အမြင်ကွဲလွဲမှုများနှင့် သဘောထားကွဲလွဲမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် MNDAA နှင့် SSPP သဘောတူညီမှုရရှိ

289

သက်ပိုင်(NP News) - ဇွန် ၁၉
လတ်တလောပေါ်ပေါက်လာသော အမြင်ကွဲလွဲမှုများနှင့် သဘောထားကွဲလွဲမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် မြန်မာအမျိုးသား အမှန်တရားနှင့် တရားမျှတမှုပါတီ/မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (MNTJP/MNDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ် (SSPP/SSA)တို့ သဘောတူညီမှုရရှိခဲ့ကြောင်း MNDAA အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA)မှ Mr. Bao Ni Guoကဦးဆောင်မှုဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ အထူးဒေသ (၁) သိန္နီခရိုင် သံလွင်ကျေးရွာ၌ MNDAAနှင့် SSPPအဖွဲ့တို့ ဇွန်လ (၁၇) ရက်က ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါဆွေးနွေးပွဲတွင် MNDAA နှင့် SSPP အဖွဲ့တို့မှ တာဝန်ရှိသူများကပါဝင် ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး လတ်တလောကိစ္စရပ်များနှင့်ပတ်သက်၍ နက်နက်ရှိုင်းရှိုင်း ဆွေးနွေးဖလှယ်ခဲ့ကြကြောင်းနှင့် “ကြီးသည့်အမှုငယ်အောင်၊ငယ်သည့်အမှုပပျောက်အောင်”ဆိုသည့် နိယာမကို လက်ကိုင်ထားပြီး လတ်တလောပေါ်ပေါက်လာသော အမြင်ကွဲလွဲမှုများနှင့် သဘောထားကွဲလွဲမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရန် သဘောတူညီခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
“MNDAA သည် အခြားမည်သည့် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းနှင့်မဆို ပဋိပက္ခ ဖြစ်ပွားလိုခြင်း မရှိပါ။ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ နေထိုင်လိုပါသည်" ဟု MNDAA အဖွဲ့မှ Mr. Peng De Jun က ပြောဆိုခဲ့ကြောင်း သိရသည်။
ထို့နောက် နှစ်ဦးနှစ်ဖက်ဆက်ဆံရေး နက်ရှိုင်းစေရန်နှင့် နှစ်ဦးနှစ်ဖက်အပြန်အလှန် ဆက်သွယ်မှုကို မြှင့်တင်ရန်အတွက် အစည်းအဝေးအတွင်း နှစ်ဖက်စလုံးက အဆင့်မြင့်ဆက်သွယ်ညှိနှိုင်းရေး ယန္တရားဖွဲ့စည်းရန် သဘောတူညီခဲ့ပြီး နှစ်ဖက်အလုပ်အဖွဲ့များ၏ ဆက်သွယ်ရေး တာဝန်ရှိသူများကို ချက်ချင်း သတ်မှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ပြီးခဲ့သည့် ဧပြီလ (၂၈) နှင့် (၂၉) ရက်နေ့အတွင်း SSPP/SSAနှင့် MNDAA/MNDJP စစ်ရေးထိတွေ့မှု (၈) နေရာနှင့် ထိုးကြိတ် ရိုက်နှက် ဖမ်းဆီးမှု ၂၄ ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် နှစ်ဖက်စစ်ရေး ထိတွေ့မှု ၊တင်းမာမှုနှင့်ပက်သက်၍ နှစ်ဖက် ဗဟိုအဆင့် တွေ့ဆုံဆွေးနွေး သွားမည်ဟု SSPP က ဧပြီလ ၃၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြေလည်မှုရရှိခဲ့ခြင်းလည်း ဖြစ်သည်။

Zawgyi Version:
အျမင္ကြဲလြဲမႈမ်ားႏွင့္ သေဘာထားကြဲလြဲမႈမ်ားကို ၿငိမ္းခ်မ္းစြာ ေျဖရွင္းရန္ MNDAA ႏွင့္ SSPP သေဘာတူညီမႈရရွိ
သက္ပိုင္(NP News) - ဇြန္ ၁၉
လတ္တေလာေပၚေပါက္လာေသာ အျမင္ကြဲလြဲမႈမ်ားႏွင့္ သေဘာထားကြဲလြဲမႈမ်ားကို ၿငိမ္းခ်မ္းစြာ ေျဖရွင္းရန္ ျမန္မာအမ်ိဳးသား အမွန္တရားႏွင့္ တရားမွ်တမႈပါတီ/ျမန္မာအမ်ိဳးသား ဒီမိုကရက္တစ္ မဟာမိတ္တပ္ (MNTJP/MNDAA) ႏွင့္ ရွမ္းျပည္တိုးတက္ေရးပါတီ/ရွမ္းျပည္တပ္ (SSPP/SSA)တို႔ သေဘာတူညီမႈရရွိခဲ့ေၾကာင္း MNDAA အဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
‘ဝ’ျပည္ေသြးစည္းညီၫြတ္ေရးတပ္ (UWSA)မွ Mr. Bao Ni Guoကဦးေဆာင္မႈျဖင့္ ျပည္ေထာင္စုျမန္မာႏိုင္ငံ အထူးေဒသ (၁) သိႏၷီခ႐ိုင္ သံလြင္ေက်း႐ြာ၌ MNDAAႏွင့္ SSPPအဖြဲ႕တို႔ ဇြန္လ (၁၇) ရက္က ေဆြးေႏြးခဲ့ၾကျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
အဆိုပါေဆြးေႏြးပြဲတြင္ MNDAA ႏွင့္ SSPP အဖြဲ႕တို႔မွ တာဝန္ရွိသူမ်ားကပါဝင္ ေဆြးေႏြးခဲ့ၾကျခင္းျဖစ္ၿပီး လတ္တေလာကိစၥရပ္မ်ားႏွင့္ပတ္သက္၍ နက္နက္ရႈိင္းရႈိင္း ေဆြးေႏြးဖလွယ္ခဲ့ၾကေၾကာင္းႏွင့္ “ႀကီးသည့္အမႈငယ္ေအာင္၊ငယ္သည့္အမႈပေပ်ာက္ေအာင္”ဆိုသည့္ နိယာမကို လက္ကိုင္ထားၿပီး လတ္တေလာေပၚေပါက္လာေသာ အျမင္ကြဲလြဲမႈမ်ားႏွင့္ သေဘာထားကြဲလြဲမႈမ်ားကို ၿငိမ္းခ်မ္းစြာေျဖရွင္းရန္ သေဘာတူညီခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။
“MNDAA သည္ အျခားမည္သည့္ တိုင္းရင္းသား ေတာ္လွန္ေရး လက္နက္ကိုင္အဖြဲ႕အစည္းႏွင့္မဆို ပဋိပကၡ ျဖစ္ပြားလိုျခင္း မရွိပါ။ ျမန္မာႏိုင္ငံရွိ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းအားလုံးႏွင့္ ခ်စ္ၾကည္ရင္းႏွီးစြာ ေနထိုင္လိုပါသည္" ဟု MNDAA အဖြဲ႕မွ Mr. Peng De Jun က ေျပာဆိုခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ႏွစ္ဦးႏွစ္ဖက္ဆက္ဆံေရး နက္ရႈိင္းေစရန္ႏွင့္ ႏွစ္ဦးႏွစ္ဖက္အျပန္အလွန္ ဆက္သြယ္မႈကို ျမႇင့္တင္ရန္အတြက္ အစည္းအေဝးအတြင္း ႏွစ္ဖက္စလုံးက အဆင့္ျမင့္ဆက္သြယ္ညႇိႏႈိင္းေရး ယႏၲရားဖြဲ႕စည္းရန္ သေဘာတူညီခဲ့ၿပီး ႏွစ္ဖက္အလုပ္အဖြဲ႕မ်ား၏ ဆက္သြယ္ေရး တာဝန္ရွိသူမ်ားကို ခ်က္ခ်င္း သတ္မွတ္ေပးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
ၿပီးခဲ့သည့္ ဧၿပီလ (၂၈) ႏွင့္ (၂၉) ရက္ေန႔အတြင္း SSPP/SSAႏွင့္ MNDAA/MNDJP စစ္ေရးထိေတြ႕မႈ (၈) ေနရာႏွင့္ ထိုးႀကိတ္ ႐ိုက္ႏွက္ ဖမ္းဆီးမႈ ၂၄ ႀကိမ္ျဖစ္ပြားခဲ့ၿပီးေနာက္ ႏွစ္ဖက္စစ္ေရး ထိေတြ႕မႈ ၊တင္းမာမႈႏွင့္ပက္သက္၍ ႏွစ္ဖက္ ဗဟိုအဆင့္ ေတြ႕ဆုံေဆြးေႏြး သြားမည္ဟု SSPP က ဧၿပီလ ၃၀ ရက္တြင္ သတင္းထုတ္ျပန္ခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ေျပလည္မႈရရွိခဲ့ျခင္းလည္း ျဖစ္သည္။