အမျိုးသမီးများအား စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ပေးအပ် ရာတွင် အမျိုးသမီး ၁၅၀ ကျော် ပါဝင်

725

NP News - ဇူလိုင် ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၃)ရက်တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် ထူးချွန်ပြောင်မြောက်စွာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် အမျိုးသမီးများအား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ပေးအပ်ရာတွင် အမျိုးသမီး ၁၅၀ ကျော် ပါဝင်ကြောင်း သိရသည်။
သာသနာတော်ကို ပစ္စည်းလေးပါးတို့ဖြင့် စွမ်းစွမ်းတမံ ထောက်ပံ့လှူဒါန်းခဲ့သော အောက်ဖော်ပြပါအမျိုးသမီးများအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်ဖြစ်သည် သီဟသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ကို အမျိုးသမီး ၇ ဦးက ရရှိကြောင်း သိရသည်။
လက်ရှိ မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ထဲထဲဝင်ဝင်ဆောင်ရွက်နေသော ရခိုင်ပြည် လွတ်မြောက်ရေးပါတီဥက္ကဌ ဒေါ်စောမြရာဇာလင်း၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) ဒုတိယဥက္ကဋ္ဌ ဒေါ်နော်ကပေါ်ထူး နှင့် ပညာရေး ဝန်ကြီးဌာနက ပါမောက္ခ(ဌာနမှူး) (ငြိမ်း) ဒေါက်တာ ဒေါ်ပို တို့မှာ ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ခံရကြောင်း တွေ့မြင်ရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်များ ဖြစ်သည့် ရဲဗလတံဆိပ် ချီးမြှင့်ခံရသူ ၆၅) ဦး၊ ရဲကျော်စွာ တံဆိပ် ချီးမြှင့် ခံရသူ ၂ ဦး ရှိပြီး စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ဖြစ်သည့် စီမံထူးချွန်တံဆိပ် (ဒုတိယဆင့်) ချီးမြှင့်ခံရသူ ၂ ဦး၊ စီမံထူးချွန်တံဆိပ် (တတိယဆင့်) ချီးမြှင့်ခံရသူ ၁၅ ဦး ရှိသည်။
လူမှုထူးချွန်တံဆိပ် (ပထမဆင့်) ချီးမြှင့်ခံရသူ ၉ ဦး၊ လူမှုထူးချွန်တံဆိပ် (ဒုတိယဆင့်) ချီးမြှင့် ခံရသူ ၄ ဦး နှင့် လူမှုထူးချွန်တံဆိပ် (တတိယဆင့်) ချီးမြှင့်ခံရသူ ၄၄ ဦး ရှိသည့် အနက် အနုပညာရှင် စိုးမြတ်သူဇာ နှင့် မေသဥ္ဇာဦး (ခ) ဒေါ်သူဇာထွေးတို့မှာ လူမှုထူးချွန်တံဆိပ် (ပထမဆင့်) ချီးမြှင့်ခံရကြောင်း တွေ့မြင်ရသည်။
လယ်ယာစီးပွားထူးချွန်တံဆိပ် (တတိယဆင့်)၊ ဝန်ဆောင်မှု စီးပွားထူးချွန်တံဆိပ် (တတိယဆင့်) စသည်ဖြင့် ချီးမြှင့်ခဲ့သည့် အပြင် အနုပညာရှင် ဒေါ်ဆွေဇင်ထိုက် က အနုပညာထူးချွန်တံဆိပ် (ပထမဆင့်) ချီးမြှင့်ခံရပြီး စာပေပညာရှင် ဒေါ် မြမြသန်း (ခ) မနှင်းဖွေး က စာပေပညာထူးချွန်တံဆိပ် (ပထမဆင့်) ချီးမြှင့်ခံရသည်။

Zawgyi Version:
အမ်ိဳးသမီးမ်ားအား စြမ္းေဆာင္မႈဆိုင္ရာဂုဏ္ထူးေဆာင္ဘြဲ႕မ်ား၊ ဂုဏ္ထူးေဆာင္တံဆိပ္မ်ား ေပးအပ္ ရာတြင္ အမ်ိဳးသမီး ၁၅၀ ေက်ာ္ ပါဝင္
NP News - ဇူလိုင္ ၃
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က၂၀၂၅ ခုႏွစ္၊ ဇူလိုင္လ(၃)ရက္တြင္ က်ေရာက္ေသာ ျမန္မာအမ်ိဳးသမီးမ်ားေန႔ကို ဂုဏ္ျပဳေသာအားျဖင့္ သက္ဆိုင္ရာလုပ္ငန္းနယ္ပယ္အလိုက္ ထူးခြၽန္ေျပာင္ေျမာက္စြာ ႀကိဳးပမ္းေဆာင္႐ြက္ခဲ့ၾကသည့္ အမ်ိဳးသမီးမ်ားအား စြမ္းေဆာင္မႈဆိုင္ရာ ဂုဏ္ထူးေဆာင္ဘြဲ႕မ်ား၊ ဂုဏ္ထူးေဆာင္တံဆိပ္မ်ား ေပးအပ္ရာတြင္ အမ်ိဳးသမီး ၁၅၀ ေက်ာ္ ပါဝင္ေၾကာင္း သိရသည္။
သာသနာေတာ္ကို ပစၥည္းေလးပါးတို႔ျဖင့္ စြမ္းစြမ္းတမံ ေထာက္ပံ့လႉဒါန္းခဲ့ေသာ ေအာက္ေဖာ္ျပပါအမ်ိဳးသမီးမ်ားအား သာသနာေတာ္ဆိုင္ရာဘြဲ႕တံဆိပ္ျဖစ္သည္ သီဟသုဓမၼသိဂႌဘြဲ႕တံဆိပ္ကို အမ်ိဳးသမီး ၇ ဦးက ရရွိေၾကာင္း သိရသည္။
လက္ရွိ ျမန္မာၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အတြင္း ထဲထဲဝင္ဝင္ေဆာင္႐ြက္ေနေသာ ရခိုင္ျပည္ လြတ္ေျမာက္ေရးပါတီဥကၠဌ ေဒၚေစာျမရာဇာလင္း၊ ကရင္အမ်ိဳးသားအစည္းအ႐ုံး၊ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (ၿငိမ္းခ်မ္းေရးေကာင္စီ) ဒုတိယဥကၠ႒ ေဒၚေနာ္ကေပၚထူး ႏွင့္ ပညာေရး ဝန္ႀကီးဌာနက ပါေမာကၡ(ဌာနမႉး) (ၿငိမ္း) ေဒါက္တာ ေဒၚပို တို႔မွာ ဝဏၰေက်ာ္ထင္ဘြဲ႕ ခ်ီးျမႇင့္ခံရေၾကာင္း ေတြ႕ျမင္ရသည္။
ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဆိုင္ရာ စြမ္းရည္သတၱိဂုဏ္ထူးေဆာင္တံဆိပ္မ်ား ျဖစ္သည့္ ရဲဗလတံဆိပ္ ခ်ီးျမႇင့္ခံရသူ ၆၅) ဦး၊ ရဲေက်ာ္စြာ တံဆိပ္ ခ်ီးျမႇင့္ ခံရသူ ၂ ဦး ရွိၿပီး စြမ္းေဆာင္မႈဆိုင္ရာ ဂုဏ္ထူးေဆာင္တံဆိပ္မ်ား ျဖစ္သည့္ စီမံထူးခြၽန္တံဆိပ္ (ဒုတိယဆင့္) ခ်ီးျမႇင့္ခံရသူ ၂ ဦး၊ စီမံထူးခြၽန္တံဆိပ္ (တတိယဆင့္) ခ်ီးျမႇင့္ခံရသူ ၁၅ ဦး ရွိသည္။
လူမႈထူးခြၽန္တံဆိပ္ (ပထမဆင့္) ခ်ီးျမႇင့္ခံရသူ ၉ ဦး၊ လူမႈထူးခြၽန္တံဆိပ္ (ဒုတိယဆင့္) ခ်ီးျမႇင့္ ခံရသူ ၄ ဦး ႏွင့္ လူမႈထူးခြၽန္တံဆိပ္ (တတိယဆင့္) ခ်ီးျမႇင့္ခံရသူ ၄၄ ဦး ရွိသည့္ အနက္ အႏုပညာရွင္ စိုးျမတ္သူဇာ ႏွင့္ ေမသၪၨာဦး (ခ) ေဒၚသူဇာေထြးတို႔မွာ လူမႈထူးခြၽန္တံဆိပ္ (ပထမဆင့္) ခ်ီးျမႇင့္ခံရေၾကာင္း ေတြ႕ျမင္ရသည္။
လယ္ယာစီးပြားထူးခြၽန္တံဆိပ္ (တတိယဆင့္)၊ ဝန္ေဆာင္မႈ စီးပြားထူးခြၽန္တံဆိပ္ (တတိယဆင့္) စသည္ျဖင့္ ခ်ီးျမႇင့္ခဲ့သည့္ အျပင္ အႏုပညာရွင္ ေဒၚေဆြဇင္ထိုက္ က အႏုပညာထူးခြၽန္တံဆိပ္ (ပထမဆင့္) ခ်ီးျမႇင့္ခံရၿပီး စာေပပညာရွင္ ေဒၚ ျမျမသန္း (ခ) မႏွင္းေဖြး က စာေပပညာထူးခြၽန္တံဆိပ္ (ပထမဆင့္) ခ်ီးျမႇင့္ခံရသည္။