“ပီလခတ်ဘုရားကျောင်းကို လာရောက်ခဲ့တဲ့ အိန္ဒိယ အကပညာရှင် Prabhu Deva နဲ့ ပြည်တွင်းက လူအများ စိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ အနုပညာသတင်းတချို့”

447

အိဖြူ (NP News) - ဇွန် ၂၂
NP News ရဲ့အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်အတွက် “မြန်မာနိုင်ငံကို ရောက်ရှိခဲ့တဲ့ အိန္ဒိယ အကပညာရှင် Prabhu Deva ၊ လူမှုကွန်ရက်စာမျက်နှာထက် နေရာယူခဲ့တဲ့ ပိုင်တံခွန်တို့ မင်္ဂလာပွဲ” စတဲ့ အနုပညာဆက်စပ်သတင်းများကို ဖော်ပြပေးသွားပါမယ်။
အိန္ဒိယ အကပညာရှင်၊ ဒါရိုက်တာ၊ သရုပ်ဆောင် Prabhu Deva ပီလခတ်ဘုရားကျောင်းကို လာရောက် ဖူးမြော်
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ပီလခတ်ကျေးရွာရှိ ပီလခတ်ဘုရားကျောင်းကို အိန္ဒိယတောင်ပိုင်း အက ကကွက်ပညာရှင်၊ ဒါရိုက်တာ၊ သရုပ်ဆောင် Prabhu Deva က ဇွန်လ (၁၆)ရက် ညနေပိုင်းက လာရောက်ဖူးမြော်ခဲ့ပါတယ်။
ဆုတောင်းအဓိဌာန်တွေ ပြည့်ဝတယ်လို့ ထင်ရှားတဲ့ ပီလခတ်ဘုရားကျောင်းမှာ လူမျိုးဘာသာ ပေါင်းစုံမှ ဆုတောင်းသူများနဲ့နေ့စဉ် စည်ကားလျက်ရှိလို့နေတာပါ။ Prabhu Deva က မြန်မာနိုင်ငံကို ရောက်ရှိခိုက် ဟိန္ဒူဘာသာဝင်တွေရဲ့အထွဋ်အမြတ်ထားရာ ပီလခတ်ဘုရားကျောင်းကို သွားရောက် ဖူးမြော်ခဲ့ခြင်းဖြစ်ပြီး၊ ပီလခတ်ဘုရားကျောင်းကို Prabhu Deva ရုတ်တရက်ရောက်ရှိလာချိန်မှာ သူနဲ့ အတူ ဓါတ်ပုံတွဲရိုက်ချင်သူများစွာရှိခဲ့ပြီး သူသွားရာလမ်းတစ်လျှောက် လူအုပ်စုလိုက်က လိုက်ပါကြည့်ရှု အားပေးခဲ့ကြပါတယ်။ Prabhu Deva အနေနဲ့ မြန်မာနိုင်ငံမှာလည်း ၎င်းကို အားပေးတဲ့ပရိသတ် အ မြောက်အများရှိတာကို သိရှိခွင့်ရခဲ့ပုံပါ။ Prabhu Deva က အဆိုတော် မိုက်ကယ်ဂျက်ဆင်နဲ့ အပြိုင်ကခဲ့ ဖူးသူဖြစ်ပြီး အိန္ဒိယ အက ကကွက် ပညာရှင်၊ ရုပ်ရှင်ဒါရိုက်တာ၊ ထုတ်လုပ်သူနဲ့ သရုပ်ဆောင်တစ်ဦး ဖြစ် ပါတယ်။
တမီလ်၊ ဟိန္ဒီ နဲ့ Telug က ဘာသာစကား ဇာတ်ကားတွေမှာ အများစုလုပ်ကိုင်နေတဲ့ ကန်နာဒါနဲ့ မလေးလမ်ဇာတ်ကား တချို့မှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံမှာ အကောင်းဆုံး ကကွက်ပုံစံ အမျိုးသားရုပ်ရှင်ထူးချွန်ဆုနှစ်ဆု ရရှိထားသူဖြစ်ပါတယ်။ (၂၀၁၉) ခုနှစ်မှာလည်း သူက အကနဲ့ ပတ် သက်ပြီး ပံ့ပိုးကူညီမှုအတွက် Padma Shri ကို ချီးမြှင့်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။
Prabhu Deva u Kaadhalan (၁၉၉၄)၊ Love Birds (၁၉၉၆)၊ Minsara Kanavu (၁၉၉၇) နဲ့ VIP (၁၉၉၇) အပါအဝင် စီးပွားရေးအရ အောင်မြင်တဲ့ဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
Pokkiri (၂၀ဝ၇) Shankar Dada Zindabad (၂၀ဝ၇) Wanted (၂၀ဝ၉) Rowdy Rathore (၂၀၁၂) R... Rajkumar (၂၀၁၃) နှင့် Singh is Bliing (၂၀၁၅) ကဲ့သို့သော Hindi ဘာသာစကားစကားတွေနဲ့ အမြတ် အစွန်းကောင်းတဲ့ ရုပ်ရှင်များကို ရိုက်ကူးခဲ့ကြောင်း သတင်းမှတ်တမ်းတွေအရ သိရှိရပါတယ်။ Prabhu Deva က မြန်မာနိုင်ငံကိုရောက်စဉ် ရန်ကုန်မြို့ရှိ Lotte Hotel မှာ တည်းခိုနေထိုင်ခဲ့တယ်လို့ သိရှိရကာ ဇွန်လ (၁၈) ရက်က အိန္ဒိယနိုင်ငံသို့ ပြန်သွားခဲ့ကြောင်းလည်း သတင်းတွေအရ သိရပါတယ်။

လူမှုကွန်ရက်စာမျက်နှာထက် နေရာယူထားဆဲဖြစ်တဲ့ မင်းသားပိုင်တံခွန်နဲ့ မလင်းမြဖူးတို့ရဲ့မင်္ဂလာပွဲများ
မော်ဒယ် မင်းသား ပိုင်တံခွန်နဲ့ မလင်းမြဖူးတို့ရဲ့ စုလျားရစ်ပတ်ထိမ်းမြားမင်္ဂလာပွဲအခမ်းအနားနဲ့ မင်္ဂလာ ညစာစားပွဲ အခမ်းအနား မြင်ကွင်းတွေက ဇွန်လ တတိယပတ်အတွင်း ဆိုရှယ်ပလက်ဖောင်း တွေဖြစ်တဲ့ Facebook, TikTok စတဲ့ ပလက်ဖောင်းတွေမှာ နေရာယူနိုင်ခဲ့ပါတယ်။ အခြားအနုပညာ သတင်းတွေ သီးခြားထွက်ပေါ်လာခြင်းမရှိခဲ့ဘဲ ပိုင်တံခွန်တို့ဇနီးမောင်နှံရဲ့ စုလျားရစ်ပတ်ထိမ်းမြား မင်္ဂလာပွဲ အခမ်းအနားကိုတက်ရောက်ခဲ့ကြတဲ့ အနုပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေစာရင်းနဲ့ ၎င်း တို့ ဆင်မြန်းခဲ့ကြတဲ့ လက်ဝတ်ရတနာ တန်ဖိုးများ၊ ပွဲတက်ဝတ်စုံ ဒီဇိုင်းများက နေရာယူနိုင်ခဲ့တာပါ။ ဒါ့ ကြောင့်လည်း Fashion Runway အဖြစ် လူအများရဲ့စိတ်ဝင်စားမှုကို ရရှိစေခဲ့တာပါ။
ပိုင်တံခွန်နဲ့ မလင်းမြဖြူတို့ရဲ့စုလျားရစ်ပတ်ထိမ်းမြားမင်္ဂလာပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ The Eravati Sule Grand Hotel မှာ မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းအစဉ်အလာနဲ့ ခေတ်မီဒီဇိုင်းများပေါင်းစပ် ဖန်တီးပြီး ပွဲအခမ်းအနားကို ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ မင်္ဂလာဇနီးမောင်နှံစုံတွဲက အဖြူရောင်ကို ရွေးချယ်ဝတ်ဆင်ခဲ့ကြပြီး သတို့သားဖြစ်သူ ပိုင်တံခွန်က မြန်မာ့ဓလေ့အတိုင်း အဖြူရောင် ခေါင်းပေါင်းကိုပေါင်းကာ သတို့သမီး မလင်းမြဖူးက စိန်ခြယ်ထားတဲ့အဖြူရောင်မြန်မာထိုင်မသိမ်း ဝတ် စုံကို ဝတ်ဆင်ပြီး စိန်ခြယ်စီထားတဲ့ပတ္တမြားဘယက်ကို ဆင်မြန်းထားမှုက အမျိုးသမီးတစ်ဦးရဲ့အလှကို ပိုမိုကျက်သရေတိုးပွားစေခဲ့ပါတယ်။ မလင်းမြဖူးရဲ့ဖခင်ဖြစ်သူက ဆီလုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ ဖြစ် တာကြောင့် သမီးဖြစ်သူရဲ့မင်္ဂလာပွဲအခမ်းအနားကို မြန်မာနိုင်ငံရဲ့ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်ကြီး တွေ တက်ရောက်ဂုဏ်ပြုခဲ့မှုက မထူးဆန်းလှပေ။ မင်္ဂလာပွဲမြင်ကွင်းများ လူမှုကွန်ရက်တခွင်မှာ ပျံ့နှံ့ လာပြီးနောက် ပွဲပြင်ဆင်မှုတန်ဖိုး၊ သတို့သမီးရဲ့ လက်ဝတ်ရတနာများနဲ့ ဝတ်စုံတန်ဖိုးများကို ထင်ကြေး ပေးမှုများစွာ ထွက်ပေါ်ခဲ့ပြီး၊ ပွဲအခမ်းအနားကို တက်ရောက်ဂုဏ်ပြုခဲ့တဲ့ မြန်မာနိုင်ငံရဲ့ထိပ်တန်း သူဌေး ကြီး ဦးဇော်ဇော်ရဲ့လက်ဖွဲ့ငွေကအစ လူအများက စိတ်ဝင်တစားရှိခဲ့ကြတာပါ။
ပိုင်တံခွန်က “ဒီနေ့က မောင်တို့နှစ်ယောက်အတူတူမက်ခဲ့ကြတဲ့ အိပ်မက်တွေကို လက်တွေ့ ကမ္ဘာဆီကို ယူဆောင်လာတဲ့ညလေးပါ။ သဲလေး မက်ချင်တဲ့အိပ်မက်တိုင်းကို လွတ်လွတ်လပ်လပ် မက် ပါ။ မောင် အကောင်အထည်ဖော်ပေးဖို့ အမြဲတမ်းရှိနေမယ်” လို့ ချစ်စကား ဆိုထားတာပါ။ မင်္ဂလာ ညစာ စားပွဲကို ဇွန်လ (၁၇) ရက်နေ့က LOTTE HOTEL မှာ မိသားစုဝင်၊ မိတ်ဆွေ သူငယ်ချင်းများနဲ့အတူ ခမ်း နား ပျော်ရွှင်စွာကျင်းပခဲ့ကြပါတယ်။ ပိုင်တံခွန်က မလင်းမြဖူးကို (၂၀၂၄) ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ဟန်မြစ်ဘေးမှာ လက်ထပ်ခွင့်တောင်းခဲ့ခြင်းဖြစ်ပြီး၊ စေ့စပ်တောင်း ရမ်းခြင်းအခမ်းအနားကို ဇန်နဝါရီလ (၁) ရက်နဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲကို ဖေဖော်ဝါရီလ (၂၅) ရက် တို့က မလင်းမြဖူးရဲ့နေအိမ်မှာပဲ နှစ်ဖက်မိဘများရှေ့မှောက်မှာ မိသားစုဝင်များနဲ့အတူ ရိုးရှင်းစွာ ကျင်းပ ခဲ့ခြင်းဖြစ်ပါတယ်။
ဖုန်းကျော်မိုးမြင့်နဲ့မော်ဒယ်အော်န်ဆိုင်းတို့ တတိယမြောက် သမီးလေး အောင်မြင်စွာမွေးဖွား
မြန်မာနိုင်ငံရဲ့ စူပါမော်ဒယ်တစ်ဦးဖြစ်သူ အော်န်ဆိုင်းက သမီးဦး ရတနာလေးကို အောင်မြင်စွာ မွေးဖွားခဲ့ပြီဖြစ်ပါတယ်။ အော်န်ဆိုင်းက မြန်မာနိုင်ငံရဲ့အချမ်းသားဆုံးစာရင်းဝင် မိုက်ကယ်မိုးမြင့်ရဲ့သား ဖြစ်သူ ဖုန်းကျော်မိုးမြင့်နဲ့ အိမ်ထောင်ကျပြီး တစ်နှစ်အတွင်း (၂၀၂၁) ခုနှစ် နိုဝင်ဘာလ (၈) ရက်က သား ဦး ရတနာလေး ဧဝရတ်မိုးမြင့်ကို မွေးဖွားခဲ့ပြီး၊ (၂၀၂၃) ခုနှစ်မှာ ဒုတိယမြောက်သားလေး အဲလီဂျက်မိုး မြင့်ကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ အခုတစ်ခေါက်မှာတော့ သူမတို့ တတိယမြောက်ရင်သွေးလေးဖြစ်တဲ့ သမီးဦး ရတနာလေးကို ရရှိပိုင်ဆိုင်ခဲ့ပြီဖြစ်ပြီး၊ သမီးလေးရဲ့နာမည်ကိုတော့ ဆုဌာဝတီမိုးမြင့် (ခေါ်) Ava လို့ ကင်ပွန်းတပ်ခဲ့ကြပါတယ်။ သမီးလေးကိုလည်း ထိုင်းနိုင်ငံ Bumrungrad Hospital မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
ဒီတပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

Zawgyi Version:
“ပီလခတ္ဘုရားေက်ာင္းကို လာေရာက္ခဲ့တဲ့ အိႏၵိယ အကပညာရွင္ Prabhu Deva နဲ႔ ျပည္တြင္းက လူအမ်ား စိတ္ဝင္စားမႈျမင့္တက္ခဲ့တဲ့ အႏုပညာသတင္းတခ်ိဳ႕”
NP News ရဲ႕အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္အတြက္ “ျမန္မာႏိုင္ငံကို ေရာက္ရွိခဲ့တဲ့ အိႏၵိယ အကပညာရွင္ Prabhu Deva ၊ လူမႈကြန္ရက္စာမ်က္ႏွာထက္ ေနရာယူခဲ့တဲ့ ပိုင္တံခြန္တို႔ မဂၤလာပြဲ” စတဲ့ အႏုပညာဆက္စပ္သတင္းမ်ားကို ေဖာ္ျပေပးသြားပါမယ္။
အိျဖဴ (NP News) - ဇြန္ ၂၂
အိႏၵိယ အကပညာရွင္၊ ဒါ႐ိုက္တာ၊ သ႐ုပ္ေဆာင္ Prabhu Deva ပီလခတ္ဘုရားေက်ာင္းကို လာေရာက္ ဖူးေျမာ္
ရန္ကုန္တိုင္းေဒသႀကီး၊ ေက်ာက္တန္းၿမိဳ႕နယ္၊ ပီလခတ္ေက်း႐ြာရွိ ပီလခတ္ဘုရားေက်ာင္းကို အိႏၵိယေတာင္ပိုင္း အက ကကြက္ပညာရွင္၊ ဒါ႐ိုက္တာ၊ သ႐ုပ္ေဆာင္ Prabhu Deva က ဇြန္လ (၁၆)ရက္ ညေနပိုင္းက လာေရာက္ဖူးေျမာ္ခဲ့ပါတယ္။
ဆုေတာင္းအဓိဌာန္ေတြ ျပည့္ဝတယ္လို႔ ထင္ရွားတဲ့ ပီလခတ္ဘုရားေက်ာင္းမွာ လူမ်ိဳးဘာသာ ေပါင္းစုံမွ ဆုေတာင္းသူမ်ားနဲ႔ေန႔စဥ္ စည္ကားလ်က္ရွိလို႔ေနတာပါ။ Prabhu Deva က ျမန္မာႏိုင္ငံကို ေရာက္ရွိခိုက္ ဟိႏၵဴဘာသာဝင္ေတြရဲ႕အထြဋ္အျမတ္ထားရာ ပီလခတ္ဘုရားေက်ာင္းကို သြားေရာက္ ဖူးေျမာ္ခဲ့ျခင္းျဖစ္ၿပီး၊ ပီလခတ္ဘုရားေက်ာင္းကို Prabhu Deva ႐ုတ္တရက္ေရာက္ရွိလာခ်ိန္မွာ သူနဲ႔ အတူ ဓါတ္ပုံတြဲ႐ိုက္ခ်င္သူမ်ားစြာရွိခဲ့ၿပီး သူသြားရာလမ္းတစ္ေလွ်ာက္ လူအုပ္စုလိုက္က လိုက္ပါၾကည့္ရႈ အားေပးခဲ့ၾကပါတယ္။ Prabhu Deva အေနနဲ႔ ျမန္မာႏိုင္ငံမွာလည္း ၎ကို အားေပးတဲ့ပရိသတ္ အ ေျမာက္အမ်ားရွိတာကို သိရွိခြင့္ရခဲ့ပုံပါ။ Prabhu Deva က အဆိုေတာ္ မိုက္ကယ္ဂ်က္ဆင္နဲ႔ အၿပိဳင္ကခဲ့ ဖူးသူျဖစ္ၿပီး အိႏၵိယ အက ကကြက္ ပညာရွင္၊ ႐ုပ္ရွင္ဒါ႐ိုက္တာ၊ ထုတ္လုပ္သူနဲ႔ သ႐ုပ္ေဆာင္တစ္ဦး ျဖစ္ ပါတယ္။
တမီလ္၊ ဟိႏၵီ နဲ႔ Telug က ဘာသာစကား ဇာတ္ကားေတြမွာ အမ်ားစုလုပ္ကိုင္ေနတဲ့ ကန္နာဒါနဲ႔ မေလးလမ္ဇာတ္ကား တခ်ိဳ႕မွာ ပါဝင္ခဲ့တယ္လို႔ သိရပါတယ္။ အိႏၵိယႏိုင္ငံမွာ အေကာင္းဆုံး ကကြက္ပုံစံ အမ်ိဳးသား႐ုပ္ရွင္ထူးခြၽန္ဆုႏွစ္ဆု ရရွိထားသူျဖစ္ပါတယ္။ (၂၀၁၉) ခုႏွစ္မွာလည္း သူက အကနဲ႔ ပတ္ သက္ၿပီး ပံ့ပိုးကူညီမႈအတြက္ Padma Shri ကို ခ်ီးျမႇင့္ျခင္းခံခဲ့ရသူျဖစ္ပါတယ္။
Prabhu Deva u Kaadhalan (၁၉၉၄)၊ Love Birds (၁၉၉၆)၊ Minsara Kanavu (၁၉၉၇) နဲ႔ VIP (၁၉၉၇) အပါအဝင္ စီးပြားေရးအရ ေအာင္ျမင္တဲ့ဇာတ္ကားမ်ားစြာမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။
Pokkiri (၂၀ဝ၇) Shankar Dada Zindabad (၂၀ဝ၇) Wanted (၂၀ဝ၉) Rowdy Rathore (၂၀၁၂) R... Rajkumar (၂၀၁၃) ႏွင့္ Singh is Bliing (၂၀၁၅) ကဲ့သို႔ေသာ Hindi ဘာသာစကားစကားေတြနဲ႔ အျမတ္ အစြန္းေကာင္းတဲ့ ႐ုပ္ရွင္မ်ားကို ႐ိုက္ကူးခဲ့ေၾကာင္း သတင္းမွတ္တမ္းေတြအရ သိရွိရပါတယ္။ Prabhu Deva က ျမန္မာႏိုင္ငံကိုေရာက္စဥ္ ရန္ကုန္ၿမိဳ႕ရွိ Lotte Hotel မွာ တည္းခိုေနထိုင္ခဲ့တယ္လို႔ သိရွိရကာ ဇြန္လ (၁၈) ရက္က အိႏၵိယႏိုင္ငံသို႔ ျပန္သြားခဲ့ေၾကာင္းလည္း သတင္းေတြအရ သိရပါတယ္။
လူမႈကြန္ရက္စာမ်က္ႏွာထက္ ေနရာယူထားဆဲျဖစ္တဲ့ မင္းသားပိုင္တံခြန္နဲ႔ မလင္းျမဖူးတို႔ရဲ႕မဂၤလာပြဲမ်ား
ေမာ္ဒယ္ မင္းသား ပိုင္တံခြန္နဲ႔ မလင္းျမဖူးတို႔ရဲ႕ စုလ်ားရစ္ပတ္ထိမ္းျမားမဂၤလာပြဲအခမ္းအနားနဲ႔ မဂၤလာ ညစာစားပြဲ အခမ္းအနား ျမင္ကြင္းေတြက ဇြန္လ တတိယပတ္အတြင္း ဆိုရွယ္ပလက္ေဖာင္း ေတြျဖစ္တဲ့ Facebook, TikTok စတဲ့ ပလက္ေဖာင္းေတြမွာ ေနရာယူႏိုင္ခဲ့ပါတယ္။ အျခားအႏုပညာ သတင္းေတြ သီးျခားထြက္ေပၚလာျခင္းမရွိခဲ့ဘဲ ပိုင္တံခြန္တို႔ဇနီးေမာင္ႏွံရဲ႕ စုလ်ားရစ္ပတ္ထိမ္းျမား မဂၤလာပြဲ အခမ္းအနားကိုတက္ေရာက္ခဲ့ၾကတဲ့ အႏုပညာရွင္ေတြ၊ စီးပြားေရးလုပ္ငန္းရွင္ေတြစာရင္းနဲ႔ ၎ တို႔ ဆင္ျမန္းခဲ့ၾကတဲ့ လက္ဝတ္ရတနာ တန္ဖိုးမ်ား၊ ပြဲတက္ဝတ္စုံ ဒီဇိုင္းမ်ားက ေနရာယူႏိုင္ခဲ့တာပါ။ ဒါ့ ေၾကာင့္လည္း Fashion Runway အျဖစ္ လူအမ်ားရဲ႕စိတ္ဝင္စားမႈကို ရရွိေစခဲ့တာပါ။
ပိုင္တံခြန္နဲ႔ မလင္းျမျဖဴတို႔ရဲ႕စုလ်ားရစ္ပတ္ထိမ္းျမားမဂၤလာပြဲအခမ္းအနားကို ရန္ကုန္ၿမိဳ႕ရွိ The Eravati Sule Grand Hotel မွာ ျမန္မာ့႐ိုးရာ ဓေလ့ထုံးတမ္းအစဥ္အလာနဲ႔ ေခတ္မီဒီဇိုင္းမ်ားေပါင္းစပ္ ဖန္တီးၿပီး ပြဲအခမ္းအနားကို ခမ္းနားႀကီးက်ယ္စြာ က်င္းပခဲ့ျခင္းျဖစ္ပါတယ္။ မဂၤလာဇနီးေမာင္ႏွံစုံတြဲက အျဖဴေရာင္ကို ေ႐ြးခ်ယ္ဝတ္ဆင္ခဲ့ၾကၿပီး သတို႔သားျဖစ္သူ ပိုင္တံခြန္က ျမန္မာ့ဓေလ့အတိုင္း အျဖဴေရာင္ ေခါင္းေပါင္းကိုေပါင္းကာ သတို႔သမီး မလင္းျမဖူးက စိန္ျခယ္ထားတဲ့အျဖဴေရာင္ျမန္မာထိုင္မသိမ္း ဝတ္ စုံကို ဝတ္ဆင္ၿပီး စိန္ျခယ္စီထားတဲ့ပတၱျမားဘယက္ကို ဆင္ျမန္းထားမႈက အမ်ိဳးသမီးတစ္ဦးရဲ႕အလွကို ပိုမိုက်က္သေရတိုးပြားေစခဲ့ပါတယ္။ မလင္းျမဖူးရဲ႕ဖခင္ျဖစ္သူက ဆီလုပ္ငန္းရွင္မ်ားအသင္းရဲ႕ ဥကၠ႒ ျဖစ္ တာေၾကာင့္ သမီးျဖစ္သူရဲ႕မဂၤလာပြဲအခမ္းအနားကို ျမန္မာႏိုင္ငံရဲ႕ထိပ္တန္း စီးပြားေရးလုပ္ငန္းရွင္ႀကီး ေတြ တက္ေရာက္ဂုဏ္ျပဳခဲ့မႈက မထူးဆန္းလွေပ။ မဂၤလာပြဲျမင္ကြင္းမ်ား လူမႈကြန္ရက္တခြင္မွာ ပ်ံ႕ႏွံ႔ လာၿပီးေနာက္ ပြဲျပင္ဆင္မႈတန္ဖိုး၊ သတို႔သမီးရဲ႕ လက္ဝတ္ရတနာမ်ားနဲ႔ ဝတ္စုံတန္ဖိုးမ်ားကို ထင္ေၾကး ေပးမႈမ်ားစြာ ထြက္ေပၚခဲ့ၿပီး၊ ပြဲအခမ္းအနားကို တက္ေရာက္ဂုဏ္ျပဳခဲ့တဲ့ ျမန္မာႏိုင္ငံရဲ႕ထိပ္တန္း သူေဌး ႀကီး ဦးေဇာ္ေဇာ္ရဲ႕လက္ဖြဲ႕ေငြကအစ လူအမ်ားက စိတ္ဝင္တစားရွိခဲ့ၾကတာပါ။
ပိုင္တံခြန္က “ဒီေန႔က ေမာင္တို႔ႏွစ္ေယာက္အတူတူမက္ခဲ့ၾကတဲ့ အိပ္မက္ေတြကို လက္ေတြ႕ ကမာၻဆီကို ယူေဆာင္လာတဲ့ညေလးပါ။ သဲေလး မက္ခ်င္တဲ့အိပ္မက္တိုင္းကို လြတ္လြတ္လပ္လပ္ မက္ ပါ။ ေမာင္ အေကာင္အထည္ေဖာ္ေပးဖို႔ အၿမဲတမ္းရွိေနမယ္” လို႔ ခ်စ္စကား ဆိုထားတာပါ။ မဂၤလာ ညစာ စားပြဲကို ဇြန္လ (၁၇) ရက္ေန႔က LOTTE HOTEL မွာ မိသားစုဝင္၊ မိတ္ေဆြ သူငယ္ခ်င္းမ်ားနဲ႔အတူ ခမ္း နား ေပ်ာ္႐ႊင္စြာက်င္းပခဲ့ၾကပါတယ္။ ပိုင္တံခြန္က မလင္းျမဖူးကို (၂၀၂၄) ခုႏွစ္၊ ႏိုဝင္ဘာလ (၉) ရက္က ေတာင္ကိုရီးယားႏိုင္ငံ ဆိုးလ္ၿမိဳ႕ရွိ ဟန္ျမစ္ေဘးမွာ လက္ထပ္ခြင့္ေတာင္းခဲ့ျခင္းျဖစ္ၿပီး၊ ေစ့စပ္ေတာင္း ရမ္းျခင္းအခမ္းအနားကို ဇန္နဝါရီလ (၁) ရက္နဲ႔ မဂၤလာလက္မွတ္ေရးထိုးပြဲကို ေဖေဖာ္ဝါရီလ (၂၅) ရက္ တို႔က မလင္းျမဖူးရဲ႕ေနအိမ္မွာပဲ ႏွစ္ဖက္မိဘမ်ားေရွ႕ေမွာက္မွာ မိသားစုဝင္မ်ားနဲ႔အတူ ႐ိုးရွင္းစြာ က်င္းပ ခဲ့ျခင္းျဖစ္ပါတယ္။
ဖုန္းေက်ာ္မိုးျမင့္နဲ႔ေမာ္ဒယ္ေအာ္န္ဆိုင္းတို႔ တတိယေျမာက္ သမီးေလး ေအာင္ျမင္စြာေမြးဖြား
ျမန္မာႏိုင္ငံရဲ႕ စူပါေမာ္ဒယ္တစ္ဦးျဖစ္သူ ေအာ္န္ဆိုင္းက သမီးဦး ရတနာေလးကို ေအာင္ျမင္စြာ ေမြးဖြားခဲ့ၿပီျဖစ္ပါတယ္။ ေအာ္န္ဆိုင္းက ျမန္မာႏိုင္ငံရဲ႕အခ်မ္းသားဆုံးစာရင္းဝင္ မိုက္ကယ္မိုးျမင့္ရဲ႕သား ျဖစ္သူ ဖုန္းေက်ာ္မိုးျမင့္နဲ႔ အိမ္ေထာင္က်ၿပီး တစ္ႏွစ္အတြင္း (၂၀၂၁) ခုႏွစ္ ႏိုဝင္ဘာလ (၈) ရက္က သား ဦး ရတနာေလး ဧဝရတ္မိုးျမင့္ကို ေမြးဖြားခဲ့ၿပီး၊ (၂၀၂၃) ခုႏွစ္မွာ ဒုတိယေျမာက္သားေလး အဲလီဂ်က္မိုး ျမင့္ကို ေမြးဖြားခဲ့တာျဖစ္ပါတယ္။ အခုတစ္ေခါက္မွာေတာ့ သူမတို႔ တတိယေျမာက္ရင္ေသြးေလးျဖစ္တဲ့ သမီးဦး ရတနာေလးကို ရရွိပိုင္ဆိုင္ခဲ့ၿပီျဖစ္ၿပီး၊ သမီးေလးရဲ႕နာမည္ကိုေတာ့ ဆုဌာဝတီမိုးျမင့္ (ေခၚ) Ava လို႔ ကင္ပြန္းတပ္ခဲ့ၾကပါတယ္။ သမီးေလးကိုလည္း ထိုင္းႏိုင္ငံ Bumrungrad Hospital မွာ ေမြးဖြားခဲ့တာ ျဖစ္ပါတယ္။
ဒီတပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။