မြန်မာ-ဂျပန်လူမှုစီးပွားဖွံဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုအသင်း(AMJSEDC)မှ အခမဲ့ အခြေခံဂျပန်စာသင်တန်းဖွင့်လှစ်

 256

(NP News)-ဇွန် ၁၆

မြန်မာ-ဂျပန်လူမှုစီးပွားဖွံဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုအသင်း Association of Myanmar - Japan Socio-Economic Development Cooperation (AMJSEDC) အသင်း၏ ကူညီထောက်ပံ့မှုဖြင့် ဂျပန်စာအခြေခံ ပညာဒါနသင်တန်းကို Akafuji Vocational Training Center၊ အခန်းအမှတ် (၉ဝ၆)၊ ယုဇနတာဝါ၊ ရွှေဂုံတိုင်၊ ဗဟန်းမြိုနယ်တွင် ယနေ့(ဇွန်လ ၁၆ရက်)မှစတင်ကာ ဖွင့်လှစ်သင် ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို Japan Foundation မှ ထုတ်ဝေသော Marugoto ဖတ်စာအုပ် အတွဲများထဲမှ A1(Activities) (အဖြူရောင်စာအုပ် တစ်အုပ်ထဲသာ) အခြေခံကာ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ(၃)ရက်တွင် နံနက်(၁ဝ)နာရီမှ နေ့လည်(၁၂)နာရီအထိ သင်ကြား သွားမည်ဖြစ် ကြောင်း သိရသည်။

ထိုပြင် သင်တန်းသားဦးရေကိုလည်း(၁၆)ဦးသာ ကန့်သက်ထားပြီး သင်တန်းကြေးအခမဲ့ဖြစ်သော်လည်း စာအုပ်စာတမ်းများကို သင်တန်းသားများက မိမိအစီအစဉ်ဖြင့် ဝယ်ယူရမည်ဖြစ်ကြောင်း သိရသည်။

AMJSEDC အသင်းမှကြီးမှူးကျင်းပသည့် စဉ်ဆက်မပြတ် ဂျပန်စာ(အခမဲ့)သင်တန်းကို (၃)လတစ်ကြိမ်ပြုလုပ်‌ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ အသင်း၏ တာဝန်ရှိသူတစ်ဦးကဆိုသည်။

"အခုလ ၁၆ ရက်နေ့မှာ သင်တန်းသား ၁၆ ဦးနဲ့ ပထမဆုံးသင်တန်းကို အခမဲ့ ဖွင့်ပေးခဲ့ပါတယ်။ သုံးလတစ်ကြိမ်သင်တန်းအသစ်တွေ ဆက်ဖွင့်ပေးသွားမှာပါ။ အသက် ၁၈ နှစ်ကနေ ၃၀ အထိ လူငယ်တွေ အခမဲ့တက်လိုရပါ့မယ်။စာအုပ်စာတမ်းကြေးတော့ သင်တန်းသား ဖက်က ကျခံရပါမယ်။ဒါကလည်းမများပါဘူးဗျ။ နှစ်သောင်းလောက်ပဲ ကျသင့်တာပါ။သင်တန်းကို join ချင်တဲ့လူငယ်တွေအနေနဲ့ ပညာဒါနသင်တန်းကို Akafuji Vocational Training Center၊ အခန်းအမှတ် (၉ဝ၆)၊ ယုဇနတာဝါ၊ ရွှေဂုံတိုင်၊ ဗဟန်းမြိုနယ်ကို ဆက်သွယ် နိုင်ပါတယ်” ဟု AMJSEDC အသင်းမှ တာဝန်ရှိသူတစ်ဦးက NP Newsကို ပြောသည်။

အဆိုပါ ဂျပန်စာသင်တန်းကို ဦးရာလူစနစ်အနေနဲ့ ရွေးချယ်သင်ကြားပေးမည်ဖြစ်ပြီး အမှတ်ကောင်းရရှိသူများအနေဖြင့် ယင်းသင် တန်းထက် အဆင့်မြင့်တဲ့သင်တန်းများအား အခမဲ့ဆက်လက်တက်ရောက်သင်ယူနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ထိုပြင် အဆိုပါသင်တန်းကို တက်ရောက်ခြင်းအားဖြင့် ဂျပန်မြန်မာပူးပေါင်းဆောင်ရွက်သည့် ပြည်တွင်းလုပ်ငန်းများတွင် လုပ်ခလ စာကောင်းသည့်အလုပ်များကို လုပ်ကိုင်နိုင်သည့်အပြင် ထူးချွန်သူများအနေဖြင့် ဂျပန်နိုင်ငံရှိ တက္ကသိုလ်များတွင် အခမဲ့ပညာ သင်ဆုများကိုလည်းရရှနိုင်ကြောင်း သိရသည်။

Zawgyi Version:
ျမန္မာ-ဂ်ပန္လူမႈစီးပြားဖြံၿဖိဳးတိုးတက္ေရးပူးေပါင္းေဆာင္႐ြက္မႈအသင္း(AMJSEDC)မွႀကီးမႉး၍ အခမဲ့ အေျခခံဂ်ပန္စာသင္တန္းဖြင့္လွစ္

(NP News)-ဇြန္ ၁၆

ျမန္မာ-ဂ်ပန္လူမႈစီးပြားဖြံၿဖိဳးတိုးတက္ေရးပူးေပါင္းေဆာင္႐ြက္မႈအသင္း Association of Myanmar - Japan Socio-Economic Development Cooperation (AMJSEDC) အသင္း၏ ကူညီေထာက္ပံ့မႈျဖင့္ ဂ်ပန္စာအေျခခံ ပညာဒါနသင္တန္းကို Akafuji Vocational Training Center၊ အခန္းအမွတ္ (၉ဝ၆)၊ ယုဇနတာဝါ၊ ေ႐ႊဂုံတိုင္၊ ဗဟန္းၿမိဳနယ္တြင္ ယေန႔(ဇြန္လ ၁၆ရက္)မွစတင္ကာ ဖြင့္လွစ္သင္ ၾကားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ သင္တန္းကို Japan Foundation မွ ထုတ္ေဝေသာ Marugoto ဖတ္စာအုပ္ အတြဲမ်ားထဲမွ A1(Activities) (အျဖဴေရာင္စာအုပ္ တစ္အုပ္ထဲသာ) အေျခခံကာ တနလၤာ၊ ဗုဒၶဟူး၊ ေသာၾကာ(၃)ရက္တြင္ နံနက္(၁ဝ)နာရီမွ ေန႔လည္(၁၂)နာရီအထိ သင္ၾကား သြားမည္ျဖစ္ ေၾကာင္း သိရသည္။

ထိုျပင္ သင္တန္းသားဦးေရကိုလည္း(၁၆)ဦးသာ ကန႔္သက္ထားၿပီး သင္တန္းေၾကးအခမဲ့ျဖစ္ေသာ္လည္း စာအုပ္စာတမ္းမ်ားကို သင္တန္းသားမ်ားက မိမိအစီအစဥ္ျဖင့္ ဝယ္ယူရမည္ျဖစ္ေၾကာင္း သိရသည္။

AMJSEDC အသင္းမွႀကီးမႉးက်င္းပသည့္ စဥ္ဆက္မျပတ္ ဂ်ပန္စာ(အခမဲ့)သင္တန္းကို (၃)လတစ္ႀကိမ္ျပဳလုပ္‌ေပးသြားမည္ျဖစ္ေၾကာင္း အဆိုပါ အသင္း၏ တာဝန္ရွိသူတစ္ဦးကဆိုသည္။

"အခုလ ၁၆ ရက္ေန႔မွာ သင္တန္းသား ၁၆ ဦးနဲ႔ ပထမဆုံးသင္တန္းကို အခမဲ့ ဖြင့္ေပးခဲ့ပါတယ္။ သုံးလတစ္ႀကိမ္သင္တန္းအသစ္ေတြ ဆက္ဖြင့္ေပးသြားမွာပါ။ အသက္ ၁၈ ႏွစ္ကေန ၃၀ အထိ လူငယ္ေတြ အခမဲ့တက္လိုရပါ့မယ္။စာအုပ္စာတမ္းေၾကးေတာ့ သင္တန္းသား ဖက္က က်ခံရပါမယ္။ဒါကလည္းမမ်ားပါဘူးဗ်။ ႏွစ္ေသာင္းေလာက္ပဲ က်သင့္တာပါ။သင္တန္းကို join ခ်င္တဲ့လူငယ္ေတြအေနနဲ႔ ပညာဒါနသင္တန္းကို Akafuji Vocational Training Center၊ အခန္းအမွတ္ (၉ဝ၆)၊ ယုဇနတာဝါ၊ ေ႐ႊဂုံတိုင္၊ ဗဟန္းၿမိဳနယ္ကို ဆက္သြယ္ ႏိုင္ပါတယ္” ဟု AMJSEDC အသင္းမွ တာဝန္ရွိသူတစ္ဦးက NP Newsကို ေျပာသည္။

အဆိုပါ ဂ်ပန္စာသင္တန္းကို ဦးရာလူစနစ္အေနနဲ႔ ေ႐ြးခ်ယ္သင္ၾကားေပးမည္ျဖစ္ၿပီး အမွတ္ေကာင္းရရွိသူမ်ားအေနျဖင့္ ယင္းသင္ တန္းထက္ အဆင့္ျမင့္တဲ့သင္တန္းမ်ားအား အခမဲ့ဆက္လက္တက္ေရာက္သင္ယူႏိုင္မည္ျဖစ္ေၾကာင္းလည္း ၎ကဆိုသည္။

ထိုျပင္ အဆိုပါသင္တန္းကို တက္ေရာက္ျခင္းအားျဖင့္ ဂ်ပန္ျမန္မာပူးေပါင္းေဆာင္႐ြက္သည့္ ျပည္တြင္းလုပ္ငန္းမ်ားတြင္ လုပ္ခလ စာေကာင္းသည့္အလုပ္မ်ားကို လုပ္ကိုင္ႏိုင္သည့္အျပင္ ထူးခြၽန္သူမ်ားအေနျဖင့္ ဂ်ပန္ႏိုင္ငံရွိ တကၠသိုလ္မ်ားတြင္ အခမဲ့ပညာ သင္ဆုမ်ားကိုလည္းရရွႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.