Air Thanlwin လေကြောင်းလိုင်းမှ လေယာဥ်တစ်စီး ပျံသန်းစဉ် အစိတ်အပိုင်း တစ်ခု ပြုတ်ကျသည့် ဖြစ်စဥ် ဖြစ်ပွား

8375
ချယ်ရီ (NP News) - ဇူလိုင် ၂
Air Thanlwin လေကြောင်းလိုင်း မှ လေယာဥ်တစ်စီး မှာ ပျံသန်းစဉ် အစိတ်အပိုင်း တစ်ခု ပြုတ်ကျခဲ့သည့် ဖြစ် စဥ် တစ်ခု ယနေ့ (ဇူလိုင်လ ၂ ရက်) က ဖြစ်ပွားခဲ့ကြောင်း ဖြစ်စဥ် နှင့် ပတ်သက်၍ သိရှိသူတစ်ဦးက NP News သတင်းဌာနသို့ ပြောသည်။
အဆိုပါ လေယာဉ်တွင် ခရီးသည် ၆၃ ဦး လိုက်ပါလာခြင်း ဖြစ်ပြီး နံနက် ၁၀ နာရီ မိနစ် ၅၀ အချိန်က တာချီလိတ် လေဆိပ်သို့ ဆိုက်ရောက်စဥ် စစ်ဆေးရာမှ ပြုတ်ကျခဲ့သည်ကို သိရခြင်း ဖြစ်ကြောင်း သိရသည်။
ပြုတ်ကျခဲ့သော အစိတ်အပိုင်းမှာ လေယာဉ် ၏ ညာဘက် တောင်ပံ နှင့် ကိုယ်ထည် ကို ဆက်သွယ်ထားသည် အစိတ်အပိုင်း ဖြစ်ကြောင်း သိရသည်။
“တာချီလိတ်ရောက်ပြီး စစ်ဆေးတော့မှ ပြုတ်ကျခဲ့မှန်း သိတာ” ဟု အထက်ပါ သတင်းရင်းမြစ် က ပြောသည်။
Zawgyi Version:
ပြည်တွင်း လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး ပျံသန်းစဉ် အစိတ်အပိုင်း တစ်ခု ပြုတ်ကျသည့် ဖြစ်စဉ် ဖြစ်ပွား