မြန်မာအမျိုးသမီးများကို စည်းရုံးလက်ထပ်ရန် တရုတ်အမျိုးသားများချဉ်းကပ်လာ

 286

သန့်ဇင်(NP News)-ဇွန် ၂၉
စီးပွားရေးအကျပ်အတည်းနှင့် အလုပ်ကိုင်အခွင့်အလမ်းနည်းပါးခြင်းကြောင့် မြန်မာအမျိုးသမီးများကို စည်းရုံး လက်ထပ်ရန် တရုတ်အမျိုးသားများ ချဉ်းကပ်လာခြင်းဖြစ်ကြောင်း အငြိမ်းစားရဲမှူးကြီး တစ်ဦးက NP News ဂျာနယ်က တစ်ဆင့် သုံးသပ် ပြောကြားသည်။
ယခင်ကာလများတွင် တရုတ်အမျိုးသားသည် မြန်မာအမျိုးသမီးများကို ငွေကြေးမက်လုံးပေးကာ ဇနီးမယား အဖြစ် လက်ထပ်ရန်စည်းရုံးခြင်းသည် မြန်မာ-တရုတ်နယ်စပ်တွင်သာရှိခဲ့ပြီး လက်ရှိတွင် မြန်မာပြည်အတွင်းပိုင်းအထိ ဝင်ရောက်လာနေပြီဖြစ် ကြောင်းသိရသည်။
ထိုသို့ ရန်ကုန်နှင့် မန္တလေးမြို့တို့သို့ ဦးတည်လာရောက် စည်းရုံးလာခြင်းများသည် မြန်မာနိုင်ငံ၏ လက်ရှိ အနေထားကြောင့် စီးပွားရေး အခက်အခဲနှင့် စားဝတ်နေရေးအခက်အခဲများအပေါ် အခွင့် ကောင်းယူလာခြင်းဖြစ် ကြောင်း အငြိမ်းစားရဲမှူးကြီး တစ်ဦးကဆိုသည်။
“ရှင်းရှင်းပြောရရင်တော့ မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားအရ နိုင်ငံမှာ အကျပ်အတည်း တွေရှိတယ်။ စီးပွား ရေးအခက်အခဲတွေရှိတယ်။ စားဝတ်နေရေးအခက်အခဲတွေရှိတယ်ဆိုတာ။ အဲဒါ တွေက ဘာခေါ်မလဲဆိုတော့ ဟိုဘက် ကလူတွေ (တရုတ်အမျိုးသားတွေ)က ပြောရဆိုရလွယ်မှာပဲ စည်းရုံးရလွယ်မှာပဲဆိုပြီး ဆက်လာတာပေါ့နော်။ ဒီ ဘက်က လူတွေအတွက်ကလည်း တရုတ်ယောကျာ်းနဲ့ အိမ်ထောင်ကျရင် အဆင်ပြေမှာပဲဆိုပြီး ရည်မှန်းချက် ကြီးကြီးထား ကြတော့ ဒီဘက်ကအဆင်မပြေတာတွေ၊ စီးပွားရေးအခက်အခဲတွေရှိတာ၊ အလုပ်အကိုင် အခွင့်အလမ်းတွေမရှိတာက လည်း တွန်းအားဖြစ်စေ တာပေါ့နော်။ အဲဒီလိုတွေဆိုတော့ ဒါကရှိနေမှာပဲ” ဟု အငြိမ်းစားရဲမှူးကြီးက ပြောသည်။
ထိုသို့သော ကိစ္စရပ်များကို ကာကွယ်ရာတွင်လည်း အခက်အခဲများစွာရှိနေသေးပြီး ဗဟုသုတနှင့် အသိပညာပေး ခြင်း လုပ်ငန်းများကိုသာ အကျယ် တဝင့်လုပ်ဆောင်းပေးသင့်ကြောင်း ၎င်းကအကြံပြု ပြောကြားသည်။
“ဒါမျိုးတွေကို ဘယ်လိုကာကွယ်ရမလဲဆိုတော့ Tiktok တွေမှာလည်းတွေ့နေရတာပဲ။ တရုတ်ယောကျာ်းကို ယူရင် ဘယ်လိုဖြစ်မယ်ဆို တာကို ပြောနေတဲ့ ကလေးမလေးတွေရှိတယ်။ ကိုယ့် မြန်မာနိုင်ငံမှာရှိတဲ့လူတွေကြားထဲမှာ တရုတ်ဇနီး မယားလုပ်မယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ရင် တော်တော်လေး ဗဟုသုတရှိဖို့လိုမယ်။ တော်တော်လေးအသိ ပညာရှိဖို့လိုမယ်ပေါ့နော်။ နောက်ဆုံး သဘောကျလို့ နိုင်ငံခြားသားနဲ့ လက်ထပ်မယ့်ကိစ္စနဲ့ပတ်သက်ပြီး တော့ တရားရုံး တွေမှာ ကျမ်းကျိန်တာနဲ့ပတ်သက်ပြီးတော့ လက်ထပ်တာကို တရားဝင်ခေါ်သွားတဲ့ အလေ့အထကနေ အခုနောက် ပိုင်းမှာ òန်ကြားချက် တွေထွက်တယ်။ အဲဒါကတော့ ဘာလဲဆိုတော့ လက်ထပ်တာကို တရားရုံးတစ်ခုအနေနဲ့တင် မဟုတ်ဘဲနဲ့ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ပေါ့နော်။ အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနကလည်း စိစစ်ဖို့လိုတယ်’ဟု ၎င်းက အကြံပြုထားသည်။
အနီးစပ်ဆုံးဖြစ်စဉ်အနေဖြင့် ပြီးခဲ့သည့် ကာလက ဒလမြို့နယ်မှ အမျိုးသမီးငယ်တစ်ဦးကို ငွေကြေးမက်လုံး ပေးကာ တရုတ်ဇနီးအဖြစ် ကမ်းလှမ်းခဲ့သည့်ဖြစ်စဉ်တစ်ခုသည် လူမှုကွန်ရက်ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့်ပေါ် ပေါက် ခဲ့ပြီး ဝေဖန်မှုများ စွာလည်းရှိခဲ့သည်။
ထို့နောက် ပြီးခဲ့သည့် ဇွန်လ (၁၈)ရက်က လည်း လမ်းမတော်မြို့နယ်၊ သူနာပြုတက္ကသိုလ် ကျောင်းအနီးတွင် တရုတ်အမျိုးသားတစ်ဦးက ငွေကြေးမက်လုံးပေးကာ အမျိုးသမီးများကို လက်ထပ်ရန်လိုက်လံစည်းရုံးနေသည့်အတွက် သက်ဆိုင် ရာ ကာလာရောက်ဖမ်းဆီးကာ တားမြစ်ခဲ့သည့် ဖြစ်စဉ်လည်းဖြစ်ပွားခဲ့ကြောင်း သိရသည်။
တရုတ်မယားအဖြစ် စည်းရုံးသိမ်းသွင်းကာ လူကုန်ကူးရန် ကြံစည်မှုဖြစ်စဉ်များသည် ယခုနောက် ပိုင်း ကာလ၌ ကျယ်ကျယ် ပြန့်ပြန်ဖြစ်ပွားနေလျက်ရှိပြီး ဖမ်းဆီးခံရသူများကိုလည်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ (၃၅) အရ အရေးယူနေလျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ျမန္မာအမ်ိဳးသမီးမ်ားကို စည္း႐ုံးလက္ထပ္ရန္ တ႐ုတ္အမ်ိဳးသားမ်ားခ်ဥ္းကပ္လာ
သန႔္ဇင္(NP News)-ဇြန္ ၂၉
စီးပြားေရးအက်ပ္အတည္းႏွင့္ အလုပ္ကိုင္အခြင့္အလမ္းနည္းပါးျခင္းေၾကာင့္ ျမန္မာအမ်ိဳးသမီးမ်ားကို စည္း႐ုံး လက္ထပ္ရန္ တ႐ုတ္အမ်ိဳးသားမ်ား ခ်ဥ္းကပ္လာျခင္းျဖစ္ေၾကာင္း အၿငိမ္းစားရဲမႉးႀကီး တစ္ဦးက NP News ဂ်ာနယ္က တစ္ဆင့္ သုံးသပ္ ေျပာၾကားသည္။
ယခင္ကာလမ်ားတြင္ တ႐ုတ္အမ်ိဳးသားသည္ ျမန္မာအမ်ိဳးသမီးမ်ားကို ေငြေၾကးမက္လုံးေပးကာ ဇနီးမယား အျဖစ္ လက္ထပ္ရန္စည္း႐ုံးျခင္းသည္ ျမန္မာ-တ႐ုတ္နယ္စပ္တြင္သာရွိခဲ့ၿပီး လက္ရွိတြင္ ျမန္မာျပည္အတြင္းပိုင္းအထိ ဝင္ေရာက္လာေနၿပီျဖစ္ ေၾကာင္းသိရသည္။
ထိုသို႔ ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕တို႔သို႔ ဦးတည္လာေရာက္ စည္း႐ုံးလာျခင္းမ်ားသည္ ျမန္မာႏိုင္ငံ၏ လက္ရွိ အေနထားေၾကာင့္ စီးပြားေရး အခက္အခဲႏွင့္ စားဝတ္ေနေရးအခက္အခဲမ်ားအေပၚ အခြင့္ ေကာင္းယူလာျခင္းျဖစ္ ေၾကာင္း အၿငိမ္းစားရဲမႉးႀကီး တစ္ဦးကဆိုသည္။
“ရွင္းရွင္းေျပာရရင္ေတာ့ ျမန္မာႏိုင္ငံရဲ႕ လက္ရွိအေနအထားအရ ႏိုင္ငံမွာ အက်ပ္အတည္း ေတြရွိတယ္။ စီးပြား ေရးအခက္အခဲေတြရွိတယ္။ စားဝတ္ေနေရးအခက္အခဲေတြရွိတယ္ဆိုတာ။ အဲဒါ ေတြက ဘာေခၚမလဲဆိုေတာ့ ဟိုဘက္ ကလူေတြ (တ႐ုတ္အမ်ိဳးသားေတြ)က ေျပာရဆိုရလြယ္မွာပဲ စည္း႐ုံးရလြယ္မွာပဲဆိုၿပီး ဆက္လာတာေပါ့ေနာ္။ ဒီ ဘက္က လူေတြအတြက္ကလည္း တ႐ုတ္ေယာက်ာ္းနဲ႔ အိမ္ေထာင္က်ရင္ အဆင္ေျပမွာပဲဆိုၿပီး ရည္မွန္းခ်က္ ႀကီးႀကီးထား ၾကေတာ့ ဒီဘက္ကအဆင္မေျပတာေတြ၊ စီးပြားေရးအခက္အခဲေတြရွိတာ၊ အလုပ္အကိုင္ အခြင့္အလမ္းေတြမရွိတာက လည္း တြန္းအားျဖစ္ေစ တာေပါ့ေနာ္။ အဲဒီလိုေတြဆိုေတာ့ ဒါကရွိေနမွာပဲ” ဟု အၿငိမ္းစားရဲမႉးႀကီးက ေျပာသည္။
ထိုသို႔ေသာ ကိစၥရပ္မ်ားကို ကာကြယ္ရာတြင္လည္း အခက္အခဲမ်ားစြာရွိေနေသးၿပီး ဗဟုသုတႏွင့္ အသိပညာေပး ျခင္း လုပ္ငန္းမ်ားကိုသာ အက်ယ္ တဝင့္လုပ္ေဆာင္းေပးသင့္ေၾကာင္း ၎ကအႀကံျပဳ ေျပာၾကားသည္။
“ဒါမ်ိဳးေတြကို ဘယ္လိုကာကြယ္ရမလဲဆိုေတာ့ Tiktok ေတြမွာလည္းေတြ႕ေနရတာပဲ။ တ႐ုတ္ေယာက်ာ္းကို ယူရင္ ဘယ္လိုျဖစ္မယ္ဆို တာကို ေျပာေနတဲ့ ကေလးမေလးေတြရွိတယ္။ ကိုယ့္ ျမန္မာႏိုင္ငံမွာရွိတဲ့လူေတြၾကားထဲမွာ တ႐ုတ္ဇနီး မယားလုပ္မယ္ဆိုတဲ့ကိစၥနဲ႔ ပတ္သက္ရင္ ေတာ္ေတာ္ေလး ဗဟုသုတရွိဖို႔လိုမယ္။ ေတာ္ေတာ္ေလးအသိ ပညာရွိဖို႔လိုမယ္ေပါ့ေနာ္။ ေနာက္ဆုံး သေဘာက်လို႔ ႏိုင္ငံျခားသားနဲ႔ လက္ထပ္မယ့္ကိစၥနဲ႔ပတ္သက္ၿပီး ေတာ့ တရား႐ုံး ေတြမွာ က်မ္းက်ိန္တာနဲ႔ပတ္သက္ၿပီးေတာ့ လက္ထပ္တာကို တရားဝင္ေခၚသြားတဲ့ အေလ့အထကေန အခုေနာက္ ပိုင္းမွာ òန္ၾကားခ်က္ ေတြထြက္တယ္။ အဲဒါကေတာ့ ဘာလဲဆိုေတာ့ လက္ထပ္တာကို တရား႐ုံးတစ္ခုအေနနဲ႔တင္ မဟုတ္ဘဲနဲ႔ ခ႐ိုင္၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕ေပါ့ေနာ္။ အေထြ ေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနကလည္း စိစစ္ဖို႔လိုတယ္’ဟု ၎က အႀကံျပဳထားသည္။
အနီးစပ္ဆုံးျဖစ္စဥ္အေနျဖင့္ ၿပီးခဲ့သည့္ ကာလက ဒလၿမိဳ႕နယ္မွ အမ်ိဳးသမီးငယ္တစ္ဦးကို ေငြေၾကးမက္လုံး ေပးကာ တ႐ုတ္ဇနီးအျဖစ္ ကမ္းလွမ္းခဲ့သည့္ျဖစ္စဥ္တစ္ခုသည္ လူမႈကြန္ရက္ေပၚတြင္ က်ယ္က်ယ္ျပန႔္ျပန႔္ေပၚ ေပါက္ ခဲ့ၿပီး ေဝဖန္မႈမ်ား စြာလည္းရွိခဲ့သည္။
ထို႔ေနာက္ ၿပီးခဲ့သည့္ ဇြန္လ (၁၈)ရက္က လည္း လမ္းမေတာ္ၿမိဳ႕နယ္၊ သူနာျပဳတကၠသိုလ္ ေက်ာင္းအနီးတြင္ တ႐ုတ္အမ်ိဳးသားတစ္ဦးက ေငြေၾကးမက္လုံးေပးကာ အမ်ိဳးသမီးမ်ားကို လက္ထပ္ရန္လိုက္လံစည္း႐ုံးေနသည့္အတြက္ သက္ဆိုင္ ရာ ကာလာေရာက္ဖမ္းဆီးကာ တားျမစ္ခဲ့သည့္ ျဖစ္စဥ္လည္းျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
တ႐ုတ္မယားအျဖစ္ စည္း႐ုံးသိမ္းသြင္းကာ လူကုန္ကူးရန္ ႀကံစည္မႈျဖစ္စဥ္မ်ားသည္ ယခုေနာက္ ပိုင္း ကာလ၌ က်ယ္က်ယ္ ျပန႔္ျပန္ျဖစ္ပြားေနလ်က္ရွိၿပီး ဖမ္းဆီးခံရသူမ်ားကိုလည္း လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ (၃၅) အရ အေရးယူေနလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.