အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းတည်‌ဆောက်နေ‌မှု ၄၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီး

 394

Pearl (NP News) - ဇွန် ၁၅

အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းတည်‌ဆောက်နမှု ၄၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းသည် ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ညောင်ရွှေမြို့နယ်ရှိ ဘီလူးချောင်းပေါ်တွင် ကွန်ကရစ်တမံ (Overflow Type) တည်ဆောက်ထားပြီး အမှတ် (၁) စက်ရုံ မှ ၂၀ ဒသမ ၄ မဂ္ဂါဝပ်နှင့် အမှတ် (၂)စက်ရုံမှ ၁၀ မဂ္ဂါဝပ်စုစုပေါင်း စက်တပ်ဆင်အင်အား ၃၀ ဒသမ ၄ မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံ နှစ်ရုံတည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့တည်ဆောက်ပြီး နှစ်စဉ်ပျမ်းမျှလျှပ်စစ်ဓာတ်အားကီလိုဝပ်နာရီသန်းပေါင်း အမှတ်(၁)စက်ရုံမှ ၉၀ ဒသမ ၁ သန်းနှင့် အမှတ်(၂) စက်ရုံမှ ၄၄ ဒသမ ၃ သန်းထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားစနစ်နှင့်ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး အကောင်အထည် ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ စီမံကိန်းလုပ်ငန်းတစ်ခုလုံး၏ ၄၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်းလည်းသိရသည်။

Zawgyi Version;
အထက္ဘီလူးေခ်ာင္း ေရအားလွ်ပ္စစ္စီမံကိန္းတည္‌ေဆာက္ေန‌ေမႈ ၄၅ ရာခိုင္ႏႈန္းခန႔္ ေဆာင္႐ြက္ၿပီးစီး
Pearl (NP News) - ဇြန္ ၁၅

အထက္ဘီလူးေခ်ာင္း ေရအားလွ်ပ္စစ္စီမံကိန္းတည္‌ေဆာက္နမႈ ၄၅ ရာခိုင္ႏႈန္းခန႔္ ေဆာင္႐ြက္ၿပီးစီးျဖစ္ေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

အထက္ဘီလူးေခ်ာင္း ေရအားလွ်ပ္စစ္စီမံကိန္းသည္ ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ၊ေညာင္ေ႐ႊၿမိဳ႕နယ္ရွိ ဘီလူးေခ်ာင္းေပၚတြင္ ကြန္ကရစ္တမံ (Overflow Type) တည္ေဆာက္ထားၿပီး အမွတ္ (၁) စက္႐ုံ မွ ၂၀ ဒသမ ၄ မဂၢါဝပ္ႏွင့္ အမွတ္ (၂)စက္႐ုံမွ ၁၀ မဂၢါဝပ္စုစုေပါင္း စက္တပ္ဆင္အင္အား ၃၀ ဒသမ ၄ မဂၢါဝပ္ရွိ ဓာတ္အားေပးစက္႐ုံ ႏွစ္႐ုံတည္ေဆာက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔တည္ေဆာက္ၿပီး ႏွစ္စဥ္ပ်မ္းမွ်လွ်ပ္စစ္ဓာတ္အားကီလိုဝပ္နာရီသန္းေပါင္း အမွတ္(၁)စက္႐ုံမွ ၉၀ ဒသမ ၁ သန္းႏွင့္ အမွတ္(၂) စက္႐ုံမွ ၄၄ ဒသမ ၃ သန္းထုတ္လုပ္ၿပီး ႏိုင္ငံေတာ္ဓာတ္အားစနစ္ႏွင့္ခ်ိတ္ဆက္၍ လွ်ပ္စစ္ဓာတ္အားမ်ား ပို႔လႊတ္ျဖန႔္ျဖဴးေပးႏိုင္ေရး အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ အဆိုပါ စီမံကိန္းလုပ္ငန္းတစ္ခုလုံး၏ ၄၅ ရာခိုင္ႏႈန္းခန႔္ ေဆာင္႐ြက္ၿပီးစီးေနၿပီျဖစ္ၿပီး ဆက္လက္အေကာင္ အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ေရး စီမံေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.