MAI လေကြောင်းလိုင်းသို့ Airbus A-319 လေယာဥ်တစ်စီး ထပ်မံရောက်ရှိ

949

ချယ်ရီ (NP News) - ဇွန် ၂၃
MAI လေကြောင်းလိုင်းသို့ သတ္တမအကြိမ်မြောက် Airbus A-319 လေယာဥ်တစ်စီးထပ်မံရောက်ရှိခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း(MAI)ထံမှ သိရသည်။
အဆိုပါ လေယာဉ်သည် ယနေ့ (ဇွန်လ ၂၃)ရက်၊ နေ့လည်(၁၁)နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ခဲ့ခြင်းဖြစ်ပြီး မြန့်မာလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အတူ MAI ဥက္ကဌ နှင့် တာဝန်ရှိသူတို့ လာရောက်ကြိုဆိုခဲ့ကြခြင်း ဖြစ်သည်။
“ဒီ Airbus A-319 ရောက်ရှိဖို့ကြိုးစားနေတာကတော့ လွန်ခဲ့တဲ့ (၆)လကျော်လောက်ကတည်းက ကြိုးစားနေခဲ့တာပါ။ ဥရောပက မြို့တစ်မြို့ကနေ ငှားရမ်းပျံသန်းပြေးဆွဲတာဖြစ်ပါတယ်။ ဒီနေ့မှာဆိုရင် XY- ALYက Airbus Fleet ရဲ့ ခုနစ်စီးမြောက် လေယာဉ်ပဲဖြစ်ပါတယ်။ ဒီလေယာဉ်နဲ့ ကိုက်ညီတဲ့ခရီးစဉ်တွေမှာ ပျံသန်းပြေးဆွဲသွားဖို့ ရည်ရွယ်ထားပါတယ်” ဟု အမှုဆောင်အရာရှိချုပ် ကပ္ပတိန် အောင်နိုင်ကြည်က NP News ကို ပြောသည်။
ခရီးသည် (၁၄၀)ဦး တင်ဆောင်နိုင်သော Airbus A-319 လေယာဉ်သည် ရန်ကုန်မှ ဘန်ကောက်မြို့၊ ကွာလာလမ်ပူမြို့၊ စင်ကာပူနိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် ဒူဘိုင်းနိုင်ငံတို့အထိ ပျံသန်းပြေးဆွဲသွားမည်ဖြစ်ပြီး ယခုအခါ MAI၌ လေယာဥ်အစီးရေ စုစုပေါင်း(၁၁)စီးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
“MAI က ပြည်ပခရီးစဉ်ပေါင်းက (၁၉)ခု ရှိပါတယ်။ အရှေ့ဘက်ထိဆိုရင် ကိုရီးယားနဲ့ အနောက်ဘက်ဆိုရင် ဒူဘိုင်းအထိ ပြေးဆွဲပေးနေပါတယ်။ ဆက်လက်ပြီး ပျံသန်းပြေးဆွဲမယ့် မြို့တွေလည်းရှိပါတယ်။ ဥပမာ ဂျပန်ကိုပြေးဆွဲဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ပြည်တွင်းမှာဆိုရင်လည်း မြို့ပေါင်း (၁၇)ခုကို နေ့စဉ်ပျံသန်းပြေးဆွဲနေပါတယ်ခင်ဗျ”ဟု ၎င်းက ရှင်းပြသည်။
အဆိုပါတိုးချဲ့မှုသည် မြန်မာနိုင်ငံနှင့် ဒေသတွင်းရှိ အာဆီယံနိုင်ငံများနှင့် အာရှအကြား လေကြောင်းခရီးစဥ်များကို အကြိမ်ရေတိုးမြှင့်ပျံသန်းပေးနိုင်ရေးနှင့် ခရီးသွားပြည်သူ၊ လုပ်သားများအတွက် ပိုမိုအကျိုးရှိနိုင်စေရေးကို ရည်မှန်းချက်ထားဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
MAI ေလေၾကာင္းလိုင္းသို႔ Airbus A-319 ေလယာဥ္တစ္စီး ထပ္မံေရာက္ရွိ
ခ်ယ္ရီ (NP News) - ဇြန္ ၂၃
MAI ေလေၾကာင္းလိုင္းသို႔ သတၱမအႀကိမ္ေျမာက္ Airbus A-319 ေလယာဥ္တစ္စီးထပ္မံေရာက္ရွိခဲ့ေၾကာင္း အျပည္ျပည္ဆိုင္ရာ ျမန္မာေလေၾကာင္းလိုင္း(MAI)ထံမွ သိရသည္။
အဆိုပါ ေလယာဥ္သည္ ယေန႔ (ဇြန္လ ၂၃)ရက္၊ ေန႔လည္(၁၁)နာရီအခ်ိန္တြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ဆိုက္ေရာက္ခဲ့ျခင္းျဖစ္ၿပီး ျမန႔္မာေလေၾကာင္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ႏွင့္အတူ MAI ဥကၠဌ ႏွင့္ တာဝန္ရွိသူတို႔ လာေရာက္ႀကိဳဆိုခဲ့ၾကျခင္း ျဖစ္သည္။
“ဒီ Airbus A-319 ေရာက္ရွိဖို႔ႀကိဳးစားေနတာကေတာ့ လြန္ခဲ့တဲ့ (၆)လေက်ာ္ေလာက္ကတည္းက ႀကိဳးစားေနခဲ့တာပါ။ ဥေရာပက ၿမိဳ႕တစ္ၿမိဳ႕ကေန ငွားရမ္းပ်ံသန္းေျပးဆြဲတာျဖစ္ပါတယ္။ ဒီေန႔မွာဆိုရင္ XY- ALYက Airbus Fleet ရဲ႕ ခုနစ္စီးေျမာက္ ေလယာဥ္ပဲျဖစ္ပါတယ္။ ဒီေလယာဥ္နဲ႔ ကိုက္ညီတဲ့ခရီးစဥ္ေတြမွာ ပ်ံသန္းေျပးဆြဲသြားဖို႔ ရည္႐ြယ္ထားပါတယ္” ဟု အမႈေဆာင္အရာရွိခ်ဳပ္ ကပၸတိန္ ေအာင္ႏိုင္ၾကည္က NP News ကို ေျပာသည္။
ခရီးသည္ (၁၄၀)ဦး တင္ေဆာင္ႏိုင္ေသာ Airbus A-319 ေလယာဥ္သည္ ရန္ကုန္မွ ဘန္ေကာက္ၿမိဳ႕၊ ကြာလာလမ္ပူၿမိဳ႕၊ စင္ကာပူႏိုင္ငံ၊ ကိုရီးယားႏိုင္ငံႏွင့္ ဒူဘိုင္းႏိုင္ငံတို႔အထိ ပ်ံသန္းေျပးဆြဲသြားမည္ျဖစ္ၿပီး ယခုအခါ MAI၌ ေလယာဥ္အစီးေရ စုစုေပါင္း(၁၁)စီးအထိ ရွိလာၿပီျဖစ္ေၾကာင္း သိရသည္။
“MAI က ျပည္ပခရီးစဥ္ေပါင္းက (၁၉)ခု ရွိပါတယ္။ အေရွ႕ဘက္ထိဆိုရင္ ကိုရီးယားနဲ႔ အေနာက္ဘက္ဆိုရင္ ဒူဘိုင္းအထိ ေျပးဆြဲေပးေနပါတယ္။ ဆက္လက္ၿပီး ပ်ံသန္းေျပးဆြဲမယ့္ ၿမိဳ႕ေတြလည္းရွိပါတယ္။ ဥပမာ ဂ်ပန္ကိုေျပးဆြဲဖို႔ ကြၽန္ေတာ္တို႔ ႀကိဳးစားေနပါတယ္။ ျပည္တြင္းမွာဆိုရင္လည္း ၿမိဳ႕ေပါင္း (၁၇)ခုကို ေန႔စဥ္ပ်ံသန္းေျပးဆြဲေနပါတယ္ခင္ဗ်”ဟု ၎က ရွင္းျပသည္။
အဆိုပါတိုးခ်ဲ႕မႈသည္ ျမန္မာႏိုင္ငံႏွင့္ ေဒသတြင္းရွိ အာဆီယံႏိုင္ငံမ်ားႏွင့္ အာရွအၾကား ေလေၾကာင္းခရီးစဥ္မ်ားကို အႀကိမ္ေရတိုးျမႇင့္ပ်ံသန္းေပးႏိုင္ေရးႏွင့္ ခရီးသြားျပည္သူ၊ လုပ္သားမ်ားအတြက္ ပိုမိုအက်ိဳးရွိႏိုင္ေစေရးကို ရည္မွန္းခ်က္ထားေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း သိရသည္။