ရှမ်းမြောက်တွင် “ကျောချမှ ဓားပြမှန်းသိ” ပြီးနောက် ယခင် နေမြဲအတိုင်း နေထိုင်လိုသူများလာ

 908

Pearl (NP News) - ဇွန် ၁၆

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် “ကျောချမှ ဓားပြမှန်းသိ” ပြီးနောက် တိုက်ပွဲများမဖြစ်မီက ယခင် နေမြဲအတိုင်း နေထိုင်လိုသူများလာကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက NP News သို့ သုံးသပ်ပြောကြားသည်။
ပြီးခဲ့သည့် ရက်ပိုင်းက တအာင်းအမျိုးသား ပါတီ TNP ၊ ပလောင်အမျိုးသားလွတ်မြောက်ရေး တပ်ဦး TNLA နှင့် တအောင်းအရပ်ဘက် အစုအဖွဲ့ များပါဝင်သည့် တအာင်းနိုင်ငံရေး အတိုင်ပင်ခံ ကော်မတီ TPCC တို့မှ စုပေါင်းကာ တအာင်းပြည်ကောင်စီ (TLC)ဟူ၍ ဖွဲ့စည်းခဲ့သည့်အပေါ် ရှမ်းအရပ်ဖက်အဖွဲ့အစည်းမှ ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။
“တအာင်းပြည်နယ်ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီးတော့ ရှမ်းလူငယ်အဖွဲ့အစည်းတွေ ကန့်ကွက်စာတွေ ထုတ်လာ တယ်။ အဲဒီလို အနေအထားမှာ ဘာလက္ခဏာတွေ့ရလဲဆိုတော့ လူမျိုးကြီး ဝါဒချေမှုန်းဖို့ပေါ့နော်။ ကိုးကန့်တောင် အဲဒီလောက်မဆိုးဘူး။ ပလောင်က တော်တော်ဆိုးတယ်။ မှတ်ပုံတင် မလုပ်မနေရတွေ အဲဒီလိုအနေအထားတွေ ဖြစ်လာတဲ့အခါမှာ ဌာနေ တိုင်းရင်းသားတွေပေါ်မှာ လူမျိုးရေး ဝါဒကျင့်သုံးတာ မလိုလားတော့ဘူး။ မလိုလားလို့ပဲ နောင် ချိုမှာ တပ်မတော်ကို လက်အုပ်လေးတွေချီပြီး ကြိုတယ်ပေါ့။ ဒီမြင်ကွင်းက ကျွန်တော်တို့ အတွက်က ရှားတယ်။ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားရှမ်းအဖွဲ့နဲ့က တိုက်ခဲ့ရတဲ့အခါ ကျွန်တော်တို့ ရှမ်းတိုင်းရင်းသား တွေက မြန်မာစစ်တပ်ကို အယုံအကြည်မရှိဘူး။ ဒါပေမဲ့ ဒီနောက်ပိုင်းမှာ တကယ့်လက်တွေ့ မြေပြင်မှာ ခံစားလာရတဲ့အခါ မျက်မြင်လိုပေါ့။ ကိုယ့် ဌာနေ ကိုယ်ပြန်နေရတဲ့အတွက် ဝမ်းသာကြတယ်။ ကျောက် မဲလည်း တူတူပဲ။ အကုန်လုံးက နဂိုအတိုင်း ပြန်ဖြစ် လာမှာလေးကို မျှော်ကြတယ်” ဟု ၎င်းကဆိုသည်။
ရှမ်းမြောက်၌ TNLA နှင့် အခြားလက်နက်ကိုင်အဖွဲ့များကြား နယ်မြေအငြင်းပွားမှုများအပြင် TNLA က ဒေသခံ တိုင်းရင်းသားများအပေါ် လူမျိုးရေးအရ ခွဲခြားမှုများ၊ ဖိနှိပ်မှုများပြုလုပ်လာသည့်အတွက် ဒေသခံတိုင်းရင်းသား များအနေဖြင့် ယခင်အတိုင်း နေထိုင်လိုသူများလာကြောင်းလည်း သိရသည်။
‘၁၀၂၇ နောက်ပိုင်းမှာ နိုင်ငံရေးဗန်းပြပြီးတော့ လူမျိုးရေးအရချဲ့ထွင်တာပြောရမယ်ဆိုရင် တစ်ပါတီအာဏာရှင် စနစ်ပေါ့။ အခုဆိုရင် အားလုံးက သိကြပြီလေ။ TNLA က ဘာလဲ MNDAA က ဘာလဲ။ တစ်ချိန်တုန်းက သူတို့ ထောက်ခံခဲ့တဲ့ အုပ်စုတွေ ဘာဖြစ်ကုန်လဲ အားလုံးက မျက်မြင်ပဲလေ။ ပွင့်ပွင့်လင်းလင်းပြောရရင် အရင်က ရှမ်းနဲ့ ပလောင် လူမျိုးရေးအရလည်း ပြဿနာမရှိခဲ့ဘူး။ ဒါပေမဲ့ TNLA ပေါ်လာပြီးတဲ့နောက်မှာ လူမျိုးရေးအရ ခွဲခြား မှုတွေ ဖြစ်လာတယ်။ အခု ရှမ်းမြောက်က လူထုအားလုံးက ပြည်ထောင်စုစိတ်နဲ့ ပြန်နေချင်တာ အားလုံးက။ ကျောချမှ ဓားပြ မှန်းသိတဲ့ပုံစံမျိုးပေါ့’ ဟု ၎င်းက ဆက်ပြောသည်။

Zawgyi Version:
ရွမ္းေျမာက္တြင္ “ေက်ာခ်မွ ဓားျပမွန္းသိ” ၿပီးေနာက္ ယခင္ ေနၿမဲအတိုင္း ေနထိုင္လိုသူမ်ားလာ
Pearl (NP News) - ဇြန္ ၁၆
ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ “ေက်ာခ်မွ ဓားျပမွန္းသိ” ၿပီးေနာက္ တိုက္ပြဲမ်ားမျဖစ္မီက ယခင္ ေနၿမဲအတိုင္း ေနထိုင္လိုသူမ်ားလာေၾကာင္း ေဒသခံသတင္းရင္းျမစ္တစ္ဦးက NP News သို႔ သုံးသပ္ေျပာၾကားသည္။
ၿပီးခဲ့သည့္ ရက္ပိုင္းက တအာင္းအမ်ိဳးသား ပါတီ TNP ၊ ပေလာင္အမ်ိဳးသားလြတ္ေျမာက္ေရး တပ္ဦး TNLA ႏွင့္ တေအာင္းအရပ္ဘက္ အစုအဖြဲ႕ မ်ားပါဝင္သည့္ တအာင္းႏိုင္ငံေရး အတိုင္ပင္ခံ ေကာ္မတီ TPCC တို႔မွ စုေပါင္းကာ တအာင္းျပည္ေကာင္စီ (TLC)ဟူ၍ ဖြဲ႕စည္းခဲ့သည့္အေပၚ ရွမ္းအရပ္ဖက္အဖြဲ႕အစည္းမွ ကန႔္ကြက္ေၾကာင္း ထုတ္ျပန္ခဲ့သည္ကို ေတြ႕ရသည္။
“တအာင္းျပည္နယ္ဖြဲ႕စည္းေရးနဲ႔ ပတ္သက္ၿပီးေတာ့ ရွမ္းလူငယ္အဖြဲ႕အစည္းေတြ ကန႔္ကြက္စာေတြ ထုတ္လာ တယ္။ အဲဒီလို အေနအထားမွာ ဘာလကၡဏာေတြ႕ရလဲဆိုေတာ့ လူမ်ိဳးႀကီး ဝါဒေခ်မႈန္းဖို႔ေပါ့ေနာ္။ ကိုးကန႔္ေတာင္ အဲဒီေလာက္မဆိုးဘူး။ ပေလာင္က ေတာ္ေတာ္ဆိုးတယ္။ မွတ္ပုံတင္ မလုပ္မေနရေတြ အဲဒီလိုအေနအထားေတြ ျဖစ္လာတဲ့အခါမွာ ဌာေန တိုင္းရင္းသားေတြေပၚမွာ လူမ်ိဳးေရး ဝါဒက်င့္သုံးတာ မလိုလားေတာ့ဘူး။ မလိုလားလို႔ပဲ ေနာင္ ခ်ိဳမွာ တပ္မေတာ္ကို လက္အုပ္ေလးေတြခ်ီၿပီး ႀကိဳတယ္ေပါ့။ ဒီျမင္ကြင္းက ကြၽန္ေတာ္တို႔ အတြက္က ရွားတယ္။ ျမန္မာစစ္တပ္နဲ႔ တိုင္းရင္းသားရွမ္းအဖြဲ႕နဲ႔က တိုက္ခဲ့ရတဲ့အခါ ကြၽန္ေတာ္တို႔ ရွမ္းတိုင္းရင္းသား ေတြက ျမန္မာစစ္တပ္ကို အယုံအၾကည္မရွိဘူး။ ဒါေပမဲ့ ဒီေနာက္ပိုင္းမွာ တကယ့္လက္ေတြ႕ ေျမျပင္မွာ ခံစားလာရတဲ့အခါ မ်က္ျမင္လိုေပါ့။ ကိုယ့္ ဌာေန ကိုယ္ျပန္ေနရတဲ့အတြက္ ဝမ္းသာၾကတယ္။ ေက်ာက္ မဲလည္း တူတူပဲ။ အကုန္လုံးက နဂိုအတိုင္း ျပန္ျဖစ္ လာမွာေလးကို ေမွ်ာ္ၾကတယ္” ဟု ၎ကဆိုသည္။
ရွမ္းေျမာက္၌ TNLA ႏွင့္ အျခားလက္နက္ကိုင္အဖြဲ႕မ်ားၾကား နယ္ေျမအျငင္းပြားမႈမ်ားအျပင္ TNLA က ေဒသခံ တိုင္းရင္းသားမ်ားအေပၚ လူမ်ိဳးေရးအရ ခြဲျခားမႈမ်ား၊ ဖိႏွိပ္မႈမ်ားျပဳလုပ္လာသည့္အတြက္ ေဒသခံတိုင္းရင္းသား မ်ားအေနျဖင့္ ယခင္အတိုင္း ေနထိုင္လိုသူမ်ားလာေၾကာင္းလည္း သိရသည္။
‘၁၀၂၇ ေနာက္ပိုင္းမွာ ႏိုင္ငံေရးဗန္းျပၿပီးေတာ့ လူမ်ိဳးေရးအရခ်ဲ႕ထြင္တာေျပာရမယ္ဆိုရင္ တစ္ပါတီအာဏာရွင္ စနစ္ေပါ့။ အခုဆိုရင္ အားလုံးက သိၾကၿပီေလ။ TNLA က ဘာလဲ MNDAA က ဘာလဲ။ တစ္ခ်ိန္တုန္းက သူတို႔ ေထာက္ခံခဲ့တဲ့ အုပ္စုေတြ ဘာျဖစ္ကုန္လဲ အားလုံးက မ်က္ျမင္ပဲေလ။ ပြင့္ပြင့္လင္းလင္းေျပာရရင္ အရင္က ရွမ္းနဲ႔ ပေလာင္ လူမ်ိဳးေရးအရလည္း ျပႆနာမရွိခဲ့ဘူး။ ဒါေပမဲ့ TNLA ေပၚလာၿပီးတဲ့ေနာက္မွာ လူမ်ိဳးေရးအရ ခြဲျခား မႈေတြ ျဖစ္လာတယ္။ အခု ရွမ္းေျမာက္က လူထုအားလုံးက ျပည္ေထာင္စုစိတ္နဲ႔ ျပန္ေနခ်င္တာ အားလုံးက။ ေက်ာခ်မွ ဓားျပ မွန္းသိတဲ့ပုံစံမ်ိဳးေပါ့’ ဟု ၎က ဆက္ေျပာသည္။

Related news

© 2021. All rights reserved.