အီရန်နိုင်ငံရဲ့စစ်ပွဲထဲမှာ အမေရိကန်နိုင်ငံ တိုက်ရိုက်ပါဝင်လာမယ်ဆိုရင် ပြုပြင်လို့မရနိုင်တဲ့ ပျက်စီးဆုံးရှုံးမှုများ ဖြစ်လာနိုင်

 137

ဂျန်ဇက် (NP News) - ဇွန် ၂ဝ

အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီက အီရန်နိုင်ငံရဲ့စစ်ပွဲထဲမှာ အမေရိကန်နိုင်ငံ တိုက်ရိုက်ပါဝင်လာမယ်ဆိုရင် အမေရိကန်နိုင်ငံဟာ ပြုပြင်လို့မရနိုင်တဲ့ ပျက်စီးဆုံးရှုံးမှုများ ဖြစ်လာဖွယ်ရှိတယ်လို့ ဆိုပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နဲ့ အစ္စရေးနိုင်ငံကြားဖြစ်ပွားတဲ့စစ်ပွဲမှာ တိုက်ရိုက်ပါဝင် ဖွယ်ရှိတယ်လို့ ပြောဆိုခဲ့ပြီးနောက် အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင်က ထုတ်ဖော်ပြောဆိုလိုက်ပါ တယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ဟာ အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားတိုက်ခိုက်မယ်ဆိုရင် အမေရိကန်စစ်တပ်ကလည်း အီရန်နိုင်ငံကို တိုက်ခိုက်ဖို့အဆင်သင့်ရှိနေတယ်လို့ ဆိုပါတယ်။
အမေရိကန်သမ္မတအနေနဲ့ အီရန်နဲ့အစ္စရေးနိုင်ငံကြားဖြစ်ပွားနေတဲ့ စစ်ပွဲကို တိုက်ရိုက်ပါဝင်ဖို့ စဉ်းစားလျက်ရှိနေ ကြောင်း၊ သတင်းများထွက်ပေါ်နေပါတယ်။ စစ်ပွဲမှာ အမေရိကန်နိုင်ငံ တိုက်ရိုက်ပါဝင်လာမယ်ဆိုရင် အမေရိကန် နိုင်ငံဟာ အီရန်နိုင်ငံရှိ ဖော်ဒေါ် ယူရေနီယံစက်ရုံနေရာကို ပစ်မှတ်ထားဖွယ်ရှိလို့ ဆိုကြပါတယ်။
အမေရိကန်အစိုးရဟာ ပေါင် ၃ သောင်းရှိ ဘန်ကာဖျက်ဗုံးများ အပြင်ကြီးမားတဲ့ဗုံးတွေကို အစ္စရေးနိုင်ငံထံ လွှဲပြောင်းပေးဖွယ်ရှိတယ်လို့ သိရပါတယ်။

• အီရန်နိုင်ငံရဲ့ဇွန်လ ၁၈ရက်နေ့မှာ ဒုံးကျည်များနဲ့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အစ္စရေးနိုင်ငံ တောင်ပိုင်း က ဘီရှာဘာမြို့ရှိ ဆေးရုံကို ထိမှန်ခဲ့ကြောင်း သိရပါတယ်။ အစ္စရေးစစ်တပ်က အိရန်ရဲ့တိုက်ခိုက်မှုများကြောင့် ဇွန်လ ၁၈ ရက်က နိုင်ငံတဝှမ်းမှာ လူပေါင်း ၆၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အီရန်စစ်တပ်က အီရန်စစ်ဟာ အစ္စရေးနိုင်ငံကိုတိုက်ခိုက်ရာမှာ အစ္စရေးစစ်တပ်အဆောက်အဦးများကို ပစ်မှတ် ထားတိုက်ခိုက်ခဲ့ပြီး စစ်တပ်အဆောက်အဦးနဲ့ကပ်လျက်ရှိတဲ့ ဆေးရုံကို ထိမှန်ခဲ့ကြောင်း၊ ဆေးရုံကို ရည်ရွယ် တိုက်ခိုက်ခဲ့ခြင်းမရှိဟု ပြောပါတယ်။ အစ္စရေးကလည်း ဇွန်လ ၁၈ ရက်မှာ အီရန်နိုင်ငံရှိ နန်တက်မြို့က အဆောက် အဦးများနဲ့ အာရက် အမည်ရှိကြီးမားတဲ့ water reactor တွေကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အရှေ့အလယ်ပိုင်းဒေသက အမေရိကန်စစ်တပ်ရဲ့အဓိက စစ်အခြေစိုက်စခန်းဖြစ်တဲ့ ကာတာနိုင်ငံ Al Udeid Air Base လေတပ်အခြေစိုက်စခန်းမှ လေယာဉ်များကို ဇွန်လ ၁၉ ရက်မှာ နေရာခွဲပြီးချထားလိုက်တယ်လို့ သိရပါတယ်။ အဆိုပါလေတပ်အခြေစိုက်စခန်းမှာ ဒရုန်းများ၊ တိုက်လေယာဉ်များနဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်များနဲ့ပြည့်နေခဲ့တယ်လို့ သိရပါတယ်။ စစ်ပွဲအတွင်း အမေရိကန်စစ်လေယဉ်များတိုက်ခိုက်မှုမခံရဖို့ ရည်ရွယ်ချက်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
အီရန် နိုင်ငံခြားရေးဝန်ကြီးက ၎င်းဟာ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးများနဲ့ ဇွန်လ ၂ဝ ရက်မှာ တွေ့ဆုံဆွေးနွေးမယ်လို့ပြောပါတယ်။ အီရန်ဟာ ဥရောပသမဂ္ဂ အဖွဲ့မှတာဝန်ရှိသူများနဲ့လည်း တွေ့ဆုံ ဆွေးနွေး မှာဖြစ်ပြီး ဥရောပခေါင်းဆောင်တွေရဲ့တောင်းဆိုမှုအရ တွေ့ဆုံဆွေးနွေခြင်းဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version:
အီရန္ႏိုင္ငံရဲ႕စစ္ပြဲထဲမွာ အေမရိကန္ႏိုင္ငံ တိုက္႐ိုက္ပါဝင္လာမယ္ဆိုရင္ ျပဳျပင္လို႔မရႏိုင္တဲ့ ပ်က္စီးဆုံးရႈံးမႈမ်ား ျဖစ္လာႏိုင္

ဂ်န္ဇက္ (NP News) - ဇြန္ ၂ဝ

အီရန္ႏိုင္ငံရဲ႕အျမင့္ဆုံးဘာသာေရးေခါင္းေဆာင္ အယာတိုလာခါေမနီက အီရန္ႏိုင္ငံရဲ႕စစ္ပြဲထဲမွာ အေမရိကန္ႏိုင္ငံ တိုက္႐ိုက္ပါဝင္လာမယ္ဆိုရင္ အေမရိကန္ႏိုင္ငံဟာ ျပဳျပင္လို႔မရႏိုင္တဲ့ ပ်က္စီးဆုံးရႈံးမႈမ်ား ျဖစ္လာဖြယ္ရွိတယ္လို႔ ဆိုပါတယ္။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က အီရန္နဲ႔ အစၥေရးႏိုင္ငံၾကားျဖစ္ပြားတဲ့စစ္ပြဲမွာ တိုက္႐ိုက္ပါဝင္ ဖြယ္ရွိတယ္လို႔ ေျပာဆိုခဲ့ၿပီးေနာက္ အီရန္ႏိုင္ငံရဲ႕အျမင့္ဆုံးဘာသာေရးေခါင္းေဆာင္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါ တယ္။

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က အီရန္ဟာ အေမရိကန္ႏိုင္ငံသားေတြကို ပစ္မွတ္ထားတိုက္ခိုက္မယ္ဆိုရင္ အေမရိကန္စစ္တပ္ကလည္း အီရန္ႏိုင္ငံကို တိုက္ခိုက္ဖို႔အဆင္သင့္ရွိေနတယ္လို႔ ဆိုပါတယ္။

အေမရိကန္သမၼတအေနနဲ႔ အီရန္နဲ႔အစၥေရးႏိုင္ငံၾကားျဖစ္ပြားေနတဲ့ စစ္ပြဲကို တိုက္႐ိုက္ပါဝင္ဖို႔ စဥ္းစားလ်က္ရွိေန ေၾကာင္း၊ သတင္းမ်ားထြက္ေပၚေနပါတယ္။ စစ္ပြဲမွာ အေမရိကန္ႏိုင္ငံ တိုက္႐ိုက္ပါဝင္လာမယ္ဆိုရင္ အေမရိကန္ ႏိုင္ငံဟာ အီရန္ႏိုင္ငံရွိ ေဖာ္ေဒၚ ယူေရနီယံစက္႐ုံေနရာကို ပစ္မွတ္ထားဖြယ္ရွိလို႔ ဆိုၾကပါတယ္။

အေမရိကန္အစိုးရဟာ ေပါင္ ၃ ေသာင္းရွိ ဘန္ကာဖ်က္ဗုံးမ်ား အျပင္ႀကီးမားတဲ့ဗုံးေတြကို အစၥေရးႏိုင္ငံထံ လႊဲေျပာင္းေပးဖြယ္ရွိတယ္လို႔ သိရပါတယ္။



• အီရန္ႏိုင္ငံရဲ႕ဇြန္လ ၁၈ရက္ေန႔မွာ ဒုံးက်ည္မ်ားနဲ႔ ပစ္ခတ္တိုက္ခိုက္မႈမ်ားေၾကာင့္ အစၥေရးႏိုင္ငံ ေတာင္ပိုင္း က ဘီရွာဘာၿမိဳ႕ရွိ ေဆး႐ုံကို ထိမွန္ခဲ့ေၾကာင္း သိရပါတယ္။ အစၥေရးစစ္တပ္က အိရန္ရဲ႕တိုက္ခိုက္မႈမ်ားေၾကာင့္ ဇြန္လ ၁၈ ရက္က ႏိုင္ငံတဝွမ္းမွာ လူေပါင္း ၆၅ ဦး ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ ဆိုပါတယ္။

အီရန္စစ္တပ္က အီရန္စစ္ဟာ အစၥေရးႏိုင္ငံကိုတိုက္ခိုက္ရာမွာ အစၥေရးစစ္တပ္အေဆာက္အဦးမ်ားကို ပစ္မွတ္ ထားတိုက္ခိုက္ခဲ့ၿပီး စစ္တပ္အေဆာက္အဦးနဲ႔ကပ္လ်က္ရွိတဲ့ ေဆး႐ုံကို ထိမွန္ခဲ့ေၾကာင္း၊ ေဆး႐ုံကို ရည္႐ြယ္ တိုက္ခိုက္ခဲ့ျခင္းမရွိဟု ေျပာပါတယ္။ အစၥေရးကလည္း ဇြန္လ ၁၈ ရက္မွာ အီရန္ႏိုင္ငံရွိ နန္တက္ၿမိဳ႕က အေဆာက္ အဦးမ်ားနဲ႔ အာရက္ အမည္ရွိႀကီးမားတဲ့ water reactor ေတြကို တိုက္ခိုက္ခဲ့တယ္လို႔ ဆိုပါတယ္။

အေရွ႕အလယ္ပိုင္းေဒသက အေမရိကန္စစ္တပ္ရဲ႕အဓိက စစ္အေျခစိုက္စခန္းျဖစ္တဲ့ ကာတာႏိုင္ငံ Al Udeid Air Base ေလတပ္အေျခစိုက္စခန္းမွ ေလယာဥ္မ်ားကို ဇြန္လ ၁၉ ရက္မွာ ေနရာခြဲၿပီးခ်ထားလိုက္တယ္လို႔ သိရပါတယ္။ အဆိုပါေလတပ္အေျခစိုက္စခန္းမွာ ဒ႐ုန္းမ်ား၊ တိုက္ေလယာဥ္မ်ားနဲ႔ သယ္ယူပို႔ေဆာင္ေရး ေလယာဥ္မ်ားနဲ႔ျပည့္ေနခဲ့တယ္လို႔ သိရပါတယ္။ စစ္ပြဲအတြင္း အေမရိကန္စစ္ေလယဥ္မ်ားတိုက္ခိုက္မႈမခံရဖို႔ ရည္႐ြယ္ခ်က္နဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။


အီရန္ ႏိုင္ငံျခားေရးဝန္ႀကီးက ၎ဟာ ၿဗိတိန္၊ ျပင္သစ္၊ ဂ်ာမနီႏိုင္ငံက ႏိုင္ငံျခားေရးဝန္ႀကီးမ်ားနဲ႔ ဇြန္လ ၂ဝ ရက္မွာ ေတြ႕ဆုံေဆြးေႏြးမယ္လို႔ေျပာပါတယ္။ အီရန္ဟာ ဥေရာပသမဂၢ အဖြဲ႕မွတာဝန္ရွိသူမ်ားနဲ႔လည္း ေတြ႕ဆုံ ေဆြးေႏြး မွာျဖစ္ၿပီး ဥေရာပေခါင္းေဆာင္ေတြရဲ႕ေတာင္းဆိုမႈအရ ေတြ႕ဆုံေဆြးေႏြျခင္းျဖစ္ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.