ဂျပန်ဖျော်ဖြေပွဲနှင့်ပတ်သက်၍ မင်းမော်ကွန်း နှင့် ဖြူဖြူကျော်သိန်းတို့ အကြားအပြန်အလှန် စွပ်စွဲ

12940

သုတကျော် (NP News) - ဇူလိုင် ၆
ဂျပန်တွင်လုပ်ခဲ့သည့် ဖြူဖြူကျော်သိန်း၏ ဖျော်ဖြေပွဲမှာ ပွင့်လင်းမြင်သာမှုမရှိသည့်အပြင် ကိုယ်ကျိုး စီးပွားအတွက် အသုံးပြုခဲ့သည်ဟု မင်းမော်ကွန်းက ဖြူဖြူကျော်သိန်းကို အွန်လိုင်းထက်တွင် ဝေဖန်ရာမှ အစပြုကာ နှစ်ဖက်အကြား အွန်လိုင်းထက်တွင် အပြန်အလှန်စွပ်စွဲခဲ့ကြကြောင်း သိရသည်။
ဖြူဖြူကျော်သိန်းက မေလ နောက်ဆုံးပတ်အတွင်း ဂျပန်တွင် ဖျော်ဖြေပွဲပြုလုပ်ခဲ့ရာ ပွဲဝင်ခွင့် လက်မှတ်ဖိုး ယန်းငွေ သန်း (၆၀) ရခဲ့သည့်အပြင် ဖြူဖြူကျော်သိန်းတီးခတ်ခဲ့သောဂစ်တာကိုလည်း ယန်း (၃) သန်းဖြင့် လေလံအောင်ခဲ့သည့်အပြင် အလှူငွေအချို့လည်းရခဲ့သည်။
ယင်းပွဲနှင့်ပတ်သက်၍ မင်းမော်ကွန်းက ပွင့်လင်းမြင်သာမှုမရှိဟုဆိုကာ ဦးစွာဝေဖန်ခဲ့ခြင်းဖြစ်ပြီး အချက် အလက်များစွာကို ထောက်ပြရေး သားခဲ့သည်။
“ဆိုခ မယူတဲ့အပြင် ဆုကြေးပါ ပြန်လှူတယ်။ နိုင်ငံတကာပွဲတွေဆိုရင်လည်း ဘာ Airline မှ ဘာ Class မှ Hotel ထားပေးမှဆိုပြီး အခွင့်ထူးခံ သုံးဖြုန်းမနေဘူး။ တတ်နိုင်သမျှချွေတာပြီး မြေပြင်များများ ရောက်ဖို့ အဓိက ထားတယ်” စသည်ဖြင့် ဖြူဖြူကျော်သိန်းဟု အမည်မတပ်သော်လည်း ဂျပန်ဖျော်ဖြေပွဲနှင့်ပတ်သက်၍ ရေးသားခဲ့ သည်။
ယင်းနောက် ဖြူဖြူကျော်သိန်း နှင့် ပွဲစီစဉ်သူများဘက်ကလည်း အွန်လိုင်းမှတစ်ဆင့် ပြန်လည် ဖြေရှင်းမှုများပြုလုပ်လာခဲ့သည့်အပြင် ဖြူဖြူကျော်သိန်းက မင်းမော်ကွန်းကို ပြန်လည် တိုက်ခိုက်ရေးသားခြင်းမျိုး ရှိခဲ့သည့်အပြင် မင်းမော်ကွန်းကိုလည်း သစ္စာဖောက်သဖွယ် ဖော်ပြရေးသားခဲ့သည်။
“ ဒီလောက် public disappointment and personal defamation လို ဖြစ်မယ့်ဟာကို fact check မလုပ်ဘဲတင်နိုင်တာ သိပ်တော့ မရိုးရှင်းဘူးလို့ပဲ စိတ်ထဲ ထင်မိတယ်။ တလရအပေါ်သာ တကယ်စိုးရိမ်ပူပန်ရင် ကိုယ့်ဘက်တော်သားတစ် ယောက်ကို မလိုအပ်ဘဲ နာမည်ပျက်သွားနိုင်တာမျိုးတွေ မမေးမမြန်း မစူးမစမ်းပဲ မရေး ဘူး။ အချင်းချင်း Counter Check လုပ်ဖို့ ခက်တာမှ မဟုတ်တာ” ဟု ၎င်းက ထည့်သွင်းရေးသားထားသည်။
လက်ရှိ တော်လှန်ရေးအတွက်ဟုဆိုကာ ပြုလုပ်သော ဖျော်ဖြေပွဲများသည် ထင်သလောက် မရိုးရှင်း ကြောင်းဖြစ်စဉ်ကို သိရှိသူတစ်ဦးက NP News ကို ပြောသည်။
“ကိုမွန်းအောင်ဆို တစ်ခါတုန်းက ပွဲတစ်ပွဲ လက်ခံ သီဆိုတယ်။ ဆိုတော့ သူက အလကားဆိုပေး တာကို ပွဲပြီးတော့ ဒေါ်လာတစ်သောင်းလာပေးတယ်။ အဆိုတော်အတွက်ပေါ့။ ဒီတော့ ဒီပွဲကနေ ဘယ်လိုခွဲယူကြ မလဲမသိနိုင်တာကြောင့် ကိုမွန်းအောင်က ပိုက်ဆံမယူခဲ့ဘူးလို့ပြောတယ်” ဟု ၎င်းက ဆို သည်။

Zawgyi Version:
ဂ်ပန္ေဖ်ာ္ေျဖပြဲႏွင့္ပတ္သက္၍ မင္းေမာ္ကြန္း ႏွင့္ ျဖဴျဖဴေက်ာ္သိန္းတို႔ အၾကားအျပန္အလွန္ စြပ္စြဲ
သုတေက်ာ္ (NP News) - ဇူလိုင္ ၅
ဂ်ပန္တြင္လုပ္ခဲ့သည့္ ျဖဴျဖဴေက်ာ္သိန္း၏ ေဖ်ာ္ေျဖပြဲမွာ ပြင့္လင္းျမင္သာမႈမရွိသည့္အျပင္ ကိုယ္က်ိဳး စီးပြားအတြက္ အသုံးျပဳခဲ့သည္ဟု မင္းေမာ္ကြန္းက ျဖဴျဖဴေက်ာ္သိန္းကို အြန္လိုင္းထက္တြင္ ေဝဖန္ရာမွ အစျပဳကာ ႏွစ္ဖက္အၾကား အြန္လိုင္းထက္တြင္ အျပန္အလွန္စြပ္စြဲခဲ့ၾကေၾကာင္း သိရသည္။
ျဖဴျဖဴေက်ာ္သိန္းက ေမလ ေနာက္ဆုံးပတ္အတြင္း ဂ်ပန္တြင္ ေဖ်ာ္ေျဖပြဲျပဳလုပ္ခဲ့ရာ ပြဲဝင္ခြင့္ လက္မွတ္ဖိုး ယန္းေငြ သန္း (၆၀) ရခဲ့သည့္အျပင္ ျဖဴျဖဴေက်ာ္သိန္းတီးခတ္ခဲ့ေသာဂစ္တာကိုလည္း ယန္း (၃) သန္းျဖင့္ ေလလံေအာင္ခဲ့သည့္အျပင္ အလႉေငြအခ်ိဳ႕လည္းရခဲ့သည္။
ယင္းပြဲႏွင့္ပတ္သက္၍ မင္းေမာ္ကြန္းက ပြင့္လင္းျမင္သာမႈမရွိဟုဆိုကာ ဦးစြာေဝဖန္ခဲ့ျခင္းျဖစ္ၿပီး အခ်က္ အလက္မ်ားစြာကို ေထာက္ျပေရး သားခဲ့သည္။
“ဆိုခ မယူတဲ့အျပင္ ဆုေၾကးပါ ျပန္လႉတယ္။ ႏိုင္ငံတကာပြဲေတြဆိုရင္လည္း ဘာ Airline မွ ဘာ Class မွ Hotel ထားေပးမွဆိုၿပီး အခြင့္ထူးခံ သုံးျဖဳန္းမေနဘူး။ တတ္ႏိုင္သမွ်ေခြၽတာၿပီး ေျမျပင္မ်ားမ်ား ေရာက္ဖို႔ အဓိက ထားတယ္” စသည္ျဖင့္ ျဖဴျဖဴေက်ာ္သိန္းဟု အမည္မတပ္ေသာ္လည္း ဂ်ပန္ေဖ်ာ္ေျဖပြဲႏွင့္ပတ္သက္၍ ေရးသားခဲ့ သည္။
ယင္းေနာက္ ျဖဴျဖဴေက်ာ္သိန္း ႏွင့္ ပြဲစီစဥ္သူမ်ားဘက္ကလည္း အြန္လိုင္းမွတစ္ဆင့္ ျပန္လည္ ေျဖရွင္းမႈမ်ားျပဳလုပ္လာခဲ့သည့္အျပင္ ျဖဴျဖဴေက်ာ္သိန္းက မင္းေမာ္ကြန္းကို ျပန္လည္ တိုက္ခိုက္ေရးသားျခင္းမ်ိဳး ရွိခဲ့သည့္အျပင္ မင္းေမာ္ကြန္းကိုလည္း သစၥာေဖာက္သဖြယ္ ေဖာ္ျပေရးသားခဲ့သည္။
“ ဒီေလာက္ public disappointment and personal defamation လို ျဖစ္မယ့္ဟာကို fact check မလုပ္ဘဲတင္ႏိုင္တာ သိပ္ေတာ့ မ႐ိုးရွင္းဘူးလို႔ပဲ စိတ္ထဲ ထင္မိတယ္။ တလရအေပၚသာ တကယ္စိုးရိမ္ပူပန္ရင္ ကိုယ့္ဘက္ေတာ္သားတစ္ ေယာက္ကို မလိုအပ္ဘဲ နာမည္ပ်က္သြားႏိုင္တာမ်ိဳးေတြ မေမးမျမန္း မစူးမစမ္းပဲ မေရး ဘူး။ အခ်င္းခ်င္း Counter Check လုပ္ဖို႔ ခက္တာမွ မဟုတ္တာ” ဟု ၎က ထည့္သြင္းေရးသားထားသည္။
လက္ရွိ ေတာ္လွန္ေရးအတြက္ဟုဆိုကာ ျပဳလုပ္ေသာ ေဖ်ာ္ေျဖပြဲမ်ားသည္ ထင္သေလာက္ မ႐ိုးရွင္း ေၾကာင္းျဖစ္စဥ္ကို သိရွိသူတစ္ဦးက NP News ကို ေျပာသည္။
“ကိုမြန္းေအာင္ဆို တစ္ခါတုန္းက ပြဲတစ္ပြဲ လက္ခံ သီဆိုတယ္။ ဆိုေတာ့ သူက အလကားဆိုေပး တာကို ပြဲၿပီးေတာ့ ေဒၚလာတစ္ေသာင္းလာေပးတယ္။ အဆိုေတာ္အတြက္ေပါ့။ ဒီေတာ့ ဒီပြဲကေန ဘယ္လိုခြဲယူၾက မလဲမသိႏိုင္တာေၾကာင့္ ကိုမြန္းေအာင္က ပိုက္ဆံမယူခဲ့ဘူးလို႔ေျပာတယ္” ဟု ၎က ဆို သည္။