ဒု-ရဲအုပ်လောင်း ခေါ်ယူမှု လျှောက်လွှာပိတ်ရက်ကို ဇူလိုင် (၁၁) ရက် အထိ တိုးမြှင့်ပေး

 483

ဟန်ဟန်(NP News) ဇွန်၂၀

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဒုတိယရဲအုပ်လောင်း အမျိုးသား နှင့် အမျိုးသမီး များ ခေါ်ယူမည့် နောက်ဆုံးရက်ကို လာမည့် ဇူလိုင်လ ၁၁ ရက်အထိ တိုးမြှင့်ပေးလိုက်ကြောင်း ယနေ့ (ဇွန်လ ၂၀ရက်) တွင် နိုင်ငံပိုင်သတင်းစာများမှတဆင့် ထုတ်ပြန်ကြေညာထားသည်။


ဒုတိယရဲအုပ်လောင်း အဖြစ် လျှောက်ထားလိုသူများသည် အစိုးရအသိအမှတ်ပြု တက္ကသိုလ်များမှ ဘွဲ့တစ်ခုခု ရရှိကာ အသက် ၂၅ နှစ်အောက် ဖြစ်ရန်လိုအပ်ပြီး အင်ဂျင်နီယာဘွဲ့ သို့မဟုတ် မဟာဘွဲ့ရရှိထားသူများအတွက် အသက် ၃၀ အထိ ဖြစ်ရန်လိုအပ်ကြောင်းနှင့် မှုခင်းကင်းရှင်းရန် လိုအပ်ကြောင်း သိရသည်။

အမျိုးသားများအတွက် အရပ်အမြင့် ၅ ပေ ၄ လက်မနှင့် ကိုယ်အလေးချိန် ပေါင် (၁၁၀) နှင့် (၁၄၀) ကြားရှိရန် နှင့် အမျိုးသမီးများအတွက် ၅ ပေ ၃ လက်မ ၊ ကိုယ်အလေးချိန် ပေါင်(၉၅) နှင့် (၁၄၀) ရှိရန် ကန့်သတ်ထားပြီး မျက်မှန်တပ်ဆင်ထားသူများ မဖြစ်ရန် လိုအပ်ကြောင်း သိရသည်။

လျှောက်ထားသူများကို ရေးဖြေစာမေးပွဲ ဖြေဆိုစေပြီး အောင်မြင်မှသာ စိတ်စစ်ဆေးခြင်း၊ ကြံ့ခိုင်စွမ်းရည်စစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းများ အပြင် ကနဦးတွင် ဆေးစစ်ခြင်းကို ဦးစွာခံယူရမည်ဖြစ်ကြောင်း သိရသည်။

လျှောက်လွှာပုံစံများကို နေပြည်တော်ကောင်စီနယ်မြေ၊တိုင်းဒေသကြီး၊ပြည်နယ်ရဲတပ်ဖွဲမှူးရုံးများတွင် ရယူနိုင်ပြီး၊ လိုအပ်သည့် စာရွက်စာတမ်းများ ပူးတွဲကာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ နောက်ဆုံးထား၍ သက်ဆိုင်ရာရုံးများသို့ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Versiion:
ဒု-ရဲအုပ္ေလာင္း ေခၚယူမႈ ေလွ်ာက္လႊာပိတ္ရက္ကို ဇူလိုင္ ၁၁ရက္ အထိ တိုးျမႇင့္ေပး

ဟန္ဟန္(NP News) ဇြန္၂၀

ျပည္ထဲေရးဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕သည္ ဒုတိယရဲအုပ္ေလာင္း အမ်ိဳးသား ႏွင့္ အမ်ိဳးသမီး မ်ား ေခၚယူမည့္ ေနာက္ဆုံးရက္ကို လာမည့္ ဇူလိုင္လ ၁၁ ရက္အထိ တိုးျမႇင့္ေပးလိုက္ေၾကာင္း ယေန႔ (ဇြန္လ ၂၀ရက္) တြင္ ႏိုင္ငံပိုင္သတင္းစာမ်ားမွတဆင့္ ထုတ္ျပန္ေၾကညာထားသည္။


ဒုတိယရဲအုပ္ေလာင္း အျဖစ္ ေလွ်ာက္ထားလိုသူမ်ားသည္ အစိုးရအသိအမွတ္ျပဳ တကၠသိုလ္မ်ားမွ ဘြဲ႕တစ္ခုခု ရရွိကာ အသက္ ၂၅ ႏွစ္ေအာက္ ျဖစ္ရန္လိုအပ္ၿပီး အင္ဂ်င္နီယာဘြဲ႕ သို႔မဟုတ္ မဟာဘြဲ႕ရရွိထားသူမ်ားအတြက္ အသက္ ၃၀ အထိ ျဖစ္ရန္လိုအပ္ေၾကာင္းႏွင့္ မႈခင္းကင္းရွင္းရန္ လိုအပ္ေၾကာင္း သိရသည္။

အမ်ိဳးသားမ်ားအတြက္ အရပ္အျမင့္ ၅ ေပ ၄ လက္မႏွင့္ ကိုယ္အေလးခ်ိန္ ေပါင္ (၁၁၀) ႏွင့္ (၁၄၀) ၾကားရွိရန္ ႏွင့္ အမ်ိဳးသမီးမ်ားအတြက္ ၅ ေပ ၃ လက္မ ၊ ကိုယ္အေလးခ်ိန္ ေပါင္(၉၅) ႏွင့္ (၁၄၀) ရွိရန္ ကန႔္သတ္ထားၿပီး မ်က္မွန္တပ္ဆင္ထားသူမ်ား မျဖစ္ရန္ လိုအပ္ေၾကာင္း သိရသည္။

ေလွ်ာက္ထားသူမ်ားကို ေရးေျဖစာေမးပြဲ ေျဖဆိုေစၿပီး ေအာင္ျမင္မွသာ စိတ္စစ္ေဆးျခင္း၊ ႀကံ့ခိုင္စြမ္းရည္စစ္ေဆးျခင္းႏွင့္ လူေတြ႕စစ္ေဆးျခင္းမ်ား အျပင္ ကနဦးတြင္ ေဆးစစ္ျခင္းကို ဦးစြာခံယူရမည္ျဖစ္ေၾကာင္း သိရသည္။

ေလွ်ာက္လႊာပုံစံမ်ားကို ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊တိုင္းေဒသႀကီး၊ျပည္နယ္ရဲတပ္ဖြဲမႉး႐ုံးမ်ားတြင္ ရယူႏိုင္ၿပီး၊ လိုအပ္သည့္ စာ႐ြက္စာတမ္းမ်ား ပူးတြဲကာ ၂၀၂၅ ခုႏွစ္၊ ဇူလိုင္လ ၁၁ ရက္ေန႔ ေနာက္ဆုံးထား၍ သက္ဆိုင္ရာ႐ုံးမ်ားသို႔ တင္သြင္းရမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.