PDF တို့၏ ပညာရေးဝန်ထမ်းများအပေါ်အပြုအမူများ ဆိုးလာသောကြောင့် ကျောင်းမသွားရဲသည့်အခြေအနေဖြစ် နေ

 337

သန့်ဇင် (NP News) - ဇွန် ၁၆
PDF တို့၏ ပညာရေးဝန်ထမ်းများအပေါ်အပြုအမူများ ဆိုးလာသောကြောင့် ကျောင်းမသွားရဲ သည့် အခြေအနေ ဖြစ်နေကြောင်း ပညာရေးဝန်ထမ်းများနှင့် ဒေသခံအချို့ထံ NP News က မေးမြန်းထားသော အချက်အလက်များ အရ သိရသည်။ ပညာရေးဝန်ထမ်းများသာမက ပညာရေးကောလိပ်တက်ရောက်နေသူများကိုပါ PDF တို့က ရန်ရှာစပြုလာခြင်းဖြစ်ပြီး ပြီးခဲ့သည့် မေလ (၂၄) ရက်က ကျောင်းဆရာမ (၂) ဦး၊ ပညာရေးကောလိပ် ကျောင်းသား၊ ကျောင်းသူ (၄) ဦးနှင့် မိဘများကို မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရကာ ဇွန်လ ဒုတိယပတ်တွင် ကျောင်းဆရာမ (၂)ဦးနှင့် ပညာရေးကောလိပ် ကျောင်းသား၊ ကျောင်းသူ (၃) ဦးကို လုံခြုံရေး တပ်ဖွဲ့က ပြန်လည် ကယ်တင်နိုင်ခဲ့သည်။
“ရွာနာမည်တွေတော့ ထည့်မပြောတော့ပါဘူး။ PDF တွေ ခဏခဏဝင်တဲ့ရွာက ကျောင်းတွေ ဆိုရင် ပိတ်ထားရ တယ်။ အဲဒီက ကလေးတွေက မြို့ပေါ်ကျောင်းနဲ့ PDF တွေမရောက်တဲ့ ကျောင်းတွေဘက်ကိုပြောင်းပြီးတက်ရ တာရှိတယ်။ အခုကျွန်မတို့ ကျောင်းဆိုရင် အရင်က ရွာ(၂)ရွာက ကလေးတွေပဲ လာတက်ကြတာ။ အခုက တခြား ရွာတွေက ကလေးတွေပါပေါင်းပြီးတက်ရတာပေါ့နော်။ ဆရာမတွေက လည်းပေါင်းပြီးသင်ရတာ။ ဆရာမတွေ လည်းရှောင် နေရတယ်” ဟု ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်းမှ ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
အဆိုပါဒေသများတွင် တာဝန်ကျသည့်ပညာရေးဝန်ထမ်းများအနေဖြင့် ယခင်ကလုံခြုံရေးအရ ကျောင်းယူနီဖောင်း မဝတ်ဘဲ အရပ်ဝတ်ဖြင့်သာ သွားလာခဲ့ရသော်လည်း လက်ရှိကာလတွင် ယူနီဖောင်းအပြည့်ဝတ်ရမည်ဆိုသော ကြောင့် သွားလာရာတွင် စိုးရိမ်မှုရှိနေကြောင်း အခြားသော ပညာရေးဝန်ထမ်းတစ်ဦးကဆိုသည်။
“ရှေ့ရက်က ကျောင်းဆရာမတွေအသတ်ခံလိုက်ရတော့ ကြောက်ပြီးတော့ ကျောင်းမသွားရဲတဲ့ ဆရာမ တွေလည်းရှိတယ်။ ဒါကတော့ တော်တော်များတယ်။ အရင်ကလည်း အသတ်ခံလိုက်ရတဲ့ ပညာရေး ဝန်ထမ်းတွေ ရှိ တယ်။ လက်ရှိလတ်တလောမှာ ဒီတစ်လတည်းအတွင်းကို ပညာရေးဝန်ထမ်း(၂)ယောက်နဲ့ အမျိုးသားရောဆိုရင် (၃)ယောက်ပေါ့နော်။ ဒေသတွင်းကျောင်းတွေမှာတော့ ကလေးတွေ ကို ကျောင်းမတက်ဖို့ ဖိအားမပေးတော့ဘူး။ ဒါပေမဲ့ ဆရာမတို့ကိုတော့ ခြိမ်းခြောက်တာရှိတယ်။ ကျောက်ပန်းတောင်းဘက်မှာတော့ ဖုန်းတွေနဲ့ကျောင်း မတက်ဖို့ခြိမ်း ခြောက်တယ်။ အရင်ကတော့ စာတွေပစ် တာတွေရှိခဲ့ပေမယ့် အခုတော့ အဲဒီအပိုင်းလောက် တော့ရှိတယ်။ အခုတော့ Non CDM သမားတိုင်း လန့်နေကြရတာပေါ့” ဟု မကွေးတိုင်းဒေသကြီးမှ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
ထို့ကြောင့် ပညာရေးဝန်ထမ်းများအပေါ် ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ပြန် ပေးဆွဲခြင်းများလုပ်ဆောင်နေခြင်းသည် အဆိုပါဒေသရှိ ကလေးငယ်များ၏ ပညာရေးအပေါ်များစွာရိုက်ခတ်နိုင်ပြီး အနာဂတ်အတွက်ရင်လေးစရာဖြစ်နေ ကြောင်း တက္ကသိုလ်ကထိကတစ်ဦးက ဆိုသည်။
“လွန်ခဲ့တဲ့ (၂၀၂၁)နောက်ပိုင်းကာလအချိန်မှာဆိုရင် ကျောင်းဖွင့်ရာသီရောက်ပြီဆိုရင် ကျောင်းမှာဗုံးကွဲတာတွေ။ ကျောင်းမှာအကြမ်းဖက်တိုက်ခိုက်တာတွေရှိခဲ့ဖူးတယ်။ အဲဒီအချိန်ကာလမှာလည်း သူတို့ရဲ့ရည်ရွယ်ချက်က ကလေးတွေစာသင်ကျောင်းကိုမလာရေးပေါ့။ ကျောင်းမတက်ဖို့ပေါ့နော်။ သို့သော်လည်းပဲ သူတို့ရည်ရွယ်သလို မဖြစ်လာခဲ့ဘူး။ တစ်နှစ်နဲ့တစ်နှစ် ကျောင်းပြန်အပ်တဲ့နှုန်းက ပိုများလာတယ်။ ကျောင်းတွေကလည်း တော်တော်လေးပြန်ဖွင့်လာနိုင်တယ်။ အဲဒီမှာ ပညာရေးဝန်ထမ်းတွေကို Target ထားပြီးတော့ တိုက်ခိုက်တာ တွေပိုပြီး လုပ်လာတာတွေ့ရတယ်။ မြို့ကြီးတွေမှာ အဲဒီလိုမဖြစ်ဘူး။ နယ်မြေမတည်ငြိမ်း ချမ်းတဲ့ဒေသတွေမှာ ပိုပြီးဖြစ်တယ်။ အဲဒီဒေသတွေ မှာရှိတဲ့ကျောင်းသား၊ ကျောင်းသူတွေရဲ့အနာဂတ်ဟာ စိုးရိမ်စရာကောင်းတဲ့အခြေ အနေ။ သူတို့စာမသင် နိုင်ဘူးပေါ့။ ပညာရေးဝန်ထမ်းတွေကို ဒီလိုမျိုးဆောင်ရွက်နေလို့ ဒီဒေသမှာရှိတဲ့ကလေးတွေ ကျောင်းတက်နေတဲ့ကလေးတွေ ကျောင်းမတက်၊ စာမသင်နိုင်ဘူးဆိုရင် အဲဒီနယ်မြေဒေသအတွက် အင်မတန် ရင်လေးစရာကောင်းတဲ့အနာဂတ်ကိုပဲရမှာ” ဟု ၎င်းက ပြောသည်။
(၂၀၂၁) ခုနှစ် ဖေဖော်ဝါရီမှစတင်ကာ နိုင်ငံတစ်ဝန်း အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည့် ပညာရေးဝန်ထမ်း ကျောင်းဆရာ၊ ဆရာမ(၈၀)ဦးကျော်ရှိခဲ့ကြောင်း နစက၏သတင်းအချက်လက်များအရ သိရသည်။

Zawgyi Version:
PDF တို႔၏ ပညာေရးဝန္ထမ္းမ်ားအေပၚအျပဳအမူမ်ား ဆိုးလာေသာေၾကာင့္ ေက်ာင္းမသြားရဲသည့္အေျခအေနျဖစ္ ေန
သန႔္ဇင္ (NP News) - ဇြန္ ၁၆
PDF တို႔၏ ပညာေရးဝန္ထမ္းမ်ားအေပၚအျပဳအမူမ်ား ဆိုးလာေသာေၾကာင့္ ေက်ာင္းမသြားရဲ သည့္ အေျခအေန ျဖစ္ေနေၾကာင္း ပညာေရးဝန္ထမ္းမ်ားႏွင့္ ေဒသခံအခ်ိဳ႕ထံ NP News က ေမးျမန္းထားေသာ အခ်က္အလက္မ်ား အရ သိရသည္။ ပညာေရးဝန္ထမ္းမ်ားသာမက ပညာေရးေကာလိပ္တက္ေရာက္ေနသူမ်ားကိုပါ PDF တို႔က ရန္ရွာစျပဳလာျခင္းျဖစ္ၿပီး ၿပီးခဲ့သည့္ ေမလ (၂၄) ရက္က ေက်ာင္းဆရာမ (၂) ဦး၊ ပညာေရးေကာလိပ္ ေက်ာင္းသား၊ ေက်ာင္းသူ (၄) ဦးႏွင့္ မိဘမ်ားကို မေကြးတိုင္းေဒသႀကီး ေစတုတၱရာၿမိဳ႕နယ္တြင္ ဖမ္းဆီးခံခဲ့ရကာ ဇြန္လ ဒုတိယပတ္တြင္ ေက်ာင္းဆရာမ (၂)ဦးႏွင့္ ပညာေရးေကာလိပ္ ေက်ာင္းသား၊ ေက်ာင္းသူ (၃) ဦးကို လုံၿခဳံေရး တပ္ဖြဲ႕က ျပန္လည္ ကယ္တင္ႏိုင္ခဲ့သည္။
“႐ြာနာမည္ေတြေတာ့ ထည့္မေျပာေတာ့ပါဘူး။ PDF ေတြ ခဏခဏဝင္တဲ့႐ြာက ေက်ာင္းေတြ ဆိုရင္ ပိတ္ထားရ တယ္။ အဲဒီက ကေလးေတြက ၿမိဳ႕ေပၚေက်ာင္းနဲ႔ PDF ေတြမေရာက္တဲ့ ေက်ာင္းေတြဘက္ကိုေျပာင္းၿပီးတက္ရ တာရွိတယ္။ အခုကြၽန္မတို႔ ေက်ာင္းဆိုရင္ အရင္က ႐ြာ(၂)႐ြာက ကေလးေတြပဲ လာတက္ၾကတာ။ အခုက တျခား ႐ြာေတြက ကေလးေတြပါေပါင္းၿပီးတက္ရတာေပါ့ေနာ္။ ဆရာမေတြက လည္းေပါင္းၿပီးသင္ရတာ။ ဆရာမေတြ လည္းေရွာင္ ေနရတယ္” ဟု ပဲခူးတိုင္းေဒသႀကီးအေနာက္ျခမ္းမွ ပညာေရးဝန္ထမ္းတစ္ဦးက ေျပာသည္။
အဆိုပါေဒသမ်ားတြင္ တာဝန္က်သည့္ပညာေရးဝန္ထမ္းမ်ားအေနျဖင့္ ယခင္ကလုံၿခဳံေရးအရ ေက်ာင္းယူနီေဖာင္း မဝတ္ဘဲ အရပ္ဝတ္ျဖင့္သာ သြားလာခဲ့ရေသာ္လည္း လက္ရွိကာလတြင္ ယူနီေဖာင္းအျပည့္ဝတ္ရမည္ဆိုေသာ ေၾကာင့္ သြားလာရာတြင္ စိုးရိမ္မႈရွိေနေၾကာင္း အျခားေသာ ပညာေရးဝန္ထမ္းတစ္ဦးကဆိုသည္။
“ေရွ႕ရက္က ေက်ာင္းဆရာမေတြအသတ္ခံလိုက္ရေတာ့ ေၾကာက္ၿပီးေတာ့ ေက်ာင္းမသြားရဲတဲ့ ဆရာမ ေတြလည္းရွိတယ္။ ဒါကေတာ့ ေတာ္ေတာ္မ်ားတယ္။ အရင္ကလည္း အသတ္ခံလိုက္ရတဲ့ ပညာေရး ဝန္ထမ္းေတြ ရွိ တယ္။ လက္ရွိလတ္တေလာမွာ ဒီတစ္လတည္းအတြင္းကို ပညာေရးဝန္ထမ္း(၂)ေယာက္နဲ႔ အမ်ိဳးသားေရာဆိုရင္ (၃)ေယာက္ေပါ့ေနာ္။ ေဒသတြင္းေက်ာင္းေတြမွာေတာ့ ကေလးေတြ ကို ေက်ာင္းမတက္ဖို႔ ဖိအားမေပးေတာ့ဘူး။ ဒါေပမဲ့ ဆရာမတို႔ကိုေတာ့ ၿခိမ္းေျခာက္တာရွိတယ္။ ေက်ာက္ပန္းေတာင္းဘက္မွာေတာ့ ဖုန္းေတြနဲ႔ေက်ာင္း မတက္ဖို႔ၿခိမ္း ေျခာက္တယ္။ အရင္ကေတာ့ စာေတြပစ္ တာေတြရွိခဲ့ေပမယ့္ အခုေတာ့ အဲဒီအပိုင္းေလာက္ ေတာ့ရွိတယ္။ အခုေတာ့ Non CDM သမားတိုင္း လန႔္ေနၾကရတာေပါ့” ဟု မေကြးတိုင္းေဒသႀကီးမွ သတင္းရင္းျမစ္တစ္ဦးက ဆိုသည္။
ထို႔ေၾကာင့္ ပညာေရးဝန္ထမ္းမ်ားအေပၚ ဖမ္းဆီးသတ္ျဖတ္ျခင္းႏွင့္ ျပန္ ေပးဆြဲျခင္းမ်ားလုပ္ေဆာင္ေနျခင္းသည္ အဆိုပါေဒသရွိ ကေလးငယ္မ်ား၏ ပညာေရးအေပၚမ်ားစြာ႐ိုက္ခတ္ႏိုင္ၿပီး အနာဂတ္အတြက္ရင္ေလးစရာျဖစ္ေန ေၾကာင္း တကၠသိုလ္ကထိကတစ္ဦးက ဆိုသည္။
“လြန္ခဲ့တဲ့ (၂၀၂၁)ေနာက္ပိုင္းကာလအခ်ိန္မွာဆိုရင္ ေက်ာင္းဖြင့္ရာသီေရာက္ၿပီဆိုရင္ ေက်ာင္းမွာဗုံးကြဲတာေတြ။ ေက်ာင္းမွာအၾကမ္းဖက္တိုက္ခိုက္တာေတြရွိခဲ့ဖူးတယ္။ အဲဒီအခ်ိန္ကာလမွာလည္း သူတို႔ရဲ႕ရည္႐ြယ္ခ်က္က ကေလးေတြစာသင္ေက်ာင္းကိုမလာေရးေပါ့။ ေက်ာင္းမတက္ဖို႔ေပါ့ေနာ္။ သို႔ေသာ္လည္းပဲ သူတို႔ရည္႐ြယ္သလို မျဖစ္လာခဲ့ဘူး။ တစ္ႏွစ္နဲ႔တစ္ႏွစ္ ေက်ာင္းျပန္အပ္တဲ့ႏႈန္းက ပိုမ်ားလာတယ္။ ေက်ာင္းေတြကလည္း ေတာ္ေတာ္ေလးျပန္ဖြင့္လာႏိုင္တယ္။ အဲဒီမွာ ပညာေရးဝန္ထမ္းေတြကို Target ထားၿပီးေတာ့ တိုက္ခိုက္တာ ေတြပိုၿပီး လုပ္လာတာေတြ႕ရတယ္။ ၿမိဳ႕ႀကီးေတြမွာ အဲဒီလိုမျဖစ္ဘူး။ နယ္ေျမမတည္ၿငိမ္း ခ်မ္းတဲ့ေဒသေတြမွာ ပိုၿပီးျဖစ္တယ္။ အဲဒီေဒသေတြ မွာရွိတဲ့ေက်ာင္းသား၊ ေက်ာင္းသူေတြရဲ႕အနာဂတ္ဟာ စိုးရိမ္စရာေကာင္းတဲ့အေျခ အေန။ သူတို႔စာမသင္ ႏိုင္ဘူးေပါ့။ ပညာေရးဝန္ထမ္းေတြကို ဒီလိုမ်ိဳးေဆာင္႐ြက္ေနလို႔ ဒီေဒသမွာရွိတဲ့ကေလးေတြ ေက်ာင္းတက္ေနတဲ့ကေလးေတြ ေက်ာင္းမတက္၊ စာမသင္ႏိုင္ဘူးဆိုရင္ အဲဒီနယ္ေျမေဒသအတြက္ အင္မတန္ ရင္ေလးစရာေကာင္းတဲ့အနာဂတ္ကိုပဲရမွာ” ဟု ၎က ေျပာသည္။
(၂၀၂၁) ခုႏွစ္ ေဖေဖာ္ဝါရီမွစတင္ကာ ႏိုင္ငံတစ္ဝန္း အၾကမ္းဖက္သတ္ျဖတ္ခံခဲ့ရသည့္ ပညာေရးဝန္ထမ္း ေက်ာင္းဆရာ၊ ဆရာမ(၈၀)ဦးေက်ာ္ရွိခဲ့ေၾကာင္း နစက၏သတင္းအခ်က္လက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.