ႏိုင္ငံနဲ႔တစ္ႏိုင္ငံအျပန္အလွန္ ပစ္ခတ္တိုက္ခိုက္ ခဲ့ေၾကာင္း သိရပါတယ္။ အီရန္ဟာ ဇြန္လ ၁၅ ရက္က အစၥေရးႏိုင္ငံ ေျမာက္ပိုင္းနဲ႔ အလယ္ပိုင္းေဒသေတြကို ပစ္မွတ္ ထားၿပီး ဒုံးက်ည္မ်ားနဲ႔တိုက္ခိုက္ခဲ့ရာ အစၥေရးႏိုင္ငံအလယ္ပိုင္းမွာ လူေပါင္း ၄ ဦး ေသဆုံးခဲ့ပါတယ္။
အစၥေရးစစ္တပ္ကလည္း အီရန္ႏိုင္ငံကို တိုက္ခိုက္မႈမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိေနရာ ဇြန္လ ၁၅ ရက္မွာ အီရန္ႏိုင္ငံရဲ႕န်ဴကလီးယားအေဆာက္အဦးမ်ား၊ ကာကြယ္ေရးဝန္ႀကီးဌာနဲ႔ဆက္ႏြယ္တဲ့ေနရာေတြကို ပစ္မွတ္ထား တိုက္ခိုက္ခဲ့ေၾကာင္း သိရပါတယ္။ အစၥေရးရဲ႕တိုက္ခိုက္မႈမ်ားေၾကာင့္ အီရန္စစ္ဦးစီးခ်ဳပ္ အပါအဝင္ အီရန္ စစ္တပ္ ထိပ္တန္းအရာရွိႀကီးမ်ား ေသဆုံးခဲ့ၿပီး အီရန္က အစၥေရးႏိုင္ငံကို ဒုံးက်ည္မ်ား၊ ဒ႐ုန္းအစင္းေရမ်ားနဲ႔ တိုက္ခိုက္ခဲ့ ေၾကာင္း သိရပါတယ္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္က အီရန္ႏိုင္ငံကို တိုက္ခိုက္ခဲ့တဲ့အစၥေရးရဲ႕တိုက္ခိုက္မႈမွာ ပါဝင္ဆက္ႏြယ္ျခင္း မရွိဘူးလို႔ ေျပာဆိုထားေပမယ့္ အီရန္ႏိုင္ငံဟာ အေမရိကန္ကိုလက္တုံ႔ျပန္ဖြယ္ရွိေနတယ္လို႔လည္း သတင္းေတြ ထြက္ေပၚလ်က္ရွိေနပါတယ္။ အီရန္စစ္တပ္ဟာ လာမယ့္ရက္ပိုင္းအတြင္း အေရွ႕အလယ္ပိုင္းေဒသအတြင္းရွိ အေမရိကန္စစ္အေျခစိုက္စခန္းမ်ားကို လက္တုံ႔ျပန္ဖြယ္ရွိေနတယ္လို႔ ဆိုၾကပါတယ္။ အီရန္သံအမတ္ႀကီးက အေမရိကန္ႏိုင္ငံကို အီရန္ႏိုင္ငံကိုတိုက္ခိုက္ခဲ့တဲ့အစၥေရးရဲ႕တိုက္ခိုက္မႈေတြကို ကူညီေထာက္ခံခဲ့တယ္လို႔ ဆိုပါတယ္။ အီရန္ဟာ အစၥေရးႏိုင္ငံရဲ႕တိုက္ခိုက္မႈကိုမေက်နပ္တဲ့အတြက္ အေမရိကန္နဲ႔ေဆြးေႏြးဖို႔ စီစဥ္ထားတဲ့ န်ဴကလီးယားေဆြးေႏြးပြဲကို ပါဝင္မွာ မဟုတ္ေတာ့ေၾကာင္း သိရပါတယ္။
အီရန္သမၼတက အစၥေရးႏိုင္ငံအေနနဲ႔ တိုက္ခိုက္မႈမ်ားကို မရပ္တန႔္ဘူးဆိုရင္ လက္ရွိထက္ ပိုမိုျပင္းထန္တဲ့ တိုက္ခိုက္မႈမ်ားကို ရင္ဆိုင္ရဖြယ္ရွိေနတယ္လို႔ သတိေပးၿခိမ္းေျခာက္လိုက္ပါတယ္။ အီရန္ဟာ အစၥေရးႏိုင္ငံရဲ႕ တိုက္ခိုက္မႈကို လက္တုံ႔ျပန္မႈအျဖစ္ ပဲ့ထိန္းဒုံးက်ည္အစင္းေရ ရာခ်ီ အသုံးျပဳကာတိုက္ခိုက္ခဲ့ၿပီး ဒ႐ုန္းမ်ား၊ ဒုံးက်ည္မ်ားနဲ႔ ဆက္လက္တိုက္ခိုက္ဖြယ္ရွိေနေၾကာင္း သတင္းမ်ား ထြက္ေပၚေနပါတယ္။
အေမရိကန္သမၼတက အီရန္ႏိုင္ငံအေနနဲ႔ မည္သည့္နည္းလမ္းနဲ႔မဆို တုံ႔ျပန္တိုက္ခိုက္မယ္ဆိုရင္ အေမရိကန္တပ္ဖြဲ႕ ဝင္ေတြရဲ႕စြမ္းအားအျပည့္နဲ႔ တိုက္ခိုက္မႈေတြဟာ အီရန္ႏိုင္ငံအေပၚက်ေရာက္လာဖြယ္ရွိေနေၾကာင္း ဇြန္ ၁၅ ရက္ က သတိေပးလိုက္ပါတယ္။ ဒါေၾကာင့္ အီရန္ နဲ႔ အစၥေရးႏိုင္ငံၾကား ေသြးထြက္သံယိုမႈမ်ားကို အဆုံးသတ္ရမွာျဖစ္ၿပီး အပစ္ခတ္ရပ့္စဲေရးစာခ်ဳပ္ကို ခ်ဳပ္ဆိုဖို႔ တိုက္တြန္းေတာင္းဆိုလိုက္ပါတယ္။