လှိုင်သာယာတွင်ဖြစ်ခဲ့သော အချုပ်သူကို ရဲလက်က ပစ်ခတ်လုယူသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်

2813

ပီယ (NP News) - ဇူလိုင် ၃
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင်ဖြစ်ခဲ့သော အချုပ်သူကို ရဲလက်က ပစ်ခတ်လုယူသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ဇူလိုင်လ ၂ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်း၌ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် ဖမ်းဆီးထားသည့် အချုပ်တရားခံ ဇွန်ပွင့်လှိုင် (၃၀)နှစ်၊ (ဘ) ဦးလှမင်းအား ရဲတပ်ဖွဲ့မှ လုံခြုံရေးတာဝန်ရှိသူများက ဇူလိုင် ၁ ရက် ညပိုင်းတွင် ကျောက်ကပ်ရောဂါအရေးပေါ်ကုသရန် အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိသပြေအထူးကုဆေးခန်းသို့ပို့ဆောင်ပေးပြီးအပြန် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်ရှိ Ocean Center သို့ဝင်ရောက်ဆေးဝယ်ကာ ပြန်ထွက်လာစဉ် ကားပါကင်အနီးသို့ အရောက်၌ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် စောင့်ကြိုပစ်ခတ်ခဲ့ရာ ဆေးခန်းသို့ လိုက်ပါပို့ဆောင်သည့် ရဲတပ်ဖွဲ့ဝင်များအား လက်နက်ငယ်ကျည်များထိမှန်၍ ထိခိုက်မှု များဖြစ်ပေါ်ခဲ့ပြီး အချုပ်တရားခံ ဇွန်ပွင့်လှိုင်အား ခေါ်ဆောင်ထွက်ပြေးသွား ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ အချုပ်တရားခံနှင့် ခေါ်ဆောင်ထွက်ပြေးသွားသူများအား အမြန်ဆုံး ပြန်လည်ဖမ်းဆီးရမိနိုင်ရေးအတွက် ပိတ်ဆို့ရှာဖွေမှုများပြုလုပ်ခဲ့ရာ ယနေ့ (ဇူလိုင်လ ၂ ရက်) နံနက်ပိုင်းတွင် သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ၊ (၆)လမ်းသွားလမ်းဆုံနေရာ၌ ဇွန်ပွင့်လှိုင် အပါအဝင် ရဲလုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည့် ဘားအံမြို့နယ်၊ တောင်ဝိုင်းကျေးရွာနေ ချစ်ဇင်လင်း(ခ) စောအယ်ထူး (၃၈)နှစ်(ဘ)ဦးစိန်မင်းနှင့်လှိုင်သာယာ (အနောက်ပိုင်း)၊ မြို့နယ်(၁၃) ရပ်ကွက်နေ သီဟသူ (၂၃)နှစ် (ဘ) ဦးဘိုဘိုသူ တို့ကို လည်းကောင်း၊ စစ်ပစ်ကွင်းကျေးရွာအနီး သန်လျင်-သုံးခွကားလမ်းရှိ စစ်ပင်ကွင်း ကားမှတ်တိုင်၌ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာနေ သုခပြည့်စုံ (ခ)ဖိုးခွား (၂၀)နှစ် (ဘ) ဦးနေထွန်း၊ လှည်းကူးမြို့နယ်၊ ရိပ်သာ ရပ်ကွက်နေ သူရဝင်း (၃၅)နှစ် (ဘ) ညဦးသန်းဇော်နှင့် မုံရွာမြို့နယ်၊ မြို့သစ်ရပ်ကွက်နေ အောင်စန်းမိုး (ခ) ပေါင်မုန့် (၂၂)နှစ် (ဘ) ဦးမိုးသီးတို့ကိုလည်းကောင်း၊ ပစ္စတို ၂ လက်၊ ကျည်မျိုးစုံ ၄၃ တောင့်၊ ကျည် အိမ် ၃ ခု၊ လက်ပစ်ဗုံး ၄ လုံးတို့နှင့်အတူ အသီးသီးဖမ်းဆီး ရမိခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ အချုပ်တရားခံ ဇွန်ပွင့်လှိုင် အပါအဝင် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် PDF အမည်ခံ အကြမ်းဖက်သမား ၆ ဦးကို တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင် ရွက်သွား မည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

Zawgyi Version:
လႈိင္သာယာတြင္ျဖစ္ခဲ့ေသာ အခ်ဳပ္သူကို ရဲလက္က ပစ္ခတ္လုယူသည့္ျဖစ္စဥ္ႏွင့္ပတ္သက္၍ နစက သတင္းထုတ္ျပန္
ပီယ (NP News) - ဇူလိုင္ ၃
ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာၿမိဳ႕နယ္တြင္ျဖစ္ခဲ့ေသာ အခ်ဳပ္သူကို ရဲလက္က ပစ္ခတ္လုယူသည့္ျဖစ္စဥ္ႏွင့္ပတ္သက္၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ က ဇူလိုင္လ ၂ ရက္ ညပိုင္းတြင္ သတင္းထုတ္ျပန္သည္။
ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာ(အေရွ႕ပိုင္း)ၿမိဳ႕မရဲစခန္း၌ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၀(ည)ျဖင့္ ဖမ္းဆီးထားသည့္ အခ်ဳပ္တရားခံ ဇြန္ပြင့္လႈိင္ (၃၀)ႏွစ္၊ (ဘ) ဦးလွမင္းအား ရဲတပ္ဖြဲ႕မွ လုံၿခဳံေရးတာဝန္ရွိသူမ်ားက ဇူလိုင္ ၁ ရက္ ညပိုင္းတြင္ ေက်ာက္ကပ္ေရာဂါအေရးေပၚကုသရန္ အမွတ္(၅)ရပ္ကြက္၊ ဗိုလ္ခ်ဳပ္လမ္းရွိသေျပအထူးကုေဆးခန္းသို႔ပို႔ေဆာင္ေပးၿပီးအျပန္ လႈိင္သာယာ (အေရွ႕ပိုင္း)ၿမိဳ႕နယ္ရွိ Ocean Center သို႔ဝင္ေရာက္ေဆးဝယ္ကာ ျပန္ထြက္လာစဥ္ ကားပါကင္အနီးသို႔ အေရာက္၌ PDF အမည္ခံအၾကမ္းဖက္သမားမ်ားက လက္နက္ငယ္မ်ားျဖင့္ ေစာင့္ႀကိဳပစ္ခတ္ခဲ့ရာ ေဆးခန္းသို႔ လိုက္ပါပို႔ေဆာင္သည့္ ရဲတပ္ဖြဲ႕ဝင္မ်ားအား လက္နက္ငယ္က်ည္မ်ားထိမွန္၍ ထိခိုက္မႈ မ်ားျဖစ္ေပၚခဲ့ၿပီး အခ်ဳပ္တရားခံ ဇြန္ပြင့္လႈိင္အား ေခၚေဆာင္ထြက္ေျပးသြား ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အဆိုပါ အခ်ဳပ္တရားခံႏွင့္ ေခၚေဆာင္ထြက္ေျပးသြားသူမ်ားအား အျမန္ဆုံး ျပန္လည္ဖမ္းဆီးရမိႏိုင္ေရးအတြက္ ပိတ္ဆို႔ရွာေဖြမႈမ်ားျပဳလုပ္ခဲ့ရာ ယေန႔ (ဇူလိုင္လ ၂ ရက္) နံနက္ပိုင္းတြင္ သန္လ်င္ၿမိဳ႕နယ္၊ ဘုရားကုန္းေက်း႐ြာ၊ (၆)လမ္းသြားလမ္းဆုံေနရာ၌ ဇြန္ပြင့္လႈိင္ အပါအဝင္ ရဲလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအား လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ခဲ့သည့္ ဘားအံၿမိဳ႕နယ္၊ ေတာင္ဝိုင္းေက်း႐ြာေန ခ်စ္ဇင္လင္း(ခ) ေစာအယ္ထူး (၃၈)ႏွစ္(ဘ)ဦးစိန္မင္းႏွင့္လႈိင္သာယာ (အေနာက္ပိုင္း)၊ ၿမိဳ႕နယ္(၁၃) ရပ္ကြက္ေန သီဟသူ (၂၃)ႏွစ္ (ဘ) ဦးဘိုဘိုသူ တို႔ကို လည္းေကာင္း၊ စစ္ပစ္ကြင္းေက်း႐ြာအနီး သန္လ်င္-သုံးခြကားလမ္းရွိ စစ္ပင္ကြင္း ကားမွတ္တိုင္၌ ေက်ာက္တံခါးၿမိဳ႕နယ္၊ သမင္အင္းကုန္းေက်း႐ြာေန သုချပည့္စုံ (ခ)ဖိုးခြား (၂၀)ႏွစ္ (ဘ) ဦးေနထြန္း၊ လွည္းကူးၿမိဳ႕နယ္၊ ရိပ္သာ ရပ္ကြက္ေန သူရဝင္း (၃၅)ႏွစ္ (ဘ) ညဦးသန္းေဇာ္ႏွင့္ မုံ႐ြာၿမိဳ႕နယ္၊ ၿမိဳ႕သစ္ရပ္ကြက္ေန ေအာင္စန္းမိုး (ခ) ေပါင္မုန႔္ (၂၂)ႏွစ္ (ဘ) ဦးမိုးသီးတို႔ကိုလည္းေကာင္း၊ ပစၥတို ၂ လက္၊ က်ည္မ်ိဳးစုံ ၄၃ ေတာင့္၊ က်ည္ အိမ္ ၃ ခု၊ လက္ပစ္ဗုံး ၄ လုံးတို႔ႏွင့္အတူ အသီးသီးဖမ္းဆီး ရမိခဲ့ေၾကာင္း ေဖာ္ျပထားသည္။
အဆိုပါ အခ်ဳပ္တရားခံ ဇြန္ပြင့္လႈိင္ အပါအဝင္ လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ PDF အမည္ခံ အၾကမ္းဖက္သမား ၆ ဦးကို တရားဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္ႏိုင္ေရးအတြက္ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ဆက္လက္ေဆာင္ ႐ြက္သြား မည္ျဖစ္ေၾကာင္းလည္း အသိေပးထားသည္။