"အလှူရှင်နည်းပါးပေမယ့် မဖြစ်ဖြစ်အောင် ကျင်းပသွားမယ်ဆိုတဲ့ သက်ကြီးဟာသလူရွှင်တော်ကန်တော့ပွဲ"

 331

အိဖြူ (NP News) - ဇွန် ၂၉

NP News ရဲ့အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်အတွက် " သက်ကြီးဟာသလူရွှင်တော်ကန်တော့ပွဲကို ဇူလိုင်လမှာကျင်းပမယ်၊ ထိုင်းမင်းသမီးလီလီရဲ့ မြန်မာခရီးစဉ်၊ ရုပ်ရှင်သရုပ်ဆောင် ညောင်ညောင်ရဲ့ ကျန်းမာရေး" စတဲ့ အနုပညာဆက်စပ်သတင်းတွေကို ဖော်ပြပေးသွားပါမယ်။

(၁၅)ကြိမ်မြောက် သက်ကြီးဟာသလူရွှင်တော်ကြီးများ ပူဇော်ကန်တော့ပွဲ ကျင်းပမည်

သက်ကြီး ဟာသလူရွှင်တော်ကြီးများအား ပူဇော်ကန်တော့ပွဲကျင်းပနိုင်ဖို့အတွက် အလှူငွေရရှိမှုလျော့နည်းနေပေမယ့် ဆေးပဒေသာပင် စိုက်ထူလှူဒါန်းနိုင်ဖို့အထိ ကြိုးစားစီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးဒိန်းဒေါင်က အသိပေးပြောကြားလာပါတယ်။
မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး(ဗဟို)ကကြီးမှူးပြီး (၁၅)ကြိမ်မြောက် သက်ကြီးဟာသလူရွှင်တော်ကြီးများ ပူဇော်ကန်တော့ပွဲအခမ်းအနားကို (၂၀၂၅)ခုနှစ် ဇူလိုင်လ(၇)ရက် မနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီအထိ ကျင်းပသွားမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးရှိ သက်ကြီးလူရွှင်တော်များအနက် အသက် (၆၅)နှစ်နဲ့အထက်ရှိသူ ပူဇော်ခံပုဂ္ဂိုလ်စုစုပေါင်း အယောက် (၁၀ဝ)ကျော်ရှိတယ်လို့ သိရှိရပါတယ်။ မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးဒိန်းဒေါင်က " ပွဲစီစဉ်မှုနဲ့ပတ်သက်တဲ့အခြေအနေကို ပွင့်ပွင့်လင်းလင်းပြောရရင် ဘယ်လိုမှ အဆင်မပြေပါဘူး။ အလှူရှင်တွေကိုလည်း အရမ်းအားနာပါတယ်။ ငလျင်ပြန်လည်ထူထောင်ရေးအခြေအနေမှာ အလှူရှင်တွေကို လှူပါ လှူပါလို့လည်းမပြောရက်ပါဘူး။ အဓိကအခက်အခဲဆို ငွေကြေးပိုင်းပေါ့။ နေပြည်တော်မှာက ပွဲစီစဉ်ဖို့နဲ့ သွားလာရေးအခက်အခဲရှိတယ်လေ။ ရန်ကုန်မှာက လမ်းပိုင်းဆက်သွယ်ရေးကအဆင်ပြေပြီး၊ နေထိုင်ရေးအတွက် သက်သာတာကြောင့်လည်း ရန်ကုန်မှာပဲကျင်းပဖြစ်တာပါ" လို့ NP News ရဲ့မေးမြန်းမှုအပေါ် ဖြေကြားခဲ့ပါတယ်။
လက်ရှိမှာတော့ သက်ကြီးဟာသလူရွှင်တော်ကြီးများ ပူဇော်ပွဲကျင်းပနိုင်ရေးအတွက် ဇွန်လ (၂၅)ရက်အထိ အလှူငွေ ကျပ် သိန်း(၂၀ဝ) ခန့်မှန်း လက်ခံရရှိထားပြီးဖြစ်ကြောင်းသိရပါတယ်။ " ဒီနှစ်မှာတော့ ကျွန်တော့်အသိမိတ်ဆွေတွေရဲ့အကြံဉာဏ်ပေးမှုအရ သက်ကြီးလူရွှင်တော်အဖေကြီးတို့အတွက် ဆေးပဒေသာပင်စိုက်ထူကာ လစဉ်လှူဒါန်းပေးနိုင်အောင် ကြိုးစားသွားမှာဖြစ်ပြီး၊ ကျွန်တော့်ဘက်ကလည်း တတ်နိုင် သလောက်လှူဒါန်းကူညီသွားဖို့ရှိပါတယ်" လို့ ဥက္ကဋ္ဌက အသိပေးပြောကြားထားပါတယ်။ သက်ကြီးလူရွှင်တော်ကြီးများကို ပူဇော်ကန်တော့ရာမှာ ပါဝင်လှူဒါန်းနိုင်စေဖို့အတွက် ဥက္ကဋ္ဌ ဒိန်းဒေါင်(ဝ၉-၅၁၃၈၉၉၆ယ ဝ၉-၅၀၄၃၆၈၂)ကို ဆက်သွယ်မေးမြန်းလှူဒါန်းနိုင်ပါကြောင်း အသိပေးကြေညာထားတာကိုတွေ့ရပါတယ်။ (၁၅)ကြိမ်မြောက် သက်ကြီးဟာသလူရွှင်တော်ကြီးများ ပူဇော်ကန်တော့ပွဲအခမ်းအနားကို မိဘကျေးဇူးဆပ် ဘုရားဝင်းအတွင်း မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး(ရန်ကုန်တိုင်း)ရုံး၊ အောင်ဆန်းသူရိယလှသောင်းလမ်း (၄၈)ရပ်ကွက် မြောက်ဒဂုံမြို့နယ် ရန်ကုန်မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။

ထိုင်းမင်းသမီး Lily Pantila Pansirithanachote (ခ) လီလီ ရဲ့ မြန်မာခရီးစဉ်

ထိုင်းနာမည်ကြီး မင်းသမီးတစ်ဦးဖြစ်တဲ့ Lily Pantila Pansirithanachote (ခ) လီလီက ရုပ်ရှင်သရုပ်ဆောင် ပိုင်တံခွန်နဲ့ မလင်းမြဖူးတို့ရဲ့မင်္ဂလာပွဲအခမ်းအနားကို တက်ရောက်ဂုဏ်ပြုရင်း မြန်မာနိုင်ငံမှာ နှစ်ရက်ကြာနေထိုင်ခဲ့ကာ မြန်မာနိုင်ငံကိုရောက်ခိုက် တန်ခိုးကြီးဘုရားတွေဖြစ်တဲ့ ရွှေတိဂုံစေတီတော်၊ ဗိုလ်တထောင်မြို့နယ်ရှိ ကျိုက် ဒေးအပ်ဆံတော်ရှင်စေတီတော်ကို သွားရောက်ဖူးမြော်ခဲ့ပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံရဲ့ Street Food အစားအစာတွေ၊ ရှောပင်းစင်တာတွေကို လှည့်ပတ် ဈေးဝယ်ခဲ့တဲ့မြင်ကွင်းတွေ၊ မြန်မာထမင်းဟင်းဆိုင်မှာ နေ့လယ်စာ စားသောက်ခဲ့မှုမြင်ကွင်းတွေက ဆိုရှယ်ပလက်ဖောင်းတွေထက်ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုအားပေးသူ များပြားခဲ့ပါတယ်။ လီလီက ထိုင်းနိုင်ငံမှာသာမက မြန်မာနိုင်ငံမှာလည်း ပရိသတ်အများအပြားရရှိလို့နေပြီး မြန်မာရင်ဖုံးအင်္ကျီနဲ့ချိတ်ထဘီကိုဝတ်ဆင်ထားမှုကြောင့်လည်း မြန်မာပရိသတ်တွေက ပိုမိုသဘောကျချစ်ခင်ခဲ့ကြတာကို တွေ့မြင်ခဲ့ရပါတယ်။
Lily Pantila Pansirithanachote (ခ) ူငူပ ကို (၁၉၉၄)ခုနှစ် နိုဝင်ဘာလ(၁၇)ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မွေးဖွားခဲ့ ခြင်းဖြစ်ပြီး၊ ထိုင်း-မြန်မာနွယ်ဖွား သရုပ်ဆောင်နဲ့မော်ဒယ်တစ်ဦးဖြစ်ပါတယ်။ ဖခင်ဖြစ်သူက ထိုင်းလူမျိုးဖြစ်ပြီး မိခင်က ဗမာလူမျိုးဖြစ်ပါတယ်။ လီလီက လက်ရှိမှာ အဆိုတော် မင်းသား Chinawut Indracusin နဲ့ ချစ်သူတွေဖြစ်ကြောင်းကိုလည်း တရားဝင်ကြေညာထားပါတယ်။
လီလီက ဆိုရှယ်ပလက်ဖောင်းတွေမှာ သူရဲ့ ပျော်စရာကောင်းတဲ့မိသားစုဝင်တွေနဲ့အတူ လှုပ်ရှားမှုကိုဖော်ပြလေ့ရှိပြီး၊ မြန်မာအစားအစာတွေ ကိုလည်း မိသားစုတွေနဲ့အတူ ချက်ပြုတ်စားသောက်လေ့ရှိပါတယ်။Lily Pantila Pansirithanachote (ခ) Lily က (၂၀၂၄) ခုနှစ်က မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက် လည်ပတ်ခဲ့ဖူးပြီး၊ အခု (၂၀၂၅)ခုနှစ်မှာ ဒုတိယအကြိမ်အဖြစ်လာရောက်ခဲ့ခြင်းဖြစ်ပါတယ်။ လီလီအနေနဲ့ မြန်မာနိုင်ငံက ရုပ်ရှင်သရုပ်ဆောင် ပိုင်တံခွန်၊ နန်းဆုရတီစိုး၊ အလှမယ် သဲစုငြိမ်း စတဲ့ အနုပညာရှင်တွေနဲ့အတူ ထိုင်း-မြန်မာနှစ်နိုင်ငံကြား ကြော်ငြာကုန်ပစ္စည်းမိတ်ဆက်ပွဲတွေကိုတက်ရောက်ခဲ့ဖူးပြီး၊ မြန်မာနိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့ ရေဘေး၊ ငလျင်ဘေး တွေအတွက်လည်း အလှူငွေလှူဒါန်းပြီး စိတ်ဓာတ်ခွန်အားပေးစကားတွေ ပြောကြားခဲ့ဖူးပါတယ်။

ရုပ်ရှင်သရုပ်ဆောင် ညောင်ညောင်ရဲ့ လက်ရှိကျန်းမာရေး

သရုပ်ဆောင်ညောင်‌ညောင် ကျန်းမာရေးချို့တဲ့လျက်ရှိကြောင်း လွန်ခဲ့တဲ့နှစ်ပိုင်းကတည်းက သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်လည်း ဇွန်လနောက်ဆုံးပတ်ကထွက်ရှိလာတဲ့ အနုပညာမီဒီယာတစ်ခုဖြစ်တဲ့ Cele Gabar ရဲ့ အနုပညာရှင်ဓာတ်ပုံမှတ်တမ်းမှာ ညောင်ညောင်ရဲ့လက်ရှိပုံရိပ်ကို မြင်တွေ့ခွင့်ရရှိခဲ့ပါတယ်။ ကျန်းမာရေးအခြေအနေကြောင့် (၂၀၂၄)ခုနှစ်ကတည်းက အနုပညာအလုပ်တွေကိုရပ်နားထားရတာ နှစ်အပိုင်းအခြားတစ်ခုအထိရှိ
နေပြီဖြစ်ပြီး ပီတိဝေဆေးရုံမှာဆေးကုသမှုခံယူခဲ့ရာ ကျန်းမာရေးအနည်းငယ် ပြန်လည်ကောင်းမွန်လာပြီဖြစ်တယ်လို့သိရှိထားရပါတယ်။
သူ့အနေနဲ့ လက်ရှိမှာ အသက် (၆၂)နှစ်အရွယ်ရှိပြီဖြစ်ပြီး ဓာတ်ပုံမှတ်တမ်းအရ ရုပ်ရည် သွင်ပြင်ကျဆင်းသွားခဲ့တာကိုမြင်တွေ့ရကာ ကျောက်ကပ်ရောဂါကြောင့်ဆေးကုသမှုခံယူနေရတာဖြစ်တယ်လို့သိရပါတယ်။ ၎င်းရဲ့ " ညောင်ညောင်ပြောမယ့်Believe it or not "ပေ့ချ်က (၂၀၂၄) ခုနှစ် မတ်လကတည်းက ရပ်တန့်သွားခဲ့ပြီးသူ့အနေနဲ့ (၂၀၂၄)ခုနှစ်မှာကတည်းက ကျန်းမာရေးအခြေအနေကြောင့် ဆေးကုသမှုခံယူခဲ့ရတာဖြစ်တယ်လို့ သိရှိရပါတယ်။
ဓာတ်ပုံမှတ်တမ်းပို့စ်အောက်မှာမြင်တွေ့ရတဲ့မှတ်ချက်တွေအရ ၎င်းကို ဒီနေ့ထိတိုင် အားပေးသူပရိသတ် အများအပြားရှိနေတာကိုသတိပြုမိခဲ့ပြီး၊ ဘယ်လိုရောဂါဝေဒနာကိုပဲ ခံစားနေရတာဖြစ်ပါစေ ကျန်းမာရေးကို အလေးထားဂရုစိုက်ဖို့ ကရုဏာစိတ်နဲ့မှာကြားထားကြတာကိုလည်း မြင်တွေ့ခွင့်ရရှိခဲ့ပါတယ်။

ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ ရပ်နားခွင့်ပြုပါ။

Zawgyi Version:
"အလႉရွင္နည္းပါးေပမယ့္ မျဖစ္ျဖစ္ေအာင္ က်င္းပသြားမယ္ဆိုတဲ့ သက္ႀကီးဟာသလူ႐ႊင္ေတာ္ကန္ေတာ့ပြဲ"
အိျဖဴ (NP News) - ဇြန္ ၂၉

NP News ရဲ႕အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္အတြက္ " သက္ႀကီးဟာသလူ႐ႊင္ေတာ္ကန္ေတာ့ပြဲကို ဇူလိုင္လမွာက်င္းပမယ္၊ ထိုင္းမင္းသမီးလီလီရဲ႕ ျမန္မာခရီးစဥ္၊ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ေညာင္ေညာင္ရဲ႕ က်န္းမာေရး" စတဲ့ အႏုပညာဆက္စပ္သတင္းေတြကို ေဖာ္ျပေပးသြားပါမယ္။

(၁၅)ႀကိမ္ေျမာက္ သက္ႀကီးဟာသလူ႐ႊင္ေတာ္ႀကီးမ်ား ပူေဇာ္ကန္ေတာ့ပြဲ က်င္းပမည္

သက္ႀကီး ဟာသလူ႐ႊင္ေတာ္ႀကီးမ်ားအား ပူေဇာ္ကန္ေတာ့ပြဲက်င္းပႏိုင္ဖို႔အတြက္ အလႉေငြရရွိမႈေလ်ာ့နည္းေနေပမယ့္ ေဆးပေဒသာပင္ စိုက္ထူလႉဒါန္းႏိုင္ဖို႔အထိ ႀကိဳးစားစီစဥ္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံ ဟာသပညာရွင္မ်ားအစည္းအ႐ုံး(ဗဟို) ဥကၠ႒ ဦးဒိန္းေဒါင္က အသိေပးေျပာၾကားလာပါတယ္။
ျမန္မာႏိုင္ငံ ဟာသပညာရွင္မ်ားအစည္းအ႐ုံး(ဗဟို)ကႀကီးမႉးၿပီး (၁၅)ႀကိမ္ေျမာက္ သက္ႀကီးဟာသလူ႐ႊင္ေတာ္ႀကီးမ်ား ပူေဇာ္ကန္ေတာ့ပြဲအခမ္းအနားကို (၂၀၂၅)ခုႏွစ္ ဇူလိုင္လ(၇)ရက္ မနက္(၉)နာရီမွ ေန႔လယ္(၁၂)နာရီအထိ က်င္းပသြားမွာျဖစ္ပါတယ္။ ရန္ကုန္တိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ပဲခူးတိုင္း ေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီးရွိ သက္ႀကီးလူ႐ႊင္ေတာ္မ်ားအနက္ အသက္ (၆၅)ႏွစ္နဲ႔အထက္ရွိသူ ပူေဇာ္ခံပုဂၢိဳလ္စုစုေပါင္း အေယာက္ (၁၀ဝ)ေက်ာ္ရွိတယ္လို႔ သိရွိရပါတယ္။ ျမန္မာႏိုင္ငံ ဟာသပညာရွင္မ်ားအစည္းအ႐ုံး(ဗဟို)ဥကၠ႒ ဦးဒိန္းေဒါင္က " ပြဲစီစဥ္မႈနဲ႔ပတ္သက္တဲ့အေျခအေနကို ပြင့္ပြင့္လင္းလင္းေျပာရရင္ ဘယ္လိုမွ အဆင္မေျပပါဘူး။ အလႉရွင္ေတြကိုလည္း အရမ္းအားနာပါတယ္။ ငလ်င္ျပန္လည္ထူေထာင္ေရးအေျခအေနမွာ အလႉရွင္ေတြကို လႉပါ လႉပါလို႔လည္းမေျပာရက္ပါဘူး။ အဓိကအခက္အခဲဆို ေငြေၾကးပိုင္းေပါ့။ ေနျပည္ေတာ္မွာက ပြဲစီစဥ္ဖို႔နဲ႔ သြားလာေရးအခက္အခဲရွိတယ္ေလ။ ရန္ကုန္မွာက လမ္းပိုင္းဆက္သြယ္ေရးကအဆင္ေျပၿပီး၊ ေနထိုင္ေရးအတြက္ သက္သာတာေၾကာင့္လည္း ရန္ကုန္မွာပဲက်င္းပျဖစ္တာပါ" လို႔ NP News ရဲ႕ေမးျမန္းမႈအေပၚ ေျဖၾကားခဲ့ပါတယ္။
လက္ရွိမွာေတာ့ သက္ႀကီးဟာသလူ႐ႊင္ေတာ္ႀကီးမ်ား ပူေဇာ္ပြဲက်င္းပႏိုင္ေရးအတြက္ ဇြန္လ (၂၅)ရက္အထိ အလႉေငြ က်ပ္ သိန္း(၂၀ဝ) ခန႔္မွန္း လက္ခံရရွိထားၿပီးျဖစ္ေၾကာင္းသိရပါတယ္။ " ဒီႏွစ္မွာေတာ့ ကြၽန္ေတာ့္အသိမိတ္ေဆြေတြရဲ႕အႀကံဉာဏ္ေပးမႈအရ သက္ႀကီးလူ႐ႊင္ေတာ္အေဖႀကီးတို႔အတြက္ ေဆးပေဒသာပင္စိုက္ထူကာ လစဥ္လႉဒါန္းေပးႏိုင္ေအာင္ ႀကိဳးစားသြားမွာျဖစ္ၿပီး၊ ကြၽန္ေတာ့္ဘက္ကလည္း တတ္ႏိုင္ သေလာက္လႉဒါန္းကူညီသြားဖို႔ရွိပါတယ္" လို႔ ဥကၠ႒က အသိေပးေျပာၾကားထားပါတယ္။ သက္ႀကီးလူ႐ႊင္ေတာ္ႀကီးမ်ားကို ပူေဇာ္ကန္ေတာ့ရာမွာ ပါဝင္လႉဒါန္းႏိုင္ေစဖို႔အတြက္ ဥကၠ႒ ဒိန္းေဒါင္(ဝ၉-၅၁၃၈၉၉၆ယ ဝ၉-၅၀၄၃၆၈၂)ကို ဆက္သြယ္ေမးျမန္းလႉဒါန္းႏိုင္ပါေၾကာင္း အသိေပးေၾကညာထားတာကိုေတြ႕ရပါတယ္။ (၁၅)ႀကိမ္ေျမာက္ သက္ႀကီးဟာသလူ႐ႊင္ေတာ္ႀကီးမ်ား ပူေဇာ္ကန္ေတာ့ပြဲအခမ္းအနားကို မိဘေက်းဇူးဆပ္ ဘုရားဝင္းအတြင္း ျမန္မာႏိုင္ငံ ဟာသပညာရွင္မ်ားအစည္းအ႐ုံး(ရန္ကုန္တိုင္း)႐ုံး၊ ေအာင္ဆန္းသူရိယလွေသာင္းလမ္း (၄၈)ရပ္ကြက္ ေျမာက္ဒဂုံၿမိဳ႕နယ္ ရန္ကုန္ၿမိဳ႕မွာ က်င္းပမွာျဖစ္ပါတယ္။

ထိုင္းမင္းသမီး Lily Pantila Pansirithanachote (ခ) လီလီ ရဲ႕ ျမန္မာခရီးစဥ္

ထိုင္းနာမည္ႀကီး မင္းသမီးတစ္ဦးျဖစ္တဲ့ Lily Pantila Pansirithanachote (ခ) လီလီက ႐ုပ္ရွင္သ႐ုပ္ေဆာင္ ပိုင္တံခြန္နဲ႔ မလင္းျမဖူးတို႔ရဲ႕မဂၤလာပြဲအခမ္းအနားကို တက္ေရာက္ဂုဏ္ျပဳရင္း ျမန္မာႏိုင္ငံမွာ ႏွစ္ရက္ၾကာေနထိုင္ခဲ့ကာ ျမန္မာႏိုင္ငံကိုေရာက္ခိုက္ တန္ခိုးႀကီးဘုရားေတြျဖစ္တဲ့ ေ႐ႊတိဂုံေစတီေတာ္၊ ဗိုလ္တေထာင္ၿမိဳ႕နယ္ရွိ က်ိဳက္ ေဒးအပ္ဆံေတာ္ရွင္ေစတီေတာ္ကို သြားေရာက္ဖူးေျမာ္ခဲ့ပါတယ္။ ဒါ့ျပင္ ျမန္မာႏိုင္ငံရဲ႕ Street Food အစားအစာေတြ၊ ေရွာပင္းစင္တာေတြကို လွည့္ပတ္ ေဈးဝယ္ခဲ့တဲ့ျမင္ကြင္းေတြ၊ ျမန္မာထမင္းဟင္းဆိုင္မွာ ေန႔လယ္စာ စားေသာက္ခဲ့မႈျမင္ကြင္းေတြက ဆိုရွယ္ပလက္ေဖာင္းေတြထက္ပ်ံ႕ႏွံ႔ခဲ့ၿပီး ၾကည့္ရႈအားေပးသူ မ်ားျပားခဲ့ပါတယ္။ လီလီက ထိုင္းႏိုင္ငံမွာသာမက ျမန္မာႏိုင္ငံမွာလည္း ပရိသတ္အမ်ားအျပားရရွိလို႔ေနၿပီး ျမန္မာရင္ဖုံးအက်ႌနဲ႔ခ်ိတ္ထဘီကိုဝတ္ဆင္ထားမႈေၾကာင့္လည္း ျမန္မာပရိသတ္ေတြက ပိုမိုသေဘာက်ခ်စ္ခင္ခဲ့ၾကတာကို ေတြ႕ျမင္ခဲ့ရပါတယ္။
Lily Pantila Pansirithanachote (ခ) ူငူပ ကို (၁၉၉၄)ခုႏွစ္ ႏိုဝင္ဘာလ(၁၇)ရက္က ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ေမြးဖြားခဲ့ ျခင္းျဖစ္ၿပီး၊ ထိုင္း-ျမန္မာႏြယ္ဖြား သ႐ုပ္ေဆာင္နဲ႔ေမာ္ဒယ္တစ္ဦးျဖစ္ပါတယ္။ ဖခင္ျဖစ္သူက ထိုင္းလူမ်ိဳးျဖစ္ၿပီး မိခင္က ဗမာလူမ်ိဳးျဖစ္ပါတယ္။ လီလီက လက္ရွိမွာ အဆိုေတာ္ မင္းသား Chinawut Indracusin နဲ႔ ခ်စ္သူေတြျဖစ္ေၾကာင္းကိုလည္း တရားဝင္ေၾကညာထားပါတယ္။
လီလီက ဆိုရွယ္ပလက္ေဖာင္းေတြမွာ သူရဲ႕ ေပ်ာ္စရာေကာင္းတဲ့မိသားစုဝင္ေတြနဲ႔အတူ လႈပ္ရွားမႈကိုေဖာ္ျပေလ့ရွိၿပီး၊ ျမန္မာအစားအစာေတြ ကိုလည္း မိသားစုေတြနဲ႔အတူ ခ်က္ျပဳတ္စားေသာက္ေလ့ရွိပါတယ္။Lily Pantila Pansirithanachote (ခ) Lily က (၂၀၂၄) ခုႏွစ္က ျမန္မာႏိုင္ငံကို ပထမဆုံးအႀကိမ္ လာေရာက္ လည္ပတ္ခဲ့ဖူးၿပီး၊ အခု (၂၀၂၅)ခုႏွစ္မွာ ဒုတိယအႀကိမ္အျဖစ္လာေရာက္ခဲ့ျခင္းျဖစ္ပါတယ္။ လီလီအေနနဲ႔ ျမန္မာႏိုင္ငံက ႐ုပ္ရွင္သ႐ုပ္ေဆာင္ ပိုင္တံခြန္၊ နန္းဆုရတီစိုး၊ အလွမယ္ သဲစုၿငိမ္း စတဲ့ အႏုပညာရွင္ေတြနဲ႔အတူ ထိုင္း-ျမန္မာႏွစ္ႏိုင္ငံၾကား ေၾကာ္ျငာကုန္ပစၥည္းမိတ္ဆက္ပြဲေတြကိုတက္ေရာက္ခဲ့ဖူးၿပီး၊ ျမန္မာႏိုင္ငံမွာျဖစ္ပ်က္ခဲ့တဲ့ ေရေဘး၊ ငလ်င္ေဘး ေတြအတြက္လည္း အလႉေငြလႉဒါန္းၿပီး စိတ္ဓာတ္ခြန္အားေပးစကားေတြ ေျပာၾကားခဲ့ဖူးပါတယ္။

႐ုပ္ရွင္သ႐ုပ္ေဆာင္ ေညာင္ေညာင္ရဲ႕ လက္ရွိက်န္းမာေရး

သ႐ုပ္ေဆာင္ေညာင္‌ေညာင္ က်န္းမာေရးခ်ိဳ႕တဲ့လ်က္ရွိေၾကာင္း လြန္ခဲ့တဲ့ႏွစ္ပိုင္းကတည္းက သတင္းေတြထြက္ေပၚခဲ့ေပမယ့္လည္း ဇြန္လေနာက္ဆုံးပတ္ကထြက္ရွိလာတဲ့ အႏုပညာမီဒီယာတစ္ခုျဖစ္တဲ့ Cele Gabar ရဲ႕ အႏုပညာရွင္ဓာတ္ပုံမွတ္တမ္းမွာ ေညာင္ေညာင္ရဲ႕လက္ရွိပုံရိပ္ကို ျမင္ေတြ႕ခြင့္ရရွိခဲ့ပါတယ္။ က်န္းမာေရးအေျခအေနေၾကာင့္ (၂၀၂၄)ခုႏွစ္ကတည္းက အႏုပညာအလုပ္ေတြကိုရပ္နားထားရတာ ႏွစ္အပိုင္းအျခားတစ္ခုအထိရွိ
ေနၿပီျဖစ္ၿပီး ပီတိေဝေဆး႐ုံမွာေဆးကုသမႈခံယူခဲ့ရာ က်န္းမာေရးအနည္းငယ္ ျပန္လည္ေကာင္းမြန္လာၿပီျဖစ္တယ္လို႔သိရွိထားရပါတယ္။
သူ႔အေနနဲ႔ လက္ရွိမွာ အသက္ (၆၂)ႏွစ္အ႐ြယ္ရွိၿပီျဖစ္ၿပီး ဓာတ္ပုံမွတ္တမ္းအရ ႐ုပ္ရည္ သြင္ျပင္က်ဆင္းသြားခဲ့တာကိုျမင္ေတြ႕ရကာ ေက်ာက္ကပ္ေရာဂါေၾကာင့္ေဆးကုသမႈခံယူေနရတာျဖစ္တယ္လို႔သိရပါတယ္။ ၎ရဲ႕ " ေညာင္ေညာင္ေျပာမယ့္Believe it or not "ေပ့ခ်္က (၂၀၂၄) ခုႏွစ္ မတ္လကတည္းက ရပ္တန႔္သြားခဲ့ၿပီးသူ႔အေနနဲ႔ (၂၀၂၄)ခုႏွစ္မွာကတည္းက က်န္းမာေရးအေျခအေနေၾကာင့္ ေဆးကုသမႈခံယူခဲ့ရတာျဖစ္တယ္လို႔ သိရွိရပါတယ္။
ဓာတ္ပုံမွတ္တမ္းပို႔စ္ေအာက္မွာျမင္ေတြ႕ရတဲ့မွတ္ခ်က္ေတြအရ ၎ကို ဒီေန႔ထိတိုင္ အားေပးသူပရိသတ္ အမ်ားအျပားရွိေနတာကိုသတိျပဳမိခဲ့ၿပီး၊ ဘယ္လိုေရာဂါေဝဒနာကိုပဲ ခံစားေနရတာျဖစ္ပါေစ က်န္းမာေရးကို အေလးထားဂ႐ုစိုက္ဖို႔ က႐ုဏာစိတ္နဲ႔မွာၾကားထားၾကတာကိုလည္း ျမင္ေတြ႕ခြင့္ရရွိခဲ့ပါတယ္။

ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔ ရပ္နားခြင့္ျပဳပါ။

Related news

© 2021. All rights reserved.