ဆရာမနဲ့ မူလတန်းကျောင်းသားကြားက အချစ်ဇာတ်လမ်း ရိုက်ကူးမယ့်ဇာတ်လမ်းတွဲကို ဆရာအသင်းချုပ်က ပိတ်ပင်

 7723

ရောင်နီ (NP News) - ဇူလိုင် ၃
မူလတန်းကျောင်းသားနဲ့ ဆရာမကြားက ချစ်ဇာတ်လမ်းကို ရိုက်ကူးမယ့် The Elementary Schooler I Love' ဇာတ်ကားကို ကိုရီးယားဆရာများအသင်းအဖွဲ့ချုပ် (KFTA) က ဇူလိုင်လ ၁ ရက်နေ့မှာ ပိတ်ပင် တားမြစ်လိုက်ပါတယ်။
ဇာတ်လမ်းတွဲဟာ Naver Series လို ပလက်ဖောင်းပေါ်မှာ လူသိများတဲ့ webtoon ကို အခြေခံ ရိုက်ကူးမယ့် ဇာတ်လမ်းဖြစ်ပြီး အမျိုးသမီးဆရာမတစ်ဦးနဲ့ အွန်လိုင်းဂိမ်းတစ်ခုမှတစ်ဆင့် တွေ့တဲ့ ကျောင်းသားကြား အချစ်ရေးခံစားချက်တွေကို ဇာတ်အိမ်တည်မှာ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူနဲ့ အရွယ်မရောက်သေးတဲ့ကျောင်းသားကြား ခံစားချက်တွေကို အခြေခံထားတာဖြစ်တဲ့အတွက် KFTA က အပြင်းအထန်ဝေဖန်ခဲ့ပြီး ဘယ်လိုအခြေအနေမျိုးမှာမဆို ဒီလိုအချစ်ရေးက မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။
ဒါအပြင် ဇာတ်လမ်းသရုပ်ဖော်ရာမှာ ပါဝင်တဲ့ ကလေးသရုပ်ဆောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာမှာ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပြီး ကလေးပြုစုပျိုးထောင်မှုမှာ ဆရာကို စည်းကမ်းဖောက်သူအဖြစ် ပုံဖော်လိုက်ခြင်းဟာလည်းကျောင်းပတ်ဝန်းကျင်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တယ်လို့ ၄င်းတို့က သတိပေးထားပါတယ်။ 'The Elementary Schooler I Love' ကို ဇာတ်ညွှန်းရေးဆရာ ဂျောင်ဆီဟွတ်က ရေးသားပြီး ဒါရိုက်တာအဖြစ် ဂျောင်ဆမ်ဟွမ်က ရိုက်ကူးဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

Zawgyi Version:
ဆရာမနဲ႔ မူလတန္းေက်ာင္းသားၾကားက အခ်စ္ဇာတ္လမ္း ႐ိုက္ကူးမယ့္ဇာတ္လမ္းတြဲကို ဆရာအသင္းခ်ဳပ္က ပိတ္ပင္
ေရာင္နီ (NP News) - ဇူလိုင္ ၃
မူလတန္းေက်ာင္းသားနဲ႔ ဆရာမၾကားက ခ်စ္ဇာတ္လမ္းကို ႐ိုက္ကူးမယ့္ The Elementary Schooler I Love' ဇာတ္ကားကို ကိုရီးယားဆရာမ်ားအသင္းအဖြဲ႕ခ်ဳပ္ (KFTA) က ဇူလိုင္လ ၁ ရက္ေန႔မွာ ပိတ္ပင္ တားျမစ္လိုက္ပါတယ္။
ဇာတ္လမ္းတြဲဟာ Naver Series လို ပလက္ေဖာင္းေပၚမွာ လူသိမ်ားတဲ့ webtoon ကို အေျခခံ ႐ိုက္ကူးမယ့္ ဇာတ္လမ္းျဖစ္ၿပီး အမ်ိဳးသမီးဆရာမတစ္ဦးနဲ႔ အြန္လိုင္းဂိမ္းတစ္ခုမွတစ္ဆင့္ ေတြ႕တဲ့ ေက်ာင္းသားၾကား အခ်စ္ေရးခံစားခ်က္ေတြကို ဇာတ္အိမ္တည္မွာ ျဖစ္ပါတယ္။ အ႐ြယ္ေရာက္ၿပီးသူနဲ႔ အ႐ြယ္မေရာက္ေသးတဲ့ေက်ာင္းသားၾကား ခံစားခ်က္ေတြကို အေျခခံထားတာျဖစ္တဲ့အတြက္ KFTA က အျပင္းအထန္ေဝဖန္ခဲ့ၿပီး ဘယ္လိုအေျခအေနမ်ိဳးမွာမဆို ဒီလိုအခ်စ္ေရးက မျဖစ္သင့္ဘူးလို႔ ဆိုပါတယ္။
ဒါအျပင္ ဇာတ္လမ္းသ႐ုပ္ေဖာ္ရာမွာ ပါဝင္တဲ့ ကေလးသ႐ုပ္ေဆာင္ေတြရဲ႕ စိတ္ပိုင္းဆိုင္ရာမွာ အက်ိဳးသက္ေရာက္မႈေတြ ရွိလာႏိုင္ၿပီး ကေလးျပဳစုပ်ိဳးေထာင္မႈမွာ ဆရာကို စည္းကမ္းေဖာက္သူအျဖစ္ ပုံေဖာ္လိုက္ျခင္းဟာလည္းေက်ာင္းပတ္ဝန္းက်င္ရဲ႕ ဂုဏ္သိကၡာကို ထိခိုက္ေစႏိုင္တယ္လို႔ ၄င္းတို႔က သတိေပးထားပါတယ္။ 'The Elementary Schooler I Love' ကို ဇာတ္ၫႊန္းေရးဆရာ ေဂ်ာင္ဆီဟြတ္က ေရးသားၿပီး ဒါ႐ိုက္တာအျဖစ္ ေဂ်ာင္ဆမ္ဟြမ္က ႐ိုက္ကူးဖို႔ ျပင္ဆင္ထားတာ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.