လက်နက်ကိုင်ဆူပူအုံကြွမှုတွေအပေါ် ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုသဘောထားမလဲ (ဒေါ်စန္ဒာမင်းနှင့်တွေ့ဆုံမေးမြန်းခြင်း)

569

ပြီးခဲ့သောရက်ပိုင်းက လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် ထွက်ပေါ်လာခဲ့သော ဒေါ်အောင် ဆန်းစုကြည်၏ တရားရုံးထွက်ဆိုချက်နှင့်ပတ်သက်၍ အမြင်သဘောထား၊ လက်ရှိနိုင်ငံရေးအခင်းအကျင်း အပေါ် ဒေါ်အောင်ဆန်းစုကြည် မည်သို့သဘောထားမည်နည်းဆိုသောအချက်များနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် (၂၀၂၂)ခုနှစ်က တွေ့ဆုံခွင့်ရခဲ့သူ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်းအား ကိုကျော်နုမှမေးမြန်းထားသည် များကို စာဖတ်သူများအတွက် မှတ်တမ်းတစ်ခုအနေဖြင့် ဖော်ပြအပ်ပါသည်။
မေး - ကျွန်တော် အစ်မကိုဖိတ်ခေါ်ပြီး ဆွေးနွေးရတာကတော့ ဒီရက်ပိုင်းမှာ တောက်လျှောက်ဆိုသလို ဒေါ်အောင်ဆန်းစု ကြည်နဲ့ပတ်သက်တဲ့ Video File တွေလည်းထွက်လာတယ်။ နောက်တရားရုံးထွက် ဆိုချက်တွေလည်းထွက်လာတယ်။ ဒါကတော်တော် စိတ်ဝင်စားဖို့ကောင်းတယ်။
ဖြေ - ဟိုတစ်နေ့တုန်းက ကိုကျော်မျိုးမင်းပြောလိုက်တဲ့ဟာကို ကျွန်မနားထောင်လိုက်ရတယ်။ ငါကိုကျော် မျိုးမင်းနဲ့ ကြုံတဲ့အခါကျရင် ပြောပြဦးမယ်လို့စဉ်းစားထားတာ။ ကိုကျော်မျိုးမင်းက ကျွန်မကိုခေါ်လိုက်တဲ့အတွက် အတော်ပဲဖြစ် သွားတာပေါ့။
မေး - ကျွန်တော် ပထမဆုံးစဉ်းစားတာပေါ့၊ မွေးနေ့ မတိုင်ခင်လေးတစ်ရက်အလိုမှာ Video အရင် ထွက်လာတယ်။ ဒုတိယတစ်နေ့လည်းကျရော မွေးနေ့ရက်ကွက်တိမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားရုံးထွက်ဆိုချက်ပေါ့နော်။ ကျွန်တော်တို့လည်း မြင်ဖူးခဲ့တယ် အွန်လိုင်းမှာ။ အဲဒီမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ထွက်ဆိုချက်ဆိုပြီးထွက်လာတော့ ဒီစာက တကယ်အစစ်လို့ပြောလို့ရလား။ တရားရုံးထွက်ဆို ချက်အစစ်လို့ပြောလို့ရလား။
ဖြေ - ဒီကျမ်းကျိန်ကတိသစ္စာပြုလွှာကတော့ ဒါက အစစ်ပါ။ ဘာလို့လဲဆိုတော့ ကျွန်မတို့မှာလည်း ရှိတယ်။ အမှုတွေပြီး သွားတဲ့အချိန်မှာ ရှေ့နေတွေ ကထုတ်လို့ရတယ်လေ။ ဆိုတော့ ရှေ့နေတွေ ထုတ်ထားတာရှိပါတယ်။ ကျွန်မတို့မှာလည်း ရှိပါတယ်။ ရှေ့နေတွေလက်ထဲကနေပဲ ရတာဖြစ်တဲ့အတွက် ဒီဟာက အမှတ်မထင်လိုင်းပေါ်မှာတွေ့လိုက်တော့ ဒါအစစ် လို့ပြောနိုင်တယ်။ ဒါပေမဲ့ တချို့လိုင်းပေါ်မှာတွေ့တော့ စာရွက်တွေအကုန်လုံးကို သေချာဖတ် ကြည့်လိုက်တယ်။ ဖတ် ကြည့်လိုက်တဲ့အချိန်မှာ ကြားစာရွက်တွေကကော အစစ်လား၊ အတုလား တချို့ ဟာတွေကောပါနေလားဆိုတော့ ဒါပေမဲ့ ကျွန်မကြည့် တဲ့ (၅)ရွက်လုံးကတော့ အားလုံးအစစ်ပဲ။ ကျွန်မမှာ ရှိနေတာနဲ့လည်း တိုက်ကြည့်လိုက်တယ်။ မှန်ပါတယ်။
မေး - ဒီဟာက ထူးခြားစွာဖြင့် ထွက်ဆိုချက်က (၂၀၂၁) ခုနှစ် အောက်တိုဘာ (၆)ရက်လို့ သူက ပြောထားတာတွေ့ရ တယ်။ ဆိုတော့ òန်းထားတယ် ဆိုတော့ ဒီနှစ်ဆိုရင် (၄)နှစ် ကျော်ကျော်ရှိပြီပေါ့လေ။ (၄)နှစ်ကျော်ပြီး ဒီနေ့ အချိန်ကျမှ လူတွေကြားထဲမှာ အွန်လိုင်းပေါ်မှာ တက်လာတာတွေ့ရတယ်။ အရင်တုန်းကကြားထဲမှာ မတွေ့ရဘူးဆိုတော့ ဒီစာတွေ က အွန်လိုင်းပေါ်တက်လာတဲ့အထိ ထွက်ဖို့လိုအပ်တဲ့ စာတွေ ဖြစ်တယ်လို့ပြောလို့ရလား။ ဒီအချက်အလက်တွေက။
ဖြေ - ဘာဖြစ်လို့ ဒီလိုမျိုးတင်လိုက်တာလဲတော့ ကျွန်မသဘောမပေါက်ဘူး။ ဒါပေမဲ့လည်း အမှန်တကယ် လူတွေ သိရင်တော့လည်း ပိုကောင်းတာပေါ့လေ။ ကျွန်မတို့ကြားထဲမှာတောင် ပြောတာရှိတယ်။ တကယ်တမ်းဆိုရင်တဲ့ ဟိုး တုန်းက မြတ်စွာဘုရား ဟောထားတဲ့ ဗျာဒိတ်တော်တွေ ရှိခဲ့တယ်။ ဒီလို ကိစ္စမျိုးတွေကို အခုကာလမှာ မြတ်စွာဘုရားက မရှိတော့ဘူးဆိုတော့ တချို့ဟာတွေက မှန်တယ်၊ မှားတယ်ဆိုတာ အငြင်းပွားမှုတွေလည်းရှိတယ်။ အဲဒီတော့ အငြင်းပွား မှုတွေ ရှိတဲ့အခါကျတော့ အခုလူ့ဘောင်လက်ထက်ကျမှ ဒါကမြတ်စွာဘုရား တကယ် ဟောကြားခဲ့တဲ့ ဟာလား၊ ဟုတ် လား၊ မဟုတ်လား ဆိုတာ မသိတော့ဘူး အဲဒီလိုဖြစ်တယ်။ ဒါပေမဲ့ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြစ်အပျက် က သိပ်မကြာသေးဘူး။ (၄)နှစ်ကျော် ကာလမှာတော့ ဒီလိုထွက်လာတယ်ဆိုရင် ကောင်းတယ်လို့တော့ ပြောချင်တယ်။ ဒီလိုမျိုးအစစ်အမှန်ထွက်လာ တယ်ဆိုတော့ လူတွေအနေနဲ့အမှန်တရားကို သိသွားတာပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတကာမှာ တချို့ကိစ္စတွေ က နှစ် (၂၀) နေမှပေါ့။ အမေရိကန် နိုင်ငံမှာတောင်ရှိပါတယ်။ အနှစ် (၂၀ ) နေမှ သိရတဲ့ လဝ တွေရှိတယ်။ ဒါပေမဲ့ ဒီကိစ္စကတော့ လဝ မဟုတ်ပါဘူး။ တရားရုံးက ထွက်ဆိုချက်ဖြစ်တဲ့အတွက် ဒါသိလို့ရပါတယ်။ ကျွန်မထင်တာတော့ လဝ လည်းမဟုတ်ဘူး။ စောစောသိသွားတဲ့အခါကျတော့ အကျိုးရှိတယ်လို့ ကျွန်မထင်တယ်။ မသိသေးတဲ့လူတွေ အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘော ထားကို သိသွားရတယ်။ အမှန်တရားကိုလည်း သိသွားရတာဖြစ်တဲ့အတွက် ကျွန်မတို့ နိုင်ငံအတွက်လည်း အကျိုးရှိတယ်။ သိတဲ့လူတွေအတွက် လည်း ဆင်ခြင်နိုင် တယ်လို့ ထင်တယ်။
မေး - တရားရုံးထွက်ဆိုချက်ကို ဖတ်ကြည့်တဲ့အခါ ကျွန်တော်ပထမဆုံး အံ့အားသင့်သွားတာ တစ်ခုရှိတယ်။ တချို့ တွေလည်း တယ်လီဂရမ်တွေ၊ အွန်လိုင်းတွေမှာ ပြောနေကြတယ်။ ဒေါ်အောင်ဆန်းစု ကြည်တဲ့ အသက် (၇၇) နှစ်၊ မှတ်ပုံတင်အမှတ်ဆိုတော့ သူက မမှတ်မိလို့ရေးတော့ အံ့အားသင့်သွားတယ်။ မှတ်ပုံတင်အမှတ်ကို မမှတ်မိဘူး လို့ပြောတော့ ကျွန်တော်တို့ နိုင်ငံသားတော်တော်များများက ကိုယ့်မှတ်ပုံ တင်နံပါတ်ကို တော်တော်များများ မှတ်မိကြ တယ်ပေါ့နော်။ ဆိုတော့ မမှတ်မိဆိုတော့ အသက်အရွယ် ကြောင့်လား၊ ဘာကြောင့်လဲ ၊ ဘယ်လိုကြောင့် မမှတ်မိလဲ ဆိုတာ တချို့တောင် အွန်လိုင်းမှာ ဝေဖန်တာတွေ တွေ့ရတယ်။ အဲဒါ ဘယ်လိုပြောချင်လဲ။
ဖြေ - ဒါကတော့ အပြစ်တစ်ခုတော့လည်း မဟုတ်ပါဘူး။ အန်တီ အသက်အရွယ်အရလို့ ကျွန်မ ပြောနိုင်တယ်ပေါ့နော်။ အန်တီ့အသက်က အခုလိုဖြစ် တဲ့ကာလမှာပဲကြည့်လေ ။ (၇၇)နှစ်ဆိုတဲ့အရွယ်ဟာ ဒေါ်အောင်ဆန်းစုကြည်မိုလို့သာ ဒီလိုကျန်းကျန်း မာမာဆိုတာကို ပြောနိုင်တာပေါ့နော်။ သာမန်ဗမာအမျိုးသမီးအဘွားကြီးတွေဆို တော်တော်ကို ဒေါင်း သွားပါပြီ။ ဒီအသက်အရွယ်က။ အဲဒီတော့ ဒီမှတ်ပုံ တင် နံပါတ်ဆိုတဲ့ ဂဏန်းတွေကို မမှတ်မိဘူးဆိုတာ လည်း ဖြစ်နိုင်ပါ တယ်။ အသက်အရွယ်ကြောင့်လို့တော့ ပြောလို့ ရပါတယ်။
မေး - ဒီထဲမှာ စိတ်ဝင်စားဆုံးအကြောင်းလေးတွေပါလာတယ်။ ရှိတယ်ပေါ့နော်။ ရှေ့ပိုင်းကဟာတွေကတော့ ထားပေါ့ နော်။ စိတ်ဝင်စားဖွယ်အချက်တွေ ကတော့ နံပါတ်(၁) (၂၀၂၁)ခုနှစ်၊ ဖေဖော်ဝါရီ လ(၁)ရက် အခင်းအကျင်းပေါ့နော်။ စတဲ့အချိန်မှာ ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည်ပေးတဲ့စာပါ၊ သူ့အသက်နဲ့အာမခံပါတယ်ဆိုပြီး ပြောတဲ့စာတစ် စောင်ထွက်ခဲ့တယ်။ (၅)ရက်မှာ ဦးဝင်းထိန် ဗီဒီယိုဖိုင်နဲ့ပြောတာ မီဒီယာတွေခေါ်ပြီးတော့။ CDM လုပ်ဖို့ရယ်၊ တစ်နိုင်ငံ လုံးအုံကြွကြဖို့ အဲဒါက ဒေါ် အောင်ဆန်းစုကြည်ပြောတဲ့စာပါဆိုပြီးတော့ အဲဒါကို သက်သေထိုးပြီးတော့ ဒီတရားခွင်မှာ မေးကြမြန်း ကြတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က အဲဒီစာနဲ့ ပတ်သက်ပြီးတော့ မှတ်ချက်ပြန်ပေးတာလေ။ ဒီစာရွက်ထဲ မှာတွေ့ရတယ်။ အစ်မ အဲဒါကိုပြန်ပြီး တော့ ဘယ်လိုနားလည်ထားလဲပြောပြပါလား။
ဖြေ - နံပါတ် (၁) ခုနကတုန်းက ဦးဝင်းထိန်က အာမခံပါတယ်လို့ပြောတာ ကျွန်မကတော့ သေချာတော့ မသိဘူး ပေါ့နော်။ ဒါပေမဲ့ ဒီဟာနဲ့ပတ်သက် ပြီးတော့ ကျွန်မတို့သိတာကတော့ ဒေါ်အောင် ဆန်းစုကြည်က သူအဖမ်းခံရ တော့မယ်ဆိုတာကို သူသိကောင်းသိပါလိမ့်မယ်။ အဲဒီတော့ သူစာရေးတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးစာရေးခဲ့ တယ်ဆိုတာလည်း ကျွန်မတို့ကြားသိရတယ်။ ကျွန်မတို့ မျက်မြင် တော့မဟုတ်ဘူးနော်။ ကြားသိခဲ့ရတယ်။ ကြားသိ ခဲ့ရတဲ့ကိစ္စမှာ ဒီစာကို ဦးဝင်းထိန်လက်ထဲကို အဲဒီတုန်းက ပြန်ကြားရေးတာဝန်ခံက ရှိသေးတယ်။ ချက်ချင်းကြီး အဖမ်းခံရ တာမဟုတ်သေးဘူး။ အဲဒီတော့ ပြန်ကြားရေးတာဝန်ခံရဲ့လက်ထဲမှာ ဒီစာရှိတယ်။ ပြီးတော့ ဒီစာကို အန်ကယ်ဦးဝင်းထိန်နဲ့ ပြန်ကြားရေးတာဝန်ခံ(၂)ယောက်ကနေ ဒေါ်အောင်ဆန်းစုကြည် ရေးခဲ့တဲ့ စာပေါ်မှာ စိစစ်သုံး သပ်ပြီးတော့ ဒီအတိုင်းပဲ ပြန်ထုတ်လိုက်တာလား။ အန်တီရေးထား တဲ့စာပေါ်မှာ နည်းနည်းပြန်ပြီးတော့ပဲ စာကနည်း နည်းမာထန်သွားအောင်ပေါ့နော်။ ရေးထားပြီးတော့ ပြန်ပြင်တာလားဆိုတာ မသေချာဘူး။ ဒါပေမဲ့ ဒီလိုစာရေးခဲ့တယ်။ ပြီးတော့ ဒီလိုမျိုး CDM လုပ်ဖို့ စာတွေ ထွက်လာတယ်ဆိုတာမျိုးကိုတော့ ကျွန်မတို့ သိရတယ်။
မေး - အဲဒီမှာ စာမျက်နှာ (၃)မှာဆို ပါတယ်။ (၁-၂-၂၀၂၁) မှာတဲ့ လူမှုကွန်ရက်တွင် ပြည်သူသို့ ပန်ကြားချက်စာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိတစ်ဦးဖြစ်သည့် ဦးဝင်းထိန်က ထုတ်ပြန်ခဲ့ သည်ဆိုလျှင်တဲ့ စွပ်စွဲခံရသူရဲ့ ရှေ့နေက ကန့်ကွက်လျှောက်ထားတာတွေလုပ်တယ်။ အဲဒါဆိုရင် ဦးဝင်းထိန်ရဲ့စာက စာပါအရဆိုရင် ဒေါ်အောင် ဆန်းစုကြည်ကကော အဲဒီသဘောထားတကယ်ရှိ တယ်လို့ထင်လား။ ဒီစာအကြောင်းကို ခနဖယ်ပြီးတော့ ဒေါ်အောင် ဆန်းစုကြည်ရဲ့စိတ်နေသဘော ထားအရပြောမယ်ဆိုရင် တစ်နိုင်ငံလုံးအုံကြွဖို့တို့၊ CDM လုပ်ကြဖို့တို့ဆိုတာတွေ။
ဖြေ - ကျွန်မကတော့ ဒါကြောင့်မို့လို့ ဒီစာကို ကျွန်မက နဂိုတည်းက တွေ့ရတဲ့အချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည် ဒီလိုရေးလိမ့်မယ်လို့မမြင်ဘူး။ စိတ်ထဲမှာ အန်တီကိုယ်တိုင်ရေးတဲ့စာ မဖြစ်နိုင်ဘူးလို့ မှတ်ချက်ချနိုင်တယ်။ ဒါက ကျွန်မ ရဲ့တစ်ကိုယ်ရေ မှတ်ချက်ပါ။ ဒီလိုမျိုးကြီးတော့ တစ်နိုင်ငံလုံးအုံကြွကြပါ၊ တစ်နိုင်ငံလုံး CDM လုပ်ကြပါဆို တာမျိုးကို တော့ မပြောလောက်ဘူး။ ဒါပေမဲ့ ဒီလိုမျိုးအာဏာ ထိန်းလိုက်တဲ့အပေါ်မှာတော့ ပြည်သူတွေအနေနဲ့ ကိုယ့်ရဲ့ ဆန္ဒကို ထုတ်ဖော်ကြပါဆိုတာတော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုးကြီး မာမာ ထန်ထန်ကြီး CDM လုပ်ဖို့တွေဆိုတဲ့ ကိစ္စကတော့ အန်တီ့ဆန္ဒမဟုတ်နိုင်ဘူးလို့ထင်တယ်။ ဒါက ကျွန်မရဲ့ တစ်ကိုယ်ရေသုံးသပ်ချက်ပါ။
မေး - စွပ်စွဲခံရသူရဲ့ ရှေ့နေဘက်က တင်ပြတဲ့ အခါမှာ ဒီစာက ဘယ်စာဖြစ်တယ်ဆိုတာမသိဘူး ပေါ့။ တရားလိုကိုယ်တိုင် လည်း ရုံးရှေ့ထွက်ထားတာ မရှိဘူး။ သက်သေခံအဖြစ်လည်း တင်ပြထားတာ မရှိတဲ့အတွက် ဒီစာက ကန့်ကွက်တယ်ဆို ပြီးပြောတဲ့ အပိုဒ်ကို တွေ့ရတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဒီစာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ထွက်ဆို ထားတာ မသိဘူးဆိုတဲ့အဓိပ္ပာယ်ကို သက် ရောက်နေတယ်လို့ ပြောလို့ရလား။
ဖြေ - မှန်တယ်။ ဒေါ်အောင်ဆန်းစုကြည် မသိနိုင်ဘူး။ ဘာလို့လဲဆို ဒေါ်အောင်ဆန်းစုကြည်က ကျွန်မ တို့ကြားတာတော့ စားရေးခဲ့တယ်လို့တော့ကြားတယ်။ ဒါပေမဲ့ သူရေးခဲ့တဲ့စာက ဒီဟာဟုတ်လားမဟုတ် လားဆိုတာ မပြောနိုင်ဘူး။ ခုနက ပြောခဲ့သလို ဒီစာသည် တစ်ကိုယ်ရေ သုံးသပ်ချက်အရ ဒီလိုကြီးတော့ ရေးခဲ့တာ မဖြစ်နိုင်ဘူးလို့သုံးသပ်တယ်။ ဒါပေမဲ့ အခုကျတော့ ဒါကြောင့်မို့ ဦးဝင်းထိန်က ထုတ်ပြန်ခဲ့ သည်ဆိုတာမျိုးကို ဒေါ်စုကိုမေးတာမျိုးဖြစ်တယ်။ ဒါပေမဲ့ ဒီကိစ္စကို ဒေါ်အောင်ဆန်းစုကြည်မသိ လောက်ဘူးလို့ ကျွန်မပြောနိုင်တယ်။
မေး - နောက်တစ်ခုက စာမျက်နှာ (၃)မှာပဲ NLD Facebook စာမျက်နှာက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ တရား ဝင်စာမျက်နှာဖြစ်သည်ဟု ဆိုလျှင်ဆိုပြီး ရှေ့နေက မေးတဲ့ပုံပေါ်တယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြန်ဖြေတဲ့ပုံပေါ် တယ်ထင်တယ်။ Chair NLD Facebook စာမျက်နှာရှိသည်ကို ကျွန်မကောင်းစွာသိသော်လည်း NLD Facebook စာမျက်နှာရှိသည်ဟုတော့ ကျွန်မကောင်းစွာမသိပါလို့ ဆက်ရေးတယ်ပေါ့။ ပါတီရဲ့ လုပ်ငန်းများတွင် ပါဝင်ဆောင် ရွက်ခြင်းမရှိသည်မှာ ကြာမြင့်ပြီဖြစ်သဖြင့် မသိကြောင်းဖြစ်ပါသည် ဆိုပြီးတော့ ပြောထားတာတွေ့ရတယ်။ နောက် အထက်ပါ Facebook စာမျက်နှာက Blue Mark အပြာ ရောင်ခြစ်ထားတဲ့ Facebook Page ဖြစ်သည် ဆိုလျှင်လည်း သူမသိပါလို့ ထပ်ပြောထားတယ်။
တစ်နည်းအားဖြင့်ပြောရရင် NLD Facebook Page ကို သူကောင်းစွာမသိပါလို့ဖြေထားတယ်။Blue Mark ပေးထားတဲ့ Page ကိုလည်း မသိပါလို့ ပြောထားတယ်။ သို့သော် Chair NLD သိပါ တယ်လို့ပြောထားတယ်။ ဆိုတော့ သူဘာလို့ NLD Facebook ကို သူမသိတာလဲ။ Chair NLD ကိုတော့သိပြီးတော့ NLD Facebook မသိဘူးဆို တဲ့ ဒွိဟကို သွားတွေ့ရတယ်။ ဒီပေါ်မှာ အစ်မ ဘယ်လိုမြင်လဲ။
ဖြေ - ဒါက ကျွန်မတစ်ခုပြောနိုင်တယ်။ Chair NLD ဆိုတဲ့ Facebook Page ကတော့ ဒေါ်အောင်ဆန်းစုကြည် Facebook ကို စသုံး မယ်ဆိုတဲ့အချိန်ကတည်းက စပြီးဖွင့်ခဲ့တာဖြစ်တယ်။ သူကိုယ်တိုင်လည်းဖွင့်ခဲ့တာဖြစ်တယ်။ နောက် သူကိုယ်တိုင်လည်း Admin ထားပြီးတော့ ရေး တာဖြစ်တဲ့အတွက် ဒါကို သူသိတယ်ဆိုတဲ့ဟာကိုတော့ ကျွန်မလက်ခံတယ်။ ဒါပေမဲ့ NLD Facebook ဆိုတဲ့ဟာကျတော့ ဒါကတော့ NLD ရုံးချုပ်ဘက်နေ ကိုင်တဲ့ Facebook Page ဖြစ်တယ်။ သူလည်း မကိုင်ဘူး။ နောက် ဟိုတုန်းကတော့ နေပြည်တော် တရားဝင်ပေါ့နော် ပါတီရဲ့ကြေညာချက်တွေကို ဒီ NLD Facebook Page ကနေ ထုတ်တယ်။ ဒါပေမဲ့ အန်တီက ပါတီရဲ့လုပ်ငန်းစဉ်တွေကို ဝင်မလုပ်ရတာက အစိုးရရဲ့တာဝန်ကို ထမ်းဆောင်တည်းကိုက ပါတီရဲ့ လုပ်ငန်းစဉ်တွေကို မလုပ်တော့ဘူးဆိုတဲ့အတွက် ရှိလား၊ မရှိလား သူမသိနိုင်တော့ဘူး။ ဒါပေမဲ့ အခုဖြေထားတာ အမှန်ပဲလို့ ကျွန်မပြောနိုင်တယ်။ ဘာလို့လဲဆို NLD Facebook Page သည် ဒေါ်အောင်ဆန်းစုကြည်နဲ့ မသက်ဆိုင်ဘူး ။ ဒီဟာက ကျွန်မတို့ NLD ရုံးချုပ်က နေပြီးတော့ အန်ကယ်ဦးဟံသာမြင့်က ကြီးမှူးပြီးတော့ ပြန်ကြားရေးဌာနရှိတယ်။ ဒီပြန်ကြားရေးဌာနက ကိုင်တဲ့ Facebook Page ဖြစ်တယ်။
မေး - အဲဒီတော့ ဒီ Facebook Page ကနေ အာဏာထိန်းမှုဖြစ်စဉ်ဖြစ်တဲ့အချိန်မှာတင်တဲ့ပို့စ် တွေနဲ့ပတ်သက်ရင် ပို့စ်တွေထဲမှာဆိုရင် လက်ရှိ တည်ဆဲအာဏာပိုင်အစိုးရအပေါ်မှာ တော်တော်လေး ကြမ်းကြမ်းတမ်းတမ်း ရင့်ရင့်သီးသီးတွေ ရေးထားတာ ရှိတယ်ပေါ့။ အဲဒါနဲ့ပတ်သက်ရင် ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ သူ့မှာဘာတာဝန်မှမရှိဘူးလို့ ကောက်ချက်စွဲချင်တာလား။
ဖြေ - မှန်တာပေါ့ ။ ဘာလို့လဲဆိုရင် ဒီဟာက နဂို တည်းကိုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကွန်မန့်လည်း မပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကကိုင်ထားတာ လည်း မဟုတ်ဘူး။ ဒီFacebook Page က။ ဒီဟာကို ပါတီရုံးက စီအီးစီလူကြီးကသာ တာဝန် ခံပြီးတော့ ပြန်ကြားရေးဘက်က တာဝန်ခံပြီးတော့ ထုတ်တာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လုံးဝ မဆိုင်ဘူး။ နောက်ပြီးတော့ အာဏာထိန်းမှုဖြစ်စဉ် ပြီးသွားတာနဲ့ ရုံးမှာ ကစဉ့်ကလျားတွေ အကုန်လုံးဖြစ် တယ်။Facebook Password ကိုတောင် ဘယ်သူ ခိုးယူသွားလဲ မသိရဘူး။ ဒါကြောင့်မို့ နောက်ပိုင်းမှာ ရုံးကြီးလည်း ပိတ်ထားတယ်။ ရုံးလည်းမဖွင့်ထားဘူး။ ပြန်ကြားရေးတာဝန်ခံဆိုတာလည်းဖမ်းခံထိတယ်။ ပြီးတော့ Facebook Password ကိုတောင် ဘယ်သူယူသွားလဲမသိဘူး။ ဒီကနေ တောက်လျှောက် ကြေညာချက်တွေထုတ်တယ်။ ဒီလိုထုတ်တာတွေကို လိုက်ကြည့်လိုက်တဲ့အခါ ကျွန်မတို့ ပြည်တွင်းကထုတ် တာမဟုတ်ဘူး၊ ပြည်ပကနေထုတ်နေတယ်ဆိုတာကို တွေ့ရတယ်။ ပြောချင်တာက ခုနကမေးခွန်းအရဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လုံးဝမသက်ဆိုင်ဘူး ဒီဟာက။ ဒါပေမဲ့ အခုထုတ်နေတာတွေအားလုံးက ကျွန်မတို့ဒီလိုမျိုး ကြေညာချက်တွေထုတ်တယ်ဆိုတာ တကယ်ပါတီမှာ ဒီလိုထုတ်ချင်တိုင်းလည်းထုတ်လို့မရဘူး။ ကျွန်မတို့မှာ procedure တွေအများကြီး ရှိပါတယ်။ ကြေညာချက်တစ်စောင်ထုတ်တယ်ဆိုတာက ကိုယ့်မှာFacebook page, password တွေရှိနေရုံနဲ့ ကိုယ့်ဘာသာထုတ်ချင်တိုင်းလျှောက်ထုတ်နေတာဟာ ဒီပါတီကြီးတစ်ခုကို ဘယ်လိုမှကိုယ်စားမပြုဘူး။ ပါတီကြီးတစ်ခုမှာလည်း password ရှိရုံနဲ့ ကိုယ် ဒီ page ကို admin အနေနဲ့ကိုင်ထားရုံနဲ့ ကိုယ့်ဘာသာ ထုတ်ချင်တိုင်း ထုတ်နေလို့မရဘူး။ လုံးဝအနှစ်သာရ လည်းမရှိဘူး။ ကျွန်မတို့ပါတီရဲ့ စည်းမျဉ်း၊ စည်း ကမ်းနဲ့လည်းမညီတဲ့ စာရွက်အလွတ်တစ်ခုသာဖြစ် တယ်ဆိုတာ ပြည်သူတွေကနားမလည်ဘူး။ တ ကယ်ပဲ NLD က ထုတ်နေတာလားဆိုတာမျိုး ဖြစ်နေတယ်။ ကျွန်မတို့အနေနဲ့လည်းပြည်သူကို ရှင်းပြဖို့ အခွင့်အလမ်းမသာဘူး။ ရှင်းပြရင်လည်း ယုံကြည်တဲ့ကာလမဟုတ်ဘူးဆိုတော့ ဒီတိုင်းပဲ နေ လိုက်တယ်ပေါ့နော်။
မေး - ဒီ page ကိုလက်ရှိကိုင်နေတဲ့သူတွေက ပြည်တွင်းမှာရှိမနေဘူးလို့ ကောက်ချက်ချလို့ရလား။
ဖြေ - မှန်တာပေါ့။ ဘာလို့ဆို ကျွန်မပြောချင်တာက ပြည်တွင်းမှာရှိရင် ကျွန်မတို့ရုံးကြီးပိတ်ထားတယ်လေ။ ပိတ်ထားတာက (၂၀၂၁)နှစ်ကုန်လောက်ကတည်းက ကျွန်မတို့ပိတ်ထားတာ။ ဒီရုံးကနေပြီးတော့ ဒီကြေညာ ချက်တွေကို ထုတ်ခွင့်ရှိတာ။ ဒီရုံးကြီးပိတ်ထားတယ်။ ရုံးသော့ဆိုတာလည်း ကျွန်မတို့ဆီမှာရှိတာ။ ဒီဟာ ကနေမထုတ်နေဘဲ ကိုယ့်အိမ်ကနေကွန်ပျူတာရှိရုံနဲ့ ထုတ်နေလို့ အဲဒါက ဘာမှတရားမဝင်ဘူးလေ။
မေး - ဒီမှာကျွန်တော်ကြားဖြတ်မေးချင်တာတစ်ခုရှိတယ်ပေါ့ ။ ဒီ Facebook page ကထုတ်နေတာနဲ့ ပတ်သက်ပြီးတော့ NLD ပါတီက (၂၁)ရာစုအခင်း အကျင်းအပြီးမှာ ပြည်တွင်းမှာရှိတဲ့ NLD ပါတီဝင်နဲ့ ပြည်ပကိုထွက်ပြေးသွားတဲ့ NLD ပါတီဝင် ရာခိုင်နှုန်းခွဲကြည့်မယ်ဆိုရင် ၂၀/ ၈၀လို့ ပြောလို့ရနိုင်လား။
ဖြေ - အင်း ပြောလို့ရနိုင်တယ်။ ပြောချင်တာက NLD ပါတီဝင်ဆိုတာက တစ်နိုင်ငံလုံးအတိုင်းအတာ အနေနဲ့ သန်းချီပြီးရှိတာလေ။ အဲဒီလိုပဲ လွှတ်တော်ကိုယ်စားလှယ်ဆိုတာလည်း ထောင် ဂဏန်းလောက်ရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ် တွေအကုန်လုံးက ပြည်ပကိုထွက်ပြေးသွားကြတာ မဟုတ်ဘူး။ ပြည်တွင်းမှာအများကြီးပဲ နေခဲ့တဲ့သူတွေ ရှိတယ်။ အဖမ်းခံရတဲ့သူတွေရှိတယ်။ သေသွားတဲ့လူ တွေရှိတယ်။ နောက်ပြီးတော့ ပြည်ပကို ထွက်ပြေး သွားတယ်ဆိုတာ သုံးပုံတစ်ပုံတောင်ရှိတယ်လို့ ပြောလို့မရဘူး။ ဒါကြောင့်မလို့ ပြည်တွင်းမှာပါတီ ရဲ့မူဝါဒအတိုင်း ဟုတ်ချင်လည်းဟုတ်မယ်။ မဟုတ် ချင်လည်းမဟုတ်ဘူး။ သို့သော်လည်း ပြည်ပကိုထွက် မပြေးဘဲ ပြည်တွင်းမှာပဲရှိနေတဲ့သူတွေက အများ ကြီးပဲရှိတယ်။ အခုကျွန်မတို့ လေးနှစ်ပြည့်တဲ့ကာ လလောက်ကျတော့မှ အများကြီးဆက်သွယ်မိလာ တာလေ။ နဂိုတုန်းကကျတော့ (၂)နှစ်(၃)နှစ် လောက်တုန်းက ကြောက်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်အဆက်အသွယ်တွေမရခဲ့ဘူး။
မေး - ဒါဆိုရင် NLD ပါတီဝင်တွေရှိမယ်။ အမာခံပါတီဝင်တွေရှိမယ်။ သန္ဓေတွေရှိမယ်ပေါ့။ ပြည်တွင်းမှာကျန်ခဲ့တာက (၈၀)ရာခိုင်နှုန်းထက် ပို မနည်းတဲ့ပမာဏနဲ့ကျန်ခဲ့ပြီးတော့ အဲ့ဒီလူတွေအား လုံးက ပြည်ပကို ထွက်ပြေးသွားတဲ့ လက်တစ်ဆုပ်စာ လူတစ်စုက Facebook Page ကိုင်ပြီး လုပ်ချင်တာ လုပ်တာကိုငြိမ်ခံနေကြရတဲ့ဘဝရောက်သွားတာ ပေါ့လေ။
ဖြေ - မှန်တာပေါ့။ ကျွန်မအခုနက ပြောသလိုပေါ့။ ကျွန်မတို့မှာ ဒီလိုဖြစ်စဉ်ကြီး ဖြစ်သွားပြီးတဲ့နောက်မှာ ပါတီရဲ့ CEC တွေအားလုံးလည်း အဖမ်းခံထိတယ်။ ဥက္ကဋ္ဌကအစ အကုန်လုံး အဖမ်းခံထိပြီးတော့ ပါတီမှာ ထိန်းချုပ်မှုမရှိတော့ဘူးပေါ့နော်။ နောက်ပြီး ကွန် မန့်ပေးနိုင်တဲ့လူတွေလည်း မရှိတော့ဘူးဆိုတဲ့အခါ ကျတော့ ဘယ်ဟာကအတု၊ ဘယ်ဟာကအစစ် ဖြစ်ပြီးတော့ ဘယ်သူတွေက အဖမ်းခံရပြီးတော့ ဘယ်သူတွေက အပြင်ကို ရောက်သွားလဲဆိုတာ မသိ ကြဘူး။ အဲဒီတော့ ဒီစာတွေ ထွက်နေတယ်ဆိုတာကို ပထမတော့ လူတွေက ယုံထင်ကြောင်ထင်ပေါ့။ ဟာ တကယ်လူကြီးတွေကပဲ ထုတ်နေတာလား။ တကယ်ပဲ CEC တွေက ထုတ်နေတာလားပေါ့နော်။ တကယ်တမ်းကျတော့ CEC တွေအားလုံးက ထောင်ထဲမှာလေ။ အဲဒါမျိုးတွေဖြစ်နေတယ်။ အပြင်ကလူတွေက CEC တစ်ယောက် အပြင်မှာ ရှိကောင်းရှိမယ်။ ဒီတစ်ယောက်ရဲ့ သဘောထားနဲ့ ထုတ်လို့မရဘူး။ အဲဒီလိုမျိုး CWC ဆိုတဲ့အဖွဲ့ကို ဖွဲ့လာတယ်။ ဒါကြောင့် CWC ဆိုတဲ့ဟာက ဒေါ် အောင်ဆန်းစုကြည် အရင်တုန်းက ပြောထားပြီးသား။ CWC မှာလည်း ဆုံးဖြတ်ချက်ရှိပြီးသား။ CWC အဖွဲ့ကို ဖွဲ့ခွင့်မရှိဘူး။ ဖွဲ့လို့မရဘူးဆိုတာကို ဒေါ် အောင်ဆန်းစုကြည်ကိုယ်တိုင်ပြောခဲ့တယ်။ ဒါအား လုံးလည်းသိမယ်။ CWC အဖွဲ့အပေါ်မှာ ဒေါ်အောင် ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ရဲ့ မှတ်ချက်လည်း တစ်နိုင် ငံလုံးမှာ တကယ်ထွက်ထားပြီးသားပဲ။ ဒါလည်း သိပြီး သား။ အဲဒီတော့ အခုနကလိုမျိုး CEC ဆိုတာမရှိ တော့ CWC ဖွဲ့ပြီးတော့ စာတွေထုတ်တယ်ပေါ့ဗျာ။ ပါတီတစ်ခုမှာ ကိုယ်လုပ်ချင်တာ ကိုယ်ဖွဲ့ချင်တာ ဖွဲ့ပြီးတော့မှ စာတွေထုတ်တာမျိုးက တရားဝင်လား ဆိုတာက မေးစရာဖြစ်လာတယ်။ ဘယ်လိုလုပ်တရား ဝင်မှာလဲ။ ပါတီတွေမှာ ဒီလိုသာ လုပ်ချင်တိုင်းလုပ်နေ မယ်ဆိုရင် ဘာလုပ်ဖို့ CWC တို့ CC တို့ဆိုတာ ခန့်ထားတာလဲ။ ပါတီဆိုတာ စနစ်ကျရမယ်။ မူဝါဒ တွေရှိရမယ်။ စည်းမျဉ်းစည်းကမ်းတွေရှိရမယ်။ ချမှတ်ထားတဲ့ မူဝါဒစည်းမျဉ်းစည်းကမ်းအတိုင်းပဲ ကျွန်မတို့တွေက နေထိုင်ရမယ်။ မကြိုက်လို့ရတယ်။ မကြိုက်ရင် အပြင်ထွက်သွားလို့ရတယ်။ တခြားနိုင်ငံ ကိုလည်း ထွက်သွားလို့ရတယ်။ ကျွန်မတို့ပါတီဆိုတာ ကလည်း ပြည်တွင်းထဲမှာပဲ ဖွဲ့ထားတာ။ ပြည်ပမှာ NLD မဖွဲ့ထားဘူး။ ဟိုးအရင်တုန်းကတော့ ရှိခဲ့ဖူးတယ်။ NLD LA ဆိုပြီးတော့ ရှိခဲ့ဖူးတယ်။ NLD LA ကိုတောင် နိုင်ငံတော်တော်များများမှာ ဖွဲ့ထားတာတောင် ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ်မပြုခဲ့ဘူး။ ဒီတော့ အခု ပြည်ပကိုထွက်သွားပြီးတော့ ဒီစာ ရွက်တွေထုတ်တယ်ဆိုတာက ကျွန်မတို့ တကယ်ပဲ ပြည်တွင်းကပါတီတွေအပေါ်မှာ ရိုက်ခတ်မှုတွေ ဖြစ်တာပေါ့နော်။ ထင်ယောင်ထင်မှားတွေဖြစ်တယ်။ လူတွေက ဘယ်ဟာကအမှန်၊ ဘယ်ဟာက အမှားဆို တဲ့ဟာမျိုးတွေ မသိတော့ဘူး။ သို့သော်လည်း ဒါတွေ ဟာ ကျွန်မတို့ပါတီမှာ တာဝန်မရှိဘူး။ ကျွန်မတို့ ဆိုရင်လည်း တောက်လျှောက်ကန့်ကွက်ခဲ့တယ်။ ဒါတွေအားလုံးဟာ ကျွန်မတို့ ပါတီမှာ တာဝန်မရှိဘူး။ ဆိုလိုချင်တာက ပါတီရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း ထုတ်ထားတဲ့ဟာတွေ မဟုတ်ဘူးဆိုတာကို ထောင် ထဲမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တောင် ပြောခဲ့တယ်။ ဒီ CWC ဖွဲ့တဲ့အပေါ်မှာ။ ဒါကြောင့် ပြည်ပမှာနေပြီးတော့ လုပ်ချင်တိုင်းလုပ်နေတဲ့ ကိစ္စ အားလုံးဟာ ပြည်တွင်းမှာရှိနေတဲ့လူတွေမှာ ဒုက္ခ ရောက်နိုင်တယ်ဆိုပြီးတော့ ဒေါ်အောင်ဆန်းစု ကြည်ပြောခဲ့တာဖြစ်တယ်။
မေး - တရားရုံးဟာတွေပြန်သွားကြည့်ရင် တစ်ချက်မှာတွေ့တယ်။ NLD ဟာ CRPH၊ NUG၊ PDF တွေကို ဦးဆောင်ဖွဲ့စည်းတယ်လို့ တရားရုံးက တရားလိုရှေ့နေတွေကမေးတယ်။ မေးတဲ့အချိန်မှာ စွပ်စွဲခံရသူရှေ့နေတွေဘက်က ပြန်ပြောတယ်။ ဒါကြီးက မမေးသင့်ပါဘူးဆိုပြီး ကန့်ကွက်တာကို တွေ့ရတယ်။ ဒီတော့ အပြန်အလှန်ချေပရင်းနဲ့ လွတ် လပ်စွာ ဖြေခွင့်ရှိတယ်ဆိုတာ ဖြစ်လာပြီးဖြစ်လာတယ်။ အဲဒီအချိန်မှာ ဟိုကဆက်မေးတယ်။ NUG မှာ ဦးဝင်းမြင့်ကို သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ထုတ်ပြန်ထားတာကို ဘယ် လိုသဘောရလဲလို့ မေးတဲ့အချိန်မှာ ဒေါ်အောင်ဆန်း စုကြည်ပြန်ဖြေတယ်ပေါ့။ NUG ဆိုတာဘာလဲ။ CRPH ဆိုတာ ဘာလဲပေါ့။ လွှတ်တော်ကိုယ်စား လှယ်အဖွဲ့က ဖွဲ့ထားတဲ့အဖွဲ့လို့ပြောတယ်တဲ့။ ဘယ်သူတွေလဲလို့မေးတဲ့အချိန်မှာ နာမည် လေးငါး ခြောက်ခု လောက်ရွတ်ပြတယ်။ အဲဒီအချိန်မှာ ကျွန်မ ဘာမှရေရေရာရာမသိတဲ့အတွက် သဘောထားမှတ် ချက်ပေးရန်မရှိလို့ ပြန်ဖြေတယ်လို့သိရတယ်။ ဒီလို ပြောလိုက်ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်က NUG , CRPH ကို သိတာလား၊ မသိတာလား၊ လက်ခံတာလား လက်မခံတာလား။
ဖြေ - ဒေါ်အောင်ဆန်းစုကြည်က လက်ခံတယ် လက်မခံဘူးဆိုတာကို ပြောစရာကိုမလိုဘူး။ သူ သိကိုမသိဘူးလေ။ သူက သူအဖမ်းခံရတဲ့နေ့က ဘယ်နေ့လဲ။ ဒီဟာတွေဖွဲ့တာက ဘယ်တော့လဲ။ အဲဒီတော့ သူမှ မသိနိုင်တာ။ ဒါပေမဲ့ အသံတော့ ကြားနိုင်တယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ပြင်ပနဲ့ သူနဲ့ ဆက်သွယ်တဲ့ ကြားထဲမှာ ရှေ့နေတွေကတော့ရှိတယ်။သို့သော်လည်း ရှေ့နေတွေက တရားခွင်မှာ ဒီလိုကိစ္စ တွေပြောဖို့ သိပ်အချိန်ရတာမဟုတ်ဘူး။ အဲဒီတော့ သူရဲ့အမှုကိစ္စကိုပဲ သူတို့ကတိုင်ပင်ရတာဖြစ်တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သိစရာ အ ကြောင်းမရှိဘူး။ ပါဖို့နေနေသာသာ သိစရာ အကြောင်းကို မရှိဘူး။ သူဖမ်းခံထားရတဲ့ဟာနဲ့ သူတို့ ဖွဲ့တဲ့ဟာတွေနဲ့ ရက်တွေကို တွက်ကြည့်လိုက်လေ။ အများကြီးကွာနေတာလေ။ အဲဒီတော့ ဒေါ်အောင် ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်က ဒီကိစ္စကိုသိစရာ အ ကြောင်းလည်းမရှိဘူး။ တာဝန်ခံစရာလည်းအ ကြောင်း မရှိဘူး။
မေး - ဒါပေမဲ့ ထူးခြားတာတစ်ခုက ဒီမေးခွန်း မေးလိုက်ပြီဆိုကတည်းက ဒီမေးခွန်းရှိကတည်းက အကောင်ရှိလို့အရိပ်ထင်တာလို့ နားလည်သွား ပြီးတော့ မေးခွန်းမေးခံရတဲ့အချိန်မှာတော့ အစတော့ သူ သိကောင်း မသိပေမယ့် မေးခွန်းမေးခံရတဲ့အချိန်မှာ ဒါရှိတယ်ဆိုတဲ့ မက်ဆေ့ချ်က သူ့ဆီမှာရောက်သွားပြီ လို့ ပြောလို့ရတယ်။
ဖြေ - မှန်တာပေါ့။
မေး - ဒါဆို သူ လက်ခံချင်တယ်၊ လက်မခံချင်ဘူး ဆိုတာကို သူရဲ့အမူအရာကနေပြီးတော့ သူရဲ့ ထွက်ဆိုချက်တွေက သက်သေပြောပြလို့ရလား လက်ခံချင်တယ်၊ လက်မခံချင်ဘူးဆိုတာကို ပြလို့ရတဲ့သဘောလို့ ပြောလို့ရတာပေါ့။ နောက် တစ်ခုရှိတာက CRPH ဖွဲ့ဖို့အတွက် အရင်ကတည်း က ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်တယ်လို့ ဆိုရင်တော့ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်ဖြေတာက ကျွန်မ လုံးဝ မသိဘူးတဲ့။ CRPH ကို နဂိုတည်းက ကြိုပြင် ဆင်ထားခြင်းမရှိဘူးလို့ သူထွက်ဆိုတယ်ဆိုတဲ့ သဘောကို သွားတွေ့ရတယ်။ ဆိုတော့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အုပ်စုက နဂိုတည်းက CRPH ကို ကြိုတင်ပြင်ဆင်ထားခြင်းမရှိဘူးလို့ တကယ်ပဲ ရာနှုန်းပြည့်ပြောလို့ရလား။
ဖြေ - ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲကို နိုင်အောင်လုပ်တာလေ။ လွှတ် တော်ထဲမှာ ကိုယ့်ရဲ့ပါတီဝင်တွေ နေရာများများလို ချင်တယ်။ ဒီအတိုင်းကို (၂၀၂၀)မှာ ဖြစ်ခဲ့တယ်။ အဲဒီတော့ ဒီ CRPH တို့ PDFတို့ဆိုတာ ဘောင်ထဲ ကို ထည့်စဉ်းစားစရာအကြောင်းမရှိဘူး။ ကိုယ်က ဒီလွှတ်တော်လမ်းကြောင်းကိုသွားမှာ။ အစိုးရလမ်း ကြောင်းကိုပဲ သွားမှာဖြစ်တဲ့အတွက် ဒါတွေက ကြို တင်ပြီးတော့ ဖွဲ့ထားတာမဟုတ်ဘူးဆိုတာမျိုးကို တော့ ကျွန်မပြောနိုင်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)

Zawgyi Version:
လက္နက္ကိုင္ဆူပူအုံႂကြမႈေတြအေပၚ ေဒၚေအာင္ဆန္းစုၾကည္ ဘယ္လိုသေဘာထားမလဲ
ေဒၚစႏၵာမင္းႏွင့္ေတြ႕ဆုံေမးျမန္းျခင္း
ၿပီးခဲ့ေသာရက္ပိုင္းက လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္တြင္ ထြက္ေပၚလာခဲ့ေသာ ေဒၚေအာင္ ဆန္းစုၾကည္၏ တရား႐ုံးထြက္ဆိုခ်က္ႏွင့္ပတ္သက္၍ အျမင္သေဘာထား၊ လက္ရွိႏိုင္ငံေရးအခင္းအက်င္း အေပၚ ေဒၚေအာင္ဆန္းစုၾကည္ မည္သို႔သေဘာထားမည္နည္းဆိုေသာအခ်က္မ်ားႏွင့္ပတ္သက္၍ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ (၂၀၂၂)ခုႏွစ္က ေတြ႕ဆုံခြင့္ရခဲ့သူ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ေဒၚစႏၵာမင္းအား ကိုေက်ာ္ႏုမွေမးျမန္းထားသည္ မ်ားကို စာဖတ္သူမ်ားအတြက္ မွတ္တမ္းတစ္ခုအေနျဖင့္ ေဖာ္ျပအပ္ပါသည္။
ေမး - ကြၽန္ေတာ္ အစ္မကိုဖိတ္ေခၚၿပီး ေဆြးေႏြးရတာကေတာ့ ဒီရက္ပိုင္းမွာ ေတာက္ေလွ်ာက္ဆိုသလို ေဒၚေအာင္ဆန္းစု ၾကည္နဲ႔ပတ္သက္တဲ့ Video File ေတြလည္းထြက္လာတယ္။ ေနာက္တရား႐ုံးထြက္ ဆိုခ်က္ေတြလည္းထြက္လာတယ္။ ဒါကေတာ္ေတာ္ စိတ္ဝင္စားဖို႔ေကာင္းတယ္။
ေျဖ - ဟိုတစ္ေန႔တုန္းက ကိုေက်ာ္မ်ိဳးမင္းေျပာလိုက္တဲ့ဟာကို ကြၽန္မနားေထာင္လိုက္ရတယ္။ ငါကိုေက်ာ္ မ်ိဳးမင္းနဲ႔ ႀကဳံတဲ့အခါက်ရင္ ေျပာျပဦးမယ္လို႔စဥ္းစားထားတာ။ ကိုေက်ာ္မ်ိဳးမင္းက ကြၽန္မကိုေခၚလိုက္တဲ့အတြက္ အေတာ္ပဲျဖစ္ သြားတာေပါ့။
ေမး - ကြၽန္ေတာ္ ပထမဆုံးစဥ္းစားတာေပါ့၊ ေမြးေန႔ မတိုင္ခင္ေလးတစ္ရက္အလိုမွာ Video အရင္ ထြက္လာတယ္။ ဒုတိယတစ္ေန႔လည္းက်ေရာ ေမြးေန႔ရက္ကြက္တိမွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ တရား႐ုံးထြက္ဆိုခ်က္ေပါ့ေနာ္။ ကြၽန္ေတာ္တို႔လည္း ျမင္ဖူးခဲ့တယ္ အြန္လိုင္းမွာ။ အဲဒီမွာ ေဒၚေအာင္ဆန္း စုၾကည္ရဲ႕ထြက္ဆိုခ်က္ဆိုၿပီးထြက္လာေတာ့ ဒီစာက တကယ္အစစ္လို႔ေျပာလို႔ရလား။ တရား႐ုံးထြက္ဆို ခ်က္အစစ္လို႔ေျပာလို႔ရလား။
ေျဖ - ဒီက်မ္းက်ိန္ကတိသစၥာျပဳလႊာကေတာ့ ဒါက အစစ္ပါ။ ဘာလို႔လဲဆိုေတာ့ ကြၽန္မတို႔မွာလည္း ရွိတယ္။ အမႈေတြၿပီး သြားတဲ့အခ်ိန္မွာ ေရွ႕ေနေတြ ကထုတ္လို႔ရတယ္ေလ။ ဆိုေတာ့ ေရွ႕ေနေတြ ထုတ္ထားတာရွိပါတယ္။ ကြၽန္မတို႔မွာလည္း ရွိပါတယ္။ ေရွ႕ေနေတြလက္ထဲကေနပဲ ရတာျဖစ္တဲ့အတြက္ ဒီဟာက အမွတ္မထင္လိုင္းေပၚမွာေတြ႕လိုက္ေတာ့ ဒါအစစ္ လို႔ေျပာႏိုင္တယ္။ ဒါေပမဲ့ တခ်ိဳ႕လိုင္းေပၚမွာေတြ႕ေတာ့ စာ႐ြက္ေတြအကုန္လုံးကို ေသခ်ာဖတ္ ၾကည့္လိုက္တယ္။ ဖတ္ ၾကည့္လိုက္တဲ့အခ်ိန္မွာ ၾကားစာ႐ြက္ေတြကေကာ အစစ္လား၊ အတုလား တခ်ိဳ႕ ဟာေတြေကာပါေနလားဆိုေတာ့ ဒါေပမဲ့ ကြၽန္မၾကည့္ တဲ့ (၅)႐ြက္လုံးကေတာ့ အားလုံးအစစ္ပဲ။ ကြၽန္မမွာ ရွိေနတာနဲ႔လည္း တိုက္ၾကည့္လိုက္တယ္။ မွန္ပါတယ္။
ေမး - ဒီဟာက ထူးျခားစြာျဖင့္ ထြက္ဆိုခ်က္က (၂၀၂၁) ခုႏွစ္ ေအာက္တိုဘာ (၆)ရက္လို႔ သူက ေျပာထားတာေတြ႕ရ တယ္။ ဆိုေတာ့ òန္းထားတယ္ ဆိုေတာ့ ဒီႏွစ္ဆိုရင္ (၄)ႏွစ္ ေက်ာ္ေက်ာ္ရွိၿပီေပါ့ေလ။ (၄)ႏွစ္ေက်ာ္ၿပီး ဒီေန႔ အခ်ိန္က်မွ လူေတြၾကားထဲမွာ အြန္လိုင္းေပၚမွာ တက္လာတာေတြ႕ရတယ္။ အရင္တုန္းကၾကားထဲမွာ မေတြ႕ရဘူးဆိုေတာ့ ဒီစာေတြ က အြန္လိုင္းေပၚတက္လာတဲ့အထိ ထြက္ဖို႔လိုအပ္တဲ့ စာေတြ ျဖစ္တယ္လို႔ေျပာလို႔ရလား။ ဒီအခ်က္အလက္ေတြက။
ေျဖ - ဘာျဖစ္လို႔ ဒီလိုမ်ိဳးတင္လိုက္တာလဲေတာ့ ကြၽန္မသေဘာမေပါက္ဘူး။ ဒါေပမဲ့လည္း အမွန္တကယ္ လူေတြ သိရင္ေတာ့လည္း ပိုေကာင္းတာေပါ့ေလ။ ကြၽန္မတို႔ၾကားထဲမွာေတာင္ ေျပာတာရွိတယ္။ တကယ္တမ္းဆိုရင္တဲ့ ဟိုး တုန္းက ျမတ္စြာဘုရား ေဟာထားတဲ့ ဗ်ာဒိတ္ေတာ္ေတြ ရွိခဲ့တယ္။ ဒီလို ကိစၥမ်ိဳးေတြကို အခုကာလမွာ ျမတ္စြာဘုရားက မရွိေတာ့ဘူးဆိုေတာ့ တခ်ိဳ႕ဟာေတြက မွန္တယ္၊ မွားတယ္ဆိုတာ အျငင္းပြားမႈေတြလည္းရွိတယ္။ အဲဒီေတာ့ အျငင္းပြား မႈေတြ ရွိတဲ့အခါက်ေတာ့ အခုလူ႔ေဘာင္လက္ထက္က်မွ ဒါကျမတ္စြာဘုရား တကယ္ ေဟာၾကားခဲ့တဲ့ ဟာလား၊ ဟုတ္ လား၊ မဟုတ္လား ဆိုတာ မသိေတာ့ဘူး အဲဒီလိုျဖစ္တယ္။ ဒါေပမဲ့ အခုဆိုရင္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အျဖစ္အပ်က္ က သိပ္မၾကာေသးဘူး။ (၄)ႏွစ္ေက်ာ္ ကာလမွာေတာ့ ဒီလိုထြက္လာတယ္ဆိုရင္ ေကာင္းတယ္လို႔ေတာ့ ေျပာခ်င္တယ္။ ဒီလိုမ်ိဳးအစစ္အမွန္ထြက္လာ တယ္ဆိုေတာ့ လူေတြအေနနဲ႔အမွန္တရားကို သိသြားတာေပါ့ေနာ္။ ဘယ္လိုပဲျဖစ္ျဖစ္ ႏိုင္ငံတကာမွာ တခ်ိဳ႕ကိစၥေတြ က ႏွစ္ (၂၀) ေနမွေပါ့။ အေမရိကန္ ႏိုင္ငံမွာေတာင္ရွိပါတယ္။ အႏွစ္ (၂၀ ) ေနမွ သိရတဲ့ လဝ ေတြရွိတယ္။ ဒါေပမဲ့ ဒီကိစၥကေတာ့ လဝ မဟုတ္ပါဘူး။ တရား႐ုံးက ထြက္ဆိုခ်က္ျဖစ္တဲ့အတြက္ ဒါသိလို႔ရပါတယ္။ ကြၽန္မထင္တာေတာ့ လဝ လည္းမဟုတ္ဘူး။ ေစာေစာသိသြားတဲ့အခါက်ေတာ့ အက်ိဳးရွိတယ္လို႔ ကြၽန္မထင္တယ္။ မသိေသးတဲ့လူေတြ အတြက္လည္း ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ သေဘာ ထားကို သိသြားရတယ္။ အမွန္တရားကိုလည္း သိသြားရတာျဖစ္တဲ့အတြက္ ကြၽန္မတို႔ ႏိုင္ငံအတြက္လည္း အက်ိဳးရွိတယ္။ သိတဲ့လူေတြအတြက္ လည္း ဆင္ျခင္ႏိုင္ တယ္လို႔ ထင္တယ္။
ေမး - တရား႐ုံးထြက္ဆိုခ်က္ကို ဖတ္ၾကည့္တဲ့အခါ ကြၽန္ေတာ္ပထမဆုံး အံ့အားသင့္သြားတာ တစ္ခုရွိတယ္။ တခ်ိဳ႕ ေတြလည္း တယ္လီဂရမ္ေတြ၊ အြန္လိုင္းေတြမွာ ေျပာေနၾကတယ္။ ေဒၚေအာင္ဆန္းစု ၾကည္တဲ့ အသက္ (၇၇) ႏွစ္၊ မွတ္ပုံတင္အမွတ္ဆိုေတာ့ သူက မမွတ္မိလို႔ေရးေတာ့ အံ့အားသင့္သြားတယ္။ မွတ္ပုံတင္အမွတ္ကို မမွတ္မိဘူး လို႔ေျပာေတာ့ ကြၽန္ေတာ္တို႔ ႏိုင္ငံသားေတာ္ေတာ္မ်ားမ်ားက ကိုယ့္မွတ္ပုံ တင္နံပါတ္ကို ေတာ္ေတာ္မ်ားမ်ား မွတ္မိၾက တယ္ေပါ့ေနာ္။ ဆိုေတာ့ မမွတ္မိဆိုေတာ့ အသက္အ႐ြယ္ ေၾကာင့္လား၊ ဘာေၾကာင့္လဲ ၊ ဘယ္လိုေၾကာင့္ မမွတ္မိလဲ ဆိုတာ တခ်ိဳ႕ေတာင္ အြန္လိုင္းမွာ ေဝဖန္တာေတြ ေတြ႕ရတယ္။ အဲဒါ ဘယ္လိုေျပာခ်င္လဲ။
ေျဖ - ဒါကေတာ့ အျပစ္တစ္ခုေတာ့လည္း မဟုတ္ပါဘူး။ အန္တီ အသက္အ႐ြယ္အရလို႔ ကြၽန္မ ေျပာႏိုင္တယ္ေပါ့ေနာ္။ အန္တီ့အသက္က အခုလိုျဖစ္ တဲ့ကာလမွာပဲၾကည့္ေလ ။ (၇၇)ႏွစ္ဆိုတဲ့အ႐ြယ္ဟာ ေဒၚေအာင္ဆန္းစုၾကည္မိုလို႔သာ ဒီလိုက်န္းက်န္း မာမာဆိုတာကို ေျပာႏိုင္တာေပါ့ေနာ္။ သာမန္ဗမာအမ်ိဳးသမီးအဘြားႀကီးေတြဆို ေတာ္ေတာ္ကို ေဒါင္း သြားပါၿပီ။ ဒီအသက္အ႐ြယ္က။ အဲဒီေတာ့ ဒီမွတ္ပုံ တင္ နံပါတ္ဆိုတဲ့ ဂဏန္းေတြကို မမွတ္မိဘူးဆိုတာ လည္း ျဖစ္ႏိုင္ပါ တယ္။ အသက္အ႐ြယ္ေၾကာင့္လို႔ေတာ့ ေျပာလို႔ ရပါတယ္။
ေမး - ဒီထဲမွာ စိတ္ဝင္စားဆုံးအေၾကာင္းေလးေတြပါလာတယ္။ ရွိတယ္ေပါ့ေနာ္။ ေရွ႕ပိုင္းကဟာေတြကေတာ့ ထားေပါ့ ေနာ္။ စိတ္ဝင္စားဖြယ္အခ်က္ေတြ ကေတာ့ နံပါတ္(၁) (၂၀၂၁)ခုႏွစ္၊ ေဖေဖာ္ဝါရီ လ(၁)ရက္ အခင္းအက်င္းေပါ့ေနာ္။ စတဲ့အခ်ိန္မွာ ဦးဝင္းထိန္က ေဒၚေအာင္ဆန္းစုၾကည္ေပးတဲ့စာပါ၊ သူ႔အသက္နဲ႔အာမခံပါတယ္ဆိုၿပီး ေျပာတဲ့စာတစ္ ေစာင္ထြက္ခဲ့တယ္။ (၅)ရက္မွာ ဦးဝင္းထိန္ ဗီဒီယိုဖိုင္နဲ႔ေျပာတာ မီဒီယာေတြေခၚၿပီးေတာ့။ CDM လုပ္ဖို႔ရယ္၊ တစ္ႏိုင္ငံ လုံးအုံႂကြၾကဖို႔ အဲဒါက ေဒၚ ေအာင္ဆန္းစုၾကည္ေျပာတဲ့စာပါဆိုၿပီးေတာ့ အဲဒါကို သက္ေသထိုးၿပီးေတာ့ ဒီတရားခြင္မွာ ေမးၾကျမန္း ၾကတဲ့အခါ ေဒၚေအာင္ဆန္းစုၾကည္က အဲဒီစာနဲ႔ ပတ္သက္ၿပီးေတာ့ မွတ္ခ်က္ျပန္ေပးတာေလ။ ဒီစာ႐ြက္ထဲ မွာေတြ႕ရတယ္။ အစ္မ အဲဒါကိုျပန္ၿပီး ေတာ့ ဘယ္လိုနားလည္ထားလဲေျပာျပပါလား။
ေျဖ - နံပါတ္ (၁) ခုနကတုန္းက ဦးဝင္းထိန္က အာမခံပါတယ္လို႔ေျပာတာ ကြၽန္မကေတာ့ ေသခ်ာေတာ့ မသိဘူး ေပါ့ေနာ္။ ဒါေပမဲ့ ဒီဟာနဲ႔ပတ္သက္ ၿပီးေတာ့ ကြၽန္မတို႔သိတာကေတာ့ ေဒၚေအာင္ ဆန္းစုၾကည္က သူအဖမ္းခံရ ေတာ့မယ္ဆိုတာကို သူသိေကာင္းသိပါလိမ့္မယ္။ အဲဒီေတာ့ သူစာေရးတာလည္း ျဖစ္ႏိုင္ပါတယ္။ ဒီလိုမ်ိဳးစာေရးခဲ့ တယ္ဆိုတာလည္း ကြၽန္မတို႔ၾကားသိရတယ္။ ကြၽန္မတို႔ မ်က္ျမင္ ေတာ့မဟုတ္ဘူးေနာ္။ ၾကားသိခဲ့ရတယ္။ ၾကားသိ ခဲ့ရတဲ့ကိစၥမွာ ဒီစာကို ဦးဝင္းထိန္လက္ထဲကို အဲဒီတုန္းက ျပန္ၾကားေရးတာဝန္ခံက ရွိေသးတယ္။ ခ်က္ခ်င္းႀကီး အဖမ္းခံရ တာမဟုတ္ေသးဘူး။ အဲဒီေတာ့ ျပန္ၾကားေရးတာဝန္ခံရဲ႕လက္ထဲမွာ ဒီစာရွိတယ္။ ၿပီးေတာ့ ဒီစာကို အန္ကယ္ဦးဝင္းထိန္နဲ႔ ျပန္ၾကားေရးတာဝန္ခံ(၂)ေယာက္ကေန ေဒၚေအာင္ဆန္းစုၾကည္ ေရးခဲ့တဲ့ စာေပၚမွာ စိစစ္သုံး သပ္ၿပီးေတာ့ ဒီအတိုင္းပဲ ျပန္ထုတ္လိုက္တာလား။ အန္တီေရးထား တဲ့စာေပၚမွာ နည္းနည္းျပန္ၿပီးေတာ့ပဲ စာကနည္း နည္းမာထန္သြားေအာင္ေပါ့ေနာ္။ ေရးထားၿပီးေတာ့ ျပန္ျပင္တာလားဆိုတာ မေသခ်ာဘူး။ ဒါေပမဲ့ ဒီလိုစာေရးခဲ့တယ္။ ၿပီးေတာ့ ဒီလိုမ်ိဳး CDM လုပ္ဖို႔ စာေတြ ထြက္လာတယ္ဆိုတာမ်ိဳးကိုေတာ့ ကြၽန္မတို႔ သိရတယ္။
ေမး - အဲဒီမွာ စာမ်က္ႏွာ (၃)မွာဆို ပါတယ္။ (၁-၂-၂၀၂၁) မွာတဲ့ လူမႈကြန္ရက္တြင္ ျပည္သူသို႔ ပန္ၾကားခ်က္စာကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ သဘာပတိတစ္ဦးျဖစ္သည့္ ဦးဝင္းထိန္က ထုတ္ျပန္ခဲ့ သည္ဆိုလွ်င္တဲ့ စြပ္စြဲခံရသူရဲ႕ ေရွ႕ေနက ကန႔္ကြက္ေလွ်ာက္ထားတာေတြလုပ္တယ္။ အဲဒါဆိုရင္ ဦးဝင္းထိန္ရဲ႕စာက စာပါအရဆိုရင္ ေဒၚေအာင္ ဆန္းစုၾကည္ကေကာ အဲဒီသေဘာထားတကယ္ရွိ တယ္လို႔ထင္လား။ ဒီစာအေၾကာင္းကို ခနဖယ္ၿပီးေတာ့ ေဒၚေအာင္ ဆန္းစုၾကည္ရဲ႕စိတ္ေနသေဘာ ထားအရေျပာမယ္ဆိုရင္ တစ္ႏိုင္ငံလုံးအုံႂကြဖို႔တို႔၊ CDM လုပ္ၾကဖို႔တို႔ဆိုတာေတြ။
ေျဖ - ကြၽန္မကေတာ့ ဒါေၾကာင့္မို႔လို႔ ဒီစာကို ကြၽန္မက နဂိုတည္းက ေတြ႕ရတဲ့အခ်ိန္တုန္းက ေဒၚေအာင္ဆန္းစုၾကည္ ဒီလိုေရးလိမ့္မယ္လို႔မျမင္ဘူး။ စိတ္ထဲမွာ အန္တီကိုယ္တိုင္ေရးတဲ့စာ မျဖစ္ႏိုင္ဘူးလို႔ မွတ္ခ်က္ခ်ႏိုင္တယ္။ ဒါက ကြၽန္မ ရဲ႕တစ္ကိုယ္ေရ မွတ္ခ်က္ပါ။ ဒီလိုမ်ိဳးႀကီးေတာ့ တစ္ႏိုင္ငံလုံးအုံႂကြၾကပါ၊ တစ္ႏိုင္ငံလုံး CDM လုပ္ၾကပါဆို တာမ်ိဳးကို ေတာ့ မေျပာေလာက္ဘူး။ ဒါေပမဲ့ ဒီလိုမ်ိဳးအာဏာ ထိန္းလိုက္တဲ့အေပၚမွာေတာ့ ျပည္သူေတြအေနနဲ႔ ကိုယ့္ရဲ႕ ဆႏၵကို ထုတ္ေဖာ္ၾကပါဆိုတာေတာ့ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဒါေပမဲ့ ဒီလိုမ်ိဳးႀကီး မာမာ ထန္ထန္ႀကီး CDM လုပ္ဖို႔ေတြဆိုတဲ့ ကိစၥကေတာ့ အန္တီ့ဆႏၵမဟုတ္ႏိုင္ဘူးလို႔ထင္တယ္။ ဒါက ကြၽန္မရဲ႕ တစ္ကိုယ္ေရသုံးသပ္ခ်က္ပါ။
ေမး - စြပ္စြဲခံရသူရဲ႕ ေရွ႕ေနဘက္က တင္ျပတဲ့ အခါမွာ ဒီစာက ဘယ္စာျဖစ္တယ္ဆိုတာမသိဘူး ေပါ့။ တရားလိုကိုယ္တိုင္ လည္း ႐ုံးေရွ႕ထြက္ထားတာ မရွိဘူး။ သက္ေသခံအျဖစ္လည္း တင္ျပထားတာ မရွိတဲ့အတြက္ ဒီစာက ကန႔္ကြက္တယ္ဆို ၿပီးေျပာတဲ့ အပိုဒ္ကို ေတြ႕ရတယ္။ ဒါကို ၾကည့္ျခင္းအားျဖင့္ ဒီစာနဲ႔ပတ္သက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္က ထြက္ဆို ထားတာ မသိဘူးဆိုတဲ့အဓိပၸာယ္ကို သက္ ေရာက္ေနတယ္လို႔ ေျပာလို႔ရလား။
ေျဖ - မွန္တယ္။ ေဒၚေအာင္ဆန္းစုၾကည္ မသိႏိုင္ဘူး။ ဘာလို႔လဲဆို ေဒၚေအာင္ဆန္းစုၾကည္က ကြၽန္မ တို႔ၾကားတာေတာ့ စားေရးခဲ့တယ္လို႔ေတာ့ၾကားတယ္။ ဒါေပမဲ့ သူေရးခဲ့တဲ့စာက ဒီဟာဟုတ္လားမဟုတ္ လားဆိုတာ မေျပာႏိုင္ဘူး။ ခုနက ေျပာခဲ့သလို ဒီစာသည္ တစ္ကိုယ္ေရ သုံးသပ္ခ်က္အရ ဒီလိုႀကီးေတာ့ ေရးခဲ့တာ မျဖစ္ႏိုင္ဘူးလို႔သုံးသပ္တယ္။ ဒါေပမဲ့ အခုက်ေတာ့ ဒါေၾကာင့္မို႔ ဦးဝင္းထိန္က ထုတ္ျပန္ခဲ့ သည္ဆိုတာမ်ိဳးကို ေဒၚစုကိုေမးတာမ်ိဳးျဖစ္တယ္။ ဒါေပမဲ့ ဒီကိစၥကို ေဒၚေအာင္ဆန္းစုၾကည္မသိ ေလာက္ဘူးလို႔ ကြၽန္မေျပာႏိုင္တယ္။
ေမး - ေနာက္တစ္ခုက စာမ်က္ႏွာ (၃)မွာပဲ NLD Facebook စာမ်က္ႏွာက အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီရဲ႕ တရား ဝင္စာမ်က္ႏွာျဖစ္သည္ဟု ဆိုလွ်င္ဆိုၿပီး ေရွ႕ေနက ေမးတဲ့ပုံေပၚတယ္။ ေဒၚေအာင္ဆန္းစုၾကည္က ျပန္ေျဖတဲ့ပုံေပၚ တယ္ထင္တယ္။ Chair NLD Facebook စာမ်က္ႏွာရွိသည္ကို ကြၽန္မေကာင္းစြာသိေသာ္လည္း NLD Facebook စာမ်က္ႏွာရွိသည္ဟုေတာ့ ကြၽန္မေကာင္းစြာမသိပါလို႔ ဆက္ေရးတယ္ေပါ့။ ပါတီရဲ႕ လုပ္ငန္းမ်ားတြင္ ပါဝင္ေဆာင္ ႐ြက္ျခင္းမရွိသည္မွာ ၾကာျမင့္ၿပီျဖစ္သျဖင့္ မသိေၾကာင္းျဖစ္ပါသည္ ဆိုၿပီးေတာ့ ေျပာထားတာေတြ႕ရတယ္။ ေနာက္ အထက္ပါ Facebook စာမ်က္ႏွာက Blue Mark အျပာ ေရာင္ျခစ္ထားတဲ့ Facebook Page ျဖစ္သည္ ဆိုလွ်င္လည္း သူမသိပါလို႔ ထပ္ေျပာထားတယ္။
တစ္နည္းအားျဖင့္ေျပာရရင္ NLD Facebook Page ကို သူေကာင္းစြာမသိပါလို႔ေျဖထားတယ္။Blue Mark ေပးထားတဲ့ Page ကိုလည္း မသိပါလို႔ ေျပာထားတယ္။ သို႔ေသာ္ Chair NLD သိပါ တယ္လို႔ေျပာထားတယ္။ ဆိုေတာ့ သူဘာလို႔ NLD Facebook ကို သူမသိတာလဲ။ Chair NLD ကိုေတာ့သိၿပီးေတာ့ NLD Facebook မသိဘူးဆို တဲ့ ဒြိဟကို သြားေတြ႕ရတယ္။ ဒီေပၚမွာ အစ္မ ဘယ္လိုျမင္လဲ။
ေျဖ - ဒါက ကြၽန္မတစ္ခုေျပာႏိုင္တယ္။ Chair NLD ဆိုတဲ့ Facebook Page ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ Facebook ကို စသုံး မယ္ဆိုတဲ့အခ်ိန္ကတည္းက စၿပီးဖြင့္ခဲ့တာျဖစ္တယ္။ သူကိုယ္တိုင္လည္းဖြင့္ခဲ့တာျဖစ္တယ္။ ေနာက္ သူကိုယ္တိုင္လည္း Admin ထားၿပီးေတာ့ ေရး တာျဖစ္တဲ့အတြက္ ဒါကို သူသိတယ္ဆိုတဲ့ဟာကိုေတာ့ ကြၽန္မလက္ခံတယ္။ ဒါေပမဲ့ NLD Facebook ဆိုတဲ့ဟာက်ေတာ့ ဒါကေတာ့ NLD ႐ုံးခ်ဳပ္ဘက္ေန ကိုင္တဲ့ Facebook Page ျဖစ္တယ္။ သူလည္း မကိုင္ဘူး။ ေနာက္ ဟိုတုန္းကေတာ့ ေနျပည္ေတာ္ တရားဝင္ေပါ့ေနာ္ ပါတီရဲ႕ေၾကညာခ်က္ေတြကို ဒီ NLD Facebook Page ကေန ထုတ္တယ္။ ဒါေပမဲ့ အန္တီက ပါတီရဲ႕လုပ္ငန္းစဥ္ေတြကို ဝင္မလုပ္ရတာက အစိုးရရဲ႕တာဝန္ကို ထမ္းေဆာင္တည္းကိုက ပါတီရဲ႕ လုပ္ငန္းစဥ္ေတြကို မလုပ္ေတာ့ဘူးဆိုတဲ့အတြက္ ရွိလား၊ မရွိလား သူမသိႏိုင္ေတာ့ဘူး။ ဒါေပမဲ့ အခုေျဖထားတာ အမွန္ပဲလို႔ ကြၽန္မေျပာႏိုင္တယ္။ ဘာလို႔လဲဆို NLD Facebook Page သည္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ မသက္ဆိုင္ဘူး ။ ဒီဟာက ကြၽန္မတို႔ NLD ႐ုံးခ်ဳပ္က ေနၿပီးေတာ့ အန္ကယ္ဦးဟံသာျမင့္က ႀကီးမႉးၿပီးေတာ့ ျပန္ၾကားေရးဌာနရွိတယ္။ ဒီျပန္ၾကားေရးဌာနက ကိုင္တဲ့ Facebook Page ျဖစ္တယ္။
ေမး - အဲဒီေတာ့ ဒီ Facebook Page ကေန အာဏာထိန္းမႈျဖစ္စဥ္ျဖစ္တဲ့အခ်ိန္မွာတင္တဲ့ပို႔စ္ ေတြနဲ႔ပတ္သက္ရင္ ပို႔စ္ေတြထဲမွာဆိုရင္ လက္ရွိ တည္ဆဲအာဏာပိုင္အစိုးရအေပၚမွာ ေတာ္ေတာ္ေလး ၾကမ္းၾကမ္းတမ္းတမ္း ရင့္ရင့္သီးသီးေတြ ေရးထားတာ ရွိတယ္ေပါ့။ အဲဒါနဲ႔ပတ္သက္ရင္ ေဒၚေအာင္ဆန္း စုၾကည္အေနနဲ႔ သူ႔မွာဘာတာဝန္မွမရွိဘူးလို႔ ေကာက္ခ်က္စြဲခ်င္တာလား။
ေျဖ - မွန္တာေပါ့ ။ ဘာလို႔လဲဆိုရင္ ဒီဟာက နဂို တည္းကိုက ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ကြန္မန႔္လည္း မပါဘူး။ ေဒၚေအာင္ဆန္းစုၾကည္ကကိုင္ထားတာ လည္း မဟုတ္ဘူး။ ဒီFacebook Page က။ ဒီဟာကို ပါတီ႐ုံးက စီအီးစီလူႀကီးကသာ တာဝန္ ခံၿပီးေတာ့ ျပန္ၾကားေရးဘက္က တာဝန္ခံၿပီးေတာ့ ထုတ္တာျဖစ္တယ္။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ လုံးဝ မဆိုင္ဘူး။ ေနာက္ၿပီးေတာ့ အာဏာထိန္းမႈျဖစ္စဥ္ ၿပီးသြားတာနဲ႔ ႐ုံးမွာ ကစဥ့္ကလ်ားေတြ အကုန္လုံးျဖစ္ တယ္။Facebook Password ကိုေတာင္ ဘယ္သူ ခိုးယူသြားလဲ မသိရဘူး။ ဒါေၾကာင့္မို႔ ေနာက္ပိုင္းမွာ ႐ုံးႀကီးလည္း ပိတ္ထားတယ္။ ႐ုံးလည္းမဖြင့္ထားဘူး။ ျပန္ၾကားေရးတာဝန္ခံဆိုတာလည္းဖမ္းခံထိတယ္။ ၿပီးေတာ့ Facebook Password ကိုေတာင္ ဘယ္သူယူသြားလဲမသိဘူး။ ဒီကေန ေတာက္ေလွ်ာက္ ေၾကညာခ်က္ေတြထုတ္တယ္။ ဒီလိုထုတ္တာေတြကို လိုက္ၾကည့္လိုက္တဲ့အခါ ကြၽန္မတို႔ ျပည္တြင္းကထုတ္ တာမဟုတ္ဘူး၊ ျပည္ပကေနထုတ္ေနတယ္ဆိုတာကို ေတြ႕ရတယ္။ ေျပာခ်င္တာက ခုနကေမးခြန္းအရဆိုရင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ လုံးဝမသက္ဆိုင္ဘူး ဒီဟာက။ ဒါေပမဲ့ အခုထုတ္ေနတာေတြအားလုံးက ကြၽန္မတို႔ဒီလိုမ်ိဳး ေၾကညာခ်က္ေတြထုတ္တယ္ဆိုတာ တကယ္ပါတီမွာ ဒီလိုထုတ္ခ်င္တိုင္းလည္းထုတ္လို႔မရဘူး။ ကြၽန္မတို႔မွာ procedure ေတြအမ်ားႀကီး ရွိပါတယ္။ ေၾကညာခ်က္တစ္ေစာင္ထုတ္တယ္ဆိုတာက ကိုယ့္မွာFacebook page, password ေတြရွိေန႐ုံနဲ႔ ကိုယ့္ဘာသာထုတ္ခ်င္တိုင္းေလွ်ာက္ထုတ္ေနတာဟာ ဒီပါတီႀကီးတစ္ခုကို ဘယ္လိုမွကိုယ္စားမျပဳဘူး။ ပါတီႀကီးတစ္ခုမွာလည္း password ရွိ႐ုံနဲ႔ ကိုယ္ ဒီ page ကို admin အေနနဲ႔ကိုင္ထား႐ုံနဲ႔ ကိုယ့္ဘာသာ ထုတ္ခ်င္တိုင္း ထုတ္ေနလို႔မရဘူး။ လုံးဝအႏွစ္သာရ လည္းမရွိဘူး။ ကြၽန္မတို႔ပါတီရဲ႕ စည္းမ်ဥ္း၊ စည္း ကမ္းနဲ႔လည္းမညီတဲ့ စာ႐ြက္အလြတ္တစ္ခုသာျဖစ္ တယ္ဆိုတာ ျပည္သူေတြကနားမလည္ဘူး။ တ ကယ္ပဲ NLD က ထုတ္ေနတာလားဆိုတာမ်ိဳး ျဖစ္ေနတယ္။ ကြၽန္မတို႔အေနနဲ႔လည္းျပည္သူကို ရွင္းျပဖို႔ အခြင့္အလမ္းမသာဘူး။ ရွင္းျပရင္လည္း ယုံၾကည္တဲ့ကာလမဟုတ္ဘူးဆိုေတာ့ ဒီတိုင္းပဲ ေန လိုက္တယ္ေပါ့ေနာ္။
ေမး - ဒီ page ကိုလက္ရွိကိုင္ေနတဲ့သူေတြက ျပည္တြင္းမွာရွိမေနဘူးလို႔ ေကာက္ခ်က္ခ်လို႔ရလား။
ေျဖ - မွန္တာေပါ့။ ဘာလို႔ဆို ကြၽန္မေျပာခ်င္တာက ျပည္တြင္းမွာရွိရင္ ကြၽန္မတို႔႐ုံးႀကီးပိတ္ထားတယ္ေလ။ ပိတ္ထားတာက (၂၀၂၁)ႏွစ္ကုန္ေလာက္ကတည္းက ကြၽန္မတို႔ပိတ္ထားတာ။ ဒီ႐ုံးကေနၿပီးေတာ့ ဒီေၾကညာ ခ်က္ေတြကို ထုတ္ခြင့္ရွိတာ။ ဒီ႐ုံးႀကီးပိတ္ထားတယ္။ ႐ုံးေသာ့ဆိုတာလည္း ကြၽန္မတို႔ဆီမွာရွိတာ။ ဒီဟာ ကေနမထုတ္ေနဘဲ ကိုယ့္အိမ္ကေနကြန္ပ်ဴတာရွိ႐ုံနဲ႔ ထုတ္ေနလို႔ အဲဒါက ဘာမွတရားမဝင္ဘူးေလ။
ေမး - ဒီမွာကြၽန္ေတာ္ၾကားျဖတ္ေမးခ်င္တာတစ္ခုရွိတယ္ေပါ့ ။ ဒီ Facebook page ကထုတ္ေနတာနဲ႔ ပတ္သက္ၿပီးေတာ့ NLD ပါတီက (၂၁)ရာစုအခင္း အက်င္းအၿပီးမွာ ျပည္တြင္းမွာရွိတဲ့ NLD ပါတီဝင္နဲ႔ ျပည္ပကိုထြက္ေျပးသြားတဲ့ NLD ပါတီဝင္ ရာခိုင္ႏႈန္းခြဲၾကည့္မယ္ဆိုရင္ ၂၀/ ၈၀လို႔ ေျပာလို႔ရႏိုင္လား။
ေျဖ - အင္း ေျပာလို႔ရႏိုင္တယ္။ ေျပာခ်င္တာက NLD ပါတီဝင္ဆိုတာက တစ္ႏိုင္ငံလုံးအတိုင္းအတာ အေနနဲ႔ သန္းခ်ီၿပီးရွိတာေလ။ အဲဒီလိုပဲ လႊတ္ေတာ္ကိုယ္စားလွယ္ဆိုတာလည္း ေထာင္ ဂဏန္းေလာက္ရွိေနတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ ေတြအကုန္လုံးက ျပည္ပကိုထြက္ေျပးသြားၾကတာ မဟုတ္ဘူး။ ျပည္တြင္းမွာအမ်ားႀကီးပဲ ေနခဲ့တဲ့သူေတြ ရွိတယ္။ အဖမ္းခံရတဲ့သူေတြရွိတယ္။ ေသသြားတဲ့လူ ေတြရွိတယ္။ ေနာက္ၿပီးေတာ့ ျပည္ပကို ထြက္ေျပး သြားတယ္ဆိုတာ သုံးပုံတစ္ပုံေတာင္ရွိတယ္လို႔ ေျပာလို႔မရဘူး။ ဒါေၾကာင့္မလို႔ ျပည္တြင္းမွာပါတီ ရဲ႕မူဝါဒအတိုင္း ဟုတ္ခ်င္လည္းဟုတ္မယ္။ မဟုတ္ ခ်င္လည္းမဟုတ္ဘူး။ သို႔ေသာ္လည္း ျပည္ပကိုထြက္ မေျပးဘဲ ျပည္တြင္းမွာပဲရွိေနတဲ့သူေတြက အမ်ား ႀကီးပဲရွိတယ္။ အခုကြၽန္မတို႔ ေလးႏွစ္ျပည့္တဲ့ကာ လေလာက္က်ေတာ့မွ အမ်ားႀကီးဆက္သြယ္မိလာ တာေလ။ နဂိုတုန္းကက်ေတာ့ (၂)ႏွစ္(၃)ႏွစ္ ေလာက္တုန္းက ေၾကာက္ၿပီးေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္အဆက္အသြယ္ေတြမရခဲ့ဘူး။
ေမး - ဒါဆိုရင္ NLD ပါတီဝင္ေတြရွိမယ္။ အမာခံပါတီဝင္ေတြရွိမယ္။ သေႏၶေတြရွိမယ္ေပါ့။ ျပည္တြင္းမွာက်န္ခဲ့တာက (၈၀)ရာခိုင္ႏႈန္းထက္ ပို မနည္းတဲ့ပမာဏနဲ႔က်န္ခဲ့ၿပီးေတာ့ အဲ့ဒီလူေတြအား လုံးက ျပည္ပကို ထြက္ေျပးသြားတဲ့ လက္တစ္ဆုပ္စာ လူတစ္စုက Facebook Page ကိုင္ၿပီး လုပ္ခ်င္တာ လုပ္တာကိုၿငိမ္ခံေနၾကရတဲ့ဘဝေရာက္သြားတာ ေပါ့ေလ။
ေျဖ - မွန္တာေပါ့။ ကြၽန္မအခုနက ေျပာသလိုေပါ့။ ကြၽန္မတို႔မွာ ဒီလိုျဖစ္စဥ္ႀကီး ျဖစ္သြားၿပီးတဲ့ေနာက္မွာ ပါတီရဲ႕ CEC ေတြအားလုံးလည္း အဖမ္းခံထိတယ္။ ဥကၠ႒ကအစ အကုန္လုံး အဖမ္းခံထိၿပီးေတာ့ ပါတီမွာ ထိန္းခ်ဳပ္မႈမရွိေတာ့ဘူးေပါ့ေနာ္။ ေနာက္ၿပီး ကြန္ မန႔္ေပးႏိုင္တဲ့လူေတြလည္း မရွိေတာ့ဘူးဆိုတဲ့အခါ က်ေတာ့ ဘယ္ဟာကအတု၊ ဘယ္ဟာကအစစ္ ျဖစ္ၿပီးေတာ့ ဘယ္သူေတြက အဖမ္းခံရၿပီးေတာ့ ဘယ္သူေတြက အျပင္ကို ေရာက္သြားလဲဆိုတာ မသိ ၾကဘူး။ အဲဒီေတာ့ ဒီစာေတြ ထြက္ေနတယ္ဆိုတာကို ပထမေတာ့ လူေတြက ယုံထင္ေၾကာင္ထင္ေပါ့။ ဟာ တကယ္လူႀကီးေတြကပဲ ထုတ္ေနတာလား။ တကယ္ပဲ CEC ေတြက ထုတ္ေနတာလားေပါ့ေနာ္။ တကယ္တမ္းက်ေတာ့ CEC ေတြအားလုံးက ေထာင္ထဲမွာေလ။ အဲဒါမ်ိဳးေတြျဖစ္ေနတယ္။ အျပင္ကလူေတြက CEC တစ္ေယာက္ အျပင္မွာ ရွိေကာင္းရွိမယ္။ ဒီတစ္ေယာက္ရဲ႕ သေဘာထားနဲ႔ ထုတ္လို႔မရဘူး။ အဲဒီလိုမ်ိဳး CWC ဆိုတဲ့အဖြဲ႕ကို ဖြဲ႕လာတယ္။ ဒါေၾကာင့္ CWC ဆိုတဲ့ဟာက ေဒၚ ေအာင္ဆန္းစုၾကည္ အရင္တုန္းက ေျပာထားၿပီးသား။ CWC မွာလည္း ဆုံးျဖတ္ခ်က္ရွိၿပီးသား။ CWC အဖြဲ႕ကို ဖြဲ႕ခြင့္မရွိဘူး။ ဖြဲ႕လို႔မရဘူးဆိုတာကို ေဒၚ ေအာင္ဆန္းစုၾကည္ကိုယ္တိုင္ေျပာခဲ့တယ္။ ဒါအား လုံးလည္းသိမယ္။ CWC အဖြဲ႕အေပၚမွာ ေဒၚေအာင္ ဆန္းစုၾကည္နဲ႔ ဦးဝင္းျမင့္ရဲ႕ မွတ္ခ်က္လည္း တစ္ႏိုင္ ငံလုံးမွာ တကယ္ထြက္ထားၿပီးသားပဲ။ ဒါလည္း သိၿပီး သား။ အဲဒီေတာ့ အခုနကလိုမ်ိဳး CEC ဆိုတာမရွိ ေတာ့ CWC ဖြဲ႕ၿပီးေတာ့ စာေတြထုတ္တယ္ေပါ့ဗ်ာ။ ပါတီတစ္ခုမွာ ကိုယ္လုပ္ခ်င္တာ ကိုယ္ဖြဲ႕ခ်င္တာ ဖြဲ႕ၿပီးေတာ့မွ စာေတြထုတ္တာမ်ိဳးက တရားဝင္လား ဆိုတာက ေမးစရာျဖစ္လာတယ္။ ဘယ္လိုလုပ္တရား ဝင္မွာလဲ။ ပါတီေတြမွာ ဒီလိုသာ လုပ္ခ်င္တိုင္းလုပ္ေန မယ္ဆိုရင္ ဘာလုပ္ဖို႔ CWC တို႔ CC တို႔ဆိုတာ ခန႔္ထားတာလဲ။ ပါတီဆိုတာ စနစ္က်ရမယ္။ မူဝါဒ ေတြရွိရမယ္။ စည္းမ်ဥ္းစည္းကမ္းေတြရွိရမယ္။ ခ်မွတ္ထားတဲ့ မူဝါဒစည္းမ်ဥ္းစည္းကမ္းအတိုင္းပဲ ကြၽန္မတို႔ေတြက ေနထိုင္ရမယ္။ မႀကိဳက္လို႔ရတယ္။ မႀကိဳက္ရင္ အျပင္ထြက္သြားလို႔ရတယ္။ တျခားႏိုင္ငံ ကိုလည္း ထြက္သြားလို႔ရတယ္။ ကြၽန္မတို႔ပါတီဆိုတာ ကလည္း ျပည္တြင္းထဲမွာပဲ ဖြဲ႕ထားတာ။ ျပည္ပမွာ NLD မဖြဲ႕ထားဘူး။ ဟိုးအရင္တုန္းကေတာ့ ရွိခဲ့ဖူးတယ္။ NLD LA ဆိုၿပီးေတာ့ ရွိခဲ့ဖူးတယ္။ NLD LA ကိုေတာင္ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ဖြဲ႕ထားတာေတာင္ ေဒၚေအာင္ဆန္းစုၾကည္က အသိအမွတ္မျပဳခဲ့ဘူး။ ဒီေတာ့ အခု ျပည္ပကိုထြက္သြားၿပီးေတာ့ ဒီစာ ႐ြက္ေတြထုတ္တယ္ဆိုတာက ကြၽန္မတို႔ တကယ္ပဲ ျပည္တြင္းကပါတီေတြအေပၚမွာ ႐ိုက္ခတ္မႈေတြ ျဖစ္တာေပါ့ေနာ္။ ထင္ေယာင္ထင္မွားေတြျဖစ္တယ္။ လူေတြက ဘယ္ဟာကအမွန္၊ ဘယ္ဟာက အမွားဆို တဲ့ဟာမ်ိဳးေတြ မသိေတာ့ဘူး။ သို႔ေသာ္လည္း ဒါေတြ ဟာ ကြၽန္မတို႔ပါတီမွာ တာဝန္မရွိဘူး။ ကြၽန္မတို႔ ဆိုရင္လည္း ေတာက္ေလွ်ာက္ကန႔္ကြက္ခဲ့တယ္။ ဒါေတြအားလုံးဟာ ကြၽန္မတို႔ ပါတီမွာ တာဝန္မရွိဘူး။ ဆိုလိုခ်င္တာက ပါတီရဲ႕ စည္းမ်ဥ္းစည္းကမ္းအတိုင္း ထုတ္ထားတဲ့ဟာေတြ မဟုတ္ဘူးဆိုတာကို ေထာင္ ထဲမွာ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ေတာင္ ေျပာခဲ့တယ္။ ဒီ CWC ဖြဲ႕တဲ့အေပၚမွာ။ ဒါေၾကာင့္ ျပည္ပမွာေနၿပီးေတာ့ လုပ္ခ်င္တိုင္းလုပ္ေနတဲ့ ကိစၥ အားလုံးဟာ ျပည္တြင္းမွာရွိေနတဲ့လူေတြမွာ ဒုကၡ ေရာက္ႏိုင္တယ္ဆိုၿပီးေတာ့ ေဒၚေအာင္ဆန္းစု ၾကည္ေျပာခဲ့တာျဖစ္တယ္။
ေမး - တရား႐ုံးဟာေတြျပန္သြားၾကည့္ရင္ တစ္ခ်က္မွာေတြ႕တယ္။ NLD ဟာ CRPH၊ NUG၊ PDF ေတြကို ဦးေဆာင္ဖြဲ႕စည္းတယ္လို႔ တရား႐ုံးက တရားလိုေရွ႕ေနေတြကေမးတယ္။ ေမးတဲ့အခ်ိန္မွာ စြပ္စြဲခံရသူေရွ႕ေနေတြဘက္က ျပန္ေျပာတယ္။ ဒါႀကီးက မေမးသင့္ပါဘူးဆိုၿပီး ကန႔္ကြက္တာကို ေတြ႕ရတယ္။ ဒီေတာ့ အျပန္အလွန္ေခ်ပရင္းနဲ႔ လြတ္ လပ္စြာ ေျဖခြင့္ရွိတယ္ဆိုတာ ျဖစ္လာၿပီးျဖစ္လာတယ္။ အဲဒီအခ်ိန္မွာ ဟိုကဆက္ေမးတယ္။ NUG မွာ ဦးဝင္းျမင့္ကို သမၼတ၊ ေဒၚေအာင္ဆန္းစုၾကည္ကို အတိုင္ပင္ခံပုဂၢိဳလ္အျဖစ္ ထုတ္ျပန္ထားတာကို ဘယ္ လိုသေဘာရလဲလို႔ ေမးတဲ့အခ်ိန္မွာ ေဒၚေအာင္ဆန္း စုၾကည္ျပန္ေျဖတယ္ေပါ့။ NUG ဆိုတာဘာလဲ။ CRPH ဆိုတာ ဘာလဲေပါ့။ လႊတ္ေတာ္ကိုယ္စား လွယ္အဖြဲ႕က ဖြဲ႕ထားတဲ့အဖြဲ႕လို႔ေျပာတယ္တဲ့။ ဘယ္သူေတြလဲလို႔ေမးတဲ့အခ်ိန္မွာ နာမည္ ေလးငါး ေျခာက္ခု ေလာက္႐ြတ္ျပတယ္။ အဲဒီအခ်ိန္မွာ ကြၽန္မ ဘာမွေရေရရာရာမသိတဲ့အတြက္ သေဘာထားမွတ္ ခ်က္ေပးရန္မရွိလို႔ ျပန္ေျဖတယ္လို႔သိရတယ္။ ဒီလို ေျပာလိုက္ျခင္းျဖင့္ ေဒၚေအာင္ဆန္းစုၾကည္က NUG , CRPH ကို သိတာလား၊ မသိတာလား၊ လက္ခံတာလား လက္မခံတာလား။
ေျဖ - ေဒၚေအာင္ဆန္းစုၾကည္က လက္ခံတယ္ လက္မခံဘူးဆိုတာကို ေျပာစရာကိုမလိုဘူး။ သူ သိကိုမသိဘူးေလ။ သူက သူအဖမ္းခံရတဲ့ေန႔က ဘယ္ေန႔လဲ။ ဒီဟာေတြဖြဲ႕တာက ဘယ္ေတာ့လဲ။ အဲဒီေတာ့ သူမွ မသိႏိုင္တာ။ ဒါေပမဲ့ အသံေတာ့ ၾကားႏိုင္တယ္ဗ်ာ။ ဘာျဖစ္လို႔လဲဆိုေတာ့ ျပင္ပနဲ႔ သူနဲ႔ ဆက္သြယ္တဲ့ ၾကားထဲမွာ ေရွ႕ေနေတြကေတာ့ရွိတယ္။သို႔ေသာ္လည္း ေရွ႕ေနေတြက တရားခြင္မွာ ဒီလိုကိစၥ ေတြေျပာဖို႔ သိပ္အခ်ိန္ရတာမဟုတ္ဘူး။ အဲဒီေတာ့ သူရဲ႕အမႈကိစၥကိုပဲ သူတို႔ကတိုင္ပင္ရတာျဖစ္တဲ့ အတြက္ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ သိစရာ အ ေၾကာင္းမရွိဘူး။ ပါဖို႔ေနေနသာသာ သိစရာ အေၾကာင္းကို မရွိဘူး။ သူဖမ္းခံထားရတဲ့ဟာနဲ႔ သူတို႔ ဖြဲ႕တဲ့ဟာေတြနဲ႔ ရက္ေတြကို တြက္ၾကည့္လိုက္ေလ။ အမ်ားႀကီးကြာေနတာေလ။ အဲဒီေတာ့ ေဒၚေအာင္ ဆန္းစုၾကည္နဲ႔ ဦးဝင္းျမင့္က ဒီကိစၥကိုသိစရာ အ ေၾကာင္းလည္းမရွိဘူး။ တာဝန္ခံစရာလည္းအ ေၾကာင္း မရွိဘူး။
ေမး - ဒါေပမဲ့ ထူးျခားတာတစ္ခုက ဒီေမးခြန္း ေမးလိုက္ၿပီဆိုကတည္းက ဒီေမးခြန္းရွိကတည္းက အေကာင္ရွိလို႔အရိပ္ထင္တာလို႔ နားလည္သြား ၿပီးေတာ့ ေမးခြန္းေမးခံရတဲ့အခ်ိန္မွာေတာ့ အစေတာ့ သူ သိေကာင္း မသိေပမယ့္ ေမးခြန္းေမးခံရတဲ့အခ်ိန္မွာ ဒါရွိတယ္ဆိုတဲ့ မက္ေဆ့ခ်္က သူ႔ဆီမွာေရာက္သြားၿပီ လို႔ ေျပာလို႔ရတယ္။
ေျဖ - မွန္တာေပါ့။
ေမး - ဒါဆို သူ လက္ခံခ်င္တယ္၊ လက္မခံခ်င္ဘူး ဆိုတာကို သူရဲ႕အမူအရာကေနၿပီးေတာ့ သူရဲ႕ ထြက္ဆိုခ်က္ေတြက သက္ေသေျပာျပလို႔ရလား လက္ခံခ်င္တယ္၊ လက္မခံခ်င္ဘူးဆိုတာကို ျပလို႔ရတဲ့သေဘာလို႔ ေျပာလို႔ရတာေပါ့။ ေနာက္ တစ္ခုရွိတာက CRPH ဖြဲ႕ဖို႔အတြက္ အရင္ကတည္း က ႀကိဳတင္ျပင္ဆင္ထားျခင္း ျဖစ္တယ္လို႔ ဆိုရင္ေတာ့ အဲဒီမွာ ေဒၚေအာင္ဆန္းစုၾကည္ေျဖတာက ကြၽန္မ လုံးဝ မသိဘူးတဲ့။ CRPH ကို နဂိုတည္းက ႀကိဳျပင္ ဆင္ထားျခင္းမရွိဘူးလို႔ သူထြက္ဆိုတယ္ဆိုတဲ့ သေဘာကို သြားေတြ႕ရတယ္။ ဆိုေတာ့ NLD နဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔အုပ္စုက နဂိုတည္းက CRPH ကို ႀကိဳတင္ျပင္ဆင္ထားျခင္းမရွိဘူးလို႔ တကယ္ပဲ ရာႏႈန္းျပည့္ေျပာလို႔ရလား။
ေျဖ - ေျပာလို႔ရပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ေ႐ြးေကာက္ပြဲကို ႏိုင္ေအာင္လုပ္တာေလ။ လႊတ္ ေတာ္ထဲမွာ ကိုယ့္ရဲ႕ပါတီဝင္ေတြ ေနရာမ်ားမ်ားလို ခ်င္တယ္။ ဒီအတိုင္းကို (၂၀၂၀)မွာ ျဖစ္ခဲ့တယ္။ အဲဒီေတာ့ ဒီ CRPH တို႔ PDFတို႔ဆိုတာ ေဘာင္ထဲ ကို ထည့္စဥ္းစားစရာအေၾကာင္းမရွိဘူး။ ကိုယ္က ဒီလႊတ္ေတာ္လမ္းေၾကာင္းကိုသြားမွာ။ အစိုးရလမ္း ေၾကာင္းကိုပဲ သြားမွာျဖစ္တဲ့အတြက္ ဒါေတြက ႀကိဳ တင္ၿပီးေတာ့ ဖြဲ႕ထားတာမဟုတ္ဘူးဆိုတာမ်ိဳးကို ေတာ့ ကြၽန္မေျပာႏိုင္ပါတယ္။
(ဆက္လက္ေဖာ္ျပပါမည္)