မြောင်းမြကျောင်းသူများအမှုတွင် နစ်နာသူထံပြန်လည်တောင်းပန်ရန်နှင့် ကျူးလွန်သူများအား ကျောင်းပြောင်းပေးမှသာ ကျေအေးပေးမည်

 1887

သန့်ဇင်(NP News)-ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၊ ၂၁ရက်က ဖြစ်ပွားခဲ့သော အထက(၆)ကျောင်းမှ ကျောင်းသူအ ချင်းချင်း အုပ်စုဖွဲ့အနိုင်ကျင့်သည့်အပေါ် နစ်နာသူထံပြန်လည်တောင်းပန်ရန်နှင့် ကျူးလွန်သူများအားကျောင်း ပြောင်းပေးမှသာ ကျေအေးပေးမည် ဖြစ်ကြောင်း ဖြစ်စဉ်နှင့်ပတ်သက်၍ သိရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လက်ရှိလူမှုကွန်ယက်တွင် ရုပ်သံဖိုင်ထွက်ပေါ်နေလျက်ရှိရာ မြောင်းမြမြို့အ.ထ.က (၆)မှ ကျောင်းသူ အချင်းချင်း အုပ်စုဖွဲ့အနိုင်ကျင့်ရာတွင် ပါးရိုက်ခြင်းနှင့် ဒူးထောက်တောင်းပန်ကာ ထိုင်ကန်တော့ခိုင်းသည့် ကိစ္စသည် လူအများအကြား ဝေဖန်မှုများမြင့်တက်နေလျက်ရှိသည်။
နစ်နာသူကျောင်းသူ၏ မိသားစုဝင်များက အနိုင်ကျင့်ခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ မြောင်းမြခရိုင် ပညာရေးမှူး၊ မြောင်းမြမြို့ နယ်ပညာရေးမှူးနှင့် ၊ အ.ထ.က (၆) ကျောင်းအုပ်ဆရာမကြီးတို့ထံ တိုင်ကြားခဲ့ကြောင်း သိရသည်။

ထို့နောက် လာရောက်ဖြေရှင်းရာတွင် ကျူးလွန်သူများအား ခံဝန်လက်မှတ်ထိုးခိုင်းကာ (၁၄)ရက်ကျောင်းနားသည့် ပြစ်ဒဏ်သာပေးခဲ့သည့်အပေါ် ထိရောက်သည့်အရေးယူမှု မဖြစ်ခဲ့ကြောင်း ဖြစ်စဉ်နှင့်ပတ်သက်၍ သိရှိသူတစ်ဦးက ဆိုသည်။

“ဖြစ်စဉ်နဲ့ပတ်သက်ပြီး‌တော့ ကျောင်းအုပ်ဆရာမကြီးနဲ့ ပညာရေးမှူးက ခံဝန်ထိုးခိုင်းပြီးတော့မှ အဲဒီကလေးတွေကို ကျောင်း(၂)ပတ်နား ခိုင်းပြီးတော့ စာမေးပွဲပြန်ဖြေ။ နောက်ပြီးဒီကျောင်းမှာပဲ ပြန်ပြီးတော့လက်ခံထားတယ်ဆိုတာ သူတို့ဘက်ကအရေးယူမှုက တအား အားနည်းတာပေါ့။ ထိရောက်တဲ့အရေးယူမှုမဖြစ်ဘူးပေါ့။ အဲဒီတော့ ဒီကလေးမလေးက ကျောင်းဆက်မတက်ရဲတော့ဘူးပေါ့။ သူကပဲနစ်နာ စိတ်ဒဏ်ရာလည်းရ။ ပညာရေးပိုင်းမှာလည်း အတန်းနစ်နာဆိုတော့ နစ်နာပြီးရင်းနစ်နာဖြစ်နေတာဆိုလို့လေ။ ကျူးလွန်တဲ့သူတွေကတော့ ခေါင်းမော့ပြီးကျောင်းတက်နေတာဆိုတော့ အဲဒါမျိုးတွေကမဖြစ်သင့်ဘူးလေ”ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။
ထို့ကြောင့် နစ်နာသူကျောင်းသူ၏မိသားစုဝင်များဘက်က နစ်နာသူကျောင်းသူ၏ စိတ်ဒဏ်ရာနှင့် ကျောင်းမတက်ရဲသည့် အခြေအနေပေါ် တရားမျှတမှုအနေဖြင့် ကျူးလွန်သူများပြန်လည်တောင်းပန်စဉ် ရုပ်သံမှတ်တမ်းယူထားခြင်းနှင့် ကျူးလွန်သူများအားလုံး ကျောင်းပြောင်း ရန် အဓိကကျသည့် တောင်းဆိုချက်(၂)ချက်ကို ပြုလုပ်ပေးမှသာ ကျေးအေးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ကာယကံရှင် ကလေးမလေးဖြစ်စေချင်တဲ့အတိုင်းသူတို့ကို ပြန်ပြီးတော့ တောင်းပန်။ အဲဒါကို သူတို့က Videoရိုက်ယူထားမယ်ပေါ့။ နောက်ပြီးတော့ အ.ထ.က (၆)မှာကျောင်းတက်နေတဲ့ ကျူးလွန်တဲ့ကလေးမလေးတွေအုပ်စုကို အခြားကျောင်းကို ပြောင်းပေးလိုက်။ အဲဒါမှသူကျောင်းပြန်တက်ရဲမယ်။ အဲဒီအတိုင်းပဲဖြစ်စေချင်တယ်။ ကျောင်းထုတ်တာတွေဘာတွေဆိုရင် ကျူးလွန်တဲ့ကလေးတွေလည်း အရမ်းနစ်နာသွားမယ်လေ။ ဘာဖြစ်လို့လည်းဆိုတော့ ကျူးလွန်တဲ့ကလေးတွေက ငယ်သေးတာဆိုတော့ လူဆိုတာ မှားတတ်တဲ့ အမျိုးပဲ လေ။ ဒါပေမယ့်သူတို့မှားတာတော့ တော်တော်ကိုဆိုးဆိုးရွားရွားမှားတာ။ အဲဒါဥပဒေအကြောင်းအရမလုပ်လို့ ဥပဒေကြောင်းအရလုပ်ရင် အမျိုးသမီးကာယအိန္ဒြေပျက်ဆီးအောင်လုပ်တယ်ဆိုရင် (၃၅၄)နဲ့ ငြိတယ်။ ဖုန်းနဲ့ Videoရိုက်ပြီးတော့ လိုင်းပေါ်စတင်တဲ့ ကလေးမက လည်း (၆၆/ဃ)နဲ့ ငြိတယ်။ မလုပ်ကြပါဘူး။ လုပ်တယ်ဆိုရင်လည်း တအားနစ်နာသွားမယ်။ အဲတော့မှားတာတော့ မှားတယ် ”ဟု ဖြစ်စဉ် နှင့်ပတ်သက်၍ သိရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ယနေ့(ဇွန်လ ၁၉ရက်) ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေငြာချက်တွင် မြောင်းမြ အ.ထ.က (၆) ကျောင်းသူ၏ ပြဿနာနှင့်ပတ်သက်၍ လိုက်လံစုံစမ်းကာ ကျူးလွန်ခံရသူများ စိတ်သက်သာရေး အတွက် လိုအပ်သည့် အရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ကျောင်းအုပ်နှင့် ပညာရေးမှူးတို့အား လည်း တာဝန်ယူမှု ရှိစေရန် အရေးယူသွားမည် ဖြစ်ပြီး သက်ဆိုင်ရာ ဆရာ/ဆရာမများ အား စစ်ဆေးခြင်း၊ ကျူးလွန်မှုတွင် ပါဝင်သည်ဟုသံသယရှိသူများကို စုံစမ်းစစ်ဆေးပြီး၊ ပညာရေးဝန်ကြီးဌာန၏ စည်းကမ်းနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ေျမာင္းျမေက်ာင္းသူအမႈတြင္ နစ္နာသူထံျပန္လည္ေတာင္းပန္ရန္ႏွင့္ က်ဴးလြန္သူမ်ားအား ေက်ာင္းေျပာင္းေပးမွသာ ေက်ေအးေပးမည္
သန႔္ဇင္(NP News)-ဇြန္ ၁၉
ဧရာဝတီတိုင္းေဒသႀကီး၊ ေျမာင္းျမၿမိဳ႕တြင္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၊ ၂၁ရက္က ျဖစ္ပြားခဲ့ေသာ အထက(၆)ေက်ာင္းမွ ေက်ာင္းသူအ ခ်င္းခ်င္း အုပ္စုဖြဲ႕အႏိုင္က်င့္သည့္အေပၚ နစ္နာသူထံျပန္လည္ေတာင္းပန္ရန္ႏွင့္ က်ဴးလြန္သူမ်ားအားေက်ာင္း ေျပာင္းေပးမွသာ ေက်ေအးေပးမည္ ျဖစ္ေၾကာင္း ျဖစ္စဥ္ႏွင့္ပတ္သက္၍ သိရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ လက္ရွိလူမႈကြန္ယက္တြင္ ႐ုပ္သံဖိုင္ထြက္ေပၚေနလ်က္ရွိရာ ေျမာင္းျမၿမိဳ႕အ.ထ.က (၆)မွ ေက်ာင္းသူ အခ်င္းခ်င္း အုပ္စုဖြဲ႕အႏိုင္က်င့္ရာတြင္ ပါး႐ိုက္ျခင္းႏွင့္ ဒူးေထာက္ေတာင္းပန္ကာ ထိုင္ကန္ေတာ့ခိုင္းသည့္ ကိစၥသည္ လူအမ်ားအၾကား ေဝဖန္မႈမ်ားျမင့္တက္ေနလ်က္ရွိသည္။
နစ္နာသူေက်ာင္းသူ၏ မိသားစုဝင္မ်ားက အႏိုင္က်င့္ခံရသည့္ျဖစ္စဥ္ႏွင့္ပတ္သက္၍ ေျမာင္းျမခ႐ိုင္ ပညာေရးမႉး၊ ေျမာင္းျမၿမိဳ႕ နယ္ပညာေရးမႉးႏွင့္ ၊ အ.ထ.က (၆) ေက်ာင္းအုပ္ဆရာမႀကီးတို႔ထံ တိုင္ၾကားခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ လာေရာက္ေျဖရွင္းရာတြင္ က်ဴးလြန္သူမ်ားအား ခံဝန္လက္မွတ္ထိုးခိုင္းကာ (၁၄)ရက္ေက်ာင္းနားသည့္ ျပစ္ဒဏ္သာေပးခဲ့သည့္အေပၚ ထိေရာက္သည့္အေရးယူမႈ မျဖစ္ခဲ့ေၾကာင္း ျဖစ္စဥ္ႏွင့္ပတ္သက္၍ သိရွိသူတစ္ဦးက ဆိုသည္။

“ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး‌ေတာ့ ေက်ာင္းအုပ္ဆရာမႀကီးနဲ႔ ပညာေရးမႉးက ခံဝန္ထိုးခိုင္းၿပီးေတာ့မွ အဲဒီကေလးေတြကို ေက်ာင္း(၂)ပတ္နား ခိုင္းၿပီးေတာ့ စာေမးပြဲျပန္ေျဖ။ ေနာက္ၿပီးဒီေက်ာင္းမွာပဲ ျပန္ၿပီးေတာ့လက္ခံထားတယ္ဆိုတာ သူတို႔ဘက္ကအေရးယူမႈက တအား အားနည္းတာေပါ့။ ထိေရာက္တဲ့အေရးယူမႈမျဖစ္ဘူးေပါ့။ အဲဒီေတာ့ ဒီကေလးမေလးက ေက်ာင္းဆက္မတက္ရဲေတာ့ဘူးေပါ့။ သူကပဲနစ္နာ စိတ္ဒဏ္ရာလည္းရ။ ပညာေရးပိုင္းမွာလည္း အတန္းနစ္နာဆိုေတာ့ နစ္နာၿပီးရင္းနစ္နာျဖစ္ေနတာဆိုလို႔ေလ။ က်ဴးလြန္တဲ့သူေတြကေတာ့ ေခါင္းေမာ့ၿပီးေက်ာင္းတက္ေနတာဆိုေတာ့ အဲဒါမ်ိဳးေတြကမျဖစ္သင့္ဘူးေလ”ဟု အထက္ပါသတင္းရင္းျမစ္က ေျပာသည္။
ထို႔ေၾကာင့္ နစ္နာသူေက်ာင္းသူ၏မိသားစုဝင္မ်ားဘက္က နစ္နာသူေက်ာင္းသူ၏ စိတ္ဒဏ္ရာႏွင့္ ေက်ာင္းမတက္ရဲသည့္ အေျခအေနေပၚ တရားမွ်တမႈအေနျဖင့္ က်ဴးလြန္သူမ်ားျပန္လည္ေတာင္းပန္စဥ္ ႐ုပ္သံမွတ္တမ္းယူထားျခင္းႏွင့္ က်ဴးလြန္သူမ်ားအားလုံး ေက်ာင္းေျပာင္း ရန္ အဓိကက်သည့္ ေတာင္းဆိုခ်က္(၂)ခ်က္ကို ျပဳလုပ္ေပးမွသာ ေက်းေအးမည္ျဖစ္ေၾကာင္း ၎ကဆိုသည္။
“ကာယကံရွင္ ကေလးမေလးျဖစ္ေစခ်င္တဲ့အတိုင္းသူတို႔ကို ျပန္ၿပီးေတာ့ ေတာင္းပန္။ အဲဒါကို သူတို႔က Video႐ိုက္ယူထားမယ္ေပါ့။ ေနာက္ၿပီးေတာ့ အ.ထ.က (၆)မွာေက်ာင္းတက္ေနတဲ့ က်ဴးလြန္တဲ့ကေလးမေလးေတြအုပ္စုကို အျခားေက်ာင္းကို ေျပာင္းေပးလိုက္။ အဲဒါမွသူေက်ာင္းျပန္တက္ရဲမယ္။ အဲဒီအတိုင္းပဲျဖစ္ေစခ်င္တယ္။ ေက်ာင္းထုတ္တာေတြဘာေတြဆိုရင္ က်ဴးလြန္တဲ့ကေလးေတြလည္း အရမ္းနစ္နာသြားမယ္ေလ။ ဘာျဖစ္လို႔လည္းဆိုေတာ့ က်ဴးလြန္တဲ့ကေလးေတြက ငယ္ေသးတာဆိုေတာ့ လူဆိုတာ မွားတတ္တဲ့ အမ်ိဳးပဲ ေလ။ ဒါေပမယ့္သူတို႔မွားတာေတာ့ ေတာ္ေတာ္ကိုဆိုးဆိုး႐ြား႐ြားမွားတာ။ အဲဒါဥပေဒအေၾကာင္းအရမလုပ္လို႔ ဥပေဒေၾကာင္းအရလုပ္ရင္ အမ်ိဳးသမီးကာယအိေျႏၵပ်က္ဆီးေအာင္လုပ္တယ္ဆိုရင္ (၃၅၄)နဲ႔ ၿငိတယ္။ ဖုန္းနဲ႔ Video႐ိုက္ၿပီးေတာ့ လိုင္းေပၚစတင္တဲ့ ကေလးမက လည္း (၆၆/ဃ)နဲ႔ ၿငိတယ္။ မလုပ္ၾကပါဘူး။ လုပ္တယ္ဆိုရင္လည္း တအားနစ္နာသြားမယ္။ အဲေတာ့မွားတာေတာ့ မွားတယ္ ”ဟု ျဖစ္စဥ္ ႏွင့္ပတ္သက္၍ သိရွိသူတစ္ဦးက ေျပာသည္။
အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ယေန႔(ဇြန္လ ၁၉ရက္) ပညာေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ေၾကျငာခ်က္တြင္ ေျမာင္းျမ အ.ထ.က (၆) ေက်ာင္းသူ၏ ျပႆနာႏွင့္ပတ္သက္၍ လိုက္လံစုံစမ္းကာ က်ဴးလြန္ခံရသူမ်ား စိတ္သက္သာေရး အတြက္ လိုအပ္သည့္ အေရးယူမႈမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထို႔အျပင္ ေက်ာင္းအုပ္ႏွင့္ ပညာေရးမႉးတို႔အား လည္း တာဝန္ယူမႈ ရွိေစရန္ အေရးယူသြားမည္ ျဖစ္ၿပီး သက္ဆိုင္ရာ ဆရာ/ဆရာမမ်ား အား စစ္ေဆးျခင္း၊ က်ဴးလြန္မႈတြင္ ပါဝင္သည္ဟုသံသယရွိသူမ်ားကို စုံစမ္းစစ္ေဆးၿပီး၊ ပညာေရးဝန္ႀကီးဌာန၏ စည္းကမ္းႏွင့္အညီ အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.