မြန်မာ့ဒူးရင်းကို ဈေးကွက်သစ်ဖော်ထုတ်နိုင်ရန် ဆောင်ရွက်နေ

239

Pearl (NP News) - ဇွန် ၂၆
မြန်မာ့ဒူးရင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်သစ်ဖော်ထုတ်နိုင်ရန် ဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အချက်အလက်များအရ သိရသည်။
ယမန်နေ့ (ဇွန်လ ၂၅ရက်) က နေပြည်တော်၌ မြန်မာ့ဒူးရင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်သစ်ဖော်ထုတ် ပေးနိုင်ရေးဖိုရမ်ကို ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာ့ရေမြေရာသီဥတုတွင် စိုက်ပျိုး ဖြစ်ထွန်းပြီး ပြည်ပဈေးကွက်အလားအလာရှိသော ဒူးရင်းသီးကို လုပ်ငန်းရှင်များနှင့် တောင်သူများ စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလုပ်ကိုင်နိုင်ရေးအတွက် လိုအပ်ချက်များကို ဝိုင်းဝန်းဆွေးနွေးဖော် ထုတ်ပြီး ကဏ္ဍအလိုက်သုံးသပ်ဆွေးနွေးနိုင်ရန် အဆိုပါဖိုရမ်ကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် ဒူးရင်းမျိုးများမှ အနံ့အရသာကောင်းမွန်ပြီး အထွက်နှုန်းကောင်းမွန်သော ဒူးရင်းမျိုးကို ရွေးချယ်ဖော်ထုတ်နိုင်ရန်၊ အရည်အသွေးကောင်း ဒေသမျိုးများကို ပြည်တွင်းစားသုံးသူဈေးကွက်နှင့် ပြည်ပဈေးကွက်သို့ မိတ်ဆက်ပေးနိုင်ရန်၊ ဒူးရင်းသီးနှံကို စနစ်တကျ တိုးချဲ့စိုက်ပျိုးခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးတက်ရရှိစေရန်၊ ပြည်တွင်းစားသုံးမှုသာမက ပြည်ပဈေးကွက်သို့ အရည်အသွေးမြင့် မြန်မာပို့ကုန်တစ်ခုအဖြစ် တိုးတက်တင်ပို့ရောင်းချနိုင်ရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် ပြည်ပဈေးကွက်သို့ လမ်းကြောင်းအမျိုးမျိုးမှ တင်ပို့လျက်ရှိသည့် မြန်မာ့ဒူးရင်းသီးများအတွက် ခိုင်မာသော ပြည်ပဈေးကွက်အသစ် ဖော်ထုတ်ပေးနိုင်ရေးကိုလည်း ဌာနတာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ အပြန်အလှန် ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ျမန္မာ့ဒူးရင္းကို ေဈးကြက္သစ္ေဖာ္ထုတ္ႏိုင္ရန္ ေဆာင္႐ြက္ေန
Pearl (NP News) - ဇြန္ ၂၆
ျမန္မာ့ဒူးရင္းသီးႏွံ စိုက္ပ်ိဳးထုတ္လုပ္မႈႏွင့္ ေဈးကြက္သစ္ေဖာ္ထုတ္ႏိုင္ရန္ ေဆာင္႐ြက္ေနေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ အခ်က္အလက္မ်ားအရ သိရသည္။
ယမန္ေန႔ (ဇြန္လ ၂၅ရက္) က ေနျပည္ေတာ္၌ ျမန္မာ့ဒူးရင္းသီးႏွံ စိုက္ပ်ိဳးထုတ္လုပ္မႈႏွင့္ ေဈးကြက္သစ္ေဖာ္ထုတ္ ေပးႏိုင္ေရးဖိုရမ္ကို က်င္းပခဲ့ေၾကာင္း သိရသည္။
ျမန္မာ့ေရေျမရာသီဥတုတြင္ စိုက္ပ်ိဳး ျဖစ္ထြန္းၿပီး ျပည္ပေဈးကြက္အလားအလာရွိေသာ ဒူးရင္းသီးကို လုပ္ငန္းရွင္မ်ားႏွင့္ ေတာင္သူမ်ား စီးပြားျဖစ္တိုးခ်ဲ႕စိုက္ပ်ိဳးလုပ္ကိုင္ႏိုင္ေရးအတြက္ လိုအပ္ခ်က္မ်ားကို ဝိုင္းဝန္းေဆြးေႏြးေဖာ္ ထုတ္ၿပီး က႑အလိုက္သုံးသပ္ေဆြးေႏြးႏိုင္ရန္ အဆိုပါဖိုရမ္ကို က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။
အလားတူ ျမန္မာႏိုင္ငံတြင္ စိုက္ပ်ိဳးထုတ္လုပ္လ်က္ရွိသည့္ ဒူးရင္းမ်ိဳးမ်ားမွ အနံ႔အရသာေကာင္းမြန္ၿပီး အထြက္ႏႈန္းေကာင္းမြန္ေသာ ဒူးရင္းမ်ိဳးကို ေ႐ြးခ်ယ္ေဖာ္ထုတ္ႏိုင္ရန္၊ အရည္အေသြးေကာင္း ေဒသမ်ိဳးမ်ားကို ျပည္တြင္းစားသုံးသူေဈးကြက္ႏွင့္ ျပည္ပေဈးကြက္သို႔ မိတ္ဆက္ေပးႏိုင္ရန္၊ ဒူးရင္းသီးႏွံကို စနစ္တက် တိုးခ်ဲ႕စိုက္ပ်ိဳးျခင္းျဖင့္ ေတာင္သူမ်ား ဝင္ေငြတိုးတက္ရရွိေစရန္၊ ျပည္တြင္းစားသုံးမႈသာမက ျပည္ပေဈးကြက္သို႔ အရည္အေသြးျမင့္ ျမန္မာပို႔ကုန္တစ္ခုအျဖစ္ တိုးတက္တင္ပို႔ေရာင္းခ်ႏိုင္ရန္ ရည္႐ြယ္ က်င္းပျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ ျပည္ပေဈးကြက္သို႔ လမ္းေၾကာင္းအမ်ိဳးမ်ိဳးမွ တင္ပို႔လ်က္ရွိသည့္ ျမန္မာ့ဒူးရင္းသီးမ်ားအတြက္ ခိုင္မာေသာ ျပည္ပေဈးကြက္အသစ္ ေဖာ္ထုတ္ေပးႏိုင္ေရးကိုလည္း ဌာနတာဝန္ရွိသူမ်ားႏွင့္ လုပ္ငန္းရွင္မ်ား အျပန္အလွန္ ေဆြးေႏြးေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။