ဖီဖာကမ္ဘာ့ဖလားကလပ်ပြိုင်ပွဲ အုပ်စုပွဲစဉ်(၂)နဲ့ ပွဲစဉ်(၃)ရဲ့ ပွဲကောင်းတချို့ကို သုံးသပ်ခြင်း

 221

FIFA World Cup 2025 ပြိုင်ပွဲဟာ ပွဲစဉ်(၂)နဲ့ (၃)ကို ရောက်ရှိလာတော့မှာဖြစ်တာ ကြောင့် အသင်းကြီးတွေရဲ့ ကိုယ်စီနိုင်ပွဲတွေနဲ့အတူ ပရိသတ်တွေအတွက် ရသမြောက်တဲ့ပွဲစဉ်တွေကို စောင့်ကြည့်ရဖို့ရှိလာနေပြီပဲ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲက အုပ်စုပွဲစဉ်တွေနဲ့ ပထမဆုံးအကြိမ်ကျင်းပတာဖြစ်တဲ့အပြင် အမေရိကန်နိုင်ငံမှာ ကျင်းပတာဖြစ်တဲ့အတွက် ပွဲစဉ်အချိန်ဇယားတွေအရ နေ့ဘက်ရော ညဘက်မှာ ကစားရတဲ့ပွဲစဉ်တွေဖြစ်တာကြောင့် ကစားသမားတွေအနေနဲ့ အပူဒဏ်ကိုခံရပြီး ခြေစွမ်းပိုင်းအပေါ်မှာလည်း သက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ ဒါပေမဲ့လည်း အသင်းကြီးတွေရဲ့ ခြေစွမ်းပိုင်းကို ရာသီကြိုခြေစမ်းပွဲတွေအဖြစ်တွေ့မြင်ရမှာဖြစ်တာကြောင့် ဒီပြိုင်ပွဲက ပရိသတ်တွေအတွက် စောင့်ကြည့် ချင်စရာကောင်းတဲ့ ပြိုင်ပွဲတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် NP News ကနေ FIFA World Cup 2025 ပြိုင်ပွဲ ပွဲစဉ်(၂)နဲ့ ပွဲစဉ်(၃)ထဲက စောင့်ကြည့် ချင်စရာအကောင်းဆုံးပွဲစဉ်တွေကို သုံးသပ်တင်ပြ သွားချင်ပါတယ်။

ရီးရဲလ်မက်ဒရစ် Vs ပါချူကာ

ထိပ်တိုက်တွေ့ဆုံမှုရလဒ်
ရီးရဲလ်မက်ဒရစ် ၃-ဝ ပါချူကာ(၁၈-၁၂-၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်

ရီးရဲလ်မက်ဒရစ်အသင်းက ပြီးခဲ့တဲ့ရာသီမှာ အဓိကပြည်တွင်းဖလားတွေဖြစ်တဲ့ လာလီဂါနဲ့ စပိန်ဘုရင့်ဖလား ပြိုင်ပွဲတွေမှာ ခါးသီးပြိုင်ဘက် ဘာစီလိုနာအသင်းကို ဗိုလ်လုပွဲ(၂)ပွဲလုံးရှုံးနိမ့်ပြီး ဆုဖလားတွေကို လက်လွှတ်ခဲ့ရတဲ့ အသင်းဖြစ်ပါတယ်။ ဒါ့ပြင် ဒီနှစ်ရာသီ ဘာစီလိုနာအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ပွဲစဉ်(၅)ပွဲလုံး ရှုံးနိမ့်ခဲ့ပြီး အမ် ဘတ်ပီကို ခေါ်ယူခဲ့ပြီးနောက်ပိုင်း ခြေစွမ်းပိုင်းက မနှစ်ကရာသီထက် ဆိုးရွားခဲ့တာကိုတွေ့ရပါတယ်။ ဒါပေမဲ့ ဒီနှစ်ရာသီ မှာတော့နည်းပြ အန်ဆော့လော့တီ ထွက်ခွာမှုနဲ့အတူ လေဗာကူဆင်အသင်းမှာ အရည်အသွေးကောင်းတွေ ပြသထား နိုင်ခဲ့တဲ့ အသင်းရဲ့ကစားသမားဟောင်း အလွန်ဆိုကို နည်းပြခန့်အပ်ပြီးနောက်ပိုင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ Training တွေကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကစားပြီး နည်းစနစ်ပိုင်းကို အသက်သွင်းဖို့ ကြိုးစားနေပြီဖြစ်တဲ့ အလွန်ဆိုရဲ့ နည်းဗျူဟာတွေကို ဒီပြိုင်ပွဲမှာ စောင့်ကြည့်သွား ရဖို့ရှိနေပါတယ်။ ဒါ့ပြင် နည်းပြအလွန်ဆိုရဲ့ အသင်း ဟောင်းဖြစ်တဲ့ လီဗာပူးလ်အသင်းက အာနိုးကိုလည်း ခေါ်ယူထားပြီဖြစ်တာကြောင့် ဒီနှစ်ရာသီမှာ ရီးရဲလ် မက်ဒရစ်အသင်းရဲ့ ကစားပုံတိုးတက်လာဖို့ရှိနေသလို အမ်ဘတ်ပီ၊ ဗီးနစ်ဇီးယက်၊ ဘယ်လင်ဟမ်တို့ရဲ့ တိုက်စစ်အတွဲဟာ အလွန်ဆို လက်ထက်မှာ ပိုကြမ်း လာနိုင်မလားဆိုတာကို စောင့်ကြည့်ရဖို့ရှိနေပါတယ်။ လက်ရှိ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ရီးရဲလ် မက်ဒရစ်အသင်းက ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးနေရာမှာ ရပ်တည်နေတာကိုတွေ့ရပါတယ်။ ပါချူကာ အသင်းက တော့ မက္ကဆီကိုအခြေစိုက် ကလပ်အသင်း တစ်သင်းဖြစ်ပြီး ခြေစွမ်းပိုင်းမှာလည်း သာမန်ခြေစွမ်း လောက်သာရှိတဲ့ အသင်းတစ်သင်းဖြစ်တာကြောင့် ဒီပွဲစဉ်က ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဂိုးပြတ်နိုင်ပွဲ တစ်ပွဲလို့ဆိုနိုင်ပါတယ်။ ထိပ်တိုက် တွေ့ဆုံမှုအရ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပါချူကာအသင်းကို ပြီးခဲ့တဲ့ 2024 FIFA Intercontinental Cup ပြိုင်ပွဲ ဗိုလ်လုပွဲမှာ (၃)ဂိုးပြတ်နဲ့အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့တာကြောင့် ဒီပြိုင်ပွဲက စောင့်ကြည့်ချင်စရာ ကောင်းလာဖို့ရှိနေပါ တယ်။ ဒီပြိုင်ပွဲက ရီးရဲလ်မက် ဒရစ်အသင်းရဲ့ လာလီဂါပြိုင်ပွဲတွေ ပြန်မစခင်မှာ ကြည့်ရမယ့်ပွဲစဉ်ဖြစ်တာကြောင့် ပရိသတ်တွေ အနေနဲ့လည်း ကိုယ့်အသင်းမှာ ကစားသမားသစ် တွေရဲ့ အထိုင်ကျမှုကို မြန်ဆန်စွာမြင်တွေ့ရဖို့လည်း ရှိနေပါတယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့ပွဲစဉ်က ရီးရဲလ် မက်ဒရစ်အသင်းကပဲ ဂိုးပြတ်အနိုင်ရလဒ်နဲ့ အနိုင် (၃)မှတ်ရယူ သွားနိုင်ပါတယ်။
ဘင်ဖီကာ Vs ဘိုင်ယန်မြူးနစ်

ထိပ်တိုက်တွေ့ဆုံမှုရလဒ်
ဘိုင်ယန် ၁ - ဝ ဘင်ဖီကာ(၇-၁၁ -၂၀၂၄)
ဘိုင်ယန် ၅ - ၂ ဘင်ဖီကာ (၃- ၁၁ -၂၀၂၁)

NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဘင်ဖီကာ ၂ - ၄ ဘိုင်ယန်မြူးနစ်
ဘင်ဖီကာ ၂ - ၃ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်အသင်းက ပြီးခဲ့တဲ့ရာသီမှာ ဘွန်ဒက်လီဂါဖလားကို ရမှတ်(၁၃)မှတ်ဖြတ်ပြီး ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းဖလားပြိုင်ပွဲတွေနဲ့ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲ တွေမှာတော့ ထင်သလောက် ခရီးမရောက်ခဲ့တဲ့အသင်းဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်း ခြေစွမ်း ပိုင်း ကျဆင်းသွားခြင်းရဲ့ အဓိကအချက်ကတော့ အသင်းရဲ့ တိုက်စစ်တစ်နေရာမှာ သောမတ်မူလာ အသက်အရွယ်ရလာမှု၊ လီဝန်ဒေါ့စကီးလို အဆုံးအဖြတ်ပေး နိုင်တဲ့အပြင် ပွဲရဲ့အဖြေကိုပါ ပြောင်းလဲ ပေးနိုင်တဲ့ တိုက်စစ်ကစားသမားမရှိမှု၊ ကွင်းလယ်ပိုင်း မှာလည်း ကင်းမစ်နဲ့အတူ လိုက်ပါစီးမျောနိုင်မယ့် ကွင်း လယ်အဖျက်ကစားသမားကောင်းမရှိမှုနဲ့ နည်းပြအပြောင်းအလဲများမှုတွေကြောင့် ပဲဖြစ်ပါတယ်။ သောမတ်တူချယ်လို ဂျာမန်နည်းပြတစ်ယောက်ကို ရရှိခဲ့ပေမယ့်လည်း ရလဒ်ပိုင်းကောင်းမွန်မှုမရှိတဲ့ အတွက် နည်းပြ ကွန်ပနီလို နည်းပြအတွေ့အကြုံကောင်းမရှိသေးတဲ့ နည်းပြတစ်ယောက်နဲ့ အစားထိုးလိုက် တာက လည်း ဘိုင်ယန်မြူးနစ်အသင်းအတွက် ပေးဆပ်မှု ကြီးမားသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲမှာတော့ ဘိုင်ယန် မြူးနစ်အသင်းက အဖွင့်ပွဲ စဉ်မှာတင် (၁၀) ဂိုးအထိသွင်းယူပြီး စံချိန်တင်ထားသလို တိုက်စစ်ပိုင်းထက်မြက်မှုကို ပြသထားပါတယ်။ ဘင်ဖီကာအသင်းကတော့ ပေါ်တူဂီလိဂ်ရဲ့ အကောင်း ဆုံးအသင်းထဲမှာ ပါဝင်တဲ့အသင်းဖြစ်ပြီး ချန်ပီ ယံဆုတွေကိုလည်း ရရှိနိုင်ခဲ့တဲ့အသင်းဖြစ်ပါတယ်။ ဒီနှစ်သင်းက ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာ မကြာခဏ တွေ့ဆုံခဲ့တဲ့ အသင်းတွေဖြစ်ပြီး ထိပ်တိုက်တွေ့မှုများ ပြားခဲ့တာကိုတွေ့ရပါတယ်။ ဒါပေမဲ့ ထိပ်တိုက်တွေ့ ဆုံမှုတိုင်းမှာ ဘိုင်ယန် မြူးနစ်အသင်းက နိုင်ပွဲအများ ဆုံးရရှိထားတာကိုတွေ့ရပြီး ခြေစွမ်းပိုင်းလည်း ပိုကောင်းတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီပြိုင်ပွဲမှာ ဘင်ဖီကာအသင်းရဲ့ ရမှတ်လိုအပ်မှုနဲ့ ဘိုင်ယန်မြူး နစ်အသင်းရဲ့ ဇယားထိပ်ကို ဦးဆောင်လိုမှုတွေ ကြောင့် အပြန်အလှန်သွင်းဂိုးတွေကို မြင်တွေ့ရဖို့ရှိနေပြီး နိုင်ပွဲအနေနဲ့ကတော့ ဘိုင်ယန်မြူးနစ် အသင်းကပဲ (၁)ဂိုး အကွာလောက်နဲ့ နိုင်ပါမယ်။
အက်သလက်တီကို Vs ဘိုတာဖိုကို

NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အက်သလက်တီကို ၂ - ၁ ဘိုတာဖိုကို
အက်သလက်တီကို ၂ - ဝ ဘိုတာဖိုကို

အက်သလက်တီကိုမက်ဒရစ်အသင်းက (၂၀၂၀ - ၂၀၂၁) ဘောလုံးရာသီမှာ လာလီဂါချန် ပီယံဖြစ်ခဲ့ပြီး နောက်ပိုင်းကတည်းက ခြေစွမ်းပိုင်း ကျဆင်းခဲ့ပြီး ပြည်တွင်းလိဂ်ပြိုင်ပွဲတွေမှာရော ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာပါ အောင်မြင်မှုတွေနဲ့ ဝေးကွာခဲ့တဲ့အသင်းဖြစ်ပါတယ်။ ဒါပေမဲ့ အက်သလက် တီကိုဟာ လာလီဂါမှာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလို နာအသင်းတွေကို အကောင်းဆုံးခြေစွမ်းတွေနဲ့ စိန်ခေါ်နိုင်ခဲ့တဲ့ ဗီလိန်အသင်းတစ်သင်းဖြစ်ပြီး အက်သလက် တီကိုသာမရှိခဲ့ရင် ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတွေရဲ့ လာလီဂါမှာ ကြီးစိုးမှုတွေကိုသာ မြင်တွေ့သွားရမှာ ဖြစ်ပါ တယ်။ ဒါ့ပြင် အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ကစားသမား ကောင်းတွေရဲ့ မွေးဖွာခဲ့ရာ ကလပ်အသင်းတစ်ခုဖြစ် သလို ချန်ပီယံလိဂ်ဖိုင်နယ်အဆင့်ကို အကြိမ်ကြိမ် တက်ရောက်ခဲ့ပေမယ့် ရှုံးနိမ့်မှုတွေသာ ရင်ဆိုင်ခဲ့ရတာကြောင့် အကောင်းဆုံးအရှုံးသမားတွေအဖြစ် ဂုဏ်ပြုချင်စရာကောင်းတဲ့ အသင်းလည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီပြိုင်ပွဲမှာ အက် သလက်တီကိုအသင်းရဲ့ ခြေစွမ်းကို စောင့်ကြည့်ရမှာဖြစ်သလို အသင်းကြီးတွေရဲ့ ချန်ပီယံအိမ်မက်ကို ဖျက်ဆီးမယ့် အသင်းလို့ လည်း ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အဖွင့်ပွဲစဉ်မှာပဲ PSG အသင်းကို (၄)ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စုပွဲစဉ် တွေမှာ အက်သလက်တီကိုအသင်းအတွက် ဒီပွဲစဉ်က မဖြစ်မနေ နိုင်ပွဲရယူထားမှသာ အုပ်စုတက်ဖို့ အခြေအနေ ကောင်းနိုင်မှာဖြစ်ပါတယ်။ ဘိုတာဖိုကိုအသင်းကတော့ ဘရာဇီးအခြေစိုက်က လပ်အသင်းတစ်သင်းဖြစ်ပြီး ခြေစွမ်းပိုင်း အရမ်းကြီး ကောင်းမွန်မနေတဲ့အပြင် ဘရာဇီးအခြေစိုက် ကလပ်အသင်းတွေဖြစ်တဲ့ ဖလာမင်ဂို၊ ပါလ်မီရာ၊ ဖလူမီနီတို့ ထက် ခြေစွမ်းညံ့တဲ့အသင်းဖြစ်တာကြောင့် ဒီပွဲစဉ်က အက်သလက်တီကိုအသင်းအတွက် အနိုင်(၃)မှတ်သေချာပေါက် ရရှိမယ့် ပွဲစဉ်လို့ ဆိုနိုင်ပါတယ်။ အပြန်အလှန်သွင်းဂိုးအရေအတွက်ကတော့နည်းနိုင်ပြီး (၂)ဂိုးလောက်အကွာနဲ့ နိုင်ပါ မယ်။
အက်စပရန့် Vs ချဲလ်ဆီး
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အက်စပရန့် ဝ - ၂ ချဲလ်ဆီး
အက်စပရန့် ဝ - ၃ ချဲလ်ဆီး

ချဲလ်ဆီးအသင်းက ဒီပြိုင်ပွဲမှာ ခြေစွမ်း ပိုင်းအရကြည့်ရင် တိုးတက်မှုနည်းပါးနေပေမယ့် လူ စာရင်းအရကြည့်ရင် တော့ ကစားသမားသစ်တွေ မြန်မြန်ဆန်ဆန်အသားကျနိုင်မယ့်အနေအထားမျိုးကို မြင်တွေ့ရပါတယ်။ ဒါ့ပြင် ကစားသမားတွေရဲ့ ခြေ စွမ်းပိုင်းကို ဒီပြိုင်ပွဲမှာ အပြည့်အဝ အကဲဖြတ်နိုင် မှာဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်စတာနဲ့ အဆင်သင့်အသုံးပြုနိုင်မယ့် လူစာရင်းတစ်ခုကို ပိုင်ဆိုင်သုံးသပ်သွားနိုင်မှာလည်းဖြစ်ပါတယ်။ နောက်ထပ်တစ်ချက် အနေနဲ့ ချဲလ်ဆီးအသင်းက ဒီပြိုင်ပွဲရဲ့ အုပ်စု (D) မှာ ခြေစွမ်း အကောင်းဆုံးအသင်းဖြစ်ပြီး ဒီပွဲနိုင်တာနဲ့ နောက်တစ် ဆင့်ကို တက်ရောက်နိုင်မယ့် အခွင့်အရေးကောင်းတစ်ခုကို ရရှိမှာလည်းဖြစ်ပါတယ်။ နည်းပြ မာရက်စကာအနေနဲ့လည်း နောက် ထပ်ရောက်ရှိလာမယ့်ကစားသမားတွေကို အသင်းမှာ မြန်ဆန်စွာ အသားကျဖို့ဆိုရင် ဒီပြိုင်ပွဲမှာ အမြင့် ဆုံးအဆင့်တစ်ခုရရှိအောင် စွမ်းဆောင်နိုင်မှသာ ကောင်းမွန်တဲ့ရလဒ်တစ်ခုကို ပုံဖော်နိုင်မှာလည်း ဖြစ်ပါတယ်။ အက်စပရန့်အသင်းကတော့ ချဲလ်ဆီးအသင်းနဲ့ ပထမဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်ရမှု ဖြစ်တဲ့အပြင် တူနီးရှားကလပ် အသင်းနဲ့ ပရီးမီးယား လိဂ်ကလပ်အသင်းကြားမှာ ကွာဟချက်ကြီးမား တာကြောင့် ချဲလ်ဆီးအသင်းကို အနိုင်ကန်ဖို့ လွယ်ကူနေမှာ မဟုတ်တာသေချာပါတယ်။ ဒါ့ပြင် ကစားသမားတစ်ယောက်ချင်းစီရဲ့ အရည်အသွေးနဲ့ တန်ဖိုးကွာ ခြားချက်တွေကလည်း နှစ်သင်းကြားမှာ ကွာဟနေသေးတာကြောင့် ဒီနှစ်သင်းရဲ့ပွဲစဉ်က ချဲလ်ဆီး အသင်းအတွက် နိုင်ပွဲရဖို့ပိုများပြီး ဂိုးပြတ်ရလဒ် တစ်ခုနဲ့အတူ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မယ့် အခွင့်အရေးတစ်ခုကို ပြိုင်ဆိုင်နိုင် မှာလည်းဖြစ်ပါတယ်။

၂၃ - ၆ - ၂၀၂၅ (တနင်္လာနေ့)
နံနက်ပိုင်း(၁း၃၀) ရီးရဲလ်မက်ဒရစ် Vs ပါချူကာ
နံနက်ပိုင်း(၁း၃၀) အက်သလက်တီကို Vs ဘိုတာဖိုကို

၂၄ - ၆ - ၂၀၂၅ (အင်္ဂါနေ့)
နံနက်ပိုင်း(၁း၃၀) ဘင်ဖီကာ Vs ဘိုင်ယန်မြူးနစ်
နံနက်ပိုင်း (ရး၃၀) အက်စပရန့် Vs ချဲလ်ဆီး

ရဲထက်

Zawgyi Version:
ဖီဖာကမာၻ႔ဖလားကလပ္ၿပိဳင္ပြဲ အုပ္စုပြဲစဥ္(၂)နဲ႔ ပြဲစဥ္(၃)ရဲ႕ ပြဲေကာင္းတခ်ိဳ႕ကို သုံးသပ္ျခင္း

FIFA World Cup 2025 ၿပိဳင္ပြဲဟာ ပြဲစဥ္(၂)နဲ႔ (၃)ကို ေရာက္ရွိလာေတာ့မွာျဖစ္တာ ေၾကာင့္ အသင္းႀကီးေတြရဲ႕ ကိုယ္စီႏိုင္ပြဲေတြနဲ႔အတူ ပရိသတ္ေတြအတြက္ ရသေျမာက္တဲ့ပြဲစဥ္ေတြကို ေစာင့္ၾကည့္ရဖို႔ရွိလာေနၿပီပဲ ျဖစ္ပါတယ္။ ဒီၿပိဳင္ပြဲက အုပ္စုပြဲစဥ္ေတြနဲ႔ ပထမဆုံးအႀကိမ္က်င္းပတာျဖစ္တဲ့အျပင္ အေမရိကန္ႏိုင္ငံမွာ က်င္းပတာျဖစ္တဲ့အတြက္ ပြဲစဥ္အခ်ိန္ဇယားေတြအရ ေန႔ဘက္ေရာ ညဘက္မွာ ကစားရတဲ့ပြဲစဥ္ေတြျဖစ္တာေၾကာင့္ ကစားသမားေတြအေနနဲ႔ အပူဒဏ္ကိုခံရၿပီး ေျခစြမ္းပိုင္းအေပၚမွာလည္း သက္ေရာက္မႈေတြရွိလာႏိုင္ပါတယ္။ ဒါေပမဲ့လည္း အသင္းႀကီးေတြရဲ႕ ေျခစြမ္းပိုင္းကို ရာသီႀကိဳေျခစမ္းပြဲေတြအျဖစ္ေတြ႕ျမင္ရမွာျဖစ္တာေၾကာင့္ ဒီၿပိဳင္ပြဲက ပရိသတ္ေတြအတြက္ ေစာင့္ၾကည့္ ခ်င္စရာေကာင္းတဲ့ ၿပိဳင္ပြဲတစ္ခုလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ NP News ကေန FIFA World Cup 2025 ၿပိဳင္ပြဲ ပြဲစဥ္(၂)နဲ႔ ပြဲစဥ္(၃)ထဲက ေစာင့္ၾကည့္ ခ်င္စရာအေကာင္းဆုံးပြဲစဥ္ေတြကို သုံးသပ္တင္ျပ သြားခ်င္ပါတယ္။

ရီးရဲလ္မက္ဒရစ္ Vs ပါခ်ဴကာ

ထိပ္တိုက္ေတြ႕ဆုံမႈရလဒ္
ရီးရဲလ္မက္ဒရစ္ ၃-ဝ ပါခ်ဴကာ(၁၈-၁၂-၂၀၂၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္

ရီးရဲလ္မက္ဒရစ္အသင္းက ၿပီးခဲ့တဲ့ရာသီမွာ အဓိကျပည္တြင္းဖလားေတြျဖစ္တဲ့ လာလီဂါနဲ႔ စပိန္ဘုရင့္ဖလား ၿပိဳင္ပြဲေတြမွာ ခါးသီးၿပိဳင္ဘက္ ဘာစီလိုနာအသင္းကို ဗိုလ္လုပြဲ(၂)ပြဲလုံးရႈံးနိမ့္ၿပီး ဆုဖလားေတြကို လက္လႊတ္ခဲ့ရတဲ့ အသင္းျဖစ္ပါတယ္။ ဒါ့ျပင္ ဒီႏွစ္ရာသီ ဘာစီလိုနာအသင္းနဲ႔ ထိပ္တိုက္ေတြ႕ဆုံခဲ့တဲ့ ပြဲစဥ္(၅)ပြဲလုံး ရႈံးနိမ့္ခဲ့ၿပီး အမ္ ဘတ္ပီကို ေခၚယူခဲ့ၿပီးေနာက္ပိုင္း ေျခစြမ္းပိုင္းက မႏွစ္ကရာသီထက္ ဆိုး႐ြားခဲ့တာကိုေတြ႕ရပါတယ္။ ဒါေပမဲ့ ဒီႏွစ္ရာသီ မွာေတာ့နည္းျပ အန္ေဆာ့ေလာ့တီ ထြက္ခြာမႈနဲ႔အတူ ေလဗာကူဆင္အသင္းမွာ အရည္အေသြးေကာင္းေတြ ျပသထား ႏိုင္ခဲ့တဲ့ အသင္းရဲ႕ကစားသမားေဟာင္း အလြန္ဆိုကို နည္းျပခန႔္အပ္ၿပီးေနာက္ပိုင္းမွာ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ Training ေတြကို ကိုယ္တိုင္ကိုယ္က် ပါဝင္ကစားၿပီး နည္းစနစ္ပိုင္းကို အသက္သြင္းဖို႔ ႀကိဳးစားေနၿပီျဖစ္တဲ့ အလြန္ဆိုရဲ႕ နည္းဗ်ဴဟာေတြကို ဒီၿပိဳင္ပြဲမွာ ေစာင့္ၾကည့္သြား ရဖို႔ရွိေနပါတယ္။ ဒါ့ျပင္ နည္းျပအလြန္ဆိုရဲ႕ အသင္း ေဟာင္းျဖစ္တဲ့ လီဗာပူးလ္အသင္းက အာႏိုးကိုလည္း ေခၚယူထားၿပီျဖစ္တာေၾကာင့္ ဒီႏွစ္ရာသီမွာ ရီးရဲလ္ မက္ဒရစ္အသင္းရဲ႕ ကစားပုံတိုးတက္လာဖို႔ရွိေနသလို အမ္ဘတ္ပီ၊ ဗီးနစ္ဇီးယက္၊ ဘယ္လင္ဟမ္တို႔ရဲ႕ တိုက္စစ္အတြဲဟာ အလြန္ဆို လက္ထက္မွာ ပိုၾကမ္း လာႏိုင္မလားဆိုတာကို ေစာင့္ၾကည့္ရဖို႔ရွိေနပါတယ္။ လက္ရွိ ဖီဖာကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း ရီးရဲလ္ မက္ဒရစ္အသင္းက ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံးေနရာမွာ ရပ္တည္ေနတာကိုေတြ႕ရပါတယ္။ ပါခ်ဴကာ အသင္းက ေတာ့ မကၠဆီကိုအေျခစိုက္ ကလပ္အသင္း တစ္သင္းျဖစ္ၿပီး ေျခစြမ္းပိုင္းမွာလည္း သာမန္ေျခစြမ္း ေလာက္သာရွိတဲ့ အသင္းတစ္သင္းျဖစ္တာေၾကာင့္ ဒီပြဲစဥ္က ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ဂိုးျပတ္ႏိုင္ပြဲ တစ္ပြဲလို႔ဆိုႏိုင္ပါတယ္။ ထိပ္တိုက္ ေတြ႕ဆုံမႈအရ ရီးရဲလ္မက္ဒရစ္အသင္းဟာ ပါခ်ဴကာအသင္းကို ၿပီးခဲ့တဲ့ 2024 FIFA Intercontinental Cup ၿပိဳင္ပြဲ ဗိုလ္လုပြဲမွာ (၃)ဂိုးျပတ္နဲ႔အႏိုင္ယူၿပီး ခ်န္ပီယံျဖစ္ခဲ့တာေၾကာင့္ ဒီၿပိဳင္ပြဲက ေစာင့္ၾကည့္ခ်င္စရာ ေကာင္းလာဖို႔ရွိေနပါ တယ္။ ဒီၿပိဳင္ပြဲက ရီးရဲလ္မက္ ဒရစ္အသင္းရဲ႕ လာလီဂါၿပိဳင္ပြဲေတြ ျပန္မစခင္မွာ ၾကည့္ရမယ့္ပြဲစဥ္ျဖစ္တာေၾကာင့္ ပရိသတ္ေတြ အေနနဲ႔လည္း ကိုယ့္အသင္းမွာ ကစားသမားသစ္ ေတြရဲ႕ အထိုင္က်မႈကို ျမန္ဆန္စြာျမင္ေတြ႕ရဖို႔လည္း ရွိေနပါတယ္။ ဒါေၾကာင့္ ဒီႏွစ္သင္းရဲ႕ပြဲစဥ္က ရီးရဲလ္ မက္ဒရစ္အသင္းကပဲ ဂိုးျပတ္အႏိုင္ရလဒ္နဲ႔ အႏိုင္ (၃)မွတ္ရယူ သြားႏိုင္ပါတယ္။
ဘင္ဖီကာ Vs ဘိုင္ယန္ျမဴးနစ္

ထိပ္တိုက္ေတြ႕ဆုံမႈရလဒ္
ဘိုင္ယန္ ၁ - ဝ ဘင္ဖီကာ(၇-၁၁ -၂၀၂၄)
ဘိုင္ယန္ ၅ - ၂ ဘင္ဖီကာ (၃- ၁၁ -၂၀၂၁)

NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဘင္ဖီကာ ၂ - ၄ ဘိုင္ယန္ျမဴးနစ္
ဘင္ဖီကာ ၂ - ၃ ဘိုင္ယန္ျမဴးနစ္

ဘိုင္ယန္ျမဴးနစ္အသင္းက ၿပီးခဲ့တဲ့ရာသီမွာ ဘြန္ဒက္လီဂါဖလားကို ရမွတ္(၁၃)မွတ္ျဖတ္ၿပီး ခ်န္ပီယံျဖစ္ခဲ့တဲ့ အသင္းျဖစ္ပါတယ္။ ဒါေပမဲ့ ျပည္တြင္းဖလားၿပိဳင္ပြဲေတြနဲ႔ ဥေရာပခ်န္ပီယံလိဂ္ၿပိဳင္ပြဲ ေတြမွာေတာ့ ထင္သေလာက္ ခရီးမေရာက္ခဲ့တဲ့အသင္းျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္း ေျခစြမ္း ပိုင္း က်ဆင္းသြားျခင္းရဲ႕ အဓိကအခ်က္ကေတာ့ အသင္းရဲ႕ တိုက္စစ္တစ္ေနရာမွာ ေသာမတ္မူလာ အသက္အ႐ြယ္ရလာမႈ၊ လီဝန္ေဒါ့စကီးလို အဆုံးအျဖတ္ေပး ႏိုင္တဲ့အျပင္ ပြဲရဲ႕အေျဖကိုပါ ေျပာင္းလဲ ေပးႏိုင္တဲ့ တိုက္စစ္ကစားသမားမရွိမႈ၊ ကြင္းလယ္ပိုင္း မွာလည္း ကင္းမစ္နဲ႔အတူ လိုက္ပါစီးေမ်ာႏိုင္မယ့္ ကြင္း လယ္အဖ်က္ကစားသမားေကာင္းမရွိမႈနဲ႔ နည္းျပအေျပာင္းအလဲမ်ားမႈေတြေၾကာင့္ ပဲျဖစ္ပါတယ္။ ေသာမတ္တူခ်ယ္လို ဂ်ာမန္နည္းျပတစ္ေယာက္ကို ရရွိခဲ့ေပမယ့္လည္း ရလဒ္ပိုင္းေကာင္းမြန္မႈမရွိတဲ့ အတြက္ နည္းျပ ကြန္ပနီလို နည္းျပအေတြ႕အႀကဳံေကာင္းမရွိေသးတဲ့ နည္းျပတစ္ေယာက္နဲ႔ အစားထိုးလိုက္ တာက လည္း ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ ေပးဆပ္မႈ ႀကီးမားသြားခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ ဒီၿပိဳင္ပြဲမွာေတာ့ ဘိုင္ယန္ ျမဴးနစ္အသင္းက အဖြင့္ပြဲ စဥ္မွာတင္ (၁၀) ဂိုးအထိသြင္းယူၿပီး စံခ်ိန္တင္ထားသလို တိုက္စစ္ပိုင္းထက္ျမက္မႈကို ျပသထားပါတယ္။ ဘင္ဖီကာအသင္းကေတာ့ ေပၚတူဂီလိဂ္ရဲ႕ အေကာင္း ဆုံးအသင္းထဲမွာ ပါဝင္တဲ့အသင္းျဖစ္ၿပီး ခ်န္ပီ ယံဆုေတြကိုလည္း ရရွိႏိုင္ခဲ့တဲ့အသင္းျဖစ္ပါတယ္။ ဒီႏွစ္သင္းက ဥေရာပခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ မၾကာခဏ ေတြ႕ဆုံခဲ့တဲ့ အသင္းေတြျဖစ္ၿပီး ထိပ္တိုက္ေတြ႕မႈမ်ား ျပားခဲ့တာကိုေတြ႕ရပါတယ္။ ဒါေပမဲ့ ထိပ္တိုက္ေတြ႕ ဆုံမႈတိုင္းမွာ ဘိုင္ယန္ ျမဴးနစ္အသင္းက ႏိုင္ပြဲအမ်ား ဆုံးရရွိထားတာကိုေတြ႕ရၿပီး ေျခစြမ္းပိုင္းလည္း ပိုေကာင္းတာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္ ဒီၿပိဳင္ပြဲမွာ ဘင္ဖီကာအသင္းရဲ႕ ရမွတ္လိုအပ္မႈနဲ႔ ဘိုင္ယန္ျမဴး နစ္အသင္းရဲ႕ ဇယားထိပ္ကို ဦးေဆာင္လိုမႈေတြ ေၾကာင့္ အျပန္အလွန္သြင္းဂိုးေတြကို ျမင္ေတြ႕ရဖို႔ရွိေနၿပီး ႏိုင္ပြဲအေနနဲ႔ကေတာ့ ဘိုင္ယန္ျမဴးနစ္ အသင္းကပဲ (၁)ဂိုး အကြာေလာက္နဲ႔ ႏိုင္ပါမယ္။
အက္သလက္တီကို Vs ဘိုတာဖိုကို

NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
အက္သလက္တီကို ၂ - ၁ ဘိုတာဖိုကို
အက္သလက္တီကို ၂ - ဝ ဘိုတာဖိုကို

အက္သလက္တီကိုမက္ဒရစ္အသင္းက (၂၀၂၀ - ၂၀၂၁) ေဘာလုံးရာသီမွာ လာလီဂါခ်န္ ပီယံျဖစ္ခဲ့ၿပီး ေနာက္ပိုင္းကတည္းက ေျခစြမ္းပိုင္း က်ဆင္းခဲ့ၿပီး ျပည္တြင္းလိဂ္ၿပိဳင္ပြဲေတြမွာေရာ ဥေရာပခ်န္ပီယံလိဂ္ၿပိဳင္ပြဲေတြမွာပါ ေအာင္ျမင္မႈေတြနဲ႔ ေဝးကြာခဲ့တဲ့အသင္းျဖစ္ပါတယ္။ ဒါေပမဲ့ အက္သလက္ တီကိုဟာ လာလီဂါမွာ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလို နာအသင္းေတြကို အေကာင္းဆုံးေျခစြမ္းေတြနဲ႔ စိန္ေခၚႏိုင္ခဲ့တဲ့ ဗီလိန္အသင္းတစ္သင္းျဖစ္ၿပီး အက္သလက္ တီကိုသာမရွိခဲ့ရင္ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာအသင္းေတြရဲ႕ လာလီဂါမွာ ႀကီးစိုးမႈေတြကိုသာ ျမင္ေတြ႕သြားရမွာ ျဖစ္ပါ တယ္။ ဒါ့ျပင္ အက္သလက္တီကိုမက္ဒရစ္အသင္းဟာ ကစားသမား ေကာင္းေတြရဲ႕ ေမြးဖြာခဲ့ရာ ကလပ္အသင္းတစ္ခုျဖစ္ သလို ခ်န္ပီယံလိဂ္ဖိုင္နယ္အဆင့္ကို အႀကိမ္ႀကိမ္ တက္ေရာက္ခဲ့ေပမယ့္ ရႈံးနိမ့္မႈေတြသာ ရင္ဆိုင္ခဲ့ရတာေၾကာင့္ အေကာင္းဆုံးအရႈံးသမားေတြအျဖစ္ ဂုဏ္ျပဳခ်င္စရာေကာင္းတဲ့ အသင္းလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီၿပိဳင္ပြဲမွာ အက္ သလက္တီကိုအသင္းရဲ႕ ေျခစြမ္းကို ေစာင့္ၾကည့္ရမွာျဖစ္သလို အသင္းႀကီးေတြရဲ႕ ခ်န္ပီယံအိမ္မက္ကို ဖ်က္ဆီးမယ့္ အသင္းလို႔ လည္း ဆိုႏိုင္ပါတယ္။ ဒါေပမဲ့ အဖြင့္ပြဲစဥ္မွာပဲ PSG အသင္းကို (၄)ဂိုးျပတ္နဲ႔ရႈံးနိမ့္ခဲ့တာေၾကာင့္ အုပ္စုပြဲစဥ္ ေတြမွာ အက္သလက္တီကိုအသင္းအတြက္ ဒီပြဲစဥ္က မျဖစ္မေန ႏိုင္ပြဲရယူထားမွသာ အုပ္စုတက္ဖို႔ အေျခအေန ေကာင္းႏိုင္မွာျဖစ္ပါတယ္။ ဘိုတာဖိုကိုအသင္းကေတာ့ ဘရာဇီးအေျခစိုက္က လပ္အသင္းတစ္သင္းျဖစ္ၿပီး ေျခစြမ္းပိုင္း အရမ္းႀကီး ေကာင္းမြန္မေနတဲ့အျပင္ ဘရာဇီးအေျခစိုက္ ကလပ္အသင္းေတြျဖစ္တဲ့ ဖလာမင္ဂို၊ ပါလ္မီရာ၊ ဖလူမီနီတို႔ ထက္ ေျခစြမ္းညံ့တဲ့အသင္းျဖစ္တာေၾကာင့္ ဒီပြဲစဥ္က အက္သလက္တီကိုအသင္းအတြက္ အႏိုင္(၃)မွတ္ေသခ်ာေပါက္ ရရွိမယ့္ ပြဲစဥ္လို႔ ဆိုႏိုင္ပါတယ္။ အျပန္အလွန္သြင္းဂိုးအေရအတြက္ကေတာ့နည္းႏိုင္ၿပီး (၂)ဂိုးေလာက္အကြာနဲ႔ ႏိုင္ပါ မယ္။
အက္စပရန႔္ Vs ခ်ဲလ္ဆီး
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
အက္စပရန႔္ ဝ - ၂ ခ်ဲလ္ဆီး
အက္စပရန႔္ ဝ - ၃ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းက ဒီၿပိဳင္ပြဲမွာ ေျခစြမ္း ပိုင္းအရၾကည့္ရင္ တိုးတက္မႈနည္းပါးေနေပမယ့္ လူ စာရင္းအရၾကည့္ရင္ ေတာ့ ကစားသမားသစ္ေတြ ျမန္ျမန္ဆန္ဆန္အသားက်ႏိုင္မယ့္အေနအထားမ်ိဳးကို ျမင္ေတြ႕ရပါတယ္။ ဒါ့ျပင္ ကစားသမားေတြရဲ႕ ေျခ စြမ္းပိုင္းကို ဒီၿပိဳင္ပြဲမွာ အျပည့္အဝ အကဲျဖတ္ႏိုင္ မွာျဖစ္ၿပီး ပရီးမီးယားလိဂ္ပြဲစဥ္ေတြ ျပန္စတာနဲ႔ အဆင္သင့္အသုံးျပဳႏိုင္မယ့္ လူစာရင္းတစ္ခုကို ပိုင္ဆိုင္သုံးသပ္သြားႏိုင္မွာလည္းျဖစ္ပါတယ္။ ေနာက္ထပ္တစ္ခ်က္ အေနနဲ႔ ခ်ဲလ္ဆီးအသင္းက ဒီၿပိဳင္ပြဲရဲ႕ အုပ္စု (D) မွာ ေျခစြမ္း အေကာင္းဆုံးအသင္းျဖစ္ၿပီး ဒီပြဲႏိုင္တာနဲ႔ ေနာက္တစ္ ဆင့္ကို တက္ေရာက္ႏိုင္မယ့္ အခြင့္အေရးေကာင္းတစ္ခုကို ရရွိမွာလည္းျဖစ္ပါတယ္။ နည္းျပ မာရက္စကာအေနနဲ႔လည္း ေနာက္ ထပ္ေရာက္ရွိလာမယ့္ကစားသမားေတြကို အသင္းမွာ ျမန္ဆန္စြာ အသားက်ဖို႔ဆိုရင္ ဒီၿပိဳင္ပြဲမွာ အျမင့္ ဆုံးအဆင့္တစ္ခုရရွိေအာင္ စြမ္းေဆာင္ႏိုင္မွသာ ေကာင္းမြန္တဲ့ရလဒ္တစ္ခုကို ပုံေဖာ္ႏိုင္မွာလည္း ျဖစ္ပါတယ္။ အက္စပရန႔္အသင္းကေတာ့ ခ်ဲလ္ဆီးအသင္းနဲ႔ ပထမဆုံးအႀကိမ္ ထိပ္တိုက္ရင္ဆိုင္ရမႈ ျဖစ္တဲ့အျပင္ တူနီးရွားကလပ္ အသင္းနဲ႔ ပရီးမီးယား လိဂ္ကလပ္အသင္းၾကားမွာ ကြာဟခ်က္ႀကီးမား တာေၾကာင့္ ခ်ဲလ္ဆီးအသင္းကို အႏိုင္ကန္ဖို႔ လြယ္ကူေနမွာ မဟုတ္တာေသခ်ာပါတယ္။ ဒါ့ျပင္ ကစားသမားတစ္ေယာက္ခ်င္းစီရဲ႕ အရည္အေသြးနဲ႔ တန္ဖိုးကြာ ျခားခ်က္ေတြကလည္း ႏွစ္သင္းၾကားမွာ ကြာဟေနေသးတာေၾကာင့္ ဒီႏွစ္သင္းရဲ႕ပြဲစဥ္က ခ်ဲလ္ဆီး အသင္းအတြက္ ႏိုင္ပြဲရဖို႔ပိုမ်ားၿပီး ဂိုးျပတ္ရလဒ္ တစ္ခုနဲ႔အတူ ေနာက္တစ္ဆင့္ကို တက္လွမ္းႏိုင္မယ့္ အခြင့္အေရးတစ္ခုကို ၿပိဳင္ဆိုင္ႏိုင္ မွာလည္းျဖစ္ပါတယ္။

၂၃ - ၆ - ၂၀၂၅ (တနလၤာေန႔)
နံနက္ပိုင္း(၁း၃၀) ရီးရဲလ္မက္ဒရစ္ Vs ပါခ်ဴကာ
နံနက္ပိုင္း(၁း၃၀) အက္သလက္တီကို Vs ဘိုတာဖိုကို

၂၄ - ၆ - ၂၀၂၅ (အဂၤါေန႔)
နံနက္ပိုင္း(၁း၃၀) ဘင္ဖီကာ Vs ဘိုင္ယန္ျမဴးနစ္
နံနက္ပိုင္း (ရး၃၀) အက္စပရန႔္ Vs ခ်ဲလ္ဆီး

ရဲထက္

Related news

© 2021. All rights reserved.