အမှိုက်အမျိုးအစားလေးမျိုးခွဲခြားစွန့်ပစ်ရန် စည်ပင်တိုက်တွန်းနေ

 427

NP News ဇွန် ၂၂ ရက်
ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ Shopping Mall များနှင့် အဆင့်မြင့်အ ရောင်းဆိုင်ကြီးများမှာ အမှိုက်အမျိုးအစား ၄ မျိုးခွဲခြားစွန့်ပစ်နိုင်ရန် အကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်ပေးရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တိုက်တွန်းထားကြောင်း သိရသည်။
“စွန့်ပစ်အမှိုက်များကို အမျိုးအစားခွဲပြီး စွန့်ပစ်ဖို့နဲ့ အမျိုးအစားခွဲရာမှာလည်း အမှိုက်စို၊ အမှိုက်ခြောက်၊ ပလပ်စတစ်အမှိုက်၊ ဘေးအန္တရာယ်ရှိအမှိုက် စသဖြင့် အမှိုက်စွန့်ပစ်ရမယ့် ဓာတ်ပုံတွေကို ခွဲခြားပြီးပြသပေးရမှာ ဖြစ်ပါတယ်။ အဲလိုခွဲခြားပြီး ပြသထားတဲ့ အမှိုက်ပုံးအရောင်အတိုင်း ခွဲခြား၍ စွန့်ပစ်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ Shopping Mall များနဲ့ အဆင့်မြင့်အရောင်းဆိုင်ကြီးများ အနေနဲ့လည်း အများပြည်သူသွားလာရာ နေရာများဖြစ်တဲ့အတွက် ခွဲခြားစွန့်ပစ်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများအနေဖြင့်လည်း သိမြင်ထိတွေ့ကာ သတ်မှတ်ထားသည့် အမှိုက်ခွဲခြားခြင်းနည်းလမ်းအတိုင်း ခွဲခြားဆောင်ရွက်နိုင်မှာဖြစ်ပါတယ်”ဟု ၎င်းဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အမှိုက်အမျိုးအစား ၄ မျိုး ခွဲခြားစွန့်ပစ်ရာတွင် အမှိုက်စိုများဖြစ်သော မီးဖိုချောင်ထွက်ပစ္စည်းများနှင့် တစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းများအတွက် အစိမ်းရောင်အမှိုက်ပုံးတွင်လည်းကောင်း၊ အမှိုက်ခြောက်များဖြစ်သော စက္ကူ၊ ကတ်ထူစက္ကူ၊ သံတိုသံစ၊ ပိတ်စ၊ သစ်သားစ စသည့်စွန့်ပစ်ပစ္စည်းများ အတွက် အဝါရောင်အမှိုက်ပုံးတွင် လည်းကောင်း၊ ပလတ်စတစ်အမှိုက်များဖြစ်သော ပလတ်စတစ်သုံးပစ္စည်းများအား အပြာရောင်အမှိုက်ပုံးတွင်လည်းကောင်း၊ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းများ၊ မီးလုံး၊ အင်းဆက်ဖျန်းဆေးရည်များ၊ အိမ်သုံးဓာတုစွန့်ပစ်ပစ္စည်းများ အစရှိသည့် ဘေးအန္တရာယ်ရှိ အမှိုက်များအတွက် အနီရောင်အမှိုက်ပုံးတွင် လည်းကောင်း စွန့်ပစ်ရမည်ဖြစ်ကြောင်း သိရသည်။
စွန့်ပစ်ပစ္စည်းအမှိုက်များ စီမံခန့်ခွဲမှုတွင် အမှိုက်များကို စနစ်တကျခွဲခြား စွန့်ပစ်ခြင်းသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း ကာကွယ်စေနိုင်ပြီး အမှိုက်သိမ်းဆည်းမှုကို လွယ်ကူစေသည့်အပြင် အမှိုက်များကို အကျိုးရှိအောင် ပြန်လည်အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။
အမှိုက်ခွဲခြားစွန့်ပစ်ခြင်းအစီအစဉ်နှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနအနေဖြင့် နယ်နိမိတ်အတွင်းရှိ Shopping Mall များနှင့် အဆင့်မြင့်အရောင်းဆိုင်ကြီးများမှ တာဝန်ရှိသူများအား အမှိုက်အမျိုးအစား ၄ မျိုးခွဲခြားစွန့်ပစ်ခြင်းနှင့် ခွဲခြားစွန့်ပစ်ရမည့် အမှိုက်အမျိုးအစားများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ၁၂ ထပ်ခွဲရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဈေးများ၊ ကော်မတီလက်အောက်ရှိ ရုံးများနှင့် ဌာနဆိုင်ရာများ၊ စာသင်ကျောင်းများတွင် အမှိုက်အမျိုးအစား ၄ မျိုးခွဲခြားစွန့်ပစ်နိုင်ရန် အသိပညာပေးသရုပ်ပြခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
အမႈိက္အမ်ိဳးအစားေလးမ်ိဳးခြဲျခားစြန႔္ပစ္ရန္ စည္ပင္တိုက္တြန္းေန
NP News ဇြန္ ၂၂ ရက္
ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာနယ္နိမိတ္အတြင္းရွိ Shopping Mall မ်ားႏွင့္ အဆင့္ျမင့္အ ေရာင္းဆိုင္ႀကီးမ်ားမွာ အမႈိက္အမ်ိဳးအစား ၄ မ်ိဳးခြဲျခားစြန႔္ပစ္ႏိုင္ရန္ အေကာင္အထည္ေဖာ္ရာတြင္ ပူးေပါင္းေဆာင္႐ြက္ေပးရန္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၊ ၿမိဳ႕ျပပတ္ဝန္းက်င္ထိန္းသိမ္းေရးႏွင့္ သန႔္ရွင္းေရးဌာနမွ တိုက္တြန္းထားေၾကာင္း သိရသည္။
“စြန႔္ပစ္အမႈိက္မ်ားကို အမ်ိဳးအစားခြဲၿပီး စြန႔္ပစ္ဖို႔နဲ႔ အမ်ိဳးအစားခြဲရာမွာလည္း အမႈိက္စို၊ အမႈိက္ေျခာက္၊ ပလပ္စတစ္အမႈိက္၊ ေဘးအႏၲရာယ္ရွိအမႈိက္ စသျဖင့္ အမႈိက္စြန႔္ပစ္ရမယ့္ ဓာတ္ပုံေတြကို ခြဲျခားၿပီးျပသေပးရမွာ ျဖစ္ပါတယ္။ အဲလိုခြဲျခားၿပီး ျပသထားတဲ့ အမႈိက္ပုံးအေရာင္အတိုင္း ခြဲျခား၍ စြန႔္ပစ္ေဆာင္႐ြက္ၾကရမွာ ျဖစ္ပါတယ္။ Shopping Mall မ်ားနဲ႔ အဆင့္ျမင့္အေရာင္းဆိုင္ႀကီးမ်ား အေနနဲ႔လည္း အမ်ားျပည္သူသြားလာရာ ေနရာမ်ားျဖစ္တဲ့အတြက္ ခြဲျခားစြန႔္ပစ္ႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ေပးျခင္းျဖင့္ ျပည္သူမ်ားအေနျဖင့္လည္း သိျမင္ထိေတြ႕ကာ သတ္မွတ္ထားသည့္ အမႈိက္ခြဲျခားျခင္းနည္းလမ္းအတိုင္း ခြဲျခားေဆာင္႐ြက္ႏိုင္မွာျဖစ္ပါတယ္”ဟု ၎ဌာနမွ တာဝန္ရွိသူတစ္ဦးကေျပာသည္။
အမႈိက္အမ်ိဳးအစား ၄ မ်ိဳး ခြဲျခားစြန႔္ပစ္ရာတြင္ အမႈိက္စိုမ်ားျဖစ္ေသာ မီးဖိုေခ်ာင္ထြက္ပစၥည္းမ်ားႏွင့္ တစ္ကိုယ္ေရသုံး သန႔္ရွင္းေရးပစၥည္းမ်ားအတြက္ အစိမ္းေရာင္အမႈိက္ပုံးတြင္လည္းေကာင္း၊ အမႈိက္ေျခာက္မ်ားျဖစ္ေသာ စကၠဴ၊ ကတ္ထူစကၠဴ၊ သံတိုသံစ၊ ပိတ္စ၊ သစ္သားစ စသည့္စြန္႔ပစ္ပစၥည္းမ်ား အတြက္ အဝါေရာင္အမႈိက္ပုံးတြင္ လည္းေကာင္း၊ ပလတ္စတစ္အမႈိက္မ်ားျဖစ္ေသာ ပလတ္စတစ္သုံးပစၥည္းမ်ားအား အျပာေရာင္အမႈိက္ပုံးတြင္လည္းေကာင္း၊ အီလက္ထ႐ြန္နစ္ စြန႔္ပစ္ပစၥည္းမ်ား၊ မီးလုံး၊ အင္းဆက္ဖ်န္းေဆးရည္မ်ား၊ အိမ္သုံးဓာတုစြန္႔ပစ္ပစၥည္းမ်ား အစရွိသည့္ ေဘးအႏၲရာယ္ရွိ အမႈိက္မ်ားအတြက္ အနီေရာင္အမႈိက္ပုံးတြင္ လည္းေကာင္း စြန္႔ပစ္ရမည္ျဖစ္ေၾကာင္း သိရသည္။
စြန႔္ပစ္ပစၥည္းအမႈိက္မ်ား စီမံခန႔္ခြဲမႈတြင္ အမႈိက္မ်ားကို စနစ္တက်ခြဲျခား စြန႔္ပစ္ျခင္းသည္ သဘာဝပတ္ဝန္းက်င္ကို ထိန္းသိမ္း ကာကြယ္ေစႏိုင္ၿပီး အမႈိက္သိမ္းဆည္းမႈကို လြယ္ကူေစသည့္အျပင္ အမႈိက္မ်ားကို အက်ိဳးရွိေအာင္ ျပန္လည္အသုံးျပဳႏိုင္ရန္အတြက္ ရည္႐ြယ္ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္းသိရသည္။
အမႈိက္ခြဲျခားစြန႔္ပစ္ျခင္းအစီအစဥ္ႏွင့္ပတ္သက္၍ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ၊ ၿမိဳ႕ျပပတ္ဝန္းက်င္ ထိန္းသိမ္းေရးႏွင့္သန႔္ရွင္းေရးဌာနအေနျဖင့္ နယ္နိမိတ္အတြင္းရွိ Shopping Mall မ်ားႏွင့္ အဆင့္ျမင့္အေရာင္းဆိုင္ႀကီးမ်ားမွ တာဝန္ရွိသူမ်ားအား အမႈိက္အမ်ိဳးအစား ၄ မ်ိဳးခြဲျခားစြန႔္ပစ္ျခင္းႏွင့္ ခြဲျခားစြန႔္ပစ္ရမည့္ အမႈိက္အမ်ိဳးအစားမ်ားႏွင့္ပတ္သက္၍ ရွင္းလင္းေဆြးေႏြးပြဲကို ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ၁၂ ထပ္ခြဲ႐ုံးတြင္ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ထို႔အျပင္ ေဈးမ်ား၊ ေကာ္မတီလက္ေအာက္ရွိ ႐ုံးမ်ားႏွင့္ ဌာနဆိုင္ရာမ်ား၊ စာသင္ေက်ာင္းမ်ားတြင္ အမႈိက္အမ်ိဳးအစား ၄ မ်ိဳးခြဲျခားစြန႔္ပစ္ႏိုင္ရန္ အသိပညာေပးသ႐ုပ္ျပျခင္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.