ဖားကန့် ၊ လုံးခင်းဒေသတွင် ဓားပြတိုက်ခံရသည့်အပြင် ထပ်မံ ခြိမ်းခြောက်ခံရသော ဖြစ်စဥ် ဖြစ်ပွား

 406

သက်ပိုင်(NP News) ဇွန် ၂၃
ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ၊ငြိမ်းချမ်းသာယာကျေးရွာ၊ ဆွတ်နန် ရပ်ကွက်တွင် ဓားပြတိုက်ခံရသည့်အပြင် ထပ်မံ ခြိမ်းခြောက်ခံရသော ဖြစ်စဥ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်ကဆွတ်နန် ရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို ကချင်စကားပြောသည့် လူလေးဦးမှ သေနတ်များကိုင်ဆောင်ကာ ဓါးပြတိုက်မှုဖြစ်ပွားခဲ့ပြီး ၂၂ ရက်တွင် အဆိုပါဓါးပြများမှ အိမ်ရှင်မိသားစုအား လာရောက်ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက NP News သို့ပြောသည်။
“လူလေးယောက် သေနတ်တွေလဲပါတယ် အထက်က ဒီအိမ်ကိုအကြောင်းကြားတာပါဆိုပြီး အိမ်ထဲဝင်လာတယ်။သူတို့က ရင်းခြောက် (KIA တပ်မဟာ (၉) လက်အောက်ခံ တပ်ရင်း ၆ ) က လာတယ်လို့ပြောတယ်။အိမ်ထဲရောက်တာနဲ့ သေနတ်ထုတ်ကြပါတယ် ။အသံမထွက်ဖို့ပြောပြီး သေတ္တာဖွင့်ပြီး ငွေတွေ ယူသွားတာပါ။အတိအကျ ငွေ သိန်းတစ်ရာတစ်ဆယ့်လေးသိန်းငါးသောင်းပါ။ သူတို့ထဲက နှစ်ယောက်ကို ဖမ်းတော့ ၂၂ ရက်ညနေပိုင်းမှာ နှစ်ယောက်ထပ်လာတယ်။ အိမ်မှာရှိတဲ့ အမေဖြစ်သူကို ငွေပြန်ပေးမယ်။အမှုပိတ်ပေးဆိုပြီး ခြိမ်းခြောက်တယ်။သားဖြစ်သူကိုလည်း သေနတ်နဲ့ နှစ်ခါတောင် ချိန်ဖို့ကြိုးစားခဲ့တယ်။ချိန်တဲ့သူက ဆေးကြောင်နေတဲ့ပုံစံမျိုးပဲ” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် အထက်ပါ ဓားပြတိုက်သူများ အနက် အချို့ကို ဖမ်းမိထားသည်ဟု သိရသော်လည်း ပြည်သူများ အကြား စိုးရိမ်မှု ရှိနေကြောင်း ၎င်းက ပြောသည်။
“ဓါးပြတွေအကုန် မဖမ်းမိသေးတဲ့အတွက် အိမ်ထဲကအိမ်ပြင်ထွက်ဖို့တောင် ကြောက်နေကြတယ်”ဟု မိသားစုနှင့် နီးစပ်သူကဆိုသည်။

Zawgyi Version:
ဖားကန႔္ ၊ လုံးခင္းေဒသတြင္ ဓားျပတိုက္ခံရသည့္အျပင္ ထပ္မံ ၿခိမ္းေျခာက္ခံရေသာ ျဖစ္စဥ္ ျဖစ္ပြား
သက္ပိုင္(NP News) ဇြန္ ၂၃
ကခ်င္ျပည္နယ္၊ဖားကန႔္ၿမိဳ႕နယ္၊ လုံးခင္းေက်း႐ြာအုပ္စု ၊ၿငိမ္းခ်မ္းသာယာေက်း႐ြာ၊ ဆြတ္နန္ ရပ္ကြက္တြင္ ဓားျပတိုက္ခံရသည့္အျပင္ ထပ္မံ ၿခိမ္းေျခာက္ခံရေသာ ျဖစ္စဥ္ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွသိရသည္။
ၿပီးခဲ့သည့္ ဇြန္လ ၂၁ ရက္ကဆြတ္နန္ ရပ္ကြက္ရွိ ေနအိမ္တစ္အိမ္ကို ကခ်င္စကားေျပာသည့္ လူေလးဦးမွ ေသနတ္မ်ားကိုင္ေဆာင္ကာ ဓါးျပတိုက္မႈျဖစ္ပြားခဲ့ၿပီး ၂၂ ရက္တြင္ အဆိုပါဓါးျပမ်ားမွ အိမ္ရွင္မိသားစုအား လာေရာက္ၿခိမ္းေျခာက္ခဲ့ျခင္းျဖစ္ေၾကာင္း မိသားစုႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ေျပာသည္။
“လူေလးေယာက္ ေသနတ္ေတြလဲပါတယ္ အထက္က ဒီအိမ္ကိုအေၾကာင္းၾကားတာပါဆိုၿပီး အိမ္ထဲဝင္လာတယ္။သူတို႔က ရင္းေျခာက္ (KIA တပ္မဟာ (၉) လက္ေအာက္ခံ တပ္ရင္း ၆ ) က လာတယ္လို႔ေျပာတယ္။အိမ္ထဲေရာက္တာနဲ႔ ေသနတ္ထုတ္ၾကပါတယ္ ။အသံမထြက္ဖို႔ေျပာၿပီး ေသတၱာဖြင့္ၿပီး ေငြေတြ ယူသြားတာပါ။အတိအက် ေငြ သိန္းတစ္ရာတစ္ဆယ့္ေလးသိန္းငါးေသာင္းပါ။ သူတို႔ထဲက ႏွစ္ေယာက္ကို ဖမ္းေတာ့ ၂၂ ရက္ညေနပိုင္းမွာ ႏွစ္ေယာက္ထပ္လာတယ္။ အိမ္မွာရွိတဲ့ အေမျဖစ္သူကို ေငြျပန္ေပးမယ္။အမႈပိတ္ေပးဆိုၿပီး ၿခိမ္းေျခာက္တယ္။သားျဖစ္သူကိုလည္း ေသနတ္နဲ႔ ႏွစ္ခါေတာင္ ခ်ိန္ဖို႔ႀကိဳးစားခဲ့တယ္။ခ်ိန္တဲ့သူက ေဆးေၾကာင္ေနတဲ့ပုံစံမ်ိဳးပဲ” ဟု ၎က ဆိုသည္။
လက္ရွိတြင္ အထက္ပါ ဓားျပတိုက္သူမ်ား အနက္ အခ်ိဳ႕ကို ဖမ္းမိထားသည္ဟု သိရေသာ္လည္း ျပည္သူမ်ား အၾကား စိုးရိမ္မႈ ရွိေနေၾကာင္း ၎က ေျပာသည္။
“ဓါးျပေတြအကုန္ မဖမ္းမိေသးတဲ့အတြက္ အိမ္ထဲကအိမ္ျပင္ထြက္ဖို႔ေတာင္ ေၾကာက္ေနၾကတယ္”ဟု မိသားစုႏွင့္ နီးစပ္သူကဆိုသည္။

Related news

© 2021. All rights reserved.