အီရန် နဲ့ အစ္စရေးနိုင်ငံကြား လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး နောက်ဆုံးရသတင်းများ (4:30 PM)

 1796

ဂျန်ဇက် (NP News) - ဇွန် ၁၆
ဇွန်လ ၁၃ ရက်က စတင်ခဲ့တဲ့ အီရန် နဲ့ အစ္စရေးနိုင်ငံကြားဖြစ်ပွားလျက်ရှိနေတဲ့စစ်ပွဲကြောင့် နှစ်နိုင်ငံစလုံးမှာ အနည်းဆုံး လူပေါင်း ၄၀၀ ကျော်သေဆုံးထားပြီး ၇၀၀ နီးပါးဒဏ်ရာရထားကြောင်း အီရန် လူအခွင့်ရေးလှုပ်ရှားသူ များက ပြောပါတယ်။အီရန်ဟာ အစ္စရေးနဲ့ ဖြစ်ပွားလျက်ရှိနေတဲ့ အပြန်အလှန်တိုက်ခိုက်မှုအတွင်း ထိခိုက် သေဆုံးသူ အရေအတွက်ကို သတင်းထုတ်ပြန်ခြင်းမျိုးမရှိသေးကြောင်း သိရပါတယ်။
အစ္စရေးဟာ အီရန် နဲ့ အမေရိကန်နိုင်ငံကြား နျူကလီးယားစာချုပ် ချုပ်ဆိုမယ့် အစီအစဉ်ကို တားဆီးနိုင်အောင် ကြိုးပမ်းလျက်ရှိတယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အီရန် နဲ့ အမေရိကန် နိုင်ငံကြား နျူကလီးယားဆွေးနွေးမှု ၆ ကြိမ်မြောက်ကို အိုမန်နိုင်ငံမှာ ဆွေးနွေးဖို့ စီစဉ်ခဲ့ပြီးအဲဒီအစီစဉ်မစတင်ခင် ရက်ပိုင်းအလိုမှာ အစ္စရေးက အီရန်ကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အီရန်ဟာ အမေရိကန်နဲ့ ဆွေးနွေးဖို့ စီစဉ်ထားတဲ့ နျူကလီးယား ဆွေးနွေးပွဲများကို ဖျက်သိမ်းလိုက်ကြောင်းသိရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ပူတင်ကို အီရန် နဲ့ အစ္စရေးနိုင်ငံကြားဖြစ်ပွားလျက်ရှိနေတဲ့ စစ်ပွဲမှာ ကြားဝင်စေ့စပ်ပေးဖို့ ကမ်းလှမ်းလိုက်ကြောင်းသိရပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ပူတင်တို့ဟာ ဇွန်လ ၁၅ ရက်က တစ်နာရီကြာ ဖုန်းဆက်ဆွေးနွေးခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ပူတင်ကို ကမ်းလှမ်းခဲ့ခြင်းဖြစ်ပါတယ်။

အီရန် နဲ့ အစ္စရေးနိုင်ငံကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားနေချိန်မှာပဲ အီရန်စစ်တပ်ရဲ့ ထောက်လှမ်း ရေးအဖွဲ့အကြီးအကဲ ဗိုလ်မှူးချုပ် ကာဇီမီ အပါအဝင် စစ်ထောက်လှမ်းရေးအရာရှိ သုံးဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အစ္စရေးရဲ့ဒုံးကျည်များနဲ့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အီရန်စစ်တပ်ရဲ့ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ သေဆုံးခဲ့ရခြင်းဖြစ်တယ်လို့ အီရန်စစ်တပ်က သတင်းထုတ်ပြန်ထားပါတယ်။
အိရန်သမ္မတ အီရန်နိုင်ငံသားများအနေနဲ့ အစ္စရေးနိုင်ငံနဲ့စစ်ပွဲဖြစ်ပွားနေချိန်အတွင်း စုစည်းညီညွှတ်မှုများ ယခင်ထက်ရှိဖို့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ အီရန်သမ္မတက “အီရန်နိုင်ငံဟာ လက်ရှိအချိန်မှာ ရန်စ ကျူးကျော်ခံနေရတယ်။အဲဒီအတွက် အီရန်ပြည်သူအားလုံး ယခင်ထက် စုစည်းညီညွှတ်ရမယ်။ ရန်သူတွေက ကျွန်တော်တို့ရဲ့စုစည်းညီညွှတ်မှုမရအောင်လုပ်ဆောင်ရမယ်” လို့ ပြောပါတယ်။

Zawgyi Version:
အီရန္ နဲ႔ အစၥေရးႏိုင္ငံၾကား လက္ရွိျဖစ္ပြားေနတဲ့စစ္ပြဲနဲ႔ပတ္သက္ၿပီး ေနာက္ဆုံးရသတင္းမ်ား (4:30 PM)
ဂ်န္ဇက္ (NP News) - ဇြန္ ၁၆
ဇြန္လ ၁၃ ရက္က စတင္ခဲ့တဲ့ အီရန္ နဲ႔ အစၥေရးႏိုင္ငံၾကားျဖစ္ပြားလ်က္ရွိေနတဲ့စစ္ပြဲေၾကာင့္ ႏွစ္ႏိုင္ငံစလုံးမွာ အနည္းဆုံး လူေပါင္း ၄၀၀ ေက်ာ္ေသဆုံးထားၿပီး ၇၀၀ နီးပါးဒဏ္ရာရထားေၾကာင္း အီရန္ လူအခြင့္ေရးလႈပ္ရွားသူ မ်ားက ေျပာပါတယ္။အီရန္ဟာ အစၥေရးနဲ႔ ျဖစ္ပြားလ်က္ရွိေနတဲ့ အျပန္အလွန္တိုက္ခိုက္မႈအတြင္း ထိခိုက္ ေသဆုံးသူ အေရအတြက္ကို သတင္းထုတ္ျပန္ျခင္းမ်ိဳးမရွိေသးေၾကာင္း သိရပါတယ္။
အစၥေရးဟာ အီရန္ နဲ႔ အေမရိကန္ႏိုင္ငံၾကား န်ဴကလီးယားစာခ်ဳပ္ ခ်ဳပ္ဆိုမယ့္ အစီအစဥ္ကို တားဆီးႏိုင္ေအာင္ ႀကိဳးပမ္းလ်က္ရွိတယ္လို႔ အီရန္ ႏိုင္ငံျခားေရးဝန္ႀကီးက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ အီရန္ နဲ႔ အေမရိကန္ ႏိုင္ငံၾကား န်ဴကလီးယားေဆြးေႏြးမႈ ၆ ႀကိမ္ေျမာက္ကို အိုမန္ႏိုင္ငံမွာ ေဆြးေႏြးဖို႔ စီစဥ္ခဲ့ၿပီးအဲဒီအစီစဥ္မစတင္ခင္ ရက္ပိုင္းအလိုမွာ အစၥေရးက အီရန္ကိုပစ္မွတ္ထားတိုက္ခိုက္ခဲ့တာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ အီရန္ဟာ အေမရိကန္နဲ႔ ေဆြးေႏြးဖို႔ စီစဥ္ထားတဲ့ န်ဴကလီးယား ေဆြးေႏြးပြဲမ်ားကို ဖ်က္သိမ္းလိုက္ေၾကာင္းသိရပါတယ္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ႐ုရွားသမၼတ ပူတင္ကို အီရန္ နဲ႔ အစၥေရးႏိုင္ငံၾကားျဖစ္ပြားလ်က္ရွိေနတဲ့ စစ္ပြဲမွာ ၾကားဝင္ေစ့စပ္ေပးဖို႔ ကမ္းလွမ္းလိုက္ေၾကာင္းသိရပါတယ္။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္နဲ႔ ႐ုရွားသမၼတ ပူတင္တို႔ဟာ ဇြန္လ ၁၅ ရက္က တစ္နာရီၾကာ ဖုန္းဆက္ေဆြးေႏြးခဲ့ၿပီးေနာက္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ႐ုရွားသမၼတ ပူတင္ကို ကမ္းလွမ္းခဲ့ျခင္းျဖစ္ပါတယ္။

အီရန္ နဲ႔ အစၥေရးႏိုင္ငံၾကား အျပန္အလွန္ ပစ္ခတ္တိုက္ခိုက္မႈမ်ားျဖစ္ပြားေနခ်ိန္မွာပဲ အီရန္စစ္တပ္ရဲ႕ ေထာက္လွမ္း ေရးအဖြဲ႕အႀကီးအကဲ ဗိုလ္မႉးခ်ဳပ္ ကာဇီမီ အပါအဝင္ စစ္ေထာက္လွမ္းေရးအရာရွိ သုံးဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ အစၥေရးရဲ႕ဒုံးက်ည္မ်ားနဲ႔ ပစ္ခတ္တိုက္ခိုက္မႈမ်ားေၾကာင့္ အီရန္စစ္တပ္ရဲ႕ေထာက္လွမ္းေရးအဖြဲ႕ အႀကီးအကဲ ေသဆုံးခဲ့ရျခင္းျဖစ္တယ္လို႔ အီရန္စစ္တပ္က သတင္းထုတ္ျပန္ထားပါတယ္။
အိရန္သမၼတ အီရန္ႏိုင္ငံသားမ်ားအေနနဲ႔ အစၥေရးႏိုင္ငံနဲ႔စစ္ပြဲျဖစ္ပြားေနခ်ိန္အတြင္း စုစည္းညီၫႊတ္မႈမ်ား ယခင္ထက္ရွိဖို႔ တိုက္တြန္းေတာင္းဆိုလိုက္ပါတယ္။ အီရန္သမၼတက “အီရန္ႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ ရန္စ က်ဴးေက်ာ္ခံေနရတယ္။အဲဒီအတြက္ အီရန္ျပည္သူအားလုံး ယခင္ထက္ စုစည္းညီၫႊတ္ရမယ္။ ရန္သူေတြက ကြၽန္ေတာ္တို႔ရဲ႕စုစည္းညီၫႊတ္မႈမရေအာင္လုပ္ေဆာင္ရမယ္” လို႔ ေျပာပါတယ္။

Related news

© 2021. All rights reserved.