တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် သမိုင်းဝင်အဆောက်အအုံတစ်ခုကို ဟိုက်ဒရောလစ်စက်ရုပ်များ အသုံးပြုကာ နေရာရွှေ့ပြောင်း

 97

Pika (NP News) - ဇွန် ၁၆

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှအာဏာပိုင်များသည် ဟိုက်ဒရောလစ်စွမ်းအင်သုံးစက်ရုပ်(၄၃၂)ခု၏အကူအညီဖြင့် ရိုးရာရှီကူမင်ပုံစံ အဆောက်အအုံကို တစ်ရက်လျှင် (၁၀)မီတာရွှေ့ခဲ့ကြောင်း သိရသည်။ ရှန်ဟိုင်းမြို့ Jing’an ခရိုင် Zhangyuan ရပ်ကွက် အတွင်းတည်ရှိသော Huayanli အဆောက်အအုံသည် အရွယ်အစား နှင့် ရှုပ်ထွေးမှုများအရ တရုတ် နိုင်ငံ၏ အကြီးဆုံးနေရာရွှေ့ပြောင်းရေးစီမံကိန်းတစ် ခုအဖြစ် နာမည်ကြီးကြောင်းသိရသည်။
(၁၉၂၀) နှင့် (၁၉၃၀) ပြည့်နှစ်များအတွင်း တည်ရှိခဲ့သော အဆိုပါအဆောက်အအုံသည် သမားရိုးကျတည် ဆောက်မှု နှင့် နေရာရွှေ့ပြောင်းရေးကိရိယာများကို အသုံးဝင်စေခြင်းမျိုးမရှိသည့်အတွက် အာဏာပိုင်များသည် ယင်း အဆောက်အအုံတစ်ခုလုံးကို မီတာရာပေါင်းများစွာရွှေ့ပြောင်းရန်အတွက် နည်းလမ်းများကို ရှာဖွေရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါပရောဂျက်နှင့်ပတ်သက်သည့်အဖွဲ့သည် တန်ချိန်(၇၃၈၂)တန် နှင့် (၁၃၂၂၂) စတုရန်းပေရှိသော အဆောက်အအုံကိုရွှေ့ပြောင်းရန်အတွက် အဆင့်မြင့်နည်းပညာများကို လိုအပ်ခဲ့ကြောင်း သိရသည်။ ယင်း အဆောက်အအုံကို မရွှေ့မီအင်ဂျင်နီယာများသည် အသေးစိတ် 3D ပုံကြမ်းများ ကိုဖန်တီးရန်အတွက် တည်ဆောက်မှု အချက်အလက်မော်ဒယ်လ်နှင့်အချက်ပြ cloud puifef နည်းပညာများကို အသုံးပြုခဲ့ရကြောင်း လည်း သိရသည်။
ထို့ပြင် အင်ဂျင်နီယာများသည် တိုက်မိနိုင် သည့် အချက်များကို ခွဲခြားသတ်မှတ်ရန်နှင့် သိသာ ထင်ရှား သော ဖွဲ့စည်းပုံဆိုင်ရာပြဿနာများကို ရှာဖွေဖော်ထုတ်ရန်အတွက် အဆိုပါဇယားကွက်များကို ခွဲခြမ်းစိတ်ဖြာ မှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။ ထို့နောက် အင်ဂျင်နီယာများသည် တူးဖော်မှုများ လုပ်ဆောင်ကာ အဆောက် အအုံတစ်ခုလုံး ၏အောက်တွင် ဟိုက်ဒရောလစ်စွမ်းအင်သုံးစက်ရုပ် (၄၃၂)ခုကို ထည့်ခဲ့ပြီးနောက် တစ်ရက်လျှင် (၁၀) မီတာစီ ရွှေ့နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံ ရွန္ဟိုင္းၿမိဳ႕တြင္ သမိုင္းဝင္အေဆာက္အအုံတစ္ခုကို ဟိုက္ဒေရာလစ္စက္႐ုပ္မ်ား အသုံးျပဳကာ ေနရာ ေ႐ႊ႕ေျပာင္း
Pika (NP News) - ဇြန္ ၁၆
တ႐ုတ္ႏိုင္ငံ ရွန္ဟိုင္းၿမိဳ႕မွအာဏာပိုင္မ်ားသည္ ဟိုက္ဒေရာလစ္စြမ္းအင္သုံးစက္႐ုပ္(၄၃၂)ခု၏အကူအညီျဖင့္ ႐ိုးရာရွီကူမင္ပုံစံ အေဆာက္အအုံကို တစ္ရက္လွ်င္ (၁၀)မီတာေ႐ႊ႕ခဲ့ေၾကာင္း သိရသည္။ ရွန္ဟိုင္းၿမိဳ႕ Jing’an ခ႐ိုင္ Zhangyuan ရပ္ကြက္ အတြင္းတည္ရွိေသာ Huayanli အေဆာက္အအုံသည္ အ႐ြယ္အစား ႏွင့္ ရႈပ္ေထြးမႈမ်ားအရ တ႐ုတ္ ႏိုင္ငံ၏ အႀကီးဆုံးေနရာေ႐ႊ႕ေျပာင္းေရးစီမံကိန္းတစ္ ခုအျဖစ္ နာမည္ႀကီးေၾကာင္းသိရသည္။
(၁၉၂၀) ႏွင့္ (၁၉၃၀) ျပည့္ႏွစ္မ်ားအတြင္း တည္ရွိခဲ့ေသာ အဆိုပါအေဆာက္အအုံသည္ သမား႐ိုးက်တည္ ေဆာက္မႈ ႏွင့္ ေနရာေ႐ႊ႕ေျပာင္းေရးကိရိယာမ်ားကို အသုံးဝင္ေစျခင္းမ်ိဳးမရွိသည့္အတြက္ အာဏာပိုင္မ်ားသည္ ယင္း အေဆာက္အအုံတစ္ခုလုံးကို မီတာရာေပါင္းမ်ားစြာေ႐ႊ႕ေျပာင္းရန္အတြက္ နည္းလမ္းမ်ားကို ရွာေဖြရန္ ႀကိဳးပမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါပေရာဂ်က္ႏွင့္ပတ္သက္သည့္အဖြဲ႕သည္ တန္ခ်ိန္(၇၃၈၂)တန္ ႏွင့္ (၁၃၂၂၂) စတုရန္းေပရွိေသာ အေဆာက္အအုံကိုေ႐ႊ႕ေျပာင္းရန္အတြက္ အဆင့္ျမင့္နည္းပညာမ်ားကို လိုအပ္ခဲ့ေၾကာင္း သိရသည္။ ယင္း အေဆာက္အအုံကို မေ႐ႊ႕မီအင္ဂ်င္နီယာမ်ားသည္ အေသးစိတ္ 3D ပုံၾကမ္းမ်ား ကိုဖန္တီးရန္အတြက္ တည္ေဆာက္မႈ အခ်က္အလက္ေမာ္ဒယ္လ္ႏွင့္အခ်က္ျပ cloud puifef နည္းပညာမ်ားကို အသုံးျပဳခဲ့ရေၾကာင္း လည္း သိရသည္။
ထို႔ျပင္ အင္ဂ်င္နီယာမ်ားသည္ တိုက္မိႏိုင္ သည့္ အခ်က္မ်ားကို ခြဲျခားသတ္မွတ္ရန္ႏွင့္ သိသာ ထင္ရွား ေသာ ဖြဲ႕စည္းပုံဆိုင္ရာျပႆနာမ်ားကို ရွာေဖြေဖာ္ထုတ္ရန္အတြက္ အဆိုပါဇယားကြက္မ်ားကို ခြဲျခမ္းစိတ္ျဖာ မႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္းလည္း သိရသည္။ ထို႔ေနာက္ အင္ဂ်င္နီယာမ်ားသည္ တူးေဖာ္မႈမ်ား လုပ္ေဆာင္ကာ အေဆာက္ အအုံတစ္ခုလုံး ၏ေအာက္တြင္ ဟိုက္ဒေရာလစ္စြမ္းအင္သုံးစက္႐ုပ္ (၄၃၂)ခုကို ထည့္ခဲ့ၿပီးေနာက္ တစ္ရက္လွ်င္ (၁၀) မီတာစီ ေ႐ႊ႕ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.