၂၀၂၄-၂၀၂၅ ဖီဖာကမ္ဘာ့ဖလားကလပ်ပြိုင်ပွဲ အုပ်စုပွဲစဉ်(၁) ပွဲကြိုသုံးသပ်ချက်များ

 272

ရဲထက် (NP News)
၂၀၂၄ - ၂၀၂၅ ခုနှစ်ရဲ့ FIFA World Cup 2025 ပြိုင်ပွဲဟာ အမေရိကန်နိုင်ငံမှာ ဇွန်လ (၁၅) ရက် ကစပြီး ယှဉ်ပြိုင်ကစားကြခဲ့ပြီဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို FIFA က ကမ္ဘာ့ဖလားပြိုင်ပွဲပုံစံအတိုင်း ကလပ် အသင်းပေါင်း(၃၂)သင်းနဲ့ ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီးဘောလုံးရာသီတစ်ခုပြီးဆုံးချိန်မှာ ဒီပြိုင်ပွဲ ဟာ ပရိသတ်တွေအတွက် နောက်ထပ်ဖျော်ဖြေမှုအသစ်တစ်ခုကို ခံစားရတော့မှာလည်းဖြစ်ပါတယ်။ ပရိသတ်တွေ သိထားပြီးသားအသင်းတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ မန်စီးတီး၊ ချဲလ်ဆီး၊ အက် သလက်တီကို၊ ဘိုင်ယန် မြူးနစ်၊ ဒေါ့မွန် ၊ ချန်ပီယံလိဂ်ကို ပူပူနွေးရရှိထားတဲ့ PSG နဲ့ အခြားသော ဥရော ပ ရဲ့ ကလပ်အသင်းကောင်းတွေ ပါဝင်ထားတဲ့ ပြိုင်ပွဲတစ်ခုဖြစ်တာကြောင့်လည်း ကလပ်အသင်းတွေရဲ့ လိဂ်ပြိုင်ပွဲတွေ ပြန်မစခင်မှာ ကျင်းပသွားမယ် FIFA World Cup 2025 ပြိုင်ပွဲကို ပရိသတ်တွေအနေနဲ့ အားပေးကြည့်ရှုသွားရဖို့ရှိနေပါတယ်။ ဒါကြောင့် NP News ကနေ FIFA World Cup 2025 ပြိုင်ပွဲရဲ့ ပထမဆုံး အုပ်စုပွဲစဉ်တွေထဲက စောင့်ကြည့်ချင်စရာ အကောင်းဆုံး ပွဲစဉ်တွေကို သုံးသပ်တင်ပြသွား ချင်ပါတယ်။

ချဲလ်ဆီး Vs LA FC
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ချဲလ်ဆီး ၂ - ဝ LA FC
ချဲလ်ဆီး ၃ - ၁ LA FC
ချဲလ်ဆီးအသင်းအနေနဲ့ ဒီပြိုင်ပွဲကို ဝင် ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာဟာ (၂၀၂၁) ခုနှစ်က နည်းပြ တူချယ် လက်ထက်မှာ ချန်ပီယံလိဂ်ဆုဖလား ကို ရရှိခဲ့လို့ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဒီရာသီ ပရီး မီးယားလိဂ်မှာ အဆင့်(၄)နေရာကို ဝင်ရောက်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားတဲ့အသင်းဖြစ်ပါ တယ်။ ဒါ့ပြင် ယူရိုကွန်းဖရန့်လိဂ်မှာလည်း ချန်ပီယံဖြစ်ပြီး ဆုဖလားတစ်လုံးရရှိထားတဲ့အသင်းဖြစ်ပြီး ကစားသမား အင်အားစုဖွဲ့မှုက အရင်ထက်ပိုကောင်းလာဖို့ရှိနေတဲ့အပြင် အပြောင်းအရွှေ့အနေနဲ့လည်း တိုက်စစ်ပိုင်းမှာ ဒီလပ်ကို ခေါ်ယူခဲ့ပြီး အားဖြည့်ထားသလို ခံစစ်ပိုင်းမှာလည်း ကစားသမားတွေ ထပ် ဖြည့်ဖို့ရှိနေတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့အခွင့်အရေးရှိတဲ့အသင်းအဖြစ် ရပ်တည်နေ တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ စိုးရိမ်စရာအချက်တစ်ခုက ကစားသမားရွေးချယ်ရမယ့်အပိုင်းဖြစ် ပြီး နည်းပြအနေနဲ့ လက်ရှိကစားသမားတွေနဲ့ အသစ်ဝယ်ထားတဲ့ ကစားသမားတွေကြားမှာ အကောင်း ဆုံးရွေးချယ်အသုံးပြုနိုင်ပါ့မလားဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ LA FC အသင်းကတော့ အမေရိကန် မေဂျာ လိဂ်က အသင်းတစ်သင်းဖြစ်ပြီး ပရီးမီးယားလိဂ်က စပါးစ်အသင်းရဲ့ ကစားသမားဟောင်း ဟူဂို လိုရစ်နဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီးမှာကစားခဲ့ဖူးတဲ့ တိုက်စစ်မှူး ဂီရော့တို့ ပါဝင်နေတဲ့အသင်းဖြစ်ပါတယ်။ ဒါ့ပြင် ခြေစွမ်းပိုင်းနဲ့ရလဒ်ပိုင်းမှာ မက်ဆီရဲ့ အင်တာမိုင်ယာမီအသင်းနဲ့ တန်းတူကစားနိုင်တဲ့ အသင်းတစ်သင်း ဖြစ်တဲ့အပြင် လူငယ်ကစား သမား အများစုနဲ့ ဥရောပအတွေ့အကြုံရှိပြီးသား ကစားသမားတွေ ပါဝင်နေ တာကိုတွေ့ရပါတယ်။ ဒီနှစ်သင်းရဲ့ ပွဲစဉ်က အုပ်စု(D) ရဲ့ ပွဲကောင်း တစ်ပွဲဖြစ်လာဖို့ရှိနေတဲ့အပြင် ဒီ အုပ် စုထဲမှာ ချဲလ်ဆီး၊ ဖလာမင်ဂို၊ LA FC နဲ့ အက်စပရန့် အသင်း‌တွေ ပါဝင်နေတာကြောင့် ဒီအုပ်စုထဲမှာ ချဲလ် ဆီးအသင်းက အုပ်စုအောင်ဖို့ အလားအလာအများဆုံး အသင်းဖြစ်ပြီး ဖလာမင်ဂို၊ LA FC အသင်းတွေ ကတော့ တန်းတူအနေအထားမှာရှိနေပြီး အက်စပရန့် အသင်း‌တွေကတော့ အင်အား အနည်းဆုံးအသင်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲစဉ်က ချဲလ်ဆီးအသင်းအတွက် နိုင်ပွဲရဖို့ သေချာ သလောက်ရှိနေတဲ့ ပွဲစဉ် ဖြစ်ပြီး အနည်းဆုံး (၂)ဂိုးပြတ်လောက်နဲ့ နိုင်ပါမယ်။

မန်စီးတီး Vs W.A.C FC
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
မန်စီးတီး ၃ - ဝ W.A.C FC
မန်စီးတီး ၄ - ၂ W.A.C FC
မန်စီးတီးအသင်းကတော့ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လီဗာပူးလ်အသင်းရရှိသွား တာကြောင့် ချန်ပီယံဆုကို မကာကွယ်နိုင်ခဲ့သလို ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အောင်မြင်မှု မရခဲ့ တဲ့အပြင် ပြည်တွင်းဆုဖလားပြိုင်ပွဲတွေမှာလည်း အောင်မြင်မှုမရခဲ့ဘဲ အဘက်ဘက်က ကျဆင်းသွားတဲ့ အသင်းဖြစ်တဲ့ အပြင် FA Cup ဗိုလ်လုပွဲမှာလည်း ခရစ္စတယ်ပဲလေ့စ် အသင်းကို ရှုံးနိမ့်ခဲ့တဲ့အထိ အခြေ အနေဆိုးရွားသွားခဲ့တာကိုတွေ့ရပါတယ်။ ဒါ့ပြင် အသင်းရဲ့အဓိက ကစားသမားဖြစ်တဲ့ ကီဗင် ဒီဘရိုင်း ကလည်း ထွက်ခွာသွားခဲ့ပြီဖြစ်တာကြောင့် နည်းပြ ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းအနေနဲ့ လာမယ့် ရာသီမှာ ဒီလိုအခြေအနေ ဆိုးထဲကနေ ပြန်လည်ရုန်းထွက်နိုင်ပါ့မလားဆိုတာကို စောင့်ကြည့်ရဖို့ ရှိနေပါ တယ်။ မန်စီးတီးအသင်းဟာ ဟာလန်း ၊ ဒီဘရိုင်းနဲ့ ဖိုဒန်တို့ သုံးယောက်အတွဲနဲ့ ချန်ပီယံလိဂ်အပြင် ဆုဖလား (၃)လုံးအထိ တစ်နှစ်တည်းမှာရရှိခဲ့ပြီး နောက်ပိုင်းမှာတော့ ဒီဘရိုင်းရဲ့အသက်အရွယ်ကြောင့် ဖန်တီးမှုပိုင်း လျော့ကျလာမှုနဲ့အသင်းမှာ ဒီဘရိုင်းမရှိရင် အားကိုးနေရတဲ့ ဖိုဒန်အနေနဲ့လည်း ခြေစွမ်း ပိုင်း ကျဆင်းလာပြီးတဲ့နောက်ပိုင်းမှာ မန်စီးတီးအသင်းဟာ သာမန်အသင်းလေးနဲ့ပွဲစဉ်ကိုတောင် နိုင်ပွဲရ ဖို့ခက်ခဲခဲ့တဲ့အထိ အခြေအနေဆိုးရွားသွားခဲ့တာကို တွေ့ရပါတယ်။ ဒါ့ပြင် တိုက်စစ်ပိုင်းမှာဟာ လန်းရဲ့ စွမ်းဆောင်ရည်ပိုင်းကလဲ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပြီး ကွင်းလယ်ပိုင်းမှာလည်း ဆေးဗားလ်နဲ့ ဂန်ဒို ဂန်တို့ရဲ့ အသက်အရွယ်နဲ့ ကစားအား ကျဆင်းလာမှုတွေက ဒီပြိုင်ပွဲမှာ အလုပ်ဖြစ်ပါ့မလား ဆိုတာ ကလည်း မေးခွန်းထုတ်ချင်စရာကောင်းနေပါတယ်။ လက်ရှိ အပြောင်းအရွှေ့ ကာလတွေမှာတော့ မန်စီးတီးအသင်းရဲ့ လူဝယ်ယူမှုအနေနဲ့ ရိုင်ရယ် အက်နော်ရီနဲ့ ရိုင်တာတို့ကို ခေါ်ယူဖို့ရှိနေတဲ့အပြင် ညာနောက်ခံလူနေရာအတွက်လည်း နယူးကာဆယ် အသင်းကလစ်ဘရက် မန်ဒိုကို စိတ်ဝင်စားနေ တယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် မန်စီးတီးအသင်းရဲ့ ခြေစွမ်းပိုင်း ပြန်တက်လာနိုင်မလား ဆိုတာကိုလည်း စောင့်ကြည့်ရဖို့ရှိနေပါတယ်။ W.A.C FC အသင်းကတော့ မော်ရိုကိုရဲ့ ကလပ် အသင်း တစ်သင်းဖြစ်ပြီး ပရီးမီးယားလိဂ်နဲ့ယှဉ်ရင် နိမ့်တဲ့လိဂ်တစ်ခုဖြစ်တာကြောင့် မန်စီးတီးအသင်းအနေနဲ့ မခက်ခဲနိုင်ပါဘူး။ ဒါပေမဲ့ W.A.C FC အသင်းက မော်ရိုကိုလိဂ်မှာ အဆင့်(၃)နေရာကို ရရှိထားတဲ့အသင်း ဖြစ်တာကြောင့် မန်စီးတီးအသင်း အနေနဲ့ လျှော့တွက်ခဲ့မယ်ဆိုရင်တော့ ပေးဆပ်မှု ကြီးသွားနိုင်ပါတယ်။ မန်စီးတီးအသင်းက ဒီပြိုင်ပွဲရဲ့ အုပ်စု(G)မှာ ပါဝင်နေပြီး ဂျူဗင်တပ်စ်အသင်းနဲ့ ဆော်ဒီကလပ် AI- Ain တို့ ပါဝင်နေတာကြောင့် မန်စီးတီးအသင်းအနေနဲ့ နိုင်ပွဲတစ်ပွဲကို မဖြစ်မနေ နိုင်ဖို့လိုအပ်နေတာကြောင့် ဒီပွဲစဉ်က မန်စီးတီး အသင်းက ဂိုးပြတ်နဲ့ နိုင်ပွဲရပါမယ်။ သွင်းဂိုးလည်း များဖို့ရှိနေပါတယ်။

ဖလူမီနီ Vs ဒေါ့မွန်
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဖလူမီနီ ၁ - ၁ ဒေါ့မွန်
ဖလူမီနီ ၂ - ၂ ဒေါ့မွန်
ဒေါ့မွန်အသင်းကတော့ ဒီပြိုင်ပွဲမှာ ပါဝင်လာတာက (၂၀၂၃) ချန်ပီယံလိဂ်ဖိုင်နယ်ကို ရောက်ရှိ နိုင်ခဲ့တာကြောင့်ဖြစ်ပြီး ဥရောပပြိုင်ပွဲတွေမှာ ခြေစွမ်းကောင်းတွေ ပြသခဲ့တဲ့အသင်းဖြစ်တာကြောင့် လည်း ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ဒေါ့မွန် အသင်းဟာ ဒီရာသီဘွန်းဒက်လီဂါမှာ အဆင့် (၄)နေရာကို အထိ ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရထားသလို ဥရောပပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ် အဆင့်အထိ တက်လှမ်းနိုင်ခဲ့တာကြောင့် ခြေစွမ်းပိုင်း ကောင်းမွန်ခဲ့တဲ့အသင်းလို့ဆိုနိုင်ပါတယ်။ ဒါ့ပြင် ဒေါ့မွန် အသင်း ဟာ ဘွန်ဒက်လီဂါမှာ ကြီးစိုးနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့အပြိုင် ချန်ပီယံဆုကို နှစ်စဉ်နှစ်တိုင်း ခြိမ်း ခြောက်နေတဲ့အသင်းဖြစ်တဲ့အပြင် ပြည်တွင်ဆုဖလား ပြိုင်ပွဲတွေမှာလည်း ဖိအားပေး ထားတဲ့အသင်းဖြစ် ပါတယ်။ ဒါ့ပြင် လူငယ် ကစားသမားကောင်းများစွာကို မွေးထုတ်ပေးခဲ့တဲ့ ကလပ် အသင်းဖြစ်ပြီး လီဝန် ဒေါစကီး၊ အူပါမီယန်၊ ဘယ်လင်ဟမ်၊ ဟာလန်း၊ ဆန်ချိုနဲ့ အခြားသော ကစားသမားကောင်းတွေ စတင် မွေးဖွားရာနေရာလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကစားသမားတွေကို လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးထားပြီး ခြေစွမ်းပြပြီး နာမည်ရလာပြီဆိုတာနဲ့ ကြိုက်ဈေးခေါ်ပြီး ရောင်းထုတ်လေ့ရှိတဲ့အသင်းဖြစ်တာကြောင့် ဥရောပ အောင်မြင်မှုတွေနဲ့ ဝေးကွာနေတဲ့အသင်းလို့လည်း ဆိုနိုင်ပါတယ်။ ဖလူမီနီ အသင်းတော့ ဘရာဇီးလ်လိဂ် ကလပ်အသင်းတစ်သင်းဖြစ်ပြီး ခြေစွမ်းပိုင်းက ဒေါ့ မွန်အသင်းထက် နိမ့်ကျမနေတဲ့ အသင်း ဖြစ်ပါတယ်။ ဖလူမီနီအသင်းဟာ မန်စီးတီးအသင်းကောင်းခဲ့တဲ့အချိန်မှာတောင် ကစားကွက် အသာနဲ့ ခံကစားနိုင်တဲ့အသင်းဖြစ်တာကြောင့် ဒီပွဲစဉ်ကတော့ ဒေါ့မွန် အသင်းနိုင်မယ်လို့ ပြောလို့မရ သေးတဲ့အနေအထားဖြစ်ပါတယ်။ ဒါ့ပြင် အုပ်စု(F)ရဲ့ အကောင်းဆုံးနှစ်သင်း တွေ့ဆုံမှုဖြစ်တာကြောင့် ဒီပွဲစဉ်က အပြန်အလှန် သွင်းဂိုးတွေကို မြင်တွေ့ရဖို့ရှိပြီး သရေကျသွားနိုင်တဲ့ ပွဲစဉ်ဖြစ်ပါတယ်။

မွန်တာရီ Vs အင်တာမီလန်
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
မွန်တာရီ ဝ - ၂ အင်တာမီလန်
မွန်တာရီ ၁ - ၃ အင်တာမီလန်
အင်တာမီလန်အသင်းကတော့ ခြေစွမ်းပိုင်းထက် ခံစစ်ကိုအားပြုပြီး ကစားတတ်တဲ့ အသင်းဖြစ် တာကြောင့် တစ်ပွဲထိုးပွဲစဉ်တွေမှာ အသာရလေ့ရှိတဲ့အသင်းဖြစ်ပါတယ်။ အထူးသဖြင့် ဥရောပ ချန်ပီယံ လိဂ်ပြိုင်ပွဲမှာ အလုပ်ဖြစ်နေတာကိုတွေ့ရပြီး တိုက်စစ်ပိုင်းက သွင်းဂိုးတွေထက် ခံစစ်ကစားပြီး တစ်ဖက် အသင်းရဲ့ ကစားအားကျဆင်းချိန်ရောက်မှ တိုက်စစ်ဖွင့်ပြီး သွင်းဂိုးတွေနဲ့ အနိုင်ယူတတ်တဲ့ အသင်းဖြစ်ပါ တယ်။ ဒါကြောင့်ပဲ အင်တာမီလန် အသင်းကို နိုင်ပွဲရဖို့မလွယ်ကူတာကြောင့် ဘာစီလိုနာလို တိုက်စစ် အားကောင်းတဲ့အသင်းကို ချန်ပီယံ လိဂ်ဆီမီးဖိုင်နယ်မှာ ဖြုတ်ချနိုင်ခဲ့တာဖြစ်ပါတယ်။ အင်တာမီလန် အသင်းရဲ့ ဒီရာသီစွမ်းဆောင်ရည်ကို ပြန်ကြည့်ရင် ကံမကောင်းခဲ့ဘူးလို့ဆိုနိုင်ပြီး စီးရီး အေမှာ နာပိုလီ အသင်းကို တစ်မှတ်အကွာနဲ့ ချန်ပီယံ ဆုကို လွဲခဲ့ရသလို ချန်ပီယံလိဂ်မှာလည်း ဗိုလ်လုပွဲအထိ တက် ရောက်နိုင်ခဲ့ပေမယ့်လည်း PSG အသင်းကို (၅)ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံဆုကို လက်လွှတ်ခဲ့ရပြန်ပါ တယ်။ ဒါဟာ အင်တာမီလန်အသင်းအတွက် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို (၂၀၂၂) နဲ့ (၂၀၂၄) မှာ (၂) ကြိမ် တက်ရောက်ချိန်မှာ တစ်ကြိမ်မှ ဆုဖလား မရရှိခဲ့တာလည်းဖြစ်ပါတယ်။ ဒါကြောင့် ဖီဖာက ကျင်းပတဲ့ FIFA World Cup 2025 ပြိုင်ပွဲမှာ အင်တာမီလန်အသင်းရဲ့ စွမ်းဆောင်ရည်ကို ဆက်လက်စောင့်ကြည့် သွားရဖို့ရှိနေပါတယ်။ မွန်တယ်ရီ အသင်းကတော့ မက္ကဆီကို ကလပ်အသင်း တစ်သင်းဖြစ်ပြီး အင်တာမီ လန်အသင်းနဲ့ နှိုင်းယှဉ်ရင် ခြေစွမ်းပိုင်းကွာဟမှု ကြီးမားတာကြောင့် ဒီပွဲစဉ်က အင်တာမီလန်အသင်း ကပဲ ဂိုးပြတ်ရလဒ်နဲ့ အနိုင်(၃)မှတ် ရယူသွားနိုင်ပါတယ်။

၁၇ - ၆ - ၂၀၂၅ (အင်္ဂါနေ့) နံနက်ပိုင်း(၁း၃၀) ချဲလ်ဆီး Vs LA FC
နံနက်ပိုင်း(၁း၃၀) ဖလာမင်ဂို Vs ဒေါ့မွန်

၁၈ - ၆ - ၂၀၂၅ (ဗုဒ္ဓဟူးနေ့)
နံနက်ပိုင်း(ရး၃၀) မွန်တယ်ရီ Vs အင်တာမီလန်
ညပိုင်း (၁၀း၃၀) မန်စီးတီး Vs W.A.C FC

Zawgyi Version:
၂၀၂၄-၂၀၂၅ ဖီဖာကမာၻ႔ဖလားကလပ္ၿပိဳင္ပြဲ အုပ္စုပြဲစဥ္(၁) ပြဲႀကိဳသုံးသပ္ခ်က္မ်ား

ရဲထက္ (NP News)
၂၀၂၄ - ၂၀၂၅ ခုႏွစ္ရဲ႕ FIFA World Cup 2025 ၿပိဳင္ပြဲဟာ အေမရိကန္ႏိုင္ငံမွာ ဇြန္လ (၁၅) ရက္ ကစၿပီး ယွဥ္ၿပိဳင္ကစားၾကခဲ့ၿပီျဖစ္ပါတယ္။ ဒီၿပိဳင္ပြဲကို FIFA က ကမာၻ႔ဖလားၿပိဳင္ပြဲပုံစံအတိုင္း ကလပ္ အသင္းေပါင္း(၃၂)သင္းနဲ႔ ပထမဆုံးအႀကိမ္ က်င္းပျခင္းျဖစ္ၿပီးေဘာလုံးရာသီတစ္ခုၿပီးဆုံးခ်ိန္မွာ ဒီၿပိဳင္ပြဲ ဟာ ပရိသတ္ေတြအတြက္ ေနာက္ထပ္ေဖ်ာ္ေျဖမႈအသစ္တစ္ခုကို ခံစားရေတာ့မွာလည္းျဖစ္ပါတယ္။ ပရိသတ္ေတြ သိထားၿပီးသားအသင္းေတြ ျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာ၊ မန္စီးတီး၊ ခ်ဲလ္ဆီး၊ အက္ သလက္တီကို၊ ဘိုင္ယန္ ျမဴးနစ္၊ ေဒါ့မြန္ ၊ ခ်န္ပီယံလိဂ္ကို ပူပူေႏြးရရွိထားတဲ့ PSG နဲ႔ အျခားေသာ ဥေရာ ပ ရဲ႕ ကလပ္အသင္းေကာင္းေတြ ပါဝင္ထားတဲ့ ၿပိဳင္ပြဲတစ္ခုျဖစ္တာေၾကာင့္လည္း ကလပ္အသင္းေတြရဲ႕ လိဂ္ၿပိဳင္ပြဲေတြ ျပန္မစခင္မွာ က်င္းပသြားမယ္ FIFA World Cup 2025 ၿပိဳင္ပြဲကို ပရိသတ္ေတြအေနနဲ႔ အားေပးၾကည့္ရႈသြားရဖို႔ရွိေနပါတယ္။ ဒါေၾကာင့္ NP News ကေန FIFA World Cup 2025 ၿပိဳင္ပြဲရဲ႕ ပထမဆုံး အုပ္စုပြဲစဥ္ေတြထဲက ေစာင့္ၾကည့္ခ်င္စရာ အေကာင္းဆုံး ပြဲစဥ္ေတြကို သုံးသပ္တင္ျပသြား ခ်င္ပါတယ္။

ခ်ဲလ္ဆီး Vs LA FC
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ခ်ဲလ္ဆီး ၂ - ဝ LA FC
ခ်ဲလ္ဆီး ၃ - ၁ LA FC
ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီၿပိဳင္ပြဲကို ဝင္ ေရာက္ယွဥ္ၿပိဳင္ခြင့္ရရွိခဲ့တာဟာ (၂၀၂၁) ခုႏွစ္က နည္းျပ တူခ်ယ္ လက္ထက္မွာ ခ်န္ပီယံလိဂ္ဆုဖလား ကို ရရွိခဲ့လို႔ျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ဒီရာသီ ပရီး မီးယားလိဂ္မွာ အဆင့္(၄)ေနရာကို ဝင္ေရာက္ႏိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိထားတဲ့အသင္းျဖစ္ပါ တယ္။ ဒါ့ျပင္ ယူ႐ိုကြန္းဖရန႔္လိဂ္မွာလည္း ခ်န္ပီယံျဖစ္ၿပီး ဆုဖလားတစ္လုံးရရွိထားတဲ့အသင္းျဖစ္ၿပီး ကစားသမား အင္အားစုဖြဲ႕မႈက အရင္ထက္ပိုေကာင္းလာဖို႔ရွိေနတဲ့အျပင္ အေျပာင္းအေ႐ႊ႕အေနနဲ႔လည္း တိုက္စစ္ပိုင္းမွာ ဒီလပ္ကို ေခၚယူခဲ့ၿပီး အားျဖည့္ထားသလို ခံစစ္ပိုင္းမွာလည္း ကစားသမားေတြ ထပ္ ျဖည့္ဖို႔ရွိေနတဲ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔အခြင့္အေရးရွိတဲ့အသင္းအျဖစ္ ရပ္တည္ေန တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းရဲ႕ စိုးရိမ္စရာအခ်က္တစ္ခုက ကစားသမားေ႐ြးခ်ယ္ရမယ့္အပိုင္းျဖစ္ ၿပီး နည္းျပအေနနဲ႔ လက္ရွိကစားသမားေတြနဲ႔ အသစ္ဝယ္ထားတဲ့ ကစားသမားေတြၾကားမွာ အေကာင္း ဆုံးေ႐ြးခ်ယ္အသုံးျပဳႏိုင္ပါ့မလားဆိုတဲ့အခ်က္ပဲျဖစ္ပါတယ္။ LA FC အသင္းကေတာ့ အေမရိကန္ ေမဂ်ာ လိဂ္က အသင္းတစ္သင္းျဖစ္ၿပီး ပရီးမီးယားလိဂ္က စပါးစ္အသင္းရဲ႕ ကစားသမားေဟာင္း ဟူဂို လိုရစ္နဲ႔ အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးမွာကစားခဲ့ဖူးတဲ့ တိုက္စစ္မႉး ဂီေရာ့တို႔ ပါဝင္ေနတဲ့အသင္းျဖစ္ပါတယ္။ ဒါ့ျပင္ ေျခစြမ္းပိုင္းနဲ႔ရလဒ္ပိုင္းမွာ မက္ဆီရဲ႕ အင္တာမိုင္ယာမီအသင္းနဲ႔ တန္းတူကစားႏိုင္တဲ့ အသင္းတစ္သင္း ျဖစ္တဲ့အျပင္ လူငယ္ကစား သမား အမ်ားစုနဲ႔ ဥေရာပအေတြ႕အႀကဳံရွိၿပီးသား ကစားသမားေတြ ပါဝင္ေန တာကိုေတြ႕ရပါတယ္။ ဒီႏွစ္သင္းရဲ႕ ပြဲစဥ္က အုပ္စု(D) ရဲ႕ ပြဲေကာင္း တစ္ပြဲျဖစ္လာဖို႔ရွိေနတဲ့အျပင္ ဒီ အုပ္ စုထဲမွာ ခ်ဲလ္ဆီး၊ ဖလာမင္ဂို၊ LA FC နဲ႔ အက္စပရန႔္ အသင္း‌ေတြ ပါဝင္ေနတာေၾကာင့္ ဒီအုပ္စုထဲမွာ ခ်ဲလ္ ဆီးအသင္းက အုပ္စုေအာင္ဖို႔ အလားအလာအမ်ားဆုံး အသင္းျဖစ္ၿပီး ဖလာမင္ဂို၊ LA FC အသင္းေတြ ကေတာ့ တန္းတူအေနအထားမွာရွိေနၿပီး အက္စပရန႔္ အသင္း‌ေတြကေတာ့ အင္အား အနည္းဆုံးအသင္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီပြဲစဥ္က ခ်ဲလ္ဆီးအသင္းအတြက္ ႏိုင္ပြဲရဖို႔ ေသခ်ာ သေလာက္ရွိေနတဲ့ ပြဲစဥ္ ျဖစ္ၿပီး အနည္းဆုံး (၂)ဂိုးျပတ္ေလာက္နဲ႔ ႏိုင္ပါမယ္။

မန္စီးတီး Vs W.A.C FC
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
မန္စီးတီး ၃ - ဝ W.A.C FC
မန္စီးတီး ၄ - ၂ W.A.C FC
မန္စီးတီးအသင္းကေတာ့ ဒီရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို လီဗာပူးလ္အသင္းရရွိသြား တာေၾကာင့္ ခ်န္ပီယံဆုကို မကာကြယ္ႏိုင္ခဲ့သလို ဥေရာပခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာလည္း ေအာင္ျမင္မႈ မရခဲ့ တဲ့အျပင္ ျပည္တြင္းဆုဖလားၿပိဳင္ပြဲေတြမွာလည္း ေအာင္ျမင္မႈမရခဲ့ဘဲ အဘက္ဘက္က က်ဆင္းသြားတဲ့ အသင္းျဖစ္တဲ့ အျပင္ FA Cup ဗိုလ္လုပြဲမွာလည္း ခရစၥတယ္ပဲေလ့စ္ အသင္းကို ရႈံးနိမ့္ခဲ့တဲ့အထိ အေျခ အေနဆိုး႐ြားသြားခဲ့တာကိုေတြ႕ရပါတယ္။ ဒါ့ျပင္ အသင္းရဲ႕အဓိက ကစားသမားျဖစ္တဲ့ ကီဗင္ ဒီဘ႐ိုင္း ကလည္း ထြက္ခြာသြားခဲ့ၿပီျဖစ္တာေၾကာင့္ နည္းျပ ဂြာဒီယိုလာရဲ႕ မန္စီးတီးအသင္းအေနနဲ႔ လာမယ့္ ရာသီမွာ ဒီလိုအေျခအေန ဆိုးထဲကေန ျပန္လည္႐ုန္းထြက္ႏိုင္ပါ့မလားဆိုတာကို ေစာင့္ၾကည့္ရဖို႔ ရွိေနပါ တယ္။ မန္စီးတီးအသင္းဟာ ဟာလန္း ၊ ဒီဘ႐ိုင္းနဲ႔ ဖိုဒန္တို႔ သုံးေယာက္အတြဲနဲ႔ ခ်န္ပီယံလိဂ္အျပင္ ဆုဖလား (၃)လုံးအထိ တစ္ႏွစ္တည္းမွာရရွိခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ ဒီဘ႐ိုင္းရဲ႕အသက္အ႐ြယ္ေၾကာင့္ ဖန္တီးမႈပိုင္း ေလ်ာ့က်လာမႈနဲ႔အသင္းမွာ ဒီဘ႐ိုင္းမရွိရင္ အားကိုးေနရတဲ့ ဖိုဒန္အေနနဲ႔လည္း ေျခစြမ္း ပိုင္း က်ဆင္းလာၿပီးတဲ့ေနာက္ပိုင္းမွာ မန္စီးတီးအသင္းဟာ သာမန္အသင္းေလးနဲ႔ပြဲစဥ္ကိုေတာင္ ႏိုင္ပြဲရ ဖို႔ခက္ခဲခဲ့တဲ့အထိ အေျခအေနဆိုး႐ြားသြားခဲ့တာကို ေတြ႕ရပါတယ္။ ဒါ့ျပင္ တိုက္စစ္ပိုင္းမွာဟာ လန္းရဲ႕ စြမ္းေဆာင္ရည္ပိုင္းကလဲ ေမးခြန္းထုတ္စရာျဖစ္လာခဲ့ၿပီး ကြင္းလယ္ပိုင္းမွာလည္း ေဆးဗားလ္နဲ႔ ဂန္ဒို ဂန္တို႔ရဲ႕ အသက္အ႐ြယ္နဲ႔ ကစားအား က်ဆင္းလာမႈေတြက ဒီၿပိဳင္ပြဲမွာ အလုပ္ျဖစ္ပါ့မလား ဆိုတာ ကလည္း ေမးခြန္းထုတ္ခ်င္စရာေကာင္းေနပါတယ္။ လက္ရွိ အေျပာင္းအေ႐ႊ႕ ကာလေတြမွာေတာ့ မန္စီးတီးအသင္းရဲ႕ လူဝယ္ယူမႈအေနနဲ႔ ႐ိုင္ရယ္ အက္ေနာ္ရီနဲ႔ ႐ိုင္တာတို႔ကို ေခၚယူဖို႔ရွိေနတဲ့အျပင္ ညာေနာက္ခံလူေနရာအတြက္လည္း နယူးကာဆယ္ အသင္းကလစ္ဘရက္ မန္ဒိုကို စိတ္ဝင္စားေန တယ္လို႔ သတင္းေတြထြက္ေပၚေနတာေၾကာင့္ မန္စီးတီးအသင္းရဲ႕ ေျခစြမ္းပိုင္း ျပန္တက္လာႏိုင္မလား ဆိုတာကိုလည္း ေစာင့္ၾကည့္ရဖို႔ရွိေနပါတယ္။ W.A.C FC အသင္းကေတာ့ ေမာ္႐ိုကိုရဲ႕ ကလပ္ အသင္း တစ္သင္းျဖစ္ၿပီး ပရီးမီးယားလိဂ္နဲ႔ယွဥ္ရင္ နိမ့္တဲ့လိဂ္တစ္ခုျဖစ္တာေၾကာင့္ မန္စီးတီးအသင္းအေနနဲ႔ မခက္ခဲႏိုင္ပါဘူး။ ဒါေပမဲ့ W.A.C FC အသင္းက ေမာ္႐ိုကိုလိဂ္မွာ အဆင့္(၃)ေနရာကို ရရွိထားတဲ့အသင္း ျဖစ္တာေၾကာင့္ မန္စီးတီးအသင္း အေနနဲ႔ ေလွ်ာ့တြက္ခဲ့မယ္ဆိုရင္ေတာ့ ေပးဆပ္မႈ ႀကီးသြားႏိုင္ပါတယ္။ မန္စီးတီးအသင္းက ဒီၿပိဳင္ပြဲရဲ႕ အုပ္စု(G)မွာ ပါဝင္ေနၿပီး ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ေဆာ္ဒီကလပ္ AI- Ain တို႔ ပါဝင္ေနတာေၾကာင့္ မန္စီးတီးအသင္းအေနနဲ႔ ႏိုင္ပြဲတစ္ပြဲကို မျဖစ္မေန ႏိုင္ဖို႔လိုအပ္ေနတာေၾကာင့္ ဒီပြဲစဥ္က မန္စီးတီး အသင္းက ဂိုးျပတ္နဲ႔ ႏိုင္ပြဲရပါမယ္။ သြင္းဂိုးလည္း မ်ားဖို႔ရွိေနပါတယ္။

ဖလူမီနီ Vs ေဒါ့မြန္
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဖလူမီနီ ၁ - ၁ ေဒါ့မြန္
ဖလူမီနီ ၂ - ၂ ေဒါ့မြန္
ေဒါ့မြန္အသင္းကေတာ့ ဒီၿပိဳင္ပြဲမွာ ပါဝင္လာတာက (၂၀၂၃) ခ်န္ပီယံလိဂ္ဖိုင္နယ္ကို ေရာက္ရွိ ႏိုင္ခဲ့တာေၾကာင့္ျဖစ္ၿပီး ဥေရာပၿပိဳင္ပြဲေတြမွာ ေျခစြမ္းေကာင္းေတြ ျပသခဲ့တဲ့အသင္းျဖစ္တာေၾကာင့္ လည္း ပါဝင္ခြင့္ရခဲ့တာျဖစ္ပါတယ္။ ေဒါ့မြန္ အသင္းဟာ ဒီရာသီဘြန္းဒက္လီဂါမွာ အဆင့္ (၄)ေနရာကို အထိ ရရွိခဲ့ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ရထားသလို ဥေရာပၿပိဳင္ပြဲမွာလည္း ကြာတားဖိုင္နယ္ အဆင့္အထိ တက္လွမ္းႏိုင္ခဲ့တာေၾကာင့္ ေျခစြမ္းပိုင္း ေကာင္းမြန္ခဲ့တဲ့အသင္းလို႔ဆိုႏိုင္ပါတယ္။ ဒါ့ျပင္ ေဒါ့မြန္ အသင္း ဟာ ဘြန္ဒက္လီဂါမွာ ႀကီးစိုးေနတဲ့ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔အၿပိဳင္ ခ်န္ပီယံဆုကို ႏွစ္စဥ္ႏွစ္တိုင္း ၿခိမ္း ေျခာက္ေနတဲ့အသင္းျဖစ္တဲ့အျပင္ ျပည္တြင္ဆုဖလား ၿပိဳင္ပြဲေတြမွာလည္း ဖိအားေပး ထားတဲ့အသင္းျဖစ္ ပါတယ္။ ဒါ့ျပင္ လူငယ္ ကစားသမားေကာင္းမ်ားစြာကို ေမြးထုတ္ေပးခဲ့တဲ့ ကလပ္ အသင္းျဖစ္ၿပီး လီဝန္ ေဒါစကီး၊ အူပါမီယန္၊ ဘယ္လင္ဟမ္၊ ဟာလန္း၊ ဆန္ခ်ိဳနဲ႔ အျခားေသာ ကစားသမားေကာင္းေတြ စတင္ ေမြးဖြားရာေနရာလည္း ျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ ကစားသမားေတြကို လြတ္လပ္စြာ ေ႐ြးခ်ယ္ခြင့္ေပးထားၿပီး ေျခစြမ္းျပၿပီး နာမည္ရလာၿပီဆိုတာနဲ႔ ႀကိဳက္ေဈးေခၚၿပီး ေရာင္းထုတ္ေလ့ရွိတဲ့အသင္းျဖစ္တာေၾကာင့္ ဥေရာပ ေအာင္ျမင္မႈေတြနဲ႔ ေဝးကြာေနတဲ့အသင္းလို႔လည္း ဆိုႏိုင္ပါတယ္။ ဖလူမီနီ အသင္းေတာ့ ဘရာဇီးလ္လိဂ္ ကလပ္အသင္းတစ္သင္းျဖစ္ၿပီး ေျခစြမ္းပိုင္းက ေဒါ့ မြန္အသင္းထက္ နိမ့္က်မေနတဲ့ အသင္း ျဖစ္ပါတယ္။ ဖလူမီနီအသင္းဟာ မန္စီးတီးအသင္းေကာင္းခဲ့တဲ့အခ်ိန္မွာေတာင္ ကစားကြက္ အသာနဲ႔ ခံကစားႏိုင္တဲ့အသင္းျဖစ္တာေၾကာင့္ ဒီပြဲစဥ္ကေတာ့ ေဒါ့မြန္ အသင္းႏိုင္မယ္လို႔ ေျပာလို႔မရ ေသးတဲ့အေနအထားျဖစ္ပါတယ္။ ဒါ့ျပင္ အုပ္စု(F)ရဲ႕ အေကာင္းဆုံးႏွစ္သင္း ေတြ႕ဆုံမႈျဖစ္တာေၾကာင့္ ဒီပြဲစဥ္က အျပန္အလွန္ သြင္းဂိုးေတြကို ျမင္ေတြ႕ရဖို႔ရွိၿပီး သေရက်သြားႏိုင္တဲ့ ပြဲစဥ္ျဖစ္ပါတယ္။

မြန္တာရီ Vs အင္တာမီလန္
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
မြန္တာရီ ဝ - ၂ အင္တာမီလန္
မြန္တာရီ ၁ - ၃ အင္တာမီလန္
အင္တာမီလန္အသင္းကေတာ့ ေျခစြမ္းပိုင္းထက္ ခံစစ္ကိုအားျပဳၿပီး ကစားတတ္တဲ့ အသင္းျဖစ္ တာေၾကာင့္ တစ္ပြဲထိုးပြဲစဥ္ေတြမွာ အသာရေလ့ရွိတဲ့အသင္းျဖစ္ပါတယ္။ အထူးသျဖင့္ ဥေရာပ ခ်န္ပီယံ လိဂ္ၿပိဳင္ပြဲမွာ အလုပ္ျဖစ္ေနတာကိုေတြ႕ရၿပီး တိုက္စစ္ပိုင္းက သြင္းဂိုးေတြထက္ ခံစစ္ကစားၿပီး တစ္ဖက္ အသင္းရဲ႕ ကစားအားက်ဆင္းခ်ိန္ေရာက္မွ တိုက္စစ္ဖြင့္ၿပီး သြင္းဂိုးေတြနဲ႔ အႏိုင္ယူတတ္တဲ့ အသင္းျဖစ္ပါ တယ္။ ဒါေၾကာင့္ပဲ အင္တာမီလန္ အသင္းကို ႏိုင္ပြဲရဖို႔မလြယ္ကူတာေၾကာင့္ ဘာစီလိုနာလို တိုက္စစ္ အားေကာင္းတဲ့အသင္းကို ခ်န္ပီယံ လိဂ္ဆီမီးဖိုင္နယ္မွာ ျဖဳတ္ခ်ႏိုင္ခဲ့တာျဖစ္ပါတယ္။ အင္တာမီလန္ အသင္းရဲ႕ ဒီရာသီစြမ္းေဆာင္ရည္ကို ျပန္ၾကည့္ရင္ ကံမေကာင္းခဲ့ဘူးလို႔ဆိုႏိုင္ၿပီး စီးရီး ေအမွာ နာပိုလီ အသင္းကို တစ္မွတ္အကြာနဲ႔ ခ်န္ပီယံ ဆုကို လြဲခဲ့ရသလို ခ်န္ပီယံလိဂ္မွာလည္း ဗိုလ္လုပြဲအထိ တက္ ေရာက္ႏိုင္ခဲ့ေပမယ့္လည္း PSG အသင္းကို (၅)ဂိုးျပတ္နဲ႔ ရႈံးနိမ့္ခဲ့ၿပီး ခ်န္ပီယံဆုကို လက္လႊတ္ခဲ့ရျပန္ပါ တယ္။ ဒါဟာ အင္တာမီလန္အသင္းအတြက္ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို (၂၀၂၂) နဲ႔ (၂၀၂၄) မွာ (၂) ႀကိမ္ တက္ေရာက္ခ်ိန္မွာ တစ္ႀကိမ္မွ ဆုဖလား မရရွိခဲ့တာလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ ဖီဖာက က်င္းပတဲ့ FIFA World Cup 2025 ၿပိဳင္ပြဲမွာ အင္တာမီလန္အသင္းရဲ႕ စြမ္းေဆာင္ရည္ကို ဆက္လက္ေစာင့္ၾကည့္ သြားရဖို႔ရွိေနပါတယ္။ မြန္တယ္ရီ အသင္းကေတာ့ မကၠဆီကို ကလပ္အသင္း တစ္သင္းျဖစ္ၿပီး အင္တာမီ လန္အသင္းနဲ႔ ႏႈိင္းယွဥ္ရင္ ေျခစြမ္းပိုင္းကြာဟမႈ ႀကီးမားတာေၾကာင့္ ဒီပြဲစဥ္က အင္တာမီလန္အသင္း ကပဲ ဂိုးျပတ္ရလဒ္နဲ႔ အႏိုင္(၃)မွတ္ ရယူသြားႏိုင္ပါတယ္။

၁၇ - ၆ - ၂၀၂၅ (အဂၤါေန႔) နံနက္ပိုင္း(၁း၃၀) ခ်ဲလ္ဆီး Vs LA FC
နံနက္ပိုင္း(၁း၃၀) ဖလာမင္ဂို Vs ေဒါ့မြန္

၁၈ - ၆ - ၂၀၂၅ (ဗုဒၶဟူးေန႔)
နံနက္ပိုင္း(ရး၃၀) မြန္တယ္ရီ Vs အင္တာမီလန္
ညပိုင္း (၁၀း၃၀) မန္စီးတီး Vs W.A.C FC

Related news

© 2021. All rights reserved.