နစကဥက္ကဋ္ဌ၏ ဘယ်လာရုစ်ခရီးစဉ်တွင် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ်တက်ရောက်ကာ စက်ရုံများ လေ့လာခဲ့

 208

သန့်ဇင် (NP News) - ဇွန် ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့တွင် ကျင်းပသည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ်(EFF 2025) သို့ တက်ရောက်ခဲ့ပြီး ဘယ်လာရုစ်ရှိ စက်ရုံများထံ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
နစကဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၂၅ ရက်၊ နံနက်ပိုင်းက မြန်မာနိုင်ငံမှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး ညနေပိုင်းတွင် ရုရှားနိုင်ငံ၊ နိုဗာစီဗစ်မြို့၊ သာမာရှယ်ဗာလေဆိပ်သို့ရောက်ရှိရာ နိုဗာစီဗစ်ဒေသအုပ်ချုပ်ရေးမှူး Mr. Travnikov Ahdrey Aleksandrovich နှင့် တာဝန်ရှိသူများက လေဆိပ်၌ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ညနေပိုင်းအချိန်တွင် ဘယ်လာရုစ်နိုင်ငံသမ္မတ H.E. Mr. Alexander Grigoryevich Lukashenko ၏ ဖိတ်ကြားချက်အရ မင့်စ်မြို့၌ ကျင်းပပြုလုပ်မည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) သို့ တက်ရောက်ရန် ဘယ်လာရုစ်သမ္မတ နိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
ဇွန်လ ၂၆ ရက်၊ နံနက်ပိုင်းတွင် နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဥရောပ-အာရှ စီးပွားရေးကော်မရှင် (EEC) ဘုတ်အဖွဲ့ဥက္ကဋ္ဌ Mr.Bakytzhan Abdirovich Sagintayev နှင့် Minsk International Exhibition Center BELEXPO ၌ တွေ့ဆုံဆွေးနွေးခဲ့ပြီးသည်။
ထို့ပြင် ယင်းနေ့၊ နံနက်ပိုင်းတွင်ပင် နစကဥက္ကဋ္ဌဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မင့်စ်မြို့ရှိ Belmedpreparaty ဆေးဝါးစက်ရုံသို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
ထို့နောက် ဇွန်လ ၂၆ ရက်၊ ညနေပိုင်းတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့ရှိ Minsk International Exhibition Center BELEXPO ၌ ကျင်းပသည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) ၏ မျက်နှာစုံညီအစည်းအဝေးသို့တက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် ဇွန်လ ၂၇ ရက်၊ နံနက်ပိုင်းတွင် ဘယ်လာရုစ်နိုင်ငံ တရားဝင်ခရီးစဉ်တွင် ရောက်ရှိနေသည့် နစကဥက္ကဋ္ဌသည် မင့်စ်မြိုရှိ Minsk Tractor Works ထွန်စက်စက်ရုံသို သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
ဇွန်လ ၂၇ ရက်၊ မွန်းလွဲပိုင်းအချိန်တွင် မင့်စ်မြိုရှိ Slutsk Chese Factory နိုမှုန့်စက်ရုံသို့ နစကဥက္ကဋ္ဌဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့က ဆက်လက်သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

Zawgyi Version:
နစကဥကၠ႒၏ ဘယ္လာ႐ုစ္ခရီးစဥ္တြင္ စတုတၳအႀကိမ္ ဥေရာပ-အာရွ စီးပြားေရးဖိုရမ္တက္ေရာက္ကာ စက္႐ုံမ်ား ေလ့လာခဲ့
သန႔္ဇင္ (NP News) - ဇြန္ ၂၇

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ဘယ္လာ႐ုစ္သမၼတႏိုင္ငံ၊ မင့္စ္ၿမိဳ႕တြင္ က်င္းပသည့္ စတုတၳအႀကိမ္ ဥေရာပ-အာရွ စီးပြားေရးဖိုရမ္(EFF 2025) သို႔ တက္ေရာက္ခဲ့ၿပီး ဘယ္လာ႐ုစ္ရွိ စက္႐ုံမ်ားထံ သြားေရာက္ေလ့လာခဲ့ေၾကာင္း သိရသည္။
နစကဥကၠ႒ ဦးေဆာင္သည့္ ျမန္မာအဆင့္ျမင့္ ကိုယ္စားလွယ္အဖြဲ႕သည္ ဇြန္လ ၂၅ ရက္၊ နံနက္ပိုင္းက ျမန္မာႏိုင္ငံမွ အထူးေလယာဥ္ျဖင့္ ထြက္ခြာခဲ့ၿပီး ညေနပိုင္းတြင္ ႐ုရွားႏိုင္ငံ၊ ႏိုဗာစီဗစ္ၿမိဳ႕၊ သာမာရွယ္ဗာေလဆိပ္သို႔ေရာက္ရွိရာ ႏိုဗာစီဗစ္ေဒသအုပ္ခ်ဳပ္ေရးမႉး Mr. Travnikov Ahdrey Aleksandrovich ႏွင့္ တာဝန္ရွိသူမ်ားက ေလဆိပ္၌ လႈိက္လွဲေႏြးေထြးစြာ ႀကိဳဆိုႏႈတ္ဆက္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ညေနပိုင္းအခ်ိန္တြင္ ဘယ္လာ႐ုစ္ႏိုင္ငံသမၼတ H.E. Mr. Alexander Grigoryevich Lukashenko ၏ ဖိတ္ၾကားခ်က္အရ မင့္စ္ၿမိဳ႕၌ က်င္းပျပဳလုပ္မည့္ စတုတၳအႀကိမ္ ဥေရာပ-အာရွ စီးပြားေရးဖိုရမ္ (EEF 2025) သို႔ တက္ေရာက္ရန္ ဘယ္လာ႐ုစ္သမၼတ ႏိုင္ငံသို႔ ေရာက္ရွိခဲ့ေၾကာင္း သိရသည္။
ဇြန္လ ၂၆ ရက္၊ နံနက္ပိုင္းတြင္ နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ဥေရာပ-အာရွ စီးပြားေရးေကာ္မရွင္ (EEC) ဘုတ္အဖြဲ႕ဥကၠ႒ Mr.Bakytzhan Abdirovich Sagintayev ႏွင့္ Minsk International Exhibition Center BELEXPO ၌ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးသည္။
ထို႔ျပင္ ယင္းေန႔၊ နံနက္ပိုင္းတြင္ပင္ နစကဥကၠ႒ဦးေဆာင္သည့္ ျမန္မာအဆင့္ျမင့္ကိုယ္စားလွယ္အဖြဲ႕သည္ မင့္စ္ၿမိဳ႕ရွိ Belmedpreparaty ေဆးဝါးစက္႐ုံသို႔ သြားေရာက္ေလ့လာခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဇြန္လ ၂၆ ရက္၊ ညေနပိုင္းတြင္ ဘယ္လာ႐ုစ္သမၼတႏိုင္ငံ မင့္စ္ၿမိဳ႕ရွိ Minsk International Exhibition Center BELEXPO ၌ က်င္းပသည့္ စတုတၳအႀကိမ္ ဥေရာပ-အာရွ စီးပြားေရးဖိုရမ္ (EEF 2025) ၏ မ်က္ႏွာစုံညီအစည္းအေဝးသို႔တက္ေရာက္ကာ မိန႔္ခြန္းေျပာၾကားခဲ့ေၾကာင္း သိရသည္။

ယင္းေနာက္ ဇြန္လ ၂၇ ရက္၊ နံနက္ပိုင္းတြင္ ဘယ္လာ႐ုစ္ႏိုင္ငံ တရားဝင္ခရီးစဥ္တြင္ ေရာက္ရွိေနသည့္ နစကဥကၠ႒သည္ မင့္စ္ၿမိဳရွိ Minsk Tractor Works ထြန္စက္စက္႐ုံသို သြားေရာက္ေလ့လာခဲ့ၾကေၾကာင္း သိရသည္။
ဇြန္လ ၂၇ ရက္၊ မြန္းလြဲပိုင္းအခ်ိန္တြင္ မင့္စ္ၿမိဳရွိ Slutsk Chese Factory ႏိုမႈန႔္စက္႐ုံသို႔ နစကဥကၠ႒ဦးေဆာင္သည့္ အဆင့္ျမင့္ကိုယ္စားလွယ္အဖြဲ႕က ဆက္လက္သြားေရာက္ေလ့လာခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.