မိုင်းနင်းမိလို့ ကွဲသွားရင် လျော်ကြေးပေးရတဲ့ စလင်းမြို့နယ်အကြောင်း တစေ့တစောင်း

 664

သုတကျော် (NP News) - ဇွန် ၁၇

စလင်းမြို့သည် သမိုင်းတစ်လျှောက်တွင် ငြိမ်းချမ်းခြင်းလည်းရှိသည်၊ သူပုန်သူကန်ဘေးကို လည်း ရင်ဆိုင်ခဲ့ကြရသည်။ သို့သော် ငြိမ်းချမ်းသည့်အချိန်က များပြားခဲ့သည်သာ။ လက်ရှိတွင်မူ စလင်း မြို့နယ်တွင် မငြိမ်းချမ်းမှုများကို ပြန်လည်ကြုံတွေ့နေရသည့်အခက်အခဲကို ဒေသခံများ ရင်ဆိုင်နေကြ ရသည်။ စစ်နှင့်အတူပါလာသော ဆိုးကျိုးများကိုလည်း ရင်ဆိုင်နေကြရ၏။ ဥပမာပြရန် အကောင်းဆုံး အချက်ကား PDF တို့ ထောင်ထားသော မိုင်းနင်းမိလျှင် နင်းမိသူ မသေပါက မိုင်းလျော်ကြေးအဖြစ် ငွေ ကျပ် သိန်းချီ ပေးနေရသည်။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ စလင်းမြိုခံတစ်ဦးကို NP News က မေးမြန်းထားသည်များအား ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - အရင်ဆုံး စလင်းမြို့ဘက်က လက်ရှိအခြေ အနေကို ပြောပြပေးပါလား။
ဖြေ - အေးနေတယ်ဗျ။ ဘာသတင်းမှတော့ လောလောဆယ်မကြားရသေးဘူး။ ဟိုတလောကတော့ စလင်း ရဲစခန်းကိုဝင်ပြီးတော့မှ ပစ်တယ်ဆိုတဲ့ သတင်းပေါ့နော်။ အဲဒီသတင်းထွက်ပြီးတဲ့နောက် သူတို့ ဘက်က ပြန်ဆုတ်သွားတယ်။ နောက် အဲဒါပြီးတော့ တစ်ပတ်လောက်အကြာမှာ သုံးယောက်လောက် ပေါ့။ ပုဆိုးခြုံကြား သေနတ်လွယ်ပြီး အ.ထ.က (၂)နားကို ကပ်လာတာပေါ့။ အဓိက ကိုယ် ထင်တာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုပစ်ဖို့ထင် တယ်။ ကျောင်းနားက ကလေးတွေကို ဒီနားကို လာသေးလား ဘာလားမေးသွားတယ်ပြောတယ်။ ပြန် ဆုတ်သွားတဲ့အနေအထားတော့ရှိတယ်။ မြို့လုံ ခြုံရေးဂိတ်တွေ တော့ လှည့်ကင်းတွေပတ်တယ်။ အရင်တုန်းကတော့ လက်နက်ကြီးပစ်သံတွေ၊ လက် နက်ငယ်သံတွေ တော့ ကြားနေရတယ်။ အခုတော့ မကြားရပြန်သေးဘူးပေါ့။ နည်းနေသေးတယ် မိုးရွာလို့လားမသိဘူး။ မကြားတာ တစ်ပတ်၊ ဆယ်ရက် လောက်ရှိသွားပြီ။ တစ်ချက်တစ်ချက် ကြိုကြား ကြိုကြားတစ်လုံး တလေတော့ ကြားရတယ်။

မေး - အစ်ကိုတို့ဒေသမှာ လက်နက်ကိုင်တွေ ရောက်မလာခင်က အခြေအနေဘယ်လိုရှိပါသလဲ။
ဖြေ - အဲဒီတုန်းကအခြေအနေကတော့ အားလုံး အေးချမ်းပါတယ်။ ပုံမှန်ပဲ လုပ်ကိုင်စားသောက်ကြ တယ်။ ကျွန်တော်ဆို အရင်ကတော့ စလင်းကနေ တခြားနေရာ (၇)နေရာလောက်ကို အော်ဒါကောက် တယ်၊ ပစ္စည်းပို့တယ် လုပ်နိုင်တယ်။ အခုကျတော့ တစ်နေရာပဲ လုပ်လို့ရတော့တယ်။

မေး - စလင်းမြို့ရဲ့ စားဝတ်နေရေး အခြေခံက ဘာများဖြစ်မလဲ ခင်ဗျာ။
ဖြေ - လယ်ယာများတယ်။ စလင်းမြို့က အုပ်စု က ၁၀၈ အုပ်စု ရှိတယ်။ (၁၀၈) အုပ်စုကို (၂) ရွာ၊ (၃) ရွာအနည်းဆုံးပေါ့။ အားလုံးပေါင်းတော့ ရွာပေါင်း သုံးလေးရာ လောက် ရှိတာပေါ့။ ဆင်ဖြူကျွန်းကလည်း စလင်း လက်အောက်ပဲ။ အဲဒီတော့ ဒီဘက်က စပါး အထွက်များတယ်။ ဆီထွက်သီးနှံ အထွက်များတယ်။ ပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံလည်း ထွက်တယ်။

မေး - PDF တွေက ဘယ်အချိန်လောက်မြို့နယ်ထဲ စဝင်လာခဲ့ပါသလဲ။
ဖြေ - ဝင်တာကတော့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်တည်း ကတော့ မြို့နယ် ဟိုဘက် အစပ်ရွာတွေပေါ့။ ပုသိမ် - မုံရွာ လမ်းဘက်ရွာတွေဘက်ကို ဝင်တာရှိတယ်။ အဲဒီရွာတွေကိုဝင်လိုက်၊ ထွက်လိုက်ရှိတာပေါ့။ အဲဒီကနေ တိုးချဲ့လာတော့ ကိုယ်တို့ မြေပုံပြန်ထောက်ရင် သရက်တောရွာ ရဲစခန်းကို ဝင်တိုက်တယ်။ ရဲစခန်းကကျတော့ မကျသွားဘူး ထိခိုက်မှုတော့ နည်းနည်းရှိတယ်ထင်တယ်။ သူတို့ ပြန်ဆုတ် သွား တယ်။ ပြီးတော့ သူတို့အင်အားဒီလောက် မကောင်းဘူး။ သရက်တော ရဲစခန်းက အလှမ်းဝေးတော့ ပြန် ဆုတ်တယ်။ ဒီဘက် ရဲစခန်းတွေ ပြန်ပေါင်း တာပေါ့။ လုံးလုံးဝင်လို့ ရသွားတာပေါ့ ညီရာ။ ပြီးခဲ့တဲ့ နှစ် ဘယ်နှလပိုင်းလဲ မသိဘူး လင်ဇင်း ရဲစခန်းကို ဝင်တိုက်ပေမယ့် စလင်းချောင်းကနေ ဝင်တိုက်တာ ပေါ့။ ဟိုက ပြန်ခုခံတော့ အရေးသာမှုလည်း နည်းတော့ သူတို့က အဆင်မပြေတာနဲ့ ပြန်ဆုတ်သွားတယ်။ ထိခိုက်ဒဏ်ရာရတာများတယ်။ စခန်းကို တိုက်နိုင်၊ သိမ်းနိုင်တာ မရှိသေးဘူး။ သို့သော်လည်းပဲ ဟိုနေရာ က ဝင်တိုက်လိုက်၊ ဒီနေရာက ဝင်တိုက်လိုက် လုပ်နေတယ်။ စစ်ကြောင်းကတော့ ထိုးနေတာပဲ။

မေး - အခု အင်တာဗျူးမလုပ်ခင် ကျွန်တော် သတင်းတွေမှာ ရှာကြည့်တော့ နယ်မြေစိုးမိုးမှု အခြေ အနေမှာ PDF တွေက တိုက်ခိုက်တဲ့ အဝန်း အဝိုင်း ကျယ်လာတာတွေ့ရပါတယ်။ ဒါကတော့ မြေပြင်မှာ ဘယ်လိုသိရပါသလဲ။
ဖြေ - အခု လောလောဆယ်မှာကိုပဲ PDF ဝင်တဲ့ ရွာတွေလည်း ရှိတယ်။ ဝင်ထားပြီးသား ရွာတွေလည်း ရှိတယ်ပေါ့နော်။ နောက်တစ်ခါ မဝင်သေးတဲ့ ရွာတွေ လည်း ရှိတယ်။ မဝင်သေးတဲ့ ရွာတွေမှာလည်း စလင်း မြို့နယ်က အုပ်ချုပ်ရေးမှူးတွေက နုတ်ထွက်စာတင် ထားကြတယ်။ ဒါပေမဲ့ နုတ်ထွက်ခွင့် လုံးဝ ပေးတယ် တော့ မဟုတ်ဘူးပေါ့။ ဒီအတိုင်း နေကြတော့တာ။ အုပ်ချုပ်ရေး ယန္တရားကတော့ ရွာတွေမှာ ပျက်တယ် လို့တော့ ပြောရမှာပေါ့။ နောက်တစ်ခါ ကျောင်းတွေဆိုလည်း PDF မဝင်တဲ့ ရွာတွေကလည်း ခြိမ်းခြောက် မှုကြောင့် မဖွင့်ရဲဘူး။

မေး - အဲဒီရွာတွေက ပညာရေးအခြေအနေမှာ ကျောင်းသားတွေကို ခြိမ်းခြောက်တာ ရှိလား။
ဖြေ - တက်တာက ကျောင်းသားတွေကိုတော့ မပြော ဘူးပေါ့။ လုပ်တာပြုတာတော့ မရှိပါဘူး။ သူတို့က ရွာတွေကို ဝင်တယ်။ လာတာက အင်အား များတယ် တော့ မဟုတ်ဘူး။ ဒီရောက်မှ ကြီးထွားသွားတာ ပေါ့။ ဒီဘက်ကလည်း အနီရွာတွေ များတယ်ပေါ့။ နောက် ဖိတ်ခေါ်မှုတွေလည်း ရှိမှာပေါ့။ ဝင်လာတယ် စည်းရုံး ရေး လုပ်တယ်။ ပြီးတော့ သူတို့ဆီပါဖို့၊ ဝင်ဖို့ စည်း ရုံးရေးလုပ်တယ်။ တချို့ လူငယ်တွေက ဘာမှ သိပ် မသိကြတော့ PDF ဘက်ပဲ ဝင်မယ်ဆိုပြီး ဝင်သွားကြတာရှိတယ်။

မေး - စလင်းမြို့ရဲ့ လုံခြုံရေးအခြေအနေကို ဘယ်လိုမြင်မိလဲ။
ဖြေ - ကိုယ့်အမြင်ပြောရရင်တော့ ကြီးကြီးမားမား တိုက်ပွဲဖော်နိုင်မယ့်အခြေအနေ မတွေ့ရဘူး။ ဂိတ် ကလေးတွေကတော့ အများကြီးပေါ့။ တပ်ဂိတ်တွေက များတယ်။ စေတုတ္တရာနဲ့ စလင်းလမ်းပေါ်လည်း လေး၊ ငါး ဂိတ်လောက် ရှိတယ်။ နောက်ပြီးတော့ လမ်းပန်းဆက်သွယ်ရေးကလည်း မကွေးနဲ့ ကောင်း တော့ ချက်ချင်း အင်အားဖြည့်နိုင်တဲ့ အနေအထားရှိ တယ်။ ဗုံးလာလာကြဲတာလည်း ရှိတယ်။ သူတို့မှာ က လက်နက်ငယ်လောက်ပဲရှိတယ်။ လက်နက်ငယ် တောင် ကျည်ဆံ အကန့်အသတ်ပဲ ရှိနေတဲ့သဘော ရှိတယ်။ ကျည်ဆန်ကမ်ပိန်းတွေ လုပ်တယ်လေ။ တစ်ယောက်ကို လေး၊ ငါး ၊ ဆယ်တောင့် လောက်ပဲ ရှိတယ်လို့ သတင်းကြားတယ်။

မေး - အစ်ကို့အနေနဲ့ စလင်းမြို့ခံဆိုတော့ သမိုင်းတစ်လျှောက် အခုကြုံရတာ အဆိုးဆုံးလား။
ဖြေ - ကျွန်တော့်သက်တမ်းတစ်လျှောက်တော့ ဒီဘက်ဒေသတွေမှာ ဒါမျိုးမရှိဖူးဘူးပေါ့။ မိဘတွေ ပြောဖူးတာတော့ စစ်ကာလတုန်းက ဒုတိယကမ္ဘာ စစ်တုန်းက ဖြစ်တယ်။ လွတ်လပ်ရေးရပြီးတော့ အလံနီ စိုးမိုးတဲ့နယ်မြေပေါ့။ အလံနီ စိုးမိုးတော့ ဒီ ဘက်မှာ ရောင်စုံသူပုန်တွေ ရှိကြတယ်။ တိုက်ပွဲတွေ ဖြစ်တယ်။ အခုလို အခြေအနေပဲ။ ဒေသခံတွေပြောကြတာတော့ စလင်းကို သူပုန်က သိမ်းနိုင်တယ် ဆိုတာ မရှိဖူးဘူးပေါ့။ ဘာလို့လဲဆိုတော့ ဂမ္ဘီရတော့ ဆန်တာပေါ့။ စလင်းမြို့စောင့်နတ်က ကာကွယ် တယ်ပေါ့။ အဲဒီလိုရှိတယ်။

မေး - တိုက်ပွဲတွေ ဝင်တော့ ပြည်သူတွေမှာ ဘယ်လို အခက်အခဲရှိလဲ။
ဖြေ - စီးပွားရေးကလည်း တော်တော်ကျသွားတာပေါ့။ ဘယ်နေရာမှမသွားရဲအောင် ဖြစ်နေတယ်။ ဒေသခံ တွေအနေနဲ့ကလည်း လူမသိ၊ သူမသိ မိုင်းထိပြီး သေသွားတာလည်း သုံးဆယ်ကျော်လောက် ရှိမယ် ထင်တယ်။ တပ်လာနိုင်မယ့်လမ်းဆိုပြီး သူတို့နေတဲ့ ရွာတွေကလမ်းကြောင်းတွေမှာ မိုင်းထောင် တယ်။ သွားရင် မိုင်းကွဲ။ သူတို့က အလျဉ်းသင့်သလို တောင်း တာပေါ့။ တချို့လည်း ငါးသိန်း၊ တချို့လည်း ဆယ်သိန်း၊ မိုင်းကွဲပြီး ဒဏ်ရာရရင်တောင်းတယ်။ သေသွား ရင် မတောင်းဘူး။ လမ်းပေါ်တင် မကဘူး လယ်တွေ ဘာတွေမှာပါ ထောင်ကြတာပေါ့။ စည်းရုံးရေးတွေ လုပ်စေချင်တယ်။ ရွာတစ်ရွာဝင်ပြီး စစ် ကြောင်း ထိုးသွားရင် သူတို့လည်း ထွက်သွားရော နောက်က ပြန်ဝင်တယ် ဘာမှမထူးဘူး ပိုနေမြဲ၊ ကျား နေမြဲပဲ ဖြစ်နေတယ်။ ပြည်သူ့စစ်အသွင် ဖော်စေချင်တယ်။ ပြည်သူ့စစ် အသွင်ဆိုတာလည်း စည်းရုံး ရေးတော့ တော်တော် လုပ်ရမယ်။ တစ်ဖက်ပိတ်တွေ များနေတယ်။

မေး - သူတို့က စလင်းကိုဝင်လာပြီးတဲ့နောက် ဒေသခံတွေဆီက ပိုက်ဆံတောင်းတာ ရှိလား။
ဖြေ - အလှူခံတာ ရှိတယ်။ သူတို့ တောင်းတာတွေ ကျတော့ လူမမြင်ရဘူးပေါ့။ မကြားရဘူး။ သိုသိုသိပ် သိပ်ဖြစ်တယ်။ မပြောလည်း မပြောရဲကြဘူးလေ။ ပြောရင် သတ်မှာလေ။ အဲဒီအခြေအနေရှိတော့ တော် ရုံ မပြောရဲဘူး။ အခု မေးတာကို ဖြေရဲတဲ့သူ တော်ရုံတန်ရုံ မရှိဘူးပေါ့။

မေး - ခုနက ဒေသခံတွေ ထိခိုက်မှုပေါ့။ ရွာတွေမှာ ဘယ်လို အခက်အခဲတွေ ရှိကြသေးလဲ။
ဖြေ - တချို့ဆိုရင် သူတို့က ရွာတစ်ရွာဝင်လိုက်တယ်။ ဟိုဘက်ရွာကိုဝင်တာမဟုတ်ဘူး ဒီဘက်ရွာကို ဝင်တာ။ ဒီဘက်ရွာမှာဝင်နိုင်တဲ့လမ်းတွေကိုပတ်ပြီး မိုင်းထောင်တာရှိတယ်။ လူလာမခံတာပေါ့။ ရိတ် ခါနီးသီးနှံတွေလည်း ဒီအတိုင်းထားလိုက်ရတာ။ အဲဒီတော့ သူတို့နဲ့ရင်းနှီးတဲ့ပါတနာတွေက ရိတ် တယ်။ ရိတ်ပြီး ယူတယ် သူတို့ ကို အခွန်အခပေးတယ်။ အဲဒီလိုလုပ်ပြီး တစ်ယောက်က သိန်းခုနစ်ထောင် လောက် ရတယ်ပြောတယ်။ ထိုင်းကို ပြေးတော့မယ့်အချိန် PDF ကသတ်တာခံလိုက်ရတယ်ပြောတယ်။

မေး - စလင်းမှာလှုပ်ရှားနေတဲ့ PDF အဖွဲ့က ဘယ်နှဖွဲ့လောက်ရှိမလဲ။
ဖြေ - အဲဒါက တစ်ရွာ တစ်ဖွဲ့လောက်ရှိတယ်။ အချင်းချင်းပြန်ငြိတာလည်း ရှိတယ်။ အသံဖိုင်တက်လာ တာရှိတယ်။ လိုင်းပေါ်တက်တာလေ။ ကြာတော့ ကြာပါပြီ။ သူတို့ပြောပုံအရ (ပုလဲနယ်) ဗိုလ်နဂါး ဘက် ကလာတဲ့ အဖွဲ့တွေပေါ့။ အကြီးအကျယ် စကားများတာတော့ အသံဖိုင်တက်လာတာ တွေ့တယ်။

မေး - ပုဂ္ဂလိကဆန္ဒပေါ့။ အခု ကိုယ့်နယ်ထဲမှာ ပစ်ခတ်မှုတွေလည်း ဖြစ်နေကြတဲ့အခါမှာ ဘယ်လို ဖြစ်စေချင်လဲ။
ဖြေ - ကျွန်တော် အဖြေချင်ဆုံးပဲ။ ကျွန်တော်တို့ကတော့ ပြောလို့ မပေါက်ဘူး။ ညီတို့ ပြောလို့တော့ ပေါက်ချင်ပေါက်မှာပေါ့။ ပြောရရင် ကျွန်တော်တို့ ပြည်သူ့စစ်လို့ ပြောရမှာပေါ့။ လုံ/ကြမ်း ဖွဲ့တယ်။ အဲဒီ လုံ/ကြမ်းက ဘယ်နေရာမှာမှ သိပ်ပြီး ထဲထဲဝင်ဝင်လုပ်ထားတာ မတွေ့ရဘူး။ အမှန်တကယ်ဆိုရင် ဒီနယ် မှာ စလင်းဒေသမှာ ဖြစ်စေချင်တာက စည်းရုံးဝင်လိုက် ပြီးရင် အဲဒီအချိန်မှာ ပြောချင်ရာ ပြောစမ်းပေါ့။ စစ်တပ် မကောင်းကြောင်းလည်း ပြော။ သူတို့ရင်ထဲမှာ စူးနေတဲ့ ဆူးတွေကို တဖြည်းဖြည်းချင်း နုတ်နိုင် သလောက် ပြန်နုတ်ပြီးတော့မှ ခင်ဗျားတို့ နယ်မှာ ခင်ဗျားတို့ အိမ်တွေကို စွန့်ပြီးတော့ စစ်ဘေး ရှောင် ချင်လား။ မရှောင်ချင်ရင် ကျွန်တော်တို့နဲ့ ပူး ပေါင်းပါ။ ခင်ဗျားတို့ ဟိုဘက်လည်း ပါဖို့ မဟုတ်ဘူး ကျွန် တော်တို့ဘက်လည်း ပါဖို့မဟုတ်ဘူး။ ကြားနေ တတိယ အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းစေချင်တယ်။ အဲဒါ လည်း လက်နက်ကိုင်တော့ လက်နက်ကိုင်ပေါ့။ အဓိကတော့ ပြည်သူ့စစ်ပေါ့။ စစ်တပ်ကတော့ ထိန်း ကွပ်ရမှာပေါ့။ အရမ်းပေါင်းနေတာတော့ မဟုတ်ဘူး။ ကာကွယ်ရေးအတွက် လုပ်တာပေါ့။ အဲဒါဆို လူအင်အားလည်း အများကြီးရလာမယ်။ ပြီးတော့ အလှည့်ကျပေါ့။ ရွာတစ်ရွာမှာဆိုရင် ယောကျာ်းတွေ ဘယ်လိုလဲ ကိုယ့်နေရာကိုယ် ကာကွယ်။ PDF တွေကို လည်း ပြောလို့ရတယ်။ ငါတို့ဒေသ လုံခြုံရေး အတွက် ငါတို့တာဝန်ယူမယ်။ စလင်းမှာဆိုရင် တပ် သုံးတပ် ရှိတယ်။ မင်းတို့ သွားတိုက်ချင်တိုက်၊ လက် နက်ကိုင် အချင်းချင်းတိုက်တာ ပြဿနာမရှိဘူးလေ။ ပြည်သူ ကို ဓားစာခံမလုပ်နဲ့။ မင်းတို့ကိုလည်း မတိုက်ချင်ဘူး။ လာရင်တော့ တိုက်ရမယ်ဆိုပြီး ဒေသခံတွေက သဘောထားတာမျိုးပေါ့။ အဲဒီလို စည်းရုံး ရေး သဘောမျိုးနဲ့ လုပ်မယ်ဆိုရင် ကိုယ့်အမြင်ပြောတာပေါ့။ ရွေးကောက်ပွဲကိုလည်း အများကြီး အကူ အညီပေးနိုင်မယ်။ ကျန်တဲ့ လုတာ၊ ယက်တာ ကအစ ကာကွယ်နိုင်မယ်။ စလင်းမြို့ပေါ်မှာ ယောကျာ်း သား တစ်ထောင်ပေါ့။ ငါးဆယ်ကျော်တွေ လည်း လုပ်လို့ ရတာပဲ။ လှည့်ကင်းရော အဓိကကျတဲ့ နေရာ တွေမှာ ဂိတ်တွေထိုင်ပေါ့။ တောင်းတာတော့ မဟုတ်ဘူး။ အလှည့်ကျပေါ့။ ဆယ်ရက်မှာ တစ်ရက် လောက်ဝင်ရင်တော့ ပြည်သူလည်း မပင်ပန်းဘူး။ အဲဒီလို တတိယအဖွဲ့အစည်းလုပ်နိုင်ရင်တော့ နစက အနေနဲ့လည်း တော်တော်လေးစည်းရုံးပြီးသားလည်း ဖြစ်သွားမယ်။ သူ့လူတွေအကုန်ဖြစ်သွားမယ်။ သူ တို့က လိုင်စင်မဲ့ဆိုင်ကယ်တွေဆိုရင်လည်း ဆိုင်ကယ် ဆိုလည်း အစုတ်ပေါ့။ ဒါလေးတွေနဲ့ ဈေးခြင်း တောင်းတွေနဲ့ တင်ပြီး ရောင်းရတာရှိတယ်။ တချို့ကလည်း ဘေးတွဲပြီး ကယ်ရီလိုက်တာရှိတယ်။ တချို့ ကလည်း ထင်းချရတာ၊ ဝါးသွားခုတ်တာ ရှိတာပေါ့။ အဲဒီလို ဟာမှာ လိုင်စင်မဲ့ဖမ်းတာ မိတာတွေလည်း အများကြီးပေါ့။ အမိမခံချင်လို့ မလာတော့တာလည်း အများကြီး ပေါ့။ မလာရဲတော့ မြို့ကို အခြေခံ ဈေး ရောင်းရတာ ဆိုတော့ မြို့ကို မလာနိုင်ရင် အဆင်မပြေတော့ဘူးလေ။ အဲဒါကိုတော့ ထိန်းထိန်းသိမ်း သိမ်းလေး လုပ်ပေးစေချင်ပါတယ်။
ကျေးဇူးပါ ခင်ဗျာ။

zawgyi version
မိုင္းနင္းမိလို႔ ကြဲသြားရင္ ေလ်ာ္ေၾကးေပးရတဲ့ စလင္းၿမိဳ႕နယ္အေၾကာင္း တေစ့တေစာင္း
သုတေက်ာ္ (NP News) - ဇြန္ ၁၇

စလင္းၿမိဳ႕သည္ သမိုင္းတစ္ေလွ်ာက္တြင္ ၿငိမ္းခ်မ္းျခင္းလည္းရွိသည္၊ သူပုန္သူကန္ေဘးကို လည္း ရင္ဆိုင္ခဲ့ၾကရသည္။ သို႔ေသာ္ ၿငိမ္းခ်မ္းသည့္အခ်ိန္က မ်ားျပားခဲ့သည္သာ။ လက္ရွိတြင္မူ စလင္း ၿမိဳ႕နယ္တြင္ မၿငိမ္းခ်မ္းမႈမ်ားကို ျပန္လည္ႀကဳံေတြ႕ေနရသည့္အခက္အခဲကို ေဒသခံမ်ား ရင္ဆိုင္ေနၾက ရသည္။ စစ္ႏွင့္အတူပါလာေသာ ဆိုးက်ိဳးမ်ားကိုလည္း ရင္ဆိုင္ေနၾကရ၏။ ဥပမာျပရန္ အေကာင္းဆုံး အခ်က္ကား PDF တို႔ ေထာင္ထားေသာ မိုင္းနင္းမိလွ်င္ နင္းမိသူ မေသပါက မိုင္းေလ်ာ္ေၾကးအျဖစ္ ေငြ က်ပ္ သိန္းခ်ီ ေပးေနရသည္။ အဆိုပါအေျခအေနမ်ားႏွင့္ပတ္သက္၍ စလင္းၿမိဳခံတစ္ဦးကို NP News က ေမးျမန္းထားသည္မ်ားအား ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး - အရင္ဆုံး စလင္းၿမိဳ႕ဘက္က လက္ရွိအေျခ အေနကို ေျပာျပေပးပါလား။
ေျဖ - ေအးေနတယ္ဗ်။ ဘာသတင္းမွေတာ့ ေလာေလာဆယ္မၾကားရေသးဘူး။ ဟိုတေလာကေတာ့ စလင္း ရဲစခန္းကိုဝင္ၿပီးေတာ့မွ ပစ္တယ္ဆိုတဲ့ သတင္းေပါ့ေနာ္။ အဲဒီသတင္းထြက္ၿပီးတဲ့ေနာက္ သူတို႔ ဘက္က ျပန္ဆုတ္သြားတယ္။ ေနာက္ အဲဒါၿပီးေတာ့ တစ္ပတ္ေလာက္အၾကာမွာ သုံးေယာက္ေလာက္ ေပါ့။ ပုဆိုးၿခဳံၾကား ေသနတ္လြယ္ၿပီး အ.ထ.က (၂)နားကို ကပ္လာတာေပါ့။ အဓိက ကိုယ္ ထင္တာေတာ့ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြကိုပစ္ဖို႔ထင္ တယ္။ ေက်ာင္းနားက ကေလးေတြကို ဒီနားကို လာေသးလား ဘာလားေမးသြားတယ္ေျပာတယ္။ ျပန္ ဆုတ္သြားတဲ့အေနအထားေတာ့ရွိတယ္။ ၿမိဳ႕လုံ ၿခဳံေရးဂိတ္ေတြ ေတာ့ လွည့္ကင္းေတြပတ္တယ္။ အရင္တုန္းကေတာ့ လက္နက္ႀကီးပစ္သံေတြ၊ လက္ နက္ငယ္သံေတြ ေတာ့ ၾကားေနရတယ္။ အခုေတာ့ မၾကားရျပန္ေသးဘူးေပါ့။ နည္းေနေသးတယ္ မိုး႐ြာလို႔လားမသိဘူး။ မၾကားတာ တစ္ပတ္၊ ဆယ္ရက္ ေလာက္ရွိသြားၿပီ။ တစ္ခ်က္တစ္ခ်က္ ႀကိဳၾကား ႀကိဳၾကားတစ္လုံး တေလေတာ့ ၾကားရတယ္။

ေမး - အစ္ကိုတို႔ေဒသမွာ လက္နက္ကိုင္ေတြ ေရာက္မလာခင္က အေျခအေနဘယ္လိုရွိပါသလဲ။
ေျဖ - အဲဒီတုန္းကအေျခအေနကေတာ့ အားလုံး ေအးခ်မ္းပါတယ္။ ပုံမွန္ပဲ လုပ္ကိုင္စားေသာက္ၾက တယ္။ ကြၽန္ေတာ္ဆို အရင္ကေတာ့ စလင္းကေန တျခားေနရာ (၇)ေနရာေလာက္ကို ေအာ္ဒါေကာက္ တယ္၊ ပစၥည္းပို႔တယ္ လုပ္ႏိုင္တယ္။ အခုက်ေတာ့ တစ္ေနရာပဲ လုပ္လို႔ရေတာ့တယ္။

ေမး - စလင္းၿမိဳ႕ရဲ႕ စားဝတ္ေနေရး အေျခခံက ဘာမ်ားျဖစ္မလဲ ခင္ဗ်ာ။
ေျဖ - လယ္ယာမ်ားတယ္။ စလင္းၿမိဳ႕က အုပ္စု က ၁၀၈ အုပ္စု ရွိတယ္။ (၁၀၈) အုပ္စုကို (၂) ႐ြာ၊ (၃) ႐ြာအနည္းဆုံးေပါ့။ အားလုံးေပါင္းေတာ့ ႐ြာေပါင္း သုံးေလးရာ ေလာက္ ရွိတာေပါ့။ ဆင္ျဖဴကြၽန္းကလည္း စလင္း လက္ေအာက္ပဲ။ အဲဒီေတာ့ ဒီဘက္က စပါး အထြက္မ်ားတယ္။ ဆီထြက္သီးႏွံ အထြက္မ်ားတယ္။ ပဲ၊ ႏွမ္း၊ ေနၾကာ ဆီထြက္သီးႏွံလည္း ထြက္တယ္။

ေမး - PDF ေတြက ဘယ္အခ်ိန္ေလာက္ၿမိဳ႕နယ္ထဲ စဝင္လာခဲ့ပါသလဲ။
ေျဖ - ဝင္တာကေတာ့ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ေလာက္တည္း ကေတာ့ ၿမိဳ႕နယ္ ဟိုဘက္ အစပ္႐ြာေတြေပါ့။ ပုသိမ္ - မုံ႐ြာ လမ္းဘက္႐ြာေတြဘက္ကို ဝင္တာရွိတယ္။ အဲဒီ႐ြာေတြကိုဝင္လိုက္၊ ထြက္လိုက္ရွိတာေပါ့။ အဲဒီကေန တိုးခ်ဲ႕လာေတာ့ ကိုယ္တို႔ ေျမပုံျပန္ေထာက္ရင္ သရက္ေတာ႐ြာ ရဲစခန္းကို ဝင္တိုက္တယ္။ ရဲစခန္းကက်ေတာ့ မက်သြားဘူး ထိခိုက္မႈေတာ့ နည္းနည္းရွိတယ္ထင္တယ္။ သူတို႔ ျပန္ဆုတ္ သြား တယ္။ ၿပီးေတာ့ သူတို႔အင္အားဒီေလာက္ မေကာင္းဘူး။ သရက္ေတာ ရဲစခန္းက အလွမ္းေဝးေတာ့ ျပန္ ဆုတ္တယ္။ ဒီဘက္ ရဲစခန္းေတြ ျပန္ေပါင္း တာေပါ့။ လုံးလုံးဝင္လို႔ ရသြားတာေပါ့ ညီရာ။ ၿပီးခဲ့တဲ့ ႏွစ္ ဘယ္ႏွလပိုင္းလဲ မသိဘူး လင္ဇင္း ရဲစခန္းကို ဝင္တိုက္ေပမယ့္ စလင္းေခ်ာင္းကေန ဝင္တိုက္တာ ေပါ့။ ဟိုက ျပန္ခုခံေတာ့ အေရးသာမႈလည္း နည္းေတာ့ သူတို႔က အဆင္မေျပတာနဲ႔ ျပန္ဆုတ္သြားတယ္။ ထိခိုက္ဒဏ္ရာရတာမ်ားတယ္။ စခန္းကို တိုက္ႏိုင္၊ သိမ္းႏိုင္တာ မရွိေသးဘူး။ သို႔ေသာ္လည္းပဲ ဟိုေနရာ က ဝင္တိုက္လိုက္၊ ဒီေနရာက ဝင္တိုက္လိုက္ လုပ္ေနတယ္။ စစ္ေၾကာင္းကေတာ့ ထိုးေနတာပဲ။

ေမး - အခု အင္တာဗ်ဴးမလုပ္ခင္ ကြၽန္ေတာ္ သတင္းေတြမွာ ရွာၾကည့္ေတာ့ နယ္ေျမစိုးမိုးမႈ အေျခ အေနမွာ PDF ေတြက တိုက္ခိုက္တဲ့ အဝန္း အဝိုင္း က်ယ္လာတာေတြ႕ရပါတယ္။ ဒါကေတာ့ ေျမျပင္မွာ ဘယ္လိုသိရပါသလဲ။
ေျဖ - အခု ေလာေလာဆယ္မွာကိုပဲ PDF ဝင္တဲ့ ႐ြာေတြလည္း ရွိတယ္။ ဝင္ထားၿပီးသား ႐ြာေတြလည္း ရွိတယ္ေပါ့ေနာ္။ ေနာက္တစ္ခါ မဝင္ေသးတဲ့ ႐ြာေတြ လည္း ရွိတယ္။ မဝင္ေသးတဲ့ ႐ြာေတြမွာလည္း စလင္း ၿမိဳ႕နယ္က အုပ္ခ်ဳပ္ေရးမႉးေတြက ႏုတ္ထြက္စာတင္ ထားၾကတယ္။ ဒါေပမဲ့ ႏုတ္ထြက္ခြင့္ လုံးဝ ေပးတယ္ ေတာ့ မဟုတ္ဘူးေပါ့။ ဒီအတိုင္း ေနၾကေတာ့တာ။ အုပ္ခ်ဳပ္ေရး ယႏၲရားကေတာ့ ႐ြာေတြမွာ ပ်က္တယ္ လို႔ေတာ့ ေျပာရမွာေပါ့။ ေနာက္တစ္ခါ ေက်ာင္းေတြဆိုလည္း PDF မဝင္တဲ့ ႐ြာေတြကလည္း ၿခိမ္းေျခာက္ မႈေၾကာင့္ မဖြင့္ရဲဘူး။

ေမး - အဲဒီ႐ြာေတြက ပညာေရးအေျခအေနမွာ ေက်ာင္းသားေတြကို ၿခိမ္းေျခာက္တာ ရွိလား။
ေျဖ - တက္တာက ေက်ာင္းသားေတြကိုေတာ့ မေျပာ ဘူးေပါ့။ လုပ္တာျပဳတာေတာ့ မရွိပါဘူး။ သူတို႔က ႐ြာေတြကို ဝင္တယ္။ လာတာက အင္အား မ်ားတယ္ ေတာ့ မဟုတ္ဘူး။ ဒီေရာက္မွ ႀကီးထြားသြားတာ ေပါ့။ ဒီဘက္ကလည္း အနီ႐ြာေတြ မ်ားတယ္ေပါ့။ ေနာက္ ဖိတ္ေခၚမႈေတြလည္း ရွိမွာေပါ့။ ဝင္လာတယ္ စည္း႐ုံး ေရး လုပ္တယ္။ ၿပီးေတာ့ သူတို႔ဆီပါဖို႔၊ ဝင္ဖို႔ စည္း ႐ုံးေရးလုပ္တယ္။ တခ်ိဳ႕ လူငယ္ေတြက ဘာမွ သိပ္ မသိၾကေတာ့ PDF ဘက္ပဲ ဝင္မယ္ဆိုၿပီး ဝင္သြားၾကတာရွိတယ္။

ေမး - စလင္းၿမိဳ႕ရဲ႕ လုံၿခဳံေရးအေျခအေနကို ဘယ္လိုျမင္မိလဲ။
ေျဖ - ကိုယ့္အျမင္ေျပာရရင္ေတာ့ ႀကီးႀကီးမားမား တိုက္ပြဲေဖာ္ႏိုင္မယ့္အေျခအေန မေတြ႕ရဘူး။ ဂိတ္ ကေလးေတြကေတာ့ အမ်ားႀကီးေပါ့။ တပ္ဂိတ္ေတြက မ်ားတယ္။ ေစတုတၱရာနဲ႔ စလင္းလမ္းေပၚလည္း ေလး၊ ငါး ဂိတ္ေလာက္ ရွိတယ္။ ေနာက္ၿပီးေတာ့ လမ္းပန္းဆက္သြယ္ေရးကလည္း မေကြးနဲ႔ ေကာင္း ေတာ့ ခ်က္ခ်င္း အင္အားျဖည့္ႏိုင္တဲ့ အေနအထားရွိ တယ္။ ဗုံးလာလာႀကဲတာလည္း ရွိတယ္။ သူတို႔မွာ က လက္နက္ငယ္ေလာက္ပဲရွိတယ္။ လက္နက္ငယ္ ေတာင္ က်ည္ဆံ အကန႔္အသတ္ပဲ ရွိေနတဲ့သေဘာ ရွိတယ္။ က်ည္ဆန္ကမ္ပိန္းေတြ လုပ္တယ္ေလ။ တစ္ေယာက္ကို ေလး၊ ငါး ၊ ဆယ္ေတာင့္ ေလာက္ပဲ ရွိတယ္လို႔ သတင္းၾကားတယ္။

ေမး - အစ္ကို႔အေနနဲ႔ စလင္းၿမိဳ႕ခံဆိုေတာ့ သမိုင္းတစ္ေလွ်ာက္ အခုႀကဳံရတာ အဆိုးဆုံးလား။
ေျဖ - ကြၽန္ေတာ့္သက္တမ္းတစ္ေလွ်ာက္ေတာ့ ဒီဘက္ေဒသေတြမွာ ဒါမ်ိဳးမရွိဖူးဘူးေပါ့။ မိဘေတြ ေျပာဖူးတာေတာ့ စစ္ကာလတုန္းက ဒုတိယကမာၻ စစ္တုန္းက ျဖစ္တယ္။ လြတ္လပ္ေရးရၿပီးေတာ့ အလံနီ စိုးမိုးတဲ့နယ္ေျမေပါ့။ အလံနီ စိုးမိုးေတာ့ ဒီ ဘက္မွာ ေရာင္စုံသူပုန္ေတြ ရွိၾကတယ္။ တိုက္ပြဲေတြ ျဖစ္တယ္။ အခုလို အေျခအေနပဲ။ ေဒသခံေတြေျပာၾကတာေတာ့ စလင္းကို သူပုန္က သိမ္းႏိုင္တယ္ ဆိုတာ မရွိဖူးဘူးေပါ့။ ဘာလို႔လဲဆိုေတာ့ ဂမၻီရေတာ့ ဆန္တာေပါ့။ စလင္းၿမိဳ႕ေစာင့္နတ္က ကာကြယ္ တယ္ေပါ့။ အဲဒီလိုရွိတယ္။

ေမး - တိုက္ပြဲေတြ ဝင္ေတာ့ ျပည္သူေတြမွာ ဘယ္လို အခက္အခဲရွိလဲ။
ေျဖ - စီးပြားေရးကလည္း ေတာ္ေတာ္က်သြားတာေပါ့။ ဘယ္ေနရာမွမသြားရဲေအာင္ ျဖစ္ေနတယ္။ ေဒသခံ ေတြအေနနဲ႔ကလည္း လူမသိ၊ သူမသိ မိုင္းထိၿပီး ေသသြားတာလည္း သုံးဆယ္ေက်ာ္ေလာက္ ရွိမယ္ ထင္တယ္။ တပ္လာႏိုင္မယ့္လမ္းဆိုၿပီး သူတို႔ေနတဲ့ ႐ြာေတြကလမ္းေၾကာင္းေတြမွာ မိုင္းေထာင္ တယ္။ သြားရင္ မိုင္းကြဲ။ သူတို႔က အလ်ဥ္းသင့္သလို ေတာင္း တာေပါ့။ တခ်ိဳ႕လည္း ငါးသိန္း၊ တခ်ိဳ႕လည္း ဆယ္သိန္း၊ မိုင္းကြဲၿပီး ဒဏ္ရာရရင္ေတာင္းတယ္။ ေသသြား ရင္ မေတာင္းဘူး။ လမ္းေပၚတင္ မကဘူး လယ္ေတြ ဘာေတြမွာပါ ေထာင္ၾကတာေပါ့။ စည္း႐ုံးေရးေတြ လုပ္ေစခ်င္တယ္။ ႐ြာတစ္႐ြာဝင္ၿပီး စစ္ ေၾကာင္း ထိုးသြားရင္ သူတို႔လည္း ထြက္သြားေရာ ေနာက္က ျပန္ဝင္တယ္ ဘာမွမထူးဘူး ပိုေနၿမဲ၊ က်ား ေနၿမဲပဲ ျဖစ္ေနတယ္။ ျပည္သူ႔စစ္အသြင္ ေဖာ္ေစခ်င္တယ္။ ျပည္သူ႔စစ္ အသြင္ဆိုတာလည္း စည္း႐ုံး ေရးေတာ့ ေတာ္ေတာ္ လုပ္ရမယ္။ တစ္ဖက္ပိတ္ေတြ မ်ားေနတယ္။

ေမး - သူတို႔က စလင္းကိုဝင္လာၿပီးတဲ့ေနာက္ ေဒသခံေတြဆီက ပိုက္ဆံေတာင္းတာ ရွိလား။
ေျဖ - အလႉခံတာ ရွိတယ္။ သူတို႔ ေတာင္းတာေတြ က်ေတာ့ လူမျမင္ရဘူးေပါ့။ မၾကားရဘူး။ သိုသိုသိပ္ သိပ္ျဖစ္တယ္။ မေျပာလည္း မေျပာရဲၾကဘူးေလ။ ေျပာရင္ သတ္မွာေလ။ အဲဒီအေျခအေနရွိေတာ့ ေတာ္ ႐ုံ မေျပာရဲဘူး။ အခု ေမးတာကို ေျဖရဲတဲ့သူ ေတာ္႐ုံတန္႐ုံ မရွိဘူးေပါ့။

ေမး - ခုနက ေဒသခံေတြ ထိခိုက္မႈေပါ့။ ႐ြာေတြမွာ ဘယ္လို အခက္အခဲေတြ ရွိၾကေသးလဲ။
ေျဖ - တခ်ိဳ႕ဆိုရင္ သူတို႔က ႐ြာတစ္႐ြာဝင္လိုက္တယ္။ ဟိုဘက္႐ြာကိုဝင္တာမဟုတ္ဘူး ဒီဘက္႐ြာကို ဝင္တာ။ ဒီဘက္႐ြာမွာဝင္ႏိုင္တဲ့လမ္းေတြကိုပတ္ၿပီး မိုင္းေထာင္တာရွိတယ္။ လူလာမခံတာေပါ့။ ရိတ္ ခါနီးသီးႏွံေတြလည္း ဒီအတိုင္းထားလိုက္ရတာ။ အဲဒီေတာ့ သူတို႔နဲ႔ရင္းႏွီးတဲ့ပါတနာေတြက ရိတ္ တယ္။ ရိတ္ၿပီး ယူတယ္ သူတို႔ ကို အခြန္အခေပးတယ္။ အဲဒီလိုလုပ္ၿပီး တစ္ေယာက္က သိန္းခုနစ္ေထာင္ ေလာက္ ရတယ္ေျပာတယ္။ ထိုင္းကို ေျပးေတာ့မယ့္အခ်ိန္ PDF ကသတ္တာခံလိုက္ရတယ္ေျပာတယ္။

ေမး - စလင္းမွာလႈပ္ရွားေနတဲ့ PDF အဖြဲ႕က ဘယ္ႏွဖြဲ႕ေလာက္ရွိမလဲ။
ေျဖ - အဲဒါက တစ္႐ြာ တစ္ဖြဲ႕ေလာက္ရွိတယ္။ အခ်င္းခ်င္းျပန္ၿငိတာလည္း ရွိတယ္။ အသံဖိုင္တက္လာ တာရွိတယ္။ လိုင္းေပၚတက္တာေလ။ ၾကာေတာ့ ၾကာပါၿပီ။ သူတို႔ေျပာပုံအရ (ပုလဲနယ္) ဗိုလ္နဂါး ဘက္ ကလာတဲ့ အဖြဲ႕ေတြေပါ့။ အႀကီးအက်ယ္ စကားမ်ားတာေတာ့ အသံဖိုင္တက္လာတာ ေတြ႕တယ္။

ေမး - ပုဂၢလိကဆႏၵေပါ့။ အခု ကိုယ့္နယ္ထဲမွာ ပစ္ခတ္မႈေတြလည္း ျဖစ္ေနၾကတဲ့အခါမွာ ဘယ္လို ျဖစ္ေစခ်င္လဲ။
ေျဖ - ကြၽန္ေတာ္ အေျဖခ်င္ဆုံးပဲ။ ကြၽန္ေတာ္တို႔ကေတာ့ ေျပာလို႔ မေပါက္ဘူး။ ညီတို႔ ေျပာလို႔ေတာ့ ေပါက္ခ်င္ေပါက္မွာေပါ့။ ေျပာရရင္ ကြၽန္ေတာ္တို႔ ျပည္သူ႔စစ္လို႔ ေျပာရမွာေပါ့။ လုံ/ၾကမ္း ဖြဲ႕တယ္။ အဲဒီ လုံ/ၾကမ္းက ဘယ္ေနရာမွာမွ သိပ္ၿပီး ထဲထဲဝင္ဝင္လုပ္ထားတာ မေတြ႕ရဘူး။ အမွန္တကယ္ဆိုရင္ ဒီနယ္ မွာ စလင္းေဒသမွာ ျဖစ္ေစခ်င္တာက စည္း႐ုံးဝင္လိုက္ ၿပီးရင္ အဲဒီအခ်ိန္မွာ ေျပာခ်င္ရာ ေျပာစမ္းေပါ့။ စစ္တပ္ မေကာင္းေၾကာင္းလည္း ေျပာ။ သူတို႔ရင္ထဲမွာ စူးေနတဲ့ ဆူးေတြကို တျဖည္းျဖည္းခ်င္း ႏုတ္ႏိုင္ သေလာက္ ျပန္ႏုတ္ၿပီးေတာ့မွ ခင္ဗ်ားတို႔ နယ္မွာ ခင္ဗ်ားတို႔ အိမ္ေတြကို စြန႔္ၿပီးေတာ့ စစ္ေဘး ေရွာင္ ခ်င္လား။ မေရွာင္ခ်င္ရင္ ကြၽန္ေတာ္တို႔နဲ႔ ပူး ေပါင္းပါ။ ခင္ဗ်ားတို႔ ဟိုဘက္လည္း ပါဖို႔ မဟုတ္ဘူး ကြၽန္ ေတာ္တို႔ဘက္လည္း ပါဖို႔မဟုတ္ဘူး။ ၾကားေန တတိယ အဖြဲ႕အစည္းတစ္ခု ဖြဲ႕စည္းေစခ်င္တယ္။ အဲဒါ လည္း လက္နက္ကိုင္ေတာ့ လက္နက္ကိုင္ေပါ့။ အဓိကေတာ့ ျပည္သူ႔စစ္ေပါ့။ စစ္တပ္ကေတာ့ ထိန္း ကြပ္ရမွာေပါ့။ အရမ္းေပါင္းေနတာေတာ့ မဟုတ္ဘူး။ ကာကြယ္ေရးအတြက္ လုပ္တာေပါ့။ အဲဒါဆို လူအင္အားလည္း အမ်ားႀကီးရလာမယ္။ ၿပီးေတာ့ အလွည့္က်ေပါ့။ ႐ြာတစ္႐ြာမွာဆိုရင္ ေယာက်ာ္းေတြ ဘယ္လိုလဲ ကိုယ့္ေနရာကိုယ္ ကာကြယ္။ PDF ေတြကို လည္း ေျပာလို႔ရတယ္။ ငါတို႔ေဒသ လုံၿခဳံေရး အတြက္ ငါတို႔တာဝန္ယူမယ္။ စလင္းမွာဆိုရင္ တပ္ သုံးတပ္ ရွိတယ္။ မင္းတို႔ သြားတိုက္ခ်င္တိုက္၊ လက္ နက္ကိုင္ အခ်င္းခ်င္းတိုက္တာ ျပႆနာမရွိဘူးေလ။ ျပည္သူ ကို ဓားစာခံမလုပ္နဲ႔။ မင္းတို႔ကိုလည္း မတိုက္ခ်င္ဘူး။ လာရင္ေတာ့ တိုက္ရမယ္ဆိုၿပီး ေဒသခံေတြက သေဘာထားတာမ်ိဳးေပါ့။ အဲဒီလို စည္း႐ုံး ေရး သေဘာမ်ိဳးနဲ႔ လုပ္မယ္ဆိုရင္ ကိုယ့္အျမင္ေျပာတာေပါ့။ ေ႐ြးေကာက္ပြဲကိုလည္း အမ်ားႀကီး အကူ အညီေပးႏိုင္မယ္။ က်န္တဲ့ လုတာ၊ ယက္တာ ကအစ ကာကြယ္ႏိုင္မယ္။ စလင္းၿမိဳ႕ေပၚမွာ ေယာက်ာ္း သား တစ္ေထာင္ေပါ့။ ငါးဆယ္ေက်ာ္ေတြ လည္း လုပ္လို႔ ရတာပဲ။ လွည့္ကင္းေရာ အဓိကက်တဲ့ ေနရာ ေတြမွာ ဂိတ္ေတြထိုင္ေပါ့။ ေတာင္းတာေတာ့ မဟုတ္ဘူး။ အလွည့္က်ေပါ့။ ဆယ္ရက္မွာ တစ္ရက္ ေလာက္ဝင္ရင္ေတာ့ ျပည္သူလည္း မပင္ပန္းဘူး။ အဲဒီလို တတိယအဖြဲ႕အစည္းလုပ္ႏိုင္ရင္ေတာ့ နစက အေနနဲ႔လည္း ေတာ္ေတာ္ေလးစည္း႐ုံးၿပီးသားလည္း ျဖစ္သြားမယ္။ သူ႔လူေတြအကုန္ျဖစ္သြားမယ္။ သူ တို႔က လိုင္စင္မဲ့ဆိုင္ကယ္ေတြဆိုရင္လည္း ဆိုင္ကယ္ ဆိုလည္း အစုတ္ေပါ့။ ဒါေလးေတြနဲ႔ ေဈးျခင္း ေတာင္းေတြနဲ႔ တင္ၿပီး ေရာင္းရတာရွိတယ္။ တခ်ိဳ႕ကလည္း ေဘးတြဲၿပီး ကယ္ရီလိုက္တာရွိတယ္။ တခ်ိဳ႕ ကလည္း ထင္းခ်ရတာ၊ ဝါးသြားခုတ္တာ ရွိတာေပါ့။ အဲဒီလို ဟာမွာ လိုင္စင္မဲ့ဖမ္းတာ မိတာေတြလည္း အမ်ားႀကီးေပါ့။ အမိမခံခ်င္လို႔ မလာေတာ့တာလည္း အမ်ားႀကီး ေပါ့။ မလာရဲေတာ့ ၿမိဳ႕ကို အေျခခံ ေဈး ေရာင္းရတာ ဆိုေတာ့ ၿမိဳ႕ကို မလာႏိုင္ရင္ အဆင္မေျပေတာ့ဘူးေလ။ အဲဒါကိုေတာ့ ထိန္းထိန္းသိမ္း သိမ္းေလး လုပ္ေပးေစခ်င္ပါတယ္။
ေက်းဇူးပါ ခင္ဗ်ာ။

Related news

© 2021. All rights reserved.