ဖားဆောင်းမြို့နယ်တွင် တိုက်လေယာဉ်ပျက်တစ်စီးတွေ့ရှိသည့်ရုပ်သံဖိုင်ထွက်ပေါ်လာ

2141

သက်ပိုင်( NP News) - ဇူလိုင် ၃
ကယားပြည်နယ် ၊ဖားဆောင်းမြို့နယ်တွင် တိုက်လေယာဉ်ဟု ယူဆရသော လေယာဉ်အပျက်အစီး အပိုင်းအစများပါဝင်သည့် ဓာတ်ပုံအချို့နှင့် Video ဖိုင်တစ်ခု ဇွန်လ (၃) ရက်နေ့ မွန်းလွဲ (၂) နာရီ (၅၅) မိနစ်ခန့်တွင် Facebook လူမှုကွန်ယက်စာမျက်နှာတွင် ထွက်ပေါ်လာခဲ့သည်။
အဆိုပါ ဓာတ်ပုံများနှင့် Video ကို KNDF အဖွဲ့၏ ဦးဆောင်သူဖြစ်သည့် မာဝီ ဆိုသူ၏ Facebook လူမှုကွန်ယက်စာမျက်နှာတွင် တင်ထားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပျံနှံ့လာသည့်ဓာတ်ပုံများတွင် KNDF တံဆိပ်ပါ ဝတ်စုံ ဝတ်ထားသူအချို့နှင့် အမဲရောင် အင်္ကျီ အားကစားဘောင်းဘီ ဝတ်ဆင်ထားသည့် လက်နက်ကိုင်ဆောင်ထားသူအချို့က လေယာဉ်အမြှီးပိုင်းဟု ယူဆရသည့် အရာပေါ်တွင် မတ်တပ်အနေအထားဖြင့် ရိုက်ကူးထားသည့်ပုံ နှစ်ပုံ၊ လေယာဉ် ကျရောက်ပေါက်ကွဲ ပြန့်ကျဲနေသော အပြာရောင် ကာဗာအပိုင်းအစများအနီးတွင် ရိုက်ကူးထားသော ဓာတ်ပုံ တစ်ပုံနှင့် လေယာဉ် ထိပ်ဦးဟု ယူဆရသော အစိတ်အပိုင်းအား ပခုံးထမ်း သယ်ဆောင်နေသည့် ပုံတစ်ပုံ တို့ပါဝင်သည်။
ထို့အပြင် တင်ထားသော Video တွင်မူမီးလောင်ကျွမ်းကာ မီးခိုးမီးခိုးအနည်းငယ် ထွက်နေသည့် လေယာဉ်ကိုယ်ထည်ဟု ယူဆရသည့် အစိတ်အပိုင်းတစ်ခု၏ ဘေးပတ်ပတ်လည်တွင် KNDF (၁၅) ဦးခန့်က “ကရင်နီတွေပစ်ချလိုက်တဲ့ ဂျက်ဖိုက်တာဟု” ဟော်ဟစ်နေကြသည်ကို တွေ့မြင်ရသည်။
၂၀၂၅ ခုနှစ် ဇူလိုင် (၁) ရက် ညပိုင်း၌ တပ်မတော်(လေ)မှ တိုက်လေယာဉ်တစ်စင်းသည် ညအချိန် ခရီးဝေးလေ့ကျင့်ပျံသန်း ဆောင်ရွက်စဉ် နေပြည်တော်၏ အရှေ့တောင်ဘက် (၁၃၀) ကီလို မီတာအကွာ၌ ရုတ်တရက် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်၍ ဆက်သွယ်မှုပြတ်တောက်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာတွင် ဇူလိုင်လ (၃) ရက်က က အတိအလင်းအကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ ဓာတ်ပုံအချို့နှင့် (၁၁) စက္ကန့်ကြာချိန်ရှိသော Video တစ်ခုကို KNDF အဖွဲ့မှ ထုတ်လွှင့်ခဲ့ခြင်းလည်းဖြစ်သည်။

Zawgyi Version:
ဖားေဆာင္းၿမိဳ႕နယ္တြင္ တိုက္ေလယာဥ္ပ်က္တစ္စီးေတြ႕ရွိသည့္႐ုပ္သံဖိုင္ထြက္ေပၚလာ
သက္ပိုင္( NP News) - ဇူလိုင္ ၃
ကယားျပည္နယ္ ၊ဖားေဆာင္းၿမိဳ႕နယ္တြင္ တိုက္ေလယာဥ္ဟု ယူဆရေသာ ေလယာဥ္အပ်က္အစီး အပိုင္းအစမ်ားပါဝင္သည့္ ဓာတ္ပုံအခ်ိဳ႕ႏွင့္ Video ဖိုင္တစ္ခု ဇြန္လ (၃) ရက္ေန႔ မြန္းလြဲ (၂) နာရီ (၅၅) မိနစ္ခန႔္တြင္ Facebook လူမႈကြန္ယက္စာမ်က္ႏွာတြင္ ထြက္ေပၚလာခဲ့သည္။
အဆိုပါ ဓာတ္ပုံမ်ားႏွင့္ Video ကို KNDF အဖြဲ႕၏ ဦးေဆာင္သူျဖစ္သည့္ မာဝီ ဆိုသူ၏ Facebook လူမႈကြန္ယက္စာမ်က္ႏွာတြင္ တင္ထားခဲ့ျခင္းျဖစ္သည္။
အဆိုပါ ပ်ံႏွံ႔လာသည့္ဓာတ္ပုံမ်ားတြင္ KNDF တံဆိပ္ပါ ဝတ္စုံ ဝတ္ထားသူအခ်ိဳ႕ႏွင့္ အမဲေရာင္ အက်ႌ အားကစားေဘာင္းဘီ ဝတ္ဆင္ထားသည့္ လက္နက္ကိုင္ေဆာင္ထားသူအခ်ိဳ႕က ေလယာဥ္အျမႇီးပိုင္းဟု ယူဆရသည့္ အရာေပၚတြင္ မတ္တပ္အေနအထားျဖင့္ ႐ိုက္ကူးထားသည့္ပုံ ႏွစ္ပုံ၊ ေလယာဥ္ က်ေရာက္ေပါက္ကြဲ ျပန႔္က်ဲေနေသာ အျပာေရာင္ ကာဗာအပိုင္းအစမ်ားအနီးတြင္ ႐ိုက္ကူးထားေသာ ဓာတ္ပုံ တစ္ပုံႏွင့္ ေလယာဥ္ ထိပ္ဦးဟု ယူဆရေသာ အစိတ္အပိုင္းအား ပခုံးထမ္း သယ္ေဆာင္ေနသည့္ ပုံတစ္ပုံ တို႔ပါဝင္သည္။
ထို႔အျပင္ တင္ထားေသာ Video တြင္မူမီးေလာင္ကြၽမ္းကာ မီးခိုးမီးခိုးအနည္းငယ္ ထြက္ေနသည့္ ေလယာဥ္ကိုယ္ထည္ဟု ယူဆရသည့္ အစိတ္အပိုင္းတစ္ခု၏ ေဘးပတ္ပတ္လည္တြင္ KNDF (၁၅) ဦးခန႔္က “ကရင္နီေတြပစ္ခ်လိုက္တဲ့ ဂ်က္ဖိုက္တာဟု” ေဟာ္ဟစ္ေနၾကသည္ကို ေတြ႕ျမင္ရသည္။
၂၀၂၅ ခုႏွစ္ ဇူလိုင္ (၁) ရက္ ညပိုင္း၌ တပ္မေတာ္(ေလ)မွ တိုက္ေလယာဥ္တစ္စင္းသည္ ညအခ်ိန္ ခရီးေဝးေလ့က်င့္ပ်ံသန္း ေဆာင္႐ြက္စဥ္ ေနျပည္ေတာ္၏ အေရွ႕ေတာင္ဘက္ (၁၃၀) ကီလို မီတာအကြာ၌ ႐ုတ္တရက္ ေရဒါျမင္ကြင္းမွ ေပ်ာက္ကြယ္၍ ဆက္သြယ္မႈျပတ္ေတာက္ခဲ့ေၾကာင္း ႏိုင္ငံပိုင္ သတင္းစာတြင္ ဇူလိုင္လ (၃) ရက္က က အတိအလင္းအေၾကညာခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ဓာတ္ပုံအခ်ိဳ႕ႏွင့္ (၁၁) စကၠန႔္ၾကာခ်ိန္ရွိေသာ Video တစ္ခုကို KNDF အဖြဲ႕မွ ထုတ္လႊင့္ခဲ့ျခင္းလည္းျဖစ္သည္။