အမိမြန်မာနိုင်ငံတော်ကြီး ဖြစ်တည်ပေါ်ပေါက်လာပုံ သမိုင်း

 356

ဝဏ္ဏဇော် (NP News)
ယနေ့အချိန်တွင် ကျွန်တော်တို့၏မျိုးဆက်သစ် မြန်မာလူငယ်အတော်များများသည် မိမိနိုင်ငံနှင့် မိမိလူမျိုး ဖြစ်တည်ပေါ်ပေါက်လာပုံ၊ မိမိတို့ ဘိုးဘေး သူရဲကောင်းများ ခေတ်အဆက်ဆက်တွင် နိုင်ငံ၊ လူ မျိုး၊ ဘာသာ၊ သာသနာအတွက် အသက်သွေးချွေးများ ပေးဆပ်ကာ အနစ်နာခံကာကွယ်စောင့်ရှောက်ခဲ့ပုံ တို့ကို သေသေချာချာဂဃနဏမသိရှိဘဲ ဖြစ်နေသည်။ ထိုသို့ မိမိတို့၏သမိုင်းကိုမသိရှိသည့်အခါ သူ တစ်ပါး ပြောတိုင်း ယုံသော၊ ဂျင်းထည့်၍ကောင်းသော “အ”လွန်း၊ “တုံး”လွန်း၊ “ညံ့” လွန်းသောဘဝသို့ ရောက်ရှိသွားနိုင်သည်။ မြန်မာ့သမိုင်းပညာရှင်ကြီး ဆရာကြီး ဒေါက်တာသန်းထွန်းက ]မအအောင် သမိုင်းသင်”ဟု အမြော်အမြင်ကြီးစွာ ရေးသားမှာကြားသွားသည် မဟုတ်ပါလား။
သို့ဖြစ်ရာ အမိမြန်မာနိုင်ငံတော်ကြီး စတင်ဖြစ်တည်ပေါ်ပေါက်လာပုံသမိုင်းကြောင်းအကျဉ်းချုပ် ကို ခိုင်မာသောအထောက်အထားများကို ကိုးကား၍ ရေးသားလိုက်ရပေတော့သည်။
မြန်မာ့ရာဇဝင်ကြီးများ၌ တကောင်း၊ သရေ ခေတ္တရာမတိုင်မီက ပျူမင်းပေါင်း (၁၃၉၃)ပါး အုပ်စိုး ခဲ့ကြောင်း ဖော်ပြထားသည်။ ပျူလူမျိုးတို့သည် မြန် မာ့သမိုင်းတွင် ထီးစဉ်နန်းဆက်နှင့်တကွ အထင်အ ရှားကြီးစိုးခဲ့သူများဖြစ်ကြသည်။ မြန်မာနိုင်ငံတော် နယ်နိမိတ်ပုံသဏ္ဌာန် ပထမဆုံး ဖြစ်မြောက်ပုံပေါ်လာ အောင် စည်းရုံးတည်ဆောက်ပေးခဲ့သူများလည်းဖြစ်သည်။
ရှေးဟောင်းတရုတ်သမိုင်းများအရ ပျူလူမျိုးတို့သည် တိဘက်-မြန်မာအနွယ်ဝင်ဖြစ်ပြီး လွန်ခဲ့ သောနှစ်ပေါင်း (၃၁၀ဝ) ကျော်ကတည်းက မြန်မာနိုင် ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်ဟု ဆိုသည်။ ဘာသာဗေဒ အရဆန်းစစ်လျှင်လည်း ပျူဘာသာ သည် တိဘက်-မြန်မာဘာသာစကားမျိုးပင်ဖြစ်သည်။ ပျူ လူမျိုးများသည် မြန်မာ့မြေပေါ်တွင် ကျောက်ခေတ်၊ ကြေးခေတ်ကတည်းက နေထိုင်ခဲ့သော မူလ ဇာစ်မြစ် ဒေသခံမျိုးနွယ်ရင်းဖြစ်သည်လားဆိုသည်ကို ရှေးဟောင်းသုတေသနပညာရှင်များ၊ သမိုင်း ပညာရှင်များ၊ သုတေသီများက ဆက်လက်လေ့လာဖော်ထုတ်နေဆဲဖြစ်ပြီး အထောက်အထားများစွာ ကို လည်း တွေ့ရှိနေရသည်။
ပျူလူမျိုးများသည် အရှေ့တောင်အာရှတွင် ဗုဒ္ဓဘာသာကို ပထမဆုံးကိုးကွယ်သူများဖြစ်ပြီး နိုင်ငံ တော်တွင် ဗုဒ္ဓဘာသာ ခိုင်မာတောင့်တင်းအောင် ပန္နက်ချခဲ့သူများဖြစ်သည်။ နိုင်ငံတွင်း၌ အခြားအယူ ဝါဒ များကြီးထွားမလာအောင်လည်း ကာကွယ်ခဲ့သူ များဖြစ်သည်။ အရှေ့တောင်အာရှတွင် မြို့ရိုး၊ ကျုံး နှင့် မြို့ပြကြီးများ၊ ဆည်မြောင်းတာတမံများဖြင့် ပထမဆုံးတည်ဆောက်နေထိုင်သူများမှာလည်း ပျူ လူမျိုးများပင်ဖြစ်သည်။ မြို့ပြအဆောက်အအုံများ တည်ဆောက်ရာတွင် အုတ်ချပ်ကြီးများအသုံးပြုပြီး မြို့ တွင်းတွင် ရေအုတ်မြောင်း၊ စိုက်ပျိုးရန်ရေသွယ် မြောင်း၊ ရေကန်များကို စနစ်တကျတည်ဆောက်ခဲ့ သည်ကိုကြည့်ခြင်းဖြင့် ပျူတို့၏ ဗိသုကာအဆင့်အတန်းမြင့်မားမှုကို တွေ့မြင်နိုင်ပေသည်။ ထို့ကြောင့် လည်း သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း၊ ပျူ မြို့ဟောင်းများသည် ကမ္ဘာ့အမွေအနှစ်များအဖြစ် သတ် မှတ်ခံခဲ့ရခြင်းဖြစ်သည်။
တောင်တွင်းကြီးမင်းဆက်မှတ်တမ်းတွင် ပျူမြို့ပြနိုင်ငံများကို လွန်ခဲ့သော နှစ်ပေါင်း (၃၀ဝဝ) ကျော်ကတည်းက တည်ထောင်ခဲ့သည်ဟု ဖော်ပြထားရာ ပြည်ပခေတ်ပြိုင်မှတ်တမ်းများနှင့်လည်း ကိုက်ညီမှုရှိသည်။ တရုတ်ထန်ရာဇဝင်တွင် ပျူနိုင်ငံတော်၏အကျယ်အဝန်းမှာ မြောက်ဘက်တွင် နန်စော (သို့) နန်ကျောင်နိုင်ငံ(ယခု တရုတ်နိုင်ငံ)၊ အရှေ့ဘက်တွင် ကျင်းလ(ခမာ)၊ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ၊ တောင်ဘက်တွင် ပင်လယ်တို့ဖြစ်သည်။
ပျူသမိုင်းမှတ်တမ်းအရ ပျူ (၁၂)ပြည် ထောင်ရှိသည်။ ၎င်းတို့မှာ ၁။ အေလိုပျူ (မြို့တော် တကောင်း၊ ငဆောင်ချမ်း) ၂။ ဟန်လင်းပျူ (မြို့တော် ဟန်လင်း) ၃။ ကချင်ပျူ (မြို့တော် ငမန္တာ၊ မိုးကောင်း) ၄။ ချင်းပျူ (မြို့တော် ဖလမ်း၊ တီးတိန်) ၅။ အစီရီပျူ (မြို့တော် ဓညဝတီ) ၆။ မြန်မာပျူ (မြို့တော် တောင် တွင်းကြီး၊ ကျောက်ပန်းတောင်း၊ ယုန်လွှတ်၊ သီရိပစ္စ ယာ၊ တမ္ပဝတီ၊ ပုဂံ) ၇။ ကမ်ဖိုဇ သို့မဟုတ် ကမ္ဘောဇ ပျူ (မြို့တော် မိုးနဲ) ၈။ ကိုင်းရယ်ပျူ (မြို့တော် ကိုင်း ရယ်၊ ကျိုင်းတုံ) ၉။ ကလောက် ဂေးပျူ (မြို့တော် က လောက်ဂေး၊ သထုံ) ၁၀။ တိန်မယ်ပျူ (မြို့တော် တိန်မယ်၊ ပဲခူး) ၁၁။ မှော်ဇာပျူ (မြို့တော် သရေ ခေတ္တရာ) ၁၂။ တနင်္သာပျူ (မြို့တော် ထားဝယ်) ဖြစ်သည်။
တရုတ်မှတ်တမ်းများတွင် ထိုခေတ်က ပျူ တို့၏မြို့တော်မှာ “သာရိပုကြ၏ မြို့ဟူ၍လည်း အစဉ် အလာပြောသည်” ဟု ဆိုပြန်လေရာ ရာဇဂြိုဟ်ဟူသောအမည်ပင် ဖြစ်လေမည်လောဟု တွေးထင်ဖွယ် ရာရှိပေသည်။ အေဒီ (၈၈၀) ခန့်က ပါရှမှတ် တမ်းတွင် ပျူနိုင်ငံတော်တွင် (၁၈) ပြည်ထောင်ရှိပြီး ယင်း ပြည်ထောင်များထဲတွင် ဖလမ်းဗင်း၊ ဂျာဗား၊ ရှ ရာဝတ္ထိ (သာဝတ္ထိ)၊ ချမ်ပါ(စမ္ပာ)များပါဝင်သည်ဟု ဖော်ပြ ထားရာ အလွန်စိတ်ဝင်စားဖွယ်ဖြစ်သည်။
အာဖဂန်မှတ်တမ်းများတွင် ပျူနိုင်ငံတော်သည် အိန္ဒိယအရှေ့ပိုင်း ကောသလတိုင်း၊ အင်္ဂတိုင်း တို့ အထိကျယ်ပြန့်ကြောင်း ရေးသားထားလေသည်။ ပြည်ပသမိုင်းမှတ်တမ်းအရဆိုလျှင် ပျူအင်ပါယာသည် ဟိမဝန္တာ၊ ဂင်္ဂါမြစ်ဝှမ်းမှသည် ဂျာဗားအထိ ကျယ်ပြန့်သည်ဖြစ်ရာ ယခုလက်ရှိနိုင်ငံတော်ထက်ပင် များစွာ ကျယ်ဝန်းသည်ကို လေ့လာသိရှိရသည်။
ပျူမြို့ပြများကို နန်ကျောင်(သို့)နန်စောတို့ မကြာခဏလာရောက်တိုက်ခိုက်ကာ ဖျက်ဆီးတတ် ကြသည်။ နန်စောတို့လာရောက် တိုက်ခိုက်ဖျက်ဆီးမှုများကြောင့် ပျူမြို့ပြများသည် ခရစ်နှစ် (၈၃၂) တွင် ပျက်သုဉ်းသွားသည်ဟု ဆိုပါသည်။ နန်စောတို့သည် အစဉ်အဆက်ဒုက္ခပေးသူများပင်ဖြစ်သည်။
ပုဂံရာဇဝင်ကြီးပေမူ၌ “သရေခေတ္တရာ ပြည်အရပ်၌ ကြွင်းသော မြန်မာဟူသော ပြူတို့ကား” ဟူ ၍လည်းကောင်း၊ “မြန်မာဟူသည်ကား ပြူ့သား ပြူ့မြေး” ဟူ၍လည်းကောင်း၊ ထို့အတူ ပုဂံရာဇဝင် ကျမ်း၌ “မြန်မာဟူသည်ကား ပြူ့သား ပြူ့မြေး ...” “သရေခေတ္တရာပျက်ဆဲအခါ လျင်သန်မြန်မာသူကို ပြူအချင်းချင်း မြန်မာသောပြူခေါ်သည်”ဟူ၍လည်းကောင်း မှတ်တမ်းတင်ထားသည်။ ဆရာကြီး ဦး အောင်သော်နှင့် ဆရာစိန်မောင်ဦးတို့ကလည်း “ပြူစစ်လျှင် မြန်မာ”ဟူသော ရှေးဆိုရိုးစကားကျန်ရှိနေ ကြောင်း ဖော်ထုတ်တင်ပြခဲ့ကြသည်။
ပုဂံ-ပင်းယခေတ် ရှေးဟောင်း မြန်မာကျောက်စာရေးထိုးချက်တို့နှင့်ကိုက်ညီသော ရှေး မြန်မာ ရာဇဝင်ကျမ်းတွင် ဗြဟ္မာ-မြဟ္မာ၊ မြမ္မာ-မြန်မာ၊ ဗြဟ္မာ-ဗြုမ်မာ-ပြုမ်မာ-ပြုမာ-ပြူ ဟု ဖော်ပြထားသည်။ ရှေးရခိုင်ရာဇဝင်တို့၌ မြန်မာပုဂံမင်းများကို ပျူမင်း၊ မြန်မာလူမျိုး မြန်မာစစ်သည်များကို ပျူလူမျိုး ပျူ စစ်သည်များဟုဖော်ပြထားသည့်အပြင် မြန်မာစစ်သည်များနှင့် အနော်ရထာမင်းလာသည်ကို ပျူကိုး သောင်းနှင့် ပျူမင်းလာသည်ဟု ဖော်ပြထားပသည်။ ဦးသာထွန်းအောင်၏ ရခိုင်မဟာရာဇဝင်တော်ကြီး စာအုပ်၌ တပင်ရွှေထီး၏စစ်သည် မြန်မာများကို ပျူ များဟုဖော်ပြ၍ တပင်ရွှေထီး၏ မွန်စစ်သည်များကို မွန်များဟုသာ ဖော်ပြထားပါသည်။
ဘီစီ (၂)ရာစုမှ အေဒီ (၁၄)ရာစုအထိ တရုတ်မင်းဆက်မှတ်တမ်းတို့တွင် ဗမာနိုင်ငံနှင့် ဗမာ လူမျိုး ကို ဗြဟ္မာ-ပျူ-မြန်မာ ဟု အမည်သုံးမျိုးဖြင့် ဖော်ပြထားသည်။ အိန္ဒိယက ယနေ့အချိန်အထိ ဗမာ နိုင်ငံနှင့် ဗမာလူမျိုးကို ဗြဟ္မာလူမျိုး ဗြဟ္မာနိုင်ငံဟု ဖော်ပြကြသည်။ ဗုဒ္ဓဂယာကျောက်စာ၌ ပုဂံမင်းကြီးကို ပျူ တစ်သိန်းမင်းဟု ရေးထိုးဖော်ပြထားသည်။ ပါရှ မှတ်တမ်း (အေဒီ ၈၈၀) တွင် ပျဉ်ပြားမင်း၏သား တန် နက် မင်းလက်ထက် ပုဂံနိုင်ငံတော်ကို ပျူနိုင်ငံတော်၊ အာဖဂန် မှတ်တမ်း(အေဒီ ၉၈၂)တွင် အနော်ရထာ ၏ဖခင် ကွမ်းဆော်ကြောင်းဖြူမင်းလက်ထက် ပုဂံနိုင်ငံတော်ကို ပျူနိုင်ငံဟူ၍ မှတ်တမ်းတင်ထားကြ သည်။
မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက်သို့ မကျရောက်မီအချိန်အထိ မြန်မာတို့သည် ပျူနှင့် မြန်မာ (ဗမာ) အတူတူပင်ဖြစ်သည်ဟု သိရှိခံယူထားကြ သည်။ မြန်မာနှင့်ပျူ မတူဟူသော သမိုင်းအလွဲ၊ သမိုင်း အမှားများကို ဇာတ်လမ်းဆင် ရေးသားဖန်တီး ဂျင်းထည့်ခဲ့ကြသူများမှာ သမိုင်းပါမောက္ခ ဂျီအိတ်ချ်လုစ် နှင့် ချားဒူရွယ်ဆယ်(ကျောက်စာဝန်)တို့ပင်ဖြစ်သည်။
ထိုသို့ နယ်ချဲ့အင်္ဂလိပ်သမိုင်းဆရာများ နှင့်လက်ဝေခံများက “ဗမာလူမျိုးဖြစ်လာသူများသည် (၉) ရာစုခန့်က တရုတ်ယူနန်ဘက်မှရောက်ရှိလာ သော မန်းလူမျိုး အရိုင်းအစိုင်းများဖြစ်ပြီး၊ ပျူနှင့် ဗမာ မတူ” ဟူ၍ သမိုင်းအမှားကြီးကို ယုတ်မာကောက်ကျစ် စွာ ဖန်တီးလုပ်ကြံရေးသားခဲ့ကြသည်။ အင်္ဂလိပ် တို့သည် ပျူလူမျိုးတို့၏ သမိုင်းအမွေအနှစ်အထောက်အထားများကို ဖျက်ဆီးဖျောက်ဖျက်ခဲ့ကြသည်။ တစ်နိုင်ငံလုံးရှိ သမိုင်းဝင်နေရာဒေသများကို မှေးမှိန်ပျောက်ကွယ်အောင်လုပ်ဆောင်ခဲ့သည်။
ဥပမာတစ်ခုရေးရလျှင် မြန်မာ့သမိုင်းတွင် အထင်ကရ လွန်စွာအရေးပါလှသည့် ပျူမြို့ကြီးဖြစ် သည့် တကောင်းကို ရွာအဖြစ်သို့ အင်္ဂလိပ်တို့အဆင့် နှိမ့်ချခဲ့သည်။ ထိုသို့ ပျူနှင့် ဗမာမတူဟူသော သမိုင်း လိမ်ကြီး ဖန်တီးလုပ်ဆောင်ထားမှသာ အင်္ဂလိပ်တို့သည် သူ့လက်ဝေခံတပည့်များ နောင်တစ်ချိန်ခွဲထွက် ရန် လွယ်ကူစွာသွေးခွဲရန်တိုက်ပေးနိုင်မည်ဖြစ်သည်။
မြန်မာ့သမိုင်းပညာရှင်များ၊ သုတေသီများ၏ ကြိုးပမ်းရှာဖွေလေ့လာဖော်ထုတ်မှုများဖြစ်သော အိန္ဒိယ၊ တရုတ်၊ ပါရှ၊ အာဖဂန်တို့၏ ခေတ်ပြိုင်မှတ်တမ်းများ၊ မြန်မာ့ရာဇဝင်ကျမ်းများ၊ ကျောက်စာ၊ ပေ စာများ စသည့် ခိုင်မာသည့်သမိုင်းအထောက်အထားများအရ ပျူလူမျိုးများသည် ကျွန်ုပ်တို့မြန်မာလူမျိုး များ၏ ဘိုးဘေးဘီဘင်များသာဖြစ်သည်။ ဆရာကြီး ဒေါက်တာသန်းထွန်းကလည်း ပျူတွေဘယ်ပျောက် သွားသလဲစာအုပ်တွင် “ပျူတွေဟာ မြန်မာနဲ့လူမျိုးတူတယ်”ဟု အတိအလင်းရေးသားခဲ့သည်။
ထို့သို့ ခိုင်မာသောအထောက်အထားများဖြင့် ဖော်ထုတ်ရေးသားမှုများကိုမျက်ကွယ်ပြုကာ အ စွန်းရောက် လူမျိုးစွဲကြီးလှသူအချို့နှင့် ဘာသာခြား၊ လူမျိုးခြားအချို့က လူမှုကွန်ရက်များပေါ်တွင် လှောင်ပြောင်သရော်ပုတ်ခတ်၍လည်းကောင်း၊ စာအုပ်များထုတ်ဝေဖြန့်ချိ၍လည်းကောင်း သမိုင်းအမှား များ ရေးသားလျက်ရှိသည်။ ゞင်းတို့သည် တရားဝင်သမိုင်းစာ တမ်းဖတ်ပွဲများ၊ ဆွေးနွေးပွဲများတွင် ခိုင်မာသော အထောက်အထားများဖြင့် တရားဝင် ချေပရေးသားပြောဆိုတင်ပြနိုင်ခြင်းမရှိဘဲ အငုံစိတ် ဖြင့်လည်းကောင်း၊ အခြားရည်ရွယ်ချက်များဖြင့်လည်းကောင်း လက်သီး ပုန်းထိုးနေခြင်းသာ ဖြစ်သည်။
လူမျိုးစွဲကြီးလှသော အလချို့သောသုတေသီပညာရှင်ဆိုသူများသည် ၎င်းတို့ပါးစပ်က သမိုင်းမှန် များရှာဖွေဖော်ထုတ်နေပါသည်ဟု အသံကောင်း ဟစ်နေသော်လည်း ပျူအထောက်အထားများရှာဖွေ တွေ့ရှိလျှင်တော့ ဖျက်ဆီးပစ်သည်ဟု ပြန်လည်ကြား သိနေရပါသည်။ အမှန်တော့ ၎င်းတို့သည် ဗမာကို ဂျင်းထည့်ချင်သည့်၊ အပုပ်ချချင်သည့် အထောက်အထားများကိုသာ လိုက်ရှာနေခြင်းဖြစ်သည်။ သို့သော် နိုင်ငံ အရှေ့အနောက်တောင်မြောက် ၎င်းတို့လိုက်ရှာသည့်နေရာတိုင်းတွင် ၎င်းတို့လိုချင်ရာမရဘဲ ပျူအ ထောက်အထားများသာတွေ့ရှိနေရာ ယုတ်မာသည့်စိတ်ဖြင့် ဖျက်ဆီးပစ်နေခြင်းဖြစ်သည်။ ၎င်းတို့လုပ် ရပ်မှာ ပညာရှင်သုတေသီလုပ်ရပ်မဟုတ်တော့ဘဲ ဖျက်ဆီးရေးသမားလုပ်ရပ်ဖြစ်နေသည်။
အလျဉ်းသင့်၍ ရှေးဟောင်းအမွေအနှစ်များနှင့်ပတ်သက်၍ ရေးသားလိုပါသည်။ အခြားနိုင်ငံများ တွင် အဆောက်အအုံများဆောက်ရန် ဖောင်ဒေး ရှင်းအတွက်မြေတူးသည့်အခါ ထွက်ရှိလာသော မြေ ကြီး၊ ကျောက်ခဲ၊ အိုးခြမ်းကွဲ၊ ပုလင်းကွဲ၊ သံတိုသံစ စသည်များကို ရှေးဟောင်းသုတေသနဌာနမှတာဝန်ရှိ သူများက လက်တစ်ဆုပ်စာပင်မချန် အသေးစိတ် အချိန်ယူစစ်ဆေးသည်ဟုသိရသည်။
ကျွန်ုပ်တို့အားလုံးသည် ပျူ့သား ပျူ့မြေး များပင်ဖြစ်ပါသည်။ သို့ဖြစ်ရာ အမိမြန်မာနိုင်ငံတော် ကြီး ကမ္ဘာတည်သရွေ့ အဓွန့်ရှည်ကြာတည်တံ့ခိုင်မြဲ နိုင်စေရန်နှင့် အမြန်ဆုံးသာယာအေးချမ်းနိုင်စေရန် ဝိုင်းဝန်းကြိုးပမ်းရမည့်တာဝန်မှာ ကျွန်ုပ်တို့အားလုံး၏ တာဝန်များပင်ဖြစ်ပေသတည်း။
ကိုးကားများ
၁။ အခြေပြမြန်မာနိုင်ငံရေးသမိုင်း (ပထမတွဲ)၊ စာပေဗိမာန်
၂။ ဒေါက်တာသန်းထွန်း၊ ပျူတွေဘယ်ပျောက်သွား သလဲ
၃။ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်)၊ ဇာတိနဲ့အစဉ်အလာ
၄။ ဘုန်းတင့်ကျော်၊ ပျူစစ်လျှင် မြန်မာ
၅။ ဦးလှသိန်းထွဋ်၊ ဓမ္မာစရိယ ြ.ဗ (ွနသါမစေ့ပ)၊ ဗုဒ္ဓနှင့် မြန်မာလူမျိုး
၆။ နိုင်ဇော်၊ ပျူနိုင်ငံတော် ပျူနိုင်ငံသားများ
၇။ ကျော်မျိုးဝင်း (ရှေး/သု)၊ ရှင်သန်နေဆဲသမိုင်း ဝိညာဉ်အထောက်အထားသစ်များ (ပျူခေတ်)
၈။ ဖန်ခါးမြေဇော်ဇော်၊ ပြည်ထောင်စုကြီးမပြိုကွဲဖို့ ဘုရင့်နောင်ထုံးနှလုံးမူစို့ (ဆောင်းပါး)

Zawgyi Version:
အမိျမန္မာႏိုင္ငံေတာ္ႀကီး ျဖစ္တည္ေပၚေပါက္လာပုံ သမိုင္း
ဝဏၰေဇာ္ (NP News)
ယေန႔အခ်ိန္တြင္ ကြၽန္ေတာ္တို႔၏မ်ိဳးဆက္သစ္ ျမန္မာလူငယ္အေတာ္မ်ားမ်ားသည္ မိမိႏိုင္ငံႏွင့္ မိမိလူမ်ိဳး ျဖစ္တည္ေပၚေပါက္လာပုံ၊ မိမိတို႔ ဘိုးေဘး သူရဲေကာင္းမ်ား ေခတ္အဆက္ဆက္တြင္ ႏိုင္ငံ၊ လူ မ်ိဳး၊ ဘာသာ၊ သာသနာအတြက္ အသက္ေသြးေခြၽးမ်ား ေပးဆပ္ကာ အနစ္နာခံကာကြယ္ေစာင့္ေရွာက္ခဲ့ပုံ တို႔ကို ေသေသခ်ာခ်ာဂဃနဏမသိရွိဘဲ ျဖစ္ေနသည္။ ထိုသို႔ မိမိတို႔၏သမိုင္းကိုမသိရွိသည့္အခါ သူ တစ္ပါး ေျပာတိုင္း ယုံေသာ၊ ဂ်င္းထည့္၍ေကာင္းေသာ “အ”လြန္း၊ “တုံး”လြန္း၊ “ညံ့” လြန္းေသာဘဝသို႔ ေရာက္ရွိသြားႏိုင္သည္။ ျမန္မာ့သမိုင္းပညာရွင္ႀကီး ဆရာႀကီး ေဒါက္တာသန္းထြန္းက ]မအေအာင္ သမိုင္းသင္”ဟု အေျမာ္အျမင္ႀကီးစြာ ေရးသားမွာၾကားသြားသည္ မဟုတ္ပါလား။
သို႔ျဖစ္ရာ အမိျမန္မာႏိုင္ငံေတာ္ႀကီး စတင္ျဖစ္တည္ေပၚေပါက္လာပုံသမိုင္းေၾကာင္းအက်ဥ္းခ်ဳပ္ ကို ခိုင္မာေသာအေထာက္အထားမ်ားကို ကိုးကား၍ ေရးသားလိုက္ရေပေတာ့သည္။
ျမန္မာ့ရာဇဝင္ႀကီးမ်ား၌ တေကာင္း၊ သေရ ေခတၱရာမတိုင္မီက ပ်ဴမင္းေပါင္း (၁၃၉၃)ပါး အုပ္စိုး ခဲ့ေၾကာင္း ေဖာ္ျပထားသည္။ ပ်ဴလူမ်ိဳးတို႔သည္ ျမန္ မာ့သမိုင္းတြင္ ထီးစဥ္နန္းဆက္ႏွင့္တကြ အထင္အ ရွားႀကီးစိုးခဲ့သူမ်ားျဖစ္ၾကသည္။ ျမန္မာႏိုင္ငံေတာ္ နယ္နိမိတ္ပုံသဏၭာန္ ပထမဆုံး ျဖစ္ေျမာက္ပုံေပၚလာ ေအာင္ စည္း႐ုံးတည္ေဆာက္ေပးခဲ့သူမ်ားလည္းျဖစ္သည္။
ေရွးေဟာင္းတ႐ုတ္သမိုင္းမ်ားအရ ပ်ဴလူမ်ိဳးတို႔သည္ တိဘက္-ျမန္မာအႏြယ္ဝင္ျဖစ္ၿပီး လြန္ခဲ့ ေသာႏွစ္ေပါင္း (၃၁၀ဝ) ေက်ာ္ကတည္းက ျမန္မာႏိုင္ ငံအတြင္းသို႔ ဝင္ေရာက္လာခဲ့ၾကသည္ဟု ဆိုသည္။ ဘာသာေဗဒ အရဆန္းစစ္လွ်င္လည္း ပ်ဴဘာသာ သည္ တိဘက္-ျမန္မာဘာသာစကားမ်ိဳးပင္ျဖစ္သည္။ ပ်ဴ လူမ်ိဳးမ်ားသည္ ျမန္မာ့ေျမေပၚတြင္ ေက်ာက္ေခတ္၊ ေၾကးေခတ္ကတည္းက ေနထိုင္ခဲ့ေသာ မူလ ဇာစ္ျမစ္ ေဒသခံမ်ိဳးႏြယ္ရင္းျဖစ္သည္လားဆိုသည္ကို ေရွးေဟာင္းသုေတသနပညာရွင္မ်ား၊ သမိုင္း ပညာရွင္မ်ား၊ သုေတသီမ်ားက ဆက္လက္ေလ့လာေဖာ္ထုတ္ေနဆဲျဖစ္ၿပီး အေထာက္အထားမ်ားစြာ ကို လည္း ေတြ႕ရွိေနရသည္။
ပ်ဴလူမ်ိဳးမ်ားသည္ အေရွ႕ေတာင္အာရွတြင္ ဗုဒၶဘာသာကို ပထမဆုံးကိုးကြယ္သူမ်ားျဖစ္ၿပီး ႏိုင္ငံ ေတာ္တြင္ ဗုဒၶဘာသာ ခိုင္မာေတာင့္တင္းေအာင္ ပႏၷက္ခ်ခဲ့သူမ်ားျဖစ္သည္။ ႏိုင္ငံတြင္း၌ အျခားအယူ ဝါဒ မ်ားႀကီးထြားမလာေအာင္လည္း ကာကြယ္ခဲ့သူ မ်ားျဖစ္သည္။ အေရွ႕ေတာင္အာရွတြင္ ၿမိဳ႕႐ိုး၊ က်ဳံး ႏွင့္ ၿမိဳ႕ျပႀကီးမ်ား၊ ဆည္ေျမာင္းတာတမံမ်ားျဖင့္ ပထမဆုံးတည္ေဆာက္ေနထိုင္သူမ်ားမွာလည္း ပ်ဴ လူမ်ိဳးမ်ားပင္ျဖစ္သည္။ ၿမိဳ႕ျပအေဆာက္အအုံမ်ား တည္ေဆာက္ရာတြင္ အုတ္ခ်ပ္ႀကီးမ်ားအသုံးျပဳၿပီး ၿမိဳ႕ တြင္းတြင္ ေရအုတ္ေျမာင္း၊ စိုက္ပ်ိဳးရန္ေရသြယ္ ေျမာင္း၊ ေရကန္မ်ားကို စနစ္တက်တည္ေဆာက္ခဲ့ သည္ကိုၾကည့္ျခင္းျဖင့္ ပ်ဴတို႔၏ ဗိသုကာအဆင့္အတန္းျမင့္မားမႈကို ေတြ႕ျမင္ႏိုင္ေပသည္။ ထို႔ေၾကာင့္ လည္း သေရေခတၱရာ၊ ဗိႆႏိုး၊ ဟန္လင္း၊ ပ်ဴ ၿမိဳ႕ေဟာင္းမ်ားသည္ ကမာၻ႔အေမြအႏွစ္မ်ားအျဖစ္ သတ္ မွတ္ခံခဲ့ရျခင္းျဖစ္သည္။
ေတာင္တြင္းႀကီးမင္းဆက္မွတ္တမ္းတြင္ ပ်ဴၿမိဳ႕ျပႏိုင္ငံမ်ားကို လြန္ခဲ့ေသာ ႏွစ္ေပါင္း (၃၀ဝဝ) ေက်ာ္ကတည္းက တည္ေထာင္ခဲ့သည္ဟု ေဖာ္ျပထားရာ ျပည္ပေခတ္ၿပိဳင္မွတ္တမ္းမ်ားႏွင့္လည္း ကိုက္ညီမႈရွိသည္။ တ႐ုတ္ထန္ရာဇဝင္တြင္ ပ်ဴႏိုင္ငံေတာ္၏အက်ယ္အဝန္းမွာ ေျမာက္ဘက္တြင္ နန္ေစာ (သို႔) နန္ေက်ာင္ႏိုင္ငံ(ယခု တ႐ုတ္ႏိုင္ငံ)၊ အေရွ႕ဘက္တြင္ က်င္းလ(ခမာ)၊ အေနာက္ဘက္တြင္ အိႏၵိယႏိုင္ငံ၊ ေတာင္ဘက္တြင္ ပင္လယ္တို႔ျဖစ္သည္။
ပ်ဴသမိုင္းမွတ္တမ္းအရ ပ်ဴ (၁၂)ျပည္ ေထာင္ရွိသည္။ ၎တို႔မွာ ၁။ ေအလိုပ်ဴ (ၿမိဳ႕ေတာ္ တေကာင္း၊ ငေဆာင္ခ်မ္း) ၂။ ဟန္လင္းပ်ဴ (ၿမိဳ႕ေတာ္ ဟန္လင္း) ၃။ ကခ်င္ပ်ဴ (ၿမိဳ႕ေတာ္ ငမႏၲာ၊ မိုးေကာင္း) ၄။ ခ်င္းပ်ဴ (ၿမိဳ႕ေတာ္ ဖလမ္း၊ တီးတိန္) ၅။ အစီရီပ်ဴ (ၿမိဳ႕ေတာ္ ဓညဝတီ) ၆။ ျမန္မာပ်ဴ (ၿမိဳ႕ေတာ္ ေတာင္ တြင္းႀကီး၊ ေက်ာက္ပန္းေတာင္း၊ ယုန္လႊတ္၊ သီရိပစၥ ယာ၊ တမၸဝတီ၊ ပုဂံ) ၇။ ကမ္ဖိုဇ သို႔မဟုတ္ ကေမာၻဇ ပ်ဴ (ၿမိဳ႕ေတာ္ မိုးနဲ) ၈။ ကိုင္းရယ္ပ်ဴ (ၿမိဳ႕ေတာ္ ကိုင္း ရယ္၊ က်ိဳင္းတုံ) ၉။ ကေလာက္ ေဂးပ်ဴ (ၿမိဳ႕ေတာ္ က ေလာက္ေဂး၊ သထုံ) ၁၀။ တိန္မယ္ပ်ဴ (ၿမိဳ႕ေတာ္ တိန္မယ္၊ ပဲခူး) ၁၁။ ေမွာ္ဇာပ်ဴ (ၿမိဳ႕ေတာ္ သေရ ေခတၱရာ) ၁၂။ တနသၤာပ်ဴ (ၿမိဳ႕ေတာ္ ထားဝယ္) ျဖစ္သည္။
တ႐ုတ္မွတ္တမ္းမ်ားတြင္ ထိုေခတ္က ပ်ဴ တို႔၏ၿမိဳ႕ေတာ္မွာ “သာရိပုၾက၏ ၿမိဳ႕ဟူ၍လည္း အစဥ္ အလာေျပာသည္” ဟု ဆိုျပန္ေလရာ ရာဇၿဂိဳဟ္ဟူေသာအမည္ပင္ ျဖစ္ေလမည္ေလာဟု ေတြးထင္ဖြယ္ ရာရွိေပသည္။ ေအဒီ (၈၈၀) ခန႔္က ပါရွမွတ္ တမ္းတြင္ ပ်ဴႏိုင္ငံေတာ္တြင္ (၁၈) ျပည္ေထာင္ရွိၿပီး ယင္း ျပည္ေထာင္မ်ားထဲတြင္ ဖလမ္းဗင္း၊ ဂ်ာဗား၊ ရွ ရာဝတၳိ (သာဝတၳိ)၊ ခ်မ္ပါ(စမၸာ)မ်ားပါဝင္သည္ဟု ေဖာ္ျပ ထားရာ အလြန္စိတ္ဝင္စားဖြယ္ျဖစ္သည္။
အာဖဂန္မွတ္တမ္းမ်ားတြင္ ပ်ဴႏိုင္ငံေတာ္သည္ အိႏၵိယအေရွ႕ပိုင္း ေကာသလတိုင္း၊ အဂၤတိုင္း တို႔ အထိက်ယ္ျပန႔္ေၾကာင္း ေရးသားထားေလသည္။ ျပည္ပသမိုင္းမွတ္တမ္းအရဆိုလွ်င္ ပ်ဴအင္ပါယာသည္ ဟိမဝႏၲာ၊ ဂဂၤါျမစ္ဝွမ္းမွသည္ ဂ်ာဗားအထိ က်ယ္ျပန႔္သည္ျဖစ္ရာ ယခုလက္ရွိႏိုင္ငံေတာ္ထက္ပင္ မ်ားစြာ က်ယ္ဝန္းသည္ကို ေလ့လာသိရွိရသည္။
ပ်ဴၿမိဳ႕ျပမ်ားကို နန္ေက်ာင္(သို႔)နန္ေစာတို႔ မၾကာခဏလာေရာက္တိုက္ခိုက္ကာ ဖ်က္ဆီးတတ္ ၾကသည္။ နန္ေစာတို႔လာေရာက္ တိုက္ခိုက္ဖ်က္ဆီးမႈမ်ားေၾကာင့္ ပ်ဴၿမိဳ႕ျပမ်ားသည္ ခရစ္ႏွစ္ (၈၃၂) တြင္ ပ်က္သုဥ္းသြားသည္ဟု ဆိုပါသည္။ နန္ေစာတို႔သည္ အစဥ္အဆက္ဒုကၡေပးသူမ်ားပင္ျဖစ္သည္။
ပုဂံရာဇဝင္ႀကီးေပမူ၌ “သေရေခတၱရာ ျပည္အရပ္၌ ႂကြင္းေသာ ျမန္မာဟူေသာ ျပဴတို႔ကား” ဟူ ၍လည္းေကာင္း၊ “ျမန္မာဟူသည္ကား ျပဴ႕သား ျပဴ႕ေျမး” ဟူ၍လည္းေကာင္း၊ ထို႔အတူ ပုဂံရာဇဝင္ က်မ္း၌ “ျမန္မာဟူသည္ကား ျပဴ႕သား ျပဴ႕ေျမး ...” “သေရေခတၱရာပ်က္ဆဲအခါ လ်င္သန္ျမန္မာသူကို ျပဴအခ်င္းခ်င္း ျမန္မာေသာျပဴေခၚသည္”ဟူ၍လည္းေကာင္း မွတ္တမ္းတင္ထားသည္။ ဆရာႀကီး ဦး ေအာင္ေသာ္ႏွင့္ ဆရာစိန္ေမာင္ဦးတို႔ကလည္း “ျပဴစစ္လွ်င္ ျမန္မာ”ဟူေသာ ေရွးဆို႐ိုးစကားက်န္ရွိေန ေၾကာင္း ေဖာ္ထုတ္တင္ျပခဲ့ၾကသည္။
ပုဂံ-ပင္းယေခတ္ ေရွးေဟာင္း ျမန္မာေက်ာက္စာေရးထိုးခ်က္တို႔ႏွင့္ကိုက္ညီေသာ ေရွး ျမန္မာ ရာဇဝင္က်မ္းတြင္ ျဗဟၼာ-ျမဟၼာ၊ ျမမၼာ-ျမန္မာ၊ ျဗဟၼာ-ျဗဳမ္မာ-ျပဳမ္မာ-ျပဳမာ-ျပဴ ဟု ေဖာ္ျပထားသည္။ ေရွးရခိုင္ရာဇဝင္တို႔၌ ျမန္မာပုဂံမင္းမ်ားကို ပ်ဴမင္း၊ ျမန္မာလူမ်ိဳး ျမန္မာစစ္သည္မ်ားကို ပ်ဴလူမ်ိဳး ပ်ဴ စစ္သည္မ်ားဟုေဖာ္ျပထားသည့္အျပင္ ျမန္မာစစ္သည္မ်ားႏွင့္ အေနာ္ရထာမင္းလာသည္ကို ပ်ဴကိုး ေသာင္းႏွင့္ ပ်ဴမင္းလာသည္ဟု ေဖာ္ျပထားပသည္။ ဦးသာထြန္းေအာင္၏ ရခိုင္မဟာရာဇဝင္ေတာ္ႀကီး စာအုပ္၌ တပင္ေ႐ႊထီး၏စစ္သည္ ျမန္မာမ်ားကို ပ်ဴ မ်ားဟုေဖာ္ျပ၍ တပင္ေ႐ႊထီး၏ မြန္စစ္သည္မ်ားကို မြန္မ်ားဟုသာ ေဖာ္ျပထားပါသည္။
ဘီစီ (၂)ရာစုမွ ေအဒီ (၁၄)ရာစုအထိ တ႐ုတ္မင္းဆက္မွတ္တမ္းတို႔တြင္ ဗမာႏိုင္ငံႏွင့္ ဗမာ လူမ်ိဳး ကို ျဗဟၼာ-ပ်ဴ-ျမန္မာ ဟု အမည္သုံးမ်ိဳးျဖင့္ ေဖာ္ျပထားသည္။ အိႏၵိယက ယေန႔အခ်ိန္အထိ ဗမာ ႏိုင္ငံႏွင့္ ဗမာလူမ်ိဳးကို ျဗဟၼာလူမ်ိဳး ျဗဟၼာႏိုင္ငံဟု ေဖာ္ျပၾကသည္။ ဗုဒၶဂယာေက်ာက္စာ၌ ပုဂံမင္းႀကီးကို ပ်ဴ တစ္သိန္းမင္းဟု ေရးထိုးေဖာ္ျပထားသည္။ ပါရွ မွတ္တမ္း (ေအဒီ ၈၈၀) တြင္ ပ်ဥ္ျပားမင္း၏သား တန္ နက္ မင္းလက္ထက္ ပုဂံႏိုင္ငံေတာ္ကို ပ်ဴႏိုင္ငံေတာ္၊ အာဖဂန္ မွတ္တမ္း(ေအဒီ ၉၈၂)တြင္ အေနာ္ရထာ ၏ဖခင္ ကြမ္းေဆာ္ေၾကာင္းျဖဴမင္းလက္ထက္ ပုဂံႏိုင္ငံေတာ္ကို ပ်ဴႏိုင္ငံဟူ၍ မွတ္တမ္းတင္ထားၾက သည္။
ျမန္မာႏိုင္ငံ အဂၤလိပ္လက္ေအာက္သို႔ မက်ေရာက္မီအခ်ိန္အထိ ျမန္မာတို႔သည္ ပ်ဴႏွင့္ ျမန္မာ (ဗမာ) အတူတူပင္ျဖစ္သည္ဟု သိရွိခံယူထားၾက သည္။ ျမန္မာႏွင့္ပ်ဴ မတူဟူေသာ သမိုင္းအလြဲ၊ သမိုင္း အမွားမ်ားကို ဇာတ္လမ္းဆင္ ေရးသားဖန္တီး ဂ်င္းထည့္ခဲ့ၾကသူမ်ားမွာ သမိုင္းပါေမာကၡ ဂ်ီအိတ္ခ်္လုစ္ ႏွင့္ ခ်ားဒူ႐ြယ္ဆယ္(ေက်ာက္စာဝန္)တို႔ပင္ျဖစ္သည္။
ထိုသို႔ နယ္ခ်ဲ႕အဂၤလိပ္သမိုင္းဆရာမ်ား ႏွင့္လက္ေဝခံမ်ားက “ဗမာလူမ်ိဳးျဖစ္လာသူမ်ားသည္ (၉) ရာစုခန႔္က တ႐ုတ္ယူနန္ဘက္မွေရာက္ရွိလာ ေသာ မန္းလူမ်ိဳး အ႐ိုင္းအစိုင္းမ်ားျဖစ္ၿပီး၊ ပ်ဴႏွင့္ ဗမာ မတူ” ဟူ၍ သမိုင္းအမွားႀကီးကို ယုတ္မာေကာက္က်စ္ စြာ ဖန္တီးလုပ္ႀကံေရးသားခဲ့ၾကသည္။ အဂၤလိပ္ တို႔သည္ ပ်ဴလူမ်ိဳးတို႔၏ သမိုင္းအေမြအႏွစ္အေထာက္အထားမ်ားကို ဖ်က္ဆီးေဖ်ာက္ဖ်က္ခဲ့ၾကသည္။ တစ္ႏိုင္ငံလုံးရွိ သမိုင္းဝင္ေနရာေဒသမ်ားကို ေမွးမွိန္ေပ်ာက္ကြယ္ေအာင္လုပ္ေဆာင္ခဲ့သည္။
ဥပမာတစ္ခုေရးရလွ်င္ ျမန္မာ့သမိုင္းတြင္ အထင္ကရ လြန္စြာအေရးပါလွသည့္ ပ်ဴၿမိဳ႕ႀကီးျဖစ္ သည့္ တေကာင္းကို ႐ြာအျဖစ္သို႔ အဂၤလိပ္တို႔အဆင့္ ႏွိမ့္ခ်ခဲ့သည္။ ထိုသို႔ ပ်ဴႏွင့္ ဗမာမတူဟူေသာ သမိုင္း လိမ္ႀကီး ဖန္တီးလုပ္ေဆာင္ထားမွသာ အဂၤလိပ္တို႔သည္ သူ႔လက္ေဝခံတပည့္မ်ား ေနာင္တစ္ခ်ိန္ခြဲထြက္ ရန္ လြယ္ကူစြာေသြးခြဲရန္တိုက္ေပးႏိုင္မည္ျဖစ္သည္။
ျမန္မာ့သမိုင္းပညာရွင္မ်ား၊ သုေတသီမ်ား၏ ႀကိဳးပမ္းရွာေဖြေလ့လာေဖာ္ထုတ္မႈမ်ားျဖစ္ေသာ အိႏၵိယ၊ တ႐ုတ္၊ ပါရွ၊ အာဖဂန္တို႔၏ ေခတ္ၿပိဳင္မွတ္တမ္းမ်ား၊ ျမန္မာ့ရာဇဝင္က်မ္းမ်ား၊ ေက်ာက္စာ၊ ေပ စာမ်ား စသည့္ ခိုင္မာသည့္သမိုင္းအေထာက္အထားမ်ားအရ ပ်ဴလူမ်ိဳးမ်ားသည္ ကြၽႏ္ုပ္တို႔ျမန္မာလူမ်ိဳး မ်ား၏ ဘိုးေဘးဘီဘင္မ်ားသာျဖစ္သည္။ ဆရာႀကီး ေဒါက္တာသန္းထြန္းကလည္း ပ်ဴေတြဘယ္ေပ်ာက္ သြားသလဲစာအုပ္တြင္ “ပ်ဴေတြဟာ ျမန္မာနဲ႔လူမ်ိဳးတူတယ္”ဟု အတိအလင္းေရးသားခဲ့သည္။
ထို႔သို႔ ခိုင္မာေသာအေထာက္အထားမ်ားျဖင့္ ေဖာ္ထုတ္ေရးသားမႈမ်ားကိုမ်က္ကြယ္ျပဳကာ အ စြန္းေရာက္ လူမ်ိဳးစြဲႀကီးလွသူအခ်ိဳ႕ႏွင့္ ဘာသာျခား၊ လူမ်ိဳးျခားအခ်ိဳ႕က လူမႈကြန္ရက္မ်ားေပၚတြင္ ေလွာင္ေျပာင္သေရာ္ပုတ္ခတ္၍လည္းေကာင္း၊ စာအုပ္မ်ားထုတ္ေဝျဖန႔္ခ်ိ၍လည္းေကာင္း သမိုင္းအမွား မ်ား ေရးသားလ်က္ရွိသည္။ ゞင္းတို႔သည္ တရားဝင္သမိုင္းစာ တမ္းဖတ္ပြဲမ်ား၊ ေဆြးေႏြးပြဲမ်ားတြင္ ခိုင္မာေသာ အေထာက္အထားမ်ားျဖင့္ တရားဝင္ ေခ်ပေရးသားေျပာဆိုတင္ျပႏိုင္ျခင္းမရွိဘဲ အငုံစိတ္ ျဖင့္လည္းေကာင္း၊ အျခားရည္႐ြယ္ခ်က္မ်ားျဖင့္လည္းေကာင္း လက္သီး ပုန္းထိုးေနျခင္းသာ ျဖစ္သည္။
လူမ်ိဳးစြဲႀကီးလွေသာ အလခ်ိဳ႕ေသာသုေတသီပညာရွင္ဆိုသူမ်ားသည္ ၎တို႔ပါးစပ္က သမိုင္းမွန္ မ်ားရွာေဖြေဖာ္ထုတ္ေနပါသည္ဟု အသံေကာင္း ဟစ္ေနေသာ္လည္း ပ်ဴအေထာက္အထားမ်ားရွာေဖြ ေတြ႕ရွိလွ်င္ေတာ့ ဖ်က္ဆီးပစ္သည္ဟု ျပန္လည္ၾကား သိေနရပါသည္။ အမွန္ေတာ့ ၎တို႔သည္ ဗမာကို ဂ်င္းထည့္ခ်င္သည့္၊ အပုပ္ခ်ခ်င္သည့္ အေထာက္အထားမ်ားကိုသာ လိုက္ရွာေနျခင္းျဖစ္သည္။ သို႔ေသာ္ ႏိုင္ငံ အေရွ႕အေနာက္ေတာင္ေျမာက္ ၎တို႔လိုက္ရွာသည့္ေနရာတိုင္းတြင္ ၎တို႔လိုခ်င္ရာမရဘဲ ပ်ဴအ ေထာက္အထားမ်ားသာေတြ႕ရွိေနရာ ယုတ္မာသည့္စိတ္ျဖင့္ ဖ်က္ဆီးပစ္ေနျခင္းျဖစ္သည္။ ၎တို႔လုပ္ ရပ္မွာ ပညာရွင္သုေတသီလုပ္ရပ္မဟုတ္ေတာ့ဘဲ ဖ်က္ဆီးေရးသမားလုပ္ရပ္ျဖစ္ေနသည္။
အလ်ဥ္းသင့္၍ ေရွးေဟာင္းအေမြအႏွစ္မ်ားႏွင့္ပတ္သက္၍ ေရးသားလိုပါသည္။ အျခားႏိုင္ငံမ်ား တြင္ အေဆာက္အအုံမ်ားေဆာက္ရန္ ေဖာင္ေဒး ရွင္းအတြက္ေျမတူးသည့္အခါ ထြက္ရွိလာေသာ ေျမ ႀကီး၊ ေက်ာက္ခဲ၊ အိုးျခမ္းကြဲ၊ ပုလင္းကြဲ၊ သံတိုသံစ စသည္မ်ားကို ေရွးေဟာင္းသုေတသနဌာနမွတာဝန္ရွိ သူမ်ားက လက္တစ္ဆုပ္စာပင္မခ်န္ အေသးစိတ္ အခ်ိန္ယူစစ္ေဆးသည္ဟုသိရသည္။
ကြၽႏ္ုပ္တို႔အားလုံးသည္ ပ်ဴ႕သား ပ်ဴ႕ေျမး မ်ားပင္ျဖစ္ပါသည္။ သို႔ျဖစ္ရာ အမိျမန္မာႏိုင္ငံေတာ္ ႀကီး ကမာၻတည္သေ႐ြ႕ အဓြန႔္ရွည္ၾကာတည္တံ့ခိုင္ၿမဲ ႏိုင္ေစရန္ႏွင့္ အျမန္ဆုံးသာယာေအးခ်မ္းႏိုင္ေစရန္ ဝိုင္းဝန္းႀကိဳးပမ္းရမည့္တာဝန္မွာ ကြၽႏ္ုပ္တို႔အားလုံး၏ တာဝန္မ်ားပင္ျဖစ္ေပသတည္း။
ကိုးကားမ်ား
၁။ အေျချပျမန္မာႏိုင္ငံေရးသမိုင္း (ပထမတြဲ)၊ စာေပဗိမာန္
၂။ ေဒါက္တာသန္းထြန္း၊ ပ်ဴေတြဘယ္ေပ်ာက္သြား သလဲ
၃။ ေဒါက္တာမတင္ဝင္း (ပညာေရးတကၠသိုလ္)၊ ဇာတိနဲ႔အစဥ္အလာ
၄။ ဘုန္းတင့္ေက်ာ္၊ ပ်ဴစစ္လွ်င္ ျမန္မာ
၅။ ဦးလွသိန္းထြဋ္၊ ဓမၼာစရိယ ျ.ဗ (ြနသါမေစ့ပ)၊ ဗုဒၶႏွင့္ ျမန္မာလူမ်ိဳး
၆။ ႏိုင္ေဇာ္၊ ပ်ဴႏိုင္ငံေတာ္ ပ်ဴႏိုင္ငံသားမ်ား
၇။ ေက်ာ္မ်ိဳးဝင္း (ေရွး/သု)၊ ရွင္သန္ေနဆဲသမိုင္း ဝိညာဥ္အေထာက္အထားသစ္မ်ား (ပ်ဴေခတ္)
၈။ ဖန္ခါးေျမေဇာ္ေဇာ္၊ ျပည္ေထာင္စုႀကီးမၿပိဳကြဲဖို႔ ဘုရင့္ေနာင္ထုံးႏွလုံးမူစို႔ (ေဆာင္းပါး)

Related news

© 2021. All rights reserved.