ဒေါပုံ နှင့် ကလေးတွင် သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၂ ဦးကို လမ်းပေါ်၌ မူးယစ်ဆေးများနှင့် အတူ ဖမ်းမိ

577

မြတ် (NP News) - ဇွန် ၂၈
ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် သက်လတ်ပိုင်း အရွယ် အမျိုးသမီး ၂ ဦးကို လမ်းပေါ်၌ မူးယစ်ဆေးများနှင့်အတူ ဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ (CCDAC MYANMAR) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပထမဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ(၂၆)ရက်၊ ညနေ(၅)နာရီအချိန်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များက သတင်းအရ သက်သေများနှင့်အတူ ချမ်းမြေ့အောင်စည်ရပ်ကွက်၊ မနောသုခလမ်းတွင် အသက်(၃၅)နှစ်အရွယ်ရှိ မမွန်မွန်အောင် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ ရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် သယ်ဆောင်လာသော ဆာလာအိတ်အတွင်းမှ ငွေကျပ်သိန်း (၃,၀၀၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၅၀,၀၀၀)ပြားနှင့် လက်ကိုင်ဖုန်း (၁) လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ယင်းအမျိုးသမီးကို ကလေးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များကို ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ထုတ်ပြန်ထားသည်။
ဒုတိယဖြစ်စဉ်မှာ ယမန်နေ့ (ဇွန်လ (၂၇) ရက်) ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ ဗိုလ်မြတ်ထွန်းလမ်းတွင် လမ်းလျှောက်လာသူ အသက်(၂၉)နှစ်အရွယ်ရှိ မဖူးပွင့်သွယ်(ခ)စန်းစန်းထွေး (ခ)သေးသေးကို စစ်ဆေးရှာဖွေရာ ၎င်းကိုင်ဆောင်လာသည့် လက်ဆွဲအိတ်အတွင်းမှ ငွေကျပ်သိန်း(၄၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၄၀,၀၀၀) ပြား နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ၎င်းကို ဒေါပုံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Zawgyi Version:
ေဒါပုံ ႏွင့္ ကေလးတြင္ သက္လတ္ပိုင္းအ႐ြယ္ အမ်ိဳးသမီး ၂ ဦးကို လမ္းေပၚ၌ မူးယစ္ေဆးမ်ားႏွင့္ အတူ ဖမ္းမိ
ျမတ္ (NP News) - ဇြန္ ၂၈
ရန္ကုန္တိုင္းေဒသႀကီး ေဒါပုံၿမိဳ႕နယ္ ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးၿမိဳ႕တြင္ သက္လတ္ပိုင္း အ႐ြယ္ အမ်ိဳးသမီး ၂ ဦးကို လမ္းေပၚ၌ မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ား တားဆီးကာကြယ္ေရးဗဟိုအဖြဲ႕ (CCDAC MYANMAR) ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ပထမျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇြန္လ(၂၆)ရက္၊ ညေန(၅)နာရီအခ်ိန္ခန႔္က မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ဝင္မ်ားက သတင္းအရ သက္ေသမ်ားႏွင့္အတူ ခ်မ္းေျမ့ေအာင္စည္ရပ္ကြက္၊ မေနာသုခလမ္းတြင္ အသက္(၃၅)ႏွစ္အ႐ြယ္ရွိ မမြန္မြန္ေအာင္ ေမာင္းႏွင္လာေသာ ေမာ္ေတာ္ဆိုင္ကယ္ကို ရပ္တန႔္စစ္ေဆးရွာေဖြခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ယင္းသို႔ ရွာေဖြရာ ဆိုင္ကယ္ခြၾကားတြင္ သယ္ေဆာင္လာေသာ ဆာလာအိတ္အတြင္းမွ ေငြက်ပ္သိန္း (၃,၀၀၀) တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁၅၀,၀၀၀)ျပားႏွင့္ လက္ကိုင္ဖုန္း (၁) လုံးတို႔ကို ေတြ႕ရွိသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ယင္းအမ်ိဳးသမီးကို ကေလးၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္ အေရးယူထားရွိၿပီး ကြင္းဆက္မ်ားကို ေဖာ္ထုတ္လ်က္ရွိေၾကာင္း CCDAC MYANMAR မွ ထုတ္ျပန္ထားသည္။
ဒုတိယျဖစ္စဥ္မွာ ယမန္ေန႔ (ဇြန္လ (၂၇) ရက္) ရက္က ရန္ကုန္တိုင္းေဒသႀကီး၊ ေဒါပုံၿမိဳ႕နယ္၊ ဗိုလ္ထြန္းဇံရပ္ကြက္၊ ဗိုလ္ျမတ္ထြန္းလမ္းတြင္ လမ္းေလွ်ာက္လာသူ အသက္(၂၉)ႏွစ္အ႐ြယ္ရွိ မဖူးပြင့္သြယ္(ခ)စန္းစန္းေထြး (ခ)ေသးေသးကို စစ္ေဆးရွာေဖြရာ ၎ကိုင္ေဆာင္လာသည့္ လက္ဆြဲအိတ္အတြင္းမွ ေငြက်ပ္သိန္း(၄၀၀)တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၄၀,၀၀၀) ျပား ႏွင့္ လက္ကိုင္ဖုန္း (၁) လုံးတို႔ကို ေတြ႕ရွိသိမ္းဆည္းရမိခဲ့ၿပီး ၎ကို ေဒါပုံၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။